ဖာ၊ ဦး

ဦးဖာသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင်ကြီးများဖြစ်ကြသည် ဦးဘဝင်းဗိုလ်ချုပ်အောင်ဆန်းတို့၏ ဖခင်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အဘိုးတစ်ဦးဖြစ်သည်။ အိမ်ထောင်ဖက်မှာ ဒေါ်စုဖြစ်သည်။ မိဘများမှာ ဦးဒေကိုးနှင့် ဒေါ်ဆွဲလေးတို့ဖြစ်ကြပြီး မြေယာပိုင်ရှင်များဖြစ်သည်။[1] ဦးဖာသည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက် လက်လှသော ဇနီးသည် ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။

ကိုးကား

  1. http://upload.wikimedia.org/wikipedia/my/d/da/Aungsanfamilytree.jpg
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.