ဗိုလ်ချုပ်အောင်ဆန်းသီချင်း
( မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ် တစ်ကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။ ) ၂ ခေါက်။
ဗိုလ်ချုပ်အောင်ဆန်သီချင်း
| |
Problems playing this file? See media help. |
ငါတို့မြန်မာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်။ ငါတို့မြန်မာပြည် မိဘအပေါင်းတို့ကရယ် အာဇာနည်အစစ်ကို ရှိဘို့မွေးရမယ်။ ဩော် ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင်အလောင်းဘုရားတို့လိုကွယ် မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့ မကြောက်တမ်း မရွံ့တမ်း မြန်မာတွေအောင်ပန်းဆွတ်ကြရှာလေတယ်။
သံပြိုင် (( ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ် မော်ကွန်းလဲထိုးလောက်တဲ့ မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်။ ) ၂ ခေါက်။ တိုင်းပြည်အကြိုး စွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ် တို့မြန်မာတွေစိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်။)
(မြန်မာနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ် နေမျိုးသာကီ မြန်မာပြည်လက်ရုံး ဗမာနိုင်ငံအလုံး ထင်ပေါ်စေတယ် စိတ်အားသန်သန် မာန်ကိုမလျော့တယ် ငါတို့လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေစုံညီတယ် တစ်ကယ်ပင် သတိုးမဟာဗန္ဓုလနဲ့ စွမ်းသတ္တိ ရာဇဝင်ပြောင်တယ် သားကောင်းများလို့ခေါ်ရလောက်ပေတယ် ဥဒါန်းတွင်စေဘွယ် မြန်မာသူရဲကောင်းအပေါင်းတွေရယ်။) ၂ ခေါက်။