ဖန်ရှင်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသင်္ချာ
ဖန်ရှင်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသင်္ချာ (functional analysis) ဆိုသည်မှာ ခွဲခြမ်းစိတ်ဖြာသင်္ချာ၏ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီး ဖန်ရှင်များကို လေ့လာသည့်ဘာသာရပ်ဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။ ဖန်ရှင်များကို ပုံစံဖြင့်ရေးနိုင်ရာ ဤ ဖန်ရှင်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသင်္ချာ ဘာသာရပ်တွင် လေ့လာသည့် ဖန်ရှင်များမှာ သာမန် ဖန်ရှင်များမဟုတ်ဘဲ အသွင်း (input) နှင့် အထုတ် (output) နှစ်ခုအနက် အနည်းဆုံးတစ်ခုသည် အနန္တ ဒိုင်မန်းရှင်းရှိသည့် ရပ်ဝန်းများ (infinite-dimensional spaces) မှ လာသည့် အရာဝတ္ထုများ ဖြစ်ကြသည်။[မှတ်စု 1]
မှတ်စု
- ဟု ရေးရာ၌ အကယ်၍ သည် အနန္တဒိုင်မန်းရှင်းရှိပြီး၊ သည် ဒိုင်မန်းရှင်းတစ်ခုတည်းသာ ရှိပါက (ဥပမာ ) ထိုကဲ့သို့သော ဖန်ရှင် ကို ဖန်ရှင်နယ် (functional) တစ်ခုဟုခေါ်ဆိုပြီး ဖန်ရှင်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသင်္ချာ၏ အင်္ဂလိပ်ဘာသာအမည် functional analysis ရှိ functional ဆိုသော စကားရပ်မှာ ဤဖန်ရှင်နယ်များကို ဆိုလိုခြင်းဖြစ်သည်။[1]
အညွှန်း
- Berezanskii & Levitan 2012, para. 1.
ကိုးကား
- Berezanskii၊ Yu. M.; Levitan၊ B. M. (2012)၊ "Functional analysis"၊ in The European Mathematical Society (ed.)၊ Encyclopedia of Mathematics၊ Springer၊ March 22, 2017 တွင် ပြန်စစ်ပြီး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.