ဗြဟ္မဇာလသုတ် စူဠသီလခန်း

ဗြဟ္မဇာလသုတ် စူဠသီလခန်း၌ ပုထုဇဉ်တစ်ယောက်သည် ဘုရား၏ဂုဏ်ကို အနိမ့်ဆုံးအနေဖြင့် စောင့်ထိန်းအပ်သော သီလစောင့်ထိန်းမှု ဆိုင်ရာ ဂုဏ်အင်္ဂါများဖြင့် ချီးမွမ်းပြောဆိုနိုင်သည်ကို အကျယ်ရှင်းပြထားသည်။ အကျဉ်းအားဖြင့်ဆိုသော် (မိစ္ဆာကမ္မန္တဖြစ်သော) ပါဏာတိပါတ၊ အဒိန္နာဒါန နှင့် အဗြဟ္မစရိယအမှု၊ (မိစ္ဆာဝါစာဖြစ်သော) မဟုတ်မမှန်ပြောဆိုခြင်း၊ ကုန်းတိုက်စကား ပြောခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောခြင်း၊ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊ မျိုးစေ့အပင်တို့ကို ဖျက်ဆီးခြင်း၊ နေလွဲညစာစားခြင်း၊ ပွဲကြည့်ခြင်း၊ ပန်းနံ့သာတို့ဖြင့် ဖြီးလိမ်းပြင်ဆင်ခြင်း၊ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်း၊ ရွှေငွေတို့ကို ခံယူခြင်း၊ (မိစ္ဆာအာဇီဝဖြစ်သော) မမှန်ကန်သော အသက်မွေးမှု ပြုခြင်းတို့မှ မြတ်စွာဘုရားသည် လုံးဝရှောင်ကြဉ်ခြင်း ဟူသည့်ဂုဏ်နှင့်ပြည့်စုံကြောင်းကို ပုထုဇဉ်တစ်ယောက်မှ ချီးမွမ်းပြောဆိုနိုင်သည်ဟု ဟောပြထားသည်။ အသေးစိတ်ကို အောက်မှမြန်မာပြန်တွင် တွေ့ရှိနိုင်ပါသည်။

ဗြဟ္မဇာလသုတ် စူဠသီလခန်း ပါဠိနှင့် မြန်မာပြန်

စဉ် ပါဠိ[1] မြန်မာပြန်[2]

၇။

အပ္ပမတ္တကံ ခေါ ပနေတံ ဘိက္ခဝေ ဩရမတ္တကံ သီလမတ္တကံ၊ ယေန ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ၊ ကတမဉ္စ တံ ဘိက္ခဝေ အပ္ပမတ္တကံ ဩရမတ္တကံ သီလမတ္တကံ၊ ယေန ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ရဟန်းတို့ ပုထုဇဉ်[မှတ်စု 1]သည် ဘုရား၏ ဂုဏ်ကို ပြောခဲ့လျှင် အနည်းငယ်မျှသာဖြစ်သော နိမ့်ကျသော သီလ မျှဖြင့်သာ ပြောနိုင်ရာ၏၊ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ပြောနိုင်ရာသည့် အနည်းငယ်မျှသာဖြစ်သော နိမ့်ကျသော ထိုသီလမျှဟူသည် အဘယ်နည်း -

၈။

"ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော သမဏော ဂေါတမော နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ ဒယာပန္နော သဗ္ဗပါဏဘူတဟိတာနုကမ္ပီ ဝိဟရတီ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

"အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိဝိရတော သမဏော ဂေါတမော ဒိန္နာဒါယီ ဒိန္နပါဋိကင်္ခီ အထေနေန သုစိဘူတေန အတ္တနာ ဝိဟရတီ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

"အဗြဟ္မစရိယံ ပဟာယ ဗြဟ္မစာရီ သမဏော ဂေါတမော အာရာစာရီ[မှတ်စု 2] ဝိရတော[မှတ်စု 3] မေထုနာ ဂါမဓမ္မာ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

"ရဟန်းဂေါတမသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေတော်မူ၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကိုပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

"ရဟန်းဂေါတမသည် မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်တော် မူ၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက်၊ စင်ကြယ်သောကိုယ်ဖြင့် နေတော်မူ၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

"ရဟန်းဂေါတမသည် မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်တော်မူ၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်တော်မူ၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၉။

"မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော သမဏော ဂေါတမော သစ္စဝါဒီ သစ္စသန္ဓော ထေတော[မှတ်စု 4] ပစ္စယိကော အဝိသံဝါဒကော လောကဿာ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

