ဖလောရင့် သမိုင်းဝင်ဌာန

ဖလောရင့် သမိုင်းဝင်ဌာနသည် အီတလီနိုင်ငံ ဖလောရင့်မြို့ကို ၄ပိုင်း ပိုင်းခြားထားသော လေးကွက်စိတ် အပိုင်း ၁ တွင် တည်ရှိသည်။ ထိုလေးကွက်စိတ်အပိုင်းအား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၈၂ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

ဖလောရင့် သမိုင်းဝင်ဌာန*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အီတလီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, ii, iii, iv, vi
ကိုးကား ၁၇၄
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၂  (ဆဋ္ဌမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

အီထရူစကန်တို့၏ အခြေချနေထိုင်ရာ နေရာဖြစ်ပြီး ရီနေဆွန်းခေတ်၏ ပြယုဂ်တစ်ခုဖြစ်သော ဖလောရင့်မြို့ သည် ၁၅ ရာစု နှင့် ၁၆ ရာစုတို့တွင် မယ်ဒီချီ တို့၏ အုပ်ချုပ်မှုအောက်တွင် စီးပွားရေး နှင့် ယဉ်ကျေးမှု အပိုင်းတို့တွင် ကြိုတင်ထွန်းကားလာခဲ့သည်။ နှစ်၆၀၀ မျှ ကြာအောင် ထွန်းကားခဲ့သော လက်ရာပြောင်မြောက်လှသော အနုပညာတို့ကို ၁၃ရာစု ကက်သီဒရဘ် ဘုရားကျောင်း စန်တာ မာရီယာ ဒဲလ် ဖီယိုးရဲ၊ စန်တာ ခရိုချေး ဘုရားကျောင်း ၊ အူဖီးဇီ နှင့် ပီတီ နန်းတော်တို့တွင် တွေ့ရပြီး အနုပညာဆရာကြီးများ ဖြစ်သော ဂျော်တို၊ ဘရူနယ် လက်စ်ကီ၊ ဘော့တီချဲလီ နှင့် မိုက်ကယ် အန်ဂျလို တို့၏ လက်ရာများ ဖြစ်သည်။ [1]

၁၈၃၅ ခုနှစ် ဖလောရင့် မြို့မြေပုံ၊ အလယ်ခေတ်မြို့ပြ ဗဟို အတွင်း တည်ရှိသည်။

ကိုးကား

  1. Historic Centre of Florence 18 September 2014 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.