ဗိုလ်ဟိန်မောင်

ပအမဖ ဥက္ကဋ္ဌဟောင်း ဗိုလ်ဟိန်မောင်

ဗိုလ်ဟိန်မောင်

ဗိုလ်ဟိန်မောင်သည် ခရစ်သက္ကရာဇ် ၁၉၁၈ တွင် ရှမ်းပြည်နယ်မှ တောင်ကြီးမြို့နယ် ဖာမွန်းရွာနေ ဆြားပေးနှင့် မွိုးကျောင်လုံ တို့မှ ဖွားမြင်သော သားဖြစ်သည်။ မွေးချင်းမောင်နှာမများမှာ ဖြားဝရမြန်း၊ မွိုးနန်းဗိုခမ်း၊ မွိုးနန်းထဉ်း၊ မွိုးနန်းအုံး၊ ဖြားထွက်ခွန် တို့ဖြစ်သည်။ ၎င်းသည် အိမ်ထောင်သည် ဇနီး မွိုးကျောင်လွန်းနှင့်အတူ သားသမီး (၆)ဦး ထွန်းကားခဲ့ကာ မွိုးနန်းဗိန်း၊ ခွန်သာဒွန်း (ပအိုဝ်းဂီတ အနုပညာကို မွေးထုတ်ပေးခဲ့သူ)၊ မွိုးနန်းလုံ၊ ခွန်မြင့်အောင်၊ ခွန်ထွန်းကြည်၊ ခွန်မြင့်နောင် တို့ဖြစ်သည်။ ဘုန်းကြီးကျောင်းပညာရေးကိုသာ သင်ယူခဲ့ရသည်။


ဗိုလ်ဟိန်မောင်သည် ညောင်ရွှေစော်ဘွား၏ တိုက်သူကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၉၄၂ မှ ၁၉၄၄ ထိ စော်ဘွား၏ ပုလိပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၅ မှ ၁၉၄၆ ထိ ပြည်စောင့်ရဲတပ်ကို ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သည်။

အလင်းရောင်စာကြည့်တိုက် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့မှ အရှေ့အာရှလူငယ် အမှုဆောင်တွင်လည်း ပါဝင်ခဲ့သည်။ ၁၉၄၆ နှင့် ၁၉၄၇ တွင် ကျင်းပသော ပင်လုံညီလာခံကိုလည်း ပါဝင်တက်ရောက်ခဲ့သည်။ ၁၉၄၆ တွင် ဖွဲ့စည်းထားသော ပအိုဝ်းလွောင်းဗူးအဖွဲ့ကိုလည်း အမှုဆောင်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် စတင်ဖွဲ့စည်းသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ကိုလည်း သထုံဦးလှဖေ၊ ဗိုလ်ချန်ဇုံတို့နှင့်အတူ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၅၀ တွင် ဗိုလ်ချန်ဇုံနှင့်အတူ ဖဆပလ အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကြောင့် အင်းအား(၆၀)ကျော်ဖြင့် အလင်းဝင်ခဲ့သည်။

၁၉၅၀ တွင် ပအိုဝ်းလွောင်းဗူးအဖွဲ့မှ ပြောင်းလဲဖွဲ့စည်းသော ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)ကို ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တရုတ်ဖြူစစ်ဆင်ရေးတွင် ပအလဖနှင့် ပြည်ထောင်စုတပ်ကိုပါ ပါဝင်ကူညီခဲ့သည်။ ရှမ်းတိုင်းရင်းသား စည်းလုံးညီညွတ်ရေးအဖွဲ့နှင့် ဖဆပလ အစိုးရကို ဆွေးနွေးပွဲများ လှုပ်ရှားမှုတွင် အကြိမ်ကြိမ် ပါဝင်ဆင်နွဲးခဲ့သည်။ ၁၉၅၅ ခုနှစ် ဧပြီလဝန်းကျင်၌ ပအမဖ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထမ်းဆောင်ချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲအတွက် စည်းရုံးရေးကွင်းဆင်းနေစဉ်ကာလတွင် လုပ်ကြံသတ်ဖြတ် ဖျောင်းဖျခြင်းကို ခံခဲ့ရသည်။

ကျမ်းကိုး

• ပြည်ထောင်စုထဲ့က ပအိုဝ်း။ • ဟဝ်သေထွိုက်ငါး စွိုးခွို့အွဉ်ငါ အားဇားနည်း ခေါင်းဆောင်တန်သီး ဘဝမတ်တန့်အအဲဉ်း • ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ) စတုတ္ထအကြိမ် ညီလာခံ၏ အစီရင်ခံစာ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.