ဗညားဓမ္မရာဇာ

ရာဇာဓိရာဇ်လွန်လျှင် သားတော်ကြီးဖြစ်သည့် ဗညားဓမ္မရာဇာက ဟံသာ၀တီနန်းကို စိုးစံသည်။ သို့သော် ညီတော်များဖြစ်သည့် ဗညားရံဗညားကျန်း တို့ ပုန်ကန်သည့်အတွက် ပဲခူးနှင့် ဒဂုံ၊ သန်လျှင်မြို့များ အကြားညီညွတ်မှုမရပဲ အင်း၀ဘုရင်သီဟသူ၏ တိုက်ခိုက်ခြင်းကိုပါခံခဲ့ရသည်။ ထိုသို့သီဟသူ ဒဂုံကိုလာရောက် ဝိုင်းရံသဖြင့် ဗညားရံလည်း မိမိနှမဖြစ်သူ ရှင်စောပု ကိုဆက်သပြီး စစ်ပြေငြိမ်းရန် စကားဆိုရသည်။ သီဟသူပြန်လည်ဆုတ်ခွာအပြီး ဗညားဓမ္မရာဇာ နန်းသက် ၃ နှစ်အရောက်တွင် ညီတော်နှစ်ပါးနန်းချသည့်အတွက် ဗညားဓမ္မရာဇာ လွန်သည်။ ၎င်းနောက် ညီတော် ဗညားရံနန်းတက်သည်။

  • ထူးခြားသည်မှာ မြန်မာမူတွင် ဗညားဓမ္မရာဇာသည် မင်းသားဗညားပုသိမ်ဟုဆိုသည်။သို့သော် မွန်မူတွင် ဗညားကျန်းသာ ဗညားဓမ္မရာဇာဖြစ်သည်ဟု အခိုင်အမာဆိုပါသည်။
Binnya Dhammaraza
ဗညား ဓမ္မရာဇာ
King of Hanthawaddy
နန်းသက်c. December 1421 – c. late 1424
ရှေ့မင်းဆက်Razadarit
SuccessorBinnya Ran I
မွေးဖွားc. January 1393
c. Tabodwe 754 ME
Pegu (Bago)
Hanthawaddy Kingdom
ကွယ်လွန်c. late 1424 (aged 31)
786 ME
Pegu
Hanthawaddy Kingdom
ကြင်ရာတော်Mi Ta-Lat
သားသမီးများBinnya Kyan
စံအိမ်Wareru
ခမည်းတော်Razadarit
ကိုးကွယ်မှုTheravada Buddhism
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.