ဖုန်ကြားရှင်

ဖုန်ကြားရှင်(Peng Jiasheng)

ဇို့ချွမ် (Szechuan) တရုတ်မျိုးနွယ်မှ ဆင်းသက်လာသော ဖုန်ကြားရှင်ကို ၁၉၃၁ မှာ ကိုးကန့်က ဟောင်ဆော်ထူးဟော် ရွာလေးမှာ မွေးဖွားသည်။ ၁၉၆၀ ကျော်ကာလများတွင် ဂျင်မီယန်း၏ ကိုးကန့်တော်လှန်ရေး တပ်ဖွဲ့တွင် အရာရှိအဖြစ်တာဝန်ထမ်းဆောင်ပြီး ၁၉၆၇ မှာ တရုပ်ပြည်ရှိ ဗမာပြည် ကွန်မြူနစ်ပါတီကေဒါများနှင့် အဆက်အသွယ်ရသည်။ လက်နက်အထောက်အပံ့တွေ ရမည်ဟု ကတိကဝတ်ရခဲ့သည်။ နောက်ပိုင်းတွင် ဖုန်ကြားရှင်သည် သူ့ညီ ဖုန်ကြားဖူနှင့်အတူ ဘေကျင်းကို သွားခဲ့သည်။ ၁၉၆၈၊ ဇန်နဝါရီ ၅ရက်နေ့မှာ တရုတ်ပြည်မှ၍ ကိုးကန့်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ဦးဆောင်ပြီး ကိုးကန့်ဒေသ ကို ပြန်လည်ဝင်ရောက်ခဲ့သည်။ ထို့နောက် ကွန်မြူနစ်ပါတီနှင့် ပေါင်းသည်။ ၁၉၇၀ အစောပိုင်းလောက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို စတင်လုပ်ကိုင်သည်ဟု သုံးသပ်သူတွေက ဆိုသည်။ ၁၉၈၉ မတ်လမှ ညီဖြစ်သူ ဖုန်ကြားဖူနှင့်အတူ ကွန်မြူနစ်ပါတီကိုပြန်လည် ပုန်ကန်သည်။ နောက်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို တရားဝင်နီးပါး လုပ်ကိုင်ခဲ့သည်ဟု မှတ်တမ်းတွေက ဆိုသည်။ ထင်ရှားသော ဘိန်းရာဇာတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ၁၉၉၂ မှာ ကိုးကန့်ဒေသက ဘိန်းစစ်မှာ ဖုန်ကျားရှင်သည် ယန်းမျိုးဆက်တစ်ဦးဖြစ်သော ယန်းမိုလျန်ကို စစ်ရှုံးပြီး ကျိုင်းတုံကို ပြေးသည်။ ဒါပေမဲ့ ၁၉၉၄ မှာ ယန်းမိုလျန်းကို ဘိန်းမှုနဲ့ ကူမင်းမှာ ကွပ်မျက်သောအခါ ဖုန်ကြားရှင် ကိုးကန့်ကို ပြန်အခြေချခဲ့သည်။ ၂၀၀၉ မှာ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားပြီး လောက်ကိုင်မှတစ်ဆင့် တရုတ်သို့ ထွက်ပြေးသွားသည်။ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့သည် ကုန်းကြမ်းဒေသရှိ ခမရ-၂၂၅တပ်ကို တရုတ်တပ်ကူများဖြင့် အင်အားအလုံးအရင်း ဝင်ရောက်တိုက်ခိုက်ရာ မြန်မာတပ်မှ အကျအဆုံးများစွာဖြင့် ရှုံးနိမ့်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာတပ်နှင့် ဖုန်ကြားရှင်ဦးဆောင်သော တရုတ်တပ်အင်အား ဖြည့်တင်းထားသည့် ကိုးကန့်တပ်တို့ တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားကြသည်။ မြန်မာစစ်တပ်မှ လေကြောင်းပစ်ကူများဖြင့် ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်သည်။ စစ်ပွဲကာလအတွင်းတွင် မြန်မာစစ်တပ်မှ တိုက်လေယာဉ်တစ်စင်းပစ်ခတ်သည့် ဒုံးလက်နက်လမ်းကြောင်းလွဲကာ တရုတ်ပိုင်နက်ထဲသို့ ကျရောက်ပေါက်ကွဲပြီး တရုတ်လူမျိုး ၄ ယောက် သေခဲ့သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ တရုတ်က မြန်မာအား စစ်ရေးနှင့် သံတမန်ရေး အရ ပြင်းထန်စွာသတိပေးခဲ့သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.