ဖီဖာ ကမ္ဘာ့ဖလား

ဖီဖာ ကမ္ဘာ့ဖလား သို့မဟုတ် ကမ္ဘာ့ဖလား ဘောလုံးပွဲသည် နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အဖွဲ့ဝင်နိုင်ငံများမှ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံတကာ ဘောလုံးပွဲ တစ်ရပ်ဖြစ်သည်။ ကမ္ဘာ့ဖလားပွဲကို ၁၉၃၀ ခုနှစ်မှ စတင်၍ လေးနှစ်တစ်ကြိမ် ကျင်းပခဲ့သည်ဆိုသော်လည်း ၁၉၄၂ ခုနှစ်နှင့် ၁၉၄၆ ခုနှစ်တို့တွင် ဒုတိယ ကမ္ဘာစစ်ကြောင့် ရပ်နားခဲ့ရသည်။

ဖီဖာ ကမ္ဘာ့ဖလား
တည်ထောင်၁၉၃၀ (၁၉၃၀)
ဒေသနိုင်ငံတကာအနှံ့ (ဖီဖာ)
အသင်းအရေအတွက်၃၂ သင်း
လက်ရှိ ချန်ပီယံ ပြင်သစ် (2nd title)
အအောင်မြင်ဆုံးအသင်း ဘရာဇီး (5 titles)
ရုပ်မြင်သံကြားထုတ်လွှင့်သူများနိုင်ငံတကာ ရုပ်သံထုတ်လွှင့်သူများ
ဝဘ်ဆိုဒ်www.fifa.com/worldcup/
၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားခြေစစ်ပွဲများ
ဖီဖာ ကမ္ဘာ့ဖလား 1978

ပထမ ၃ နှစ်ကာလတွင် တိုက်ကြီးများအလိုက် ခြေစစ်ပွဲများ ကျင်းပကြသည်။ နောက်ဆုံး ခြေစစ်ပွဲကို အောင်နိုင်သည့် အသင်းများနှင့် ကမ္ဘာ့ဖလား ကြီးမှူးကျင်းပသည့် အိမ်ရှင်နိုင်ငံအသင်း စုစုပေါင်း ၃၂ သင်း ၁ လသာကြာသည့် ကမ္ဘာ့ဖလားပွဲတွင် ပါဝင် ဗိုလ်လုကြသည်။

ပြီးခဲ့သည့် ၁၈ ကြိမ်တွင် နိုင်ငံ ၇ နိုင်ငံမှ ဗိုလ်စွဲခဲ့သည်။ ထိုနိုင်ငံများအနက် ဘရာဇီးနိုင်ငံမှာ ၅ ကြိမ်တိုင်တိုင် ချမ်ပီယံဆု ရခဲ့ပြီး အကြိမ်တိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် နိုင်ငံလည်းဖြစ်သည်။ လက်ရှိ ချမ်ပီယံ အီတလီနိုင်ငံမှာ လေးကြိမ်ဗိုလ်စွဲခဲ့ပြီး ဂျာမနီနိုင်ငံမှာ သုံးကြိမ်သရဖူဆောင်းနိုင်ခဲ့သည်။ ဥရုဂွေးနှင့် အာဂျင်တီးနားတို့မှာ ၂ ကြိမ်စီ၊ အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံတို့မှာ ၁ ကြိမ်စီ အသီးသီးရခဲ့ဖူးသည်။

ကမ္ဘာ့ဖလားပွဲသည်လည်း ကမ္ဘာတဝှမ်း လူကြည့်အများဆုံး အားကစားပွဲ တစ်ရပ်ဖြစ်သည်။ ဂျာမနီတွင် ကျင်းပခဲ့သည့် ၂၀၀၆ ဖီဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပရိသတ်ပေါင်း ၇၁၅ သန်းခန့် ကြည့်ရှုခဲ့ကြသည်။ [1] ၂၀၁၀ ဖီဖာ ကမ္ဘာ့ဖလားပွဲကို ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ တောင်အာဖရိကနိုင်ငံတွင် ကျင်းပခဲ့ကြသည်။ ၎င်းပွဲစဉ်တွင် စပိန်နိုင်ငံမှ ဗိုလ်စွဲအနိုင်ရရှိခဲ့လေသည်။။ ၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလားကိုမူ ဘရာဇီးနိုင်ငံ၌ ကျင်းပခဲ့ပြီး ဂျာမဏီနိုင်ငံက အနိုင်ရဗိုလ်စွဲခဲ့သည်။ ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားကို ရုရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး ပြင်သစ်နိုင်ငံက အနိုင်ရဗိုလ်စွဲခဲ့သည်။ လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာနိုင်ငံက လက်ခံ၍ ကျင်းပမည်ဖြစ်သည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.