ဗဟန်းမြို့နယ်

ဗဟန်းမြို့နယ်သည် ရန်ကုန်မြို့လယ်တွင် တည်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အနောက်ပိုင်းခရိုင်အတွင်း ပါဝင်သည်။ ဗဟန်းသည် အဝါရောင်ရှိသောမြေကို ခေါ်ဆိုခြင်းဖြစ်သည်ဆို၏။ ရှေးအခါက ဗဟန်းအရပ်သည် ကန့်ထွက်ရာဒေသ ဖြစ်ဟန်တူသည်။ ဗဟန်းရပ်သည် ကိုလိုနီခေတ်ဦးကာလအထိ တောတောင်ထူထပ်ရာအရပ် ဖြစ်သည်။ စာဆိုတော် စလေဦးပုညကပင် "ဗဟန်းသွားတောလား" ဟူ၍ ရေးဖွဲ့ခဲ့ဖူးသည်။[1]

ဗဟန်းမြို့နယ်
ဗဟန်းမြို့နယ်
ဗဟန်းမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: MM 16°48′29″N 96°9′8″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
ခရိုင်ရန်ကုန်အနောက်ပိုင်းခရိုင်
မြို့နယ်ဗဟန်းမြို့နယ်
စာပို့သင်္ကေတ၁၁၂၀၁

ဖွဲ့စည်းပုံ

စုစုပေါင်းရပ်ကွက် (၂၂)ခု ဖြင့် ဖွဲ့စည်းထားသည်။ မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်၊ အနောက်ဘက်တွင် ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်၊ အရှေ့ဘက်တွင် တာမွေမြို့နယ်တို့ တည်ရှိပြီး တောင်အရပ်တွင် ဒဂုံမြို့နယ်နှင့် မင်္ဂလာ‌တောင်ညွန့်မြို့နယ် တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း (၂၁)ကျောင်းရှိသည်။

ထင်ရှားသော အဆောက်အဦးများ

ဖော်ပြပါဇယားမှာ ဗဟန်းမြို့နယ်၏ ထင်ရှားသော အဆောက်အဦးများဖြစ်သည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်ပြတိုက်၂၅ ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်
ခြောက်ထပ်ကြီးဘုရားဘုရားရွှေဂုံတိုင်လမ်းမ
ငါးထပ်ကြီးဘုရားဘုရားရွှေဂုံတိုင်လမ်းမ
တိုင်းရင်းဆေးရုံဆေးရုံငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း)
ဓမ္မဇောတိတရားစခန်းငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း)
ဗဟန်းအမျိုးသမီးဆေးရုံဆေးရုံငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း)(ယခင်)ဒေါ်ခင်ကြည်ဆေးရုံ

အကိုးအကား

  1. မြန်မာမြို့အဘိဓာန်။ တင်နိုင်တိုး။ ဇေတဝန်စာအုပ်တိုက်။ ရန်ကုန်။ ပကြိမ်။ ၂၀၁၂ ဖေဖော်ဝါရီ။




This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.