ဗိုလ်တထောင်မြို့နယ်

ဗိုလ်တထောင်မြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း တည်ရှိသည်။ ဗိုလ်တထောင်ဘုရားတည်ရှိသောကြောင့် ဗိုလ်တထောင်မြို့နယ်ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်တထောင်မြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ပုဇွန်တောင်မြို့နယ်၊ တောင်ဘက်တွင် ဆိပ်ကမ်းမြို့နယ်နှင့် ရန်ကုန်မြစ်၊ အနောက်ဘက်တွင် ကျောက်တံတားမြို့နယ်နှင့် မြောက်ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို့နယ်တို့ တည်ရှိသည်။

"ဗိုလ်တထောင်" ကို ဤနေရာသို့ ညွှန်းသည်။ အခြား အသုံးအနှုန်းများ အတွက် ဗိုလ်တထောင် (သံတူကြောင်းကွဲ) တွင်ရှုပါ။
ဗိုလ်တထောင်မြို့နယ်
ဗိုလ်တထောင်မြို့နယ်
ဗိုလ်တထောင်မြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: MM 16°46′3″N 96°9′5″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်
မြို့ရန်ကုန်မြို့
မြို့နယ်ဗိုလ်တထောင်မြို့နယ်
စာပို့သင်္ကေတ၁၁၁၆၁၊ ၁၁၁၆၂၊ ၁၁၁၆၃

ဗိုလ်တစ်ထောင်ရပ်ကွက်သည် ရှေးမွန်မြို့ဖြစ်သော ဒဂုံမြို့တည်ရှိစဉ်အခါကပင် ရှိခဲ့သည်။ ဆံတော်ကို ကြိုဆိုရာတွင် ဗိုလ်ခြေတစ်ထောင်ဖြင့် ကြိုဆိုရာအရပ် ဖြစ်သောကြောင့် ယင်သို့ခေါ်ဆိုခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဗိုလ်တထောင်ရပ်မှာ ဗိုလ်တစ်ထောင်စေတီတော်ကြောင့်လည်း အမည်ထင်ရှားခဲ့သည်။ ဗိုလ်တထောင်စေတီ၏ဘွဲ့အမည်မှာ မွန်ဘာသာဖြင့် ကျိုက်ဒေးအပ်ဟု ခေါ်ဆိုကြသည်။ စေတီတော်ကို ဘကြီးတော်မင်းလက်ထက်က ရန်ကုန်မြို့ဝန် ဦးနိုင်က ပြုပြင်မွမ်းမံခဲ့သည်။ ဗိုလ်တထောင်စေတီကုန်းတော်ထက်၌ ကုန်းဘောင်ခေတ်က အင်္ဂလိပ်စစ်သင်္ချိုင်းတစ်ခုရှိခဲ့ရာ နောက်ပိုင်းတွင် သက်ဆိုင်ရာ အာဏာပိုင်များက နေရာရွှေ့ပြောင်းခဲ့သည်။[1]

ဗိုလ်တထောင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၅) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်းကျောင်း (၆) ကျောင်းနှင့် တက္ကသိုလ်(၁)ခု ရှိသည်။ ရန်ကုန်မြို့ရှိ အဓိကဆေးရုံတစ်ရုံဖြစ်သော အရှေ့ပိုင်းခရိုင်ဆေးရုံအပါအဝင် ပြည်သူ့ဆေးရုံ (၃) ရုံနှင့် ကိုယ်ပိုင်ဆေးရုံ (၃) ရုံတို့လည်း တည်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ထင်ရှားသော ကြေးမုံသတင်းစာတိုက်လည်း တည်ရှိသည်။ ၂၀၁၂ခုနှစ် အောက်တိုဘာလတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ခွင့်ပြုချက်ဖြင့် ပုလဲမြေကုမ္ပဏီမှ ဗိုလ်တထောင်ဆိပ်ကမ်းကို ဟိုတယ်များတည်ဆောက် အပန်းဖြေနေရာတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

ထင်ရှားသော အဆောက်အဦးများ

ဗြိတိသျှများ ရေးဆွဲခဲ့သည့် မြို့တည်ဆောက်ရေးစီမံကိန်းတွင် ဗိုလ်တထောင်မြို့နယ် ပါဝင်ခဲ့သည်။ ဤမြို့နယ်တွင် ကိုလိုနီခေတ် အဆောက်အဦးများစွာ တည်ရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဗိုလ်တထောင်မြို့နယ်ရှိ အချို့အဆောက်အဦးများကို ဗိသုကာအရအထင်ကရရှိသော အဆောက်အဦးများအဖြစ် သတ်မှတ်ထားသည်။ ၁၈၉၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့သော အတွင်းဝန်ရုံး (နောင် ဝန်ကြီးများရုံး)မှာ ဗိုလ်တထောင်မြို့နယ်အတွင်းတွင် တည်ရှိပါသည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
ဗိုလ်တထောင်ဘုရားဘုရားကမ်းနားလမ်း
စီရင်ဘပ်တစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၁၅၂၊ ဗိုလ်မြတ်ထွန်းလမ်း
အတွင်းဝန်ရုံးအစိုးရရုံး၃၀ဝ၊ သိမ်ဖြူလမ်း၁၉၄၇ခုနှစ်တွင် ဤရုံး၌ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
အ.ထ.က (၂) ဗိုလ်တထောင်ကျောင်း၁၅၂၊ ဗိုလ်မြတ်ထွန်းလမ်း(ယခင်) စိန့်ဖီလစ် အထက်တန်းကျောင်း
အ.ထ.က (၄) ဗိုလ်တထောင်ကျောင်း၃၀ဝ၊ သိမ်ဖြူလမ်း(ယခင်) စိန့်မေရီကျောင်း
အ.ထ.က (၆) ဗိုလ်တထောင်ကျောင်းအနော်ရထာလမ်း(ယခင်) စိန့်ပေါလ် အင်္ဂလိပ် အထက်တန်းကျောင်း
စိန့်မေရီ ခရစ်ယာန်ဘုရားရှိခိုးကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၃၇၂၊ ဗိုလ်အောင်ကျော်လမ်းမြန်မာပြည်တွင် အကြီးဆုံး ခရစ်ယာန်ဘုရားရှိခိုးကျောင်း

ကိုးကား

  1. မြန်မာမြို့အဘိဓာန်။ တင်နိုင်တိုး။ဇေတဝန်စာအုပ်တိုက်၊ ရန်ကုန်။ ပကြိမ်။ ဖေဖော်ဝါရီ ၂၀၁၂။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.