ဘဂဝါဂီတ

ဘဂဝဒ်ဂီသာသည် မဟာဘာရတလင်္ကာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ဘဂဝါဂီတတွင် စကားပြောသူ လေးဦးရှိ၏။ ယင်းတို့ကား ဘုရင် ဓီတရဋ္ဌ၊ သူ၏အမတ်ကြီး သဉ္စယ၊ ပဏ္ဍဝမင်းသား အဇ္ဇုနနှင့် သူ၏ရထားထိန်း၊ ကရစ်သျှဏ(ဘုရားသခင်)တို့ ဖြစ်ကြ၏။ ဓီတရဋ္ဌသည် မျက်စိမမြင်ပေ။ သူ့အား ကုရုခေတ္တတွင် ပဏ္ဍဝနှင့် ကောရဝ(သူ၏သားများ)တို့ တိုက်ကြပုံကို အဝေးမှ မြင်နိုင်ကြားနိုင်သော တန်ခိုးရရှိအောင် (ဘဂဝါဂီတကျမ်းကို ရေးသူဟု အဆိုရှိသော) ဝါလ်မီကိရသေ့ကြီး(Valmiki) ဖန်ဆင်းပေးမည်ဟု ဆိုသော်လည်း သူက သူ၏သားရင်းတို့ သေကြေကြသည်ကို မမြင်ဝံ့သဖြင့် ငြင်းဆိုလိုက်လေသည်။ ထို့ကြောင့် ဝါလ်မီကိရသေ့ကြီးသည် ဓီတရဋ္ဌ၏အမတ်ကြီး သဉ္စယအား အဆိုပါတန်ခိုးရရှိအောင် ဖန်ဆင်းပေးလိုက်၏။ စင်စစ်သော်ကား ဘဂဝါဂီတသည် အခြားမဟုတ် ကုရုခေတ္တစစ်မြေပြင်ဝယ် အဇ္ဇုနနှင့် ကရစ်သျှဏတို့ အပြန်အလှန် ပြောဆိုကြပုံကို အမတ်ကြီး သဉ္စယ က နားထောင်ပြီး ဘုရင်အား ပြန်လည်လျှောက်တင် ချက်များပင် ဖြစ်ပေသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.