"ပိသုဏံ ဝါစံ ပဟာယ ပိသုဏာယ ဝါစာယ ပဋိဝိရတော သမဏော ဂေါတမော၊ ဣတော သုတွာ န အမုတြ အက္ခာတာ ဣမေသံ ဘေဒါယ၊ အမုတြ ဝါ သုတွာ န ဣမေသံ အက္ခါတာ အမူသံ ဘေဒါယ၊ ဣတိ ဘိန္နာနံ ဝါ သန္ဓာတာ၊ သဟိတာနံ ဝါ အနုပ္ပဒါတာ၊ သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္ဒီ သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

"ဖရုသံ ဝါစံ ပဟာယ ဖရုသာယ ဝါစာယ ပဋိဝိရတော သမဏော ဂေါတမော၊ ယာ သာ ဝါစာ နေလာ ကဏ္ဏသုခါ ပေမနီယာ ဟဒယင်္ဂမာ ပေါရီ ဗဟုဇနကန္တာ ဗဟုဇနမနာပါ၊ တထာရူပိံ ဝါစံ ဘာသိတာ"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

"သမ္ဖပ္ပလာပံ ပဟာယ သမ္ဖပ္ပလာပါ ပဋိဝိရတော သမဏော ဂေါတမော ကာလဝါဒီ ဘူတဝါဒီ အတ္ထဝါဒီ ဓမ္မဝါဒီ ဝိနယဝါဒီ၊ နိဓာနဝတိံ ဝါစံ ဘာသိတာ ကာလေန သာပဒေသံ ပရိယန္တဝတိံ အတ္ထသံဟိတ"န္တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

"ရဟန်းဂေါတမသည် မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ အမှန်ကိုသာ ဆိုလေ့ရှိတော်မူ၏၊ မှန်သော စကားချင်း ဆက်စပ်စေတော်မူတတ်၏၊ တည်သောစကား ရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကို လှည့်စားတော်မမူ"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

"ရဟန်းဂေါတမသည် ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်တော်မူ၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တော်မူတတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတော်မူတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်တော်မူ၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်တော်မူ၏၊ ညီညွတ်ခြင်းကို နှစ်သက်တော်မူ၏၊ ညီညွတ်ခြင်းကိုပြုသော စကားကို ဆိုတော်မူတတ်၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

"ရဟန်းဂေါတမသည် ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်တော်မူ၏၊ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့ သဘောရှိသော စကားကိုသာ ဆိုတော်မူတတ်၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

"ရဟန်းဂေါတမသည် ပြိန်ဖျင်းသောစကားကို ပယ်၍ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်တော်မူ၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွားနှင့် စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုတော်မူတတ်၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။

၁၀။

"ဗီဇဂါမဘူတဂါမသမာရမ္ဘာ[မှတ်စု 5] ပဋိဝိရတော သမဏော ဂေါတမော"တိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ။ပ။

ဧကဘတ္တိကော သမဏော ဂေါတမော ရတ္တူပရတော ဝိရတော[မှတ်စု 6] ဝိကာလဘောဇနာ။

နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနာ[မှတ်စု 7] ပဋိဝိရတော သမဏော ဂေါတမော။

မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ပဋိဝိရတော သမဏော ဂေါတမော။

ဥစ္စာသယနမဟာသယနာ ပဋိဝိရတော သမဏော ဂေါတမော။

ဇာတရူပရဇတပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။

အာမကဓညပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။

အာမကမံသပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။

ဣတ္ထိကုမာရိကပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။

ဒါသိဒါသပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။

အဇေဠကပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။

ကုက္ကုဋသူကရပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။

ဟတ္ထိဂဝဿဝဠဝပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။

ခေတ္တဝတ္ထုပဋိဂ္ဂဟဏာ ပဋိဝိရတော သမဏော ဂေါတမော။

ဒူတေယျပဟိဏဂမနာနုယောဂါ ပဋိဝိရတော သမဏော ဂေါတမော။

ကယဝိက္ကယာ ပဋိဝိရတော သမဏော ဂေါတမော။

တုလာကူဋကံသကူဋမာနကူဋာ ပဋိဝိရတော သမဏော ဂေါတမော။

ဥက္ကောဋန ဝဉ္စန နိကတိသာစိယောဂါ[မှတ်စု 8] ပဋိဝိရတော သမဏော ဂေါတမော။

ဆေဒန ဝဓ ဗန္ဓန ဝိပရာမောသ အာလောပ သဟသာကာရာ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

"ရဟန်းဂေါတမသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်တော်မူ၏"၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။

