ဗဟုဂံ

အခြေခံဂျီဩမေတြီတွင် ဗဟုဂံ (/ˈpɒlɪɡɒn/) သည် ပြင်ညီသဏ္ဌာန်တစ်ခု ဖြစ်သည်။ ဗဟုဂံသည် မျဉ်းဖြောင့်အပိုင်းများ၏ သတ်မှတ်ထားသည့်ချိတ်ဆက်မှုတို့ဖြင့် ဖွဲ့စည်းထား၏။ ထိုမျဉ်းဖြောင့်အပိုင်းများသည် အကွင်းပုံစံ ကပ်လျက် တည်ရှိကာ ပတ်လမ်း သို့မဟုတ် ဗဟုဂံချိတ်ဆက်မှု (polygonal chain) ကို ဖြစ်ပေါ်စေသည်။ မျဉ်းဖြောင့်အပိုင်းများကို အနားများဟု ခေါ်သည်။ အနားနှစ်ခုဆုံရာနေရာကို ထောင့်ဟု ခေါ်သည်။ ဗဟုဂံ၏ အတွင်းပိုင်းကို ကိုယ်ထည်(body) ဟု ခေါ်သည်။ အနားအရေအတွက် n ခု ရှိသည့် ဗဟုဂံကို n-gon ဟုခေါ်သည်။ 3-gon - အနားသုံးနားရှိသည့် ဗဟုဂံကို တြိဂံ ဟု ခေါ်သည်။

အမျိုးအစားမတူသည့် ပိုလီဂွန်အချို့

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.