ဖီဒယ်လ် ကက်စထရို

ဖီဒယ်လ် အလီဂျန်ဒရို ကက်စထရို ရပ်ဇ် (၁၉၂၆၊ ဩဂုတ် ၁၃ရက်မွေး - ၂၀၁၆၊ နိုဝင်ဘာ ၂၅ ရက်ကွယ်လွန်) သည် ကျူးဘား တော်လှန်ရေး သမားတစ်ဦး နှင့် နိုင်ငံရေး သမားတစ်ဦး ဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၇၆ ခုနှစ် အထိ ကျူးဘားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ ကျူးဘား သမ္မတ အဖြစ် ဆောင်ရွက်ခဲ့သည်။ ကျူးဘားကွန်မြူနစ် ပါတီ၏ အတွင်းရေးမှူး အဖြစ် ပါတီ စတင်တည်ထောင်သော ၁၉၆၁ ခုနှစ်မှ ၂၀၁၁ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေး ခံယူချက်အားဖြင့် လီနင်ဝါဒ နှင့် မာ့က်စ်ဝါဒ ကို ယုံကြည်ကိုးစားသူဖြစ်သူ ကျူးဘားနိုင်ငံကို သူ အုပ်ချုပ်နေစဉ်ကာလ အတွင်းတွင် တစ်ပါတီ စနစ်သို့ ပြောင်းလဲခဲ့ပြီး စက်ရုံအလုပ်ရုံများကို ပြည်သူပိုင် အဖြစ် သိမ်းခဲ့သည်။

ချမ်းသာသော လယ်သမားတစ်ဦး၏ တရားမဝင်သော သားအဖြစ် မွေးဖွားခဲ့သူ ကက်စထရိုသည် ဟာဗားနား တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ကာလ အတွင်း လက်ဝဲ နှင့် အရင်းရှင် ဆန့်ကျင်သည့် နိုင်ငံရေး လုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ထို့နောက်တွင် ဒိုမီနီကန် သမ္မတနိုင်ငံ နှင့် ကိုလမ်ဘီယာနိုင်ငံ တို့တွင် လက်နက်ကိုင် သူပုန်ထမှုများတွင် ပါဝင်ခဲ့ပြီးနောက် အမေရိကန် ကျောထောက်နောက်ခံပေးထားပြီး အများစုက အာဏာရှင် အဖြစ် ရှုမြင်ကြသော ကျူးဘားသမ္မတ ဖူလ်ဂျန်စီရို ဘာတစ္စတာ အား ဖြုတ်ချမှ ဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မွန်ကာဒါ စစ်စခန်းအား ဝင်ရောက်တိုက်ခိုက်မှုကို ဦးဆောင်ခဲ့ပြီးနောက် မအောင်မြင်ခဲ့ဘဲ ထောင်သွင်း အကျဉ်းချခံခဲ့ရသည်။

ဖီဒယ်လ် ကက်စထရို သည် နိုဝင်ဘာ ၂၅ ရက် ၂၀၁၆ ခုနှစ် ဟာဗားနားမြို့တွင် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၀ အရွယ်ရှိပြီဖြစ်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.