ဖုန့်ဟွမ်ရှေးဟောင်းမြို့

ဖုန့်ဟွမ်ခရိုင် (တရုတ်: 凤凰县; ပင်ရင်: Fènghuáng Xiàn)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြညနယ်၊ မြောင်နှင့်ထူကျားလူမျိုးများ၏ ရှန်းရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်တည်ရှိသည်။ လူမျိုးစု၏ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ အနုပညာများနှင့် မင်ခေတ်နှင့်ချင်ခေတ်ရှေးဟောင်းဗိသုကာလက်ရာများကို ကောင်းစွာထိန်းသိမ်းထားသည့်ဒေသလည်းဖြစ်သည်။ မြို့ကိုတောင်တန်းဒေသတွင်တည်ထားပြီးမြို့လယ်တွင် ချောင်းတစ်ခုစီးဆင်းနေသည်။ . [2] မြို့လူဦးရေ၏ထက်ဝက်သည် မြောင်နှင့်ထူကျားလူနည်းစုတိုင်းရင်းသားများဖြစ်ကြသည်။ [3] ၁၈၅၄ မြောင်ပုန်ကန်မှု၏ဗဟိုချက်မဖြစ်ခဲ့ပြီးမြောင်လူမျိုးများစွာအရှေ့တောင်အာရှဒေသသို့ပြောင်းရွှေ့သွားခဲ့ရသည်။ မြောင် ရိုးရာနှင့်ဈာပနပွဲတော်များတွင် ဤမြို့မှာအရေးပါပြီး ဟန်တရုတ်လူမျိုးများအား မြောင်တို့၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးရန် မင် မင်းဆက်က ခံတပ်ဆောက်လုပ်ပေးခဲ့သည့် တောင်ပိုင်း တရုတ်မဟာတံတိုင်း တရုတ်: 中国南方长城; ပင်ရင်: Zhōngguó Nánfāng Chángchéng; Miao: "Suav Tuam Choj") ရှိရာ နေရာလည်းဖြစ်သည်။

ဖုန့်ဟွမ်မြို့လမ်းပေါ်မှ မြောင်လူမျိုးအဘွားအို
ဖုန့်ဟွမ်ခရိုင်
ခရိုင်
တရုတ် transcription(s)
  Characters凤凰县
  PinyinFènghuáng Xiàn
ဖုန့်ဟွမ်ခရိုင်
Location in China
ကိုဩဒိနိတ်: 27°56′36″N 109°35′21″E
နိုင်ငံတရုတ်နိုင်ငံ
Provinceဟူနန်ပြည်နယ်
PrefectureXiangxi
ဧရိယာ
  စုစုပေါင်း၁၇၅၁ စတုရန်းကီလိုမီတာ (၆၇၆ စတုရန်းမိုင်)
လူဦးရေ (2010[1])
  စုစုပေါင်း၃၅၀၁၉၅
  သိပ်သည်းမှု၂၀၀/km (၅၂၀/sq mi)
အချိန်ဇုန်တရုတ်စံတော်ချိန် (UTC+8)
Postal code416200
ဧရိယာကုဒ်(များ)0743
ဝက်ဘ်ဆိုဒ်http://www.fhzf.gov.cn/
ဖုန့်ဟွမ်မြို့ရှုခင်း


ကမ္ဘာ့အမွေအနှစ်သတ်မှတ်မှုအခြေအနေ

၁၉၂၀ပြည့်လွန်များက အစိုးရရုံးတစ်ခု၏တံခါး၊ တံခါးပေါ်ရှိစာလုံးများ၏အဓိပ္ပာယ်မှာ "ဖုန့်ဟွမ်စီရင်စု"ဟုအဓိပ္ပာယ်ရသည်။

ဖုန့်ဟွမ်ရှေးဟောင်းမြို့အား ၂၀၀၈၊ မတ် ၂၈ တွင် ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းထဲသို့သွင်းခဲ့သည်။

မှတ်ချက်

  1. http://www.geohive.com/cntry/cn-43.aspx Census 2010
  2. Fenghuang Ancient City - UNESCO World Heritage Centre
  3. Wang (2007) p 135

မှီငြမ်း

ပြင်ပချိတ်ဆက်ရန်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.