ဘန်ကောက် မိုးပျံရထား

ဘန်​ကောက်မိုးပျံရထား(အင်္ဂလိပ်: Bangkok Mass Transit System(BTS or the Skytrain) ထိုင်း: รถไฟฟ้า) သည်ဘန်​ကောက်မြို့၏မြင့်မား​သော သယ်ယူပို့​ဆောင်​ရေးစနစ်ဖြစ်သည်။​မြောက်ဘက်နှင့် အ​ရှေ့ဘက်သို့​ပြေးဆွဲရာ ဆူခူဗစ်လိုင်းနှင့် ဘန်​ကောက်၏စီးပွား​ရေးဇုန်ဖြစ်​သော ဆိုင်မွန်နှင့် ဆသန်ဘက်သို့​ပြေးဆွဲရာ ဆိုင်မွန်လိုင်းတို့ဖြစ်သည်။ဆူခူဗစ်လိုင်းသည် မိုချစ်နှင့်ဆယ်မရွန်၊ဆိုင်မွန်လိုင်းသည် အမျိုးသားအားကစားရုံနှင့် ဘန်ဝတို့တွင် အစ~အဆုံးဖြစ်သည်။မိုချစ