ရဟန်းဂေါတမသည် ဆွမ်းတစ်နပ်သာ စားလေ့ရှိတော်မူ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်တော်မူ၏။

ရဟန်းဂေါတမသည် ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းမှ ရှောင်ကြဉ်တော်မူ၏။

ရဟန်းဂေါတမသည် ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် ကောက်စိမ်း[မှတ်စု 9] ကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏။

ရဟန်းဂေါတမသည် အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် ကျွန်မိန်းမ ကျွန်ယောက်ျားကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် ဆိတ်နှင့်သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် ကြက် ဝက်ကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် လယ်နှင့်ယာကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်း ဂေါတမသည် ဝယ်ယူ ရောင်းမှုမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြု၍လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊

ရဟန်းဂေါတမသည် ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာ နိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကိုပြောခဲ့လျှင် ဤသို့ သော်လည်း ပြောနိုင်ရာ၏။

စူဠသီလံ နိဋ္ဌိတံ။

စူဠသီလခန်း ပြီး၏။

မှတ်စု

  1. ပုထုဇဉ် = အရိယာမဟုတ်သူများ။
  2. အနာစာရီ (က)
  3. ပဋိဝိရတော (ကတ္ထစိ)
  4. ဌေတော (သျာ၊ ကံ)
  5. သမာရဗ္ဘာ (သီ၊ က)
  6. ပဋိဝိရတော (ကတ္ထစိ)
  7. နစ္စဂီတဝါဒိတဝိသုကဒဿနာ (က)
  8. သာဝိယောဂါ (သျာ၊ကံ၊က)
  9. ကောက်စိမ်း = ဟူသည် ၁-သလေး (ကောက်ကြီး)၊ ၂-ကောက်လတ် (ကောက်ကြမ်း)၊ ၃-လူး၊ ၄-နတ်ကောက် (ဂျုံ)၊ ၅-ပြောင်း၊ ၆-မုယော (ဗာလီ)၊ ၇-ဆပ် ဤစပါး ခုနစ်မျိုးတည်း။

အခြားအဓိပ္ပါယ် ဖွင့်ဆိုချက်များ

ဗုဒ္ဓဂုဏ်တော်ကို ချီးမွမ်းရာတွင် အကျယ်ချဲ့၍ ပြောခြင်းမဟုတ်ပဲ အကျဉ်းမျှသာ ပြောနိုင်သူတို့အတွက် ထို အကျဉ်းပြောအပ်သောသီလကို "စူဠသီလ = သီလငယ်"ဟု နာမည်တပ်၍ ကန့်သတ်ခွဲခြားထားသည်။[3]"ရဟန်းဂေါတမသည် သူ့အသက်ကို မသတ်၊ မိစ္ဆာဇီဝမှုကို မပြု"စသော ဂုဏ်ကလေးများကား သစ္စာလေးပါးစသောတရားထူးများကို ဟောကြားသော သဗ္ဗညုတာဉာဏ်တော်နှင့်ယှဉ်ကြည့်လျှင် အလွန်အောက်ကျသော ကိုယ်ကျင့်သီလကလေးမျှသာ ဖြစ်သည်။ ထိုဂုဏ်ကလေးများဖြင့် ချီးမွမ်းနေခြင်းကား သာသနာ့အပြင်ဘက်က ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့၏ အမြင်ဖြင့် အပေါ်ယံ ချီးမွမ်းခြင်းသာ ဖြစ်လေသည်။[4]

ဆက်စပ်စာမျက်နှာများ

ကိုးကား

  1. သာသနာရေးဦးစီးဌာန (၂၀၁၀)။ ဆဋ္ဌသင်္ဂီ တိပိဋကံ၊ သုတ္တန္တပိဋကေ ဒီဃနိကာယေ၊ သီလက္ခန္ဓဝဂ္ဂပါဠိ။ p. စာ ၃-၅။
  2. သာသနာရေးဦးစီးဌာန (၂၀၁၁)။ ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော် ဒီဃနိကာယ်ဝင် သုတ္တန်ပိဋကတ် သီလက္ခန္ဓဝဂ်ပါဠိတော် မြန်မာပြန်။ p. စာ ၃-၅။
  3. အရှင် ဇနကာဘိဝံသ (၁၉၄၉)။ ဗြဟ္မဇာလသုတ်တော် မြန်မာဘာသာပြန်။ p. စာ ၂၁။
  4. အရှင် ဇနကာဘိဝံသ (၁၉၄၉)။ ဗြဟ္မဇာလသုတ်တော် မြန်မာဘာသာပြန်။ p. စာ ၄၉။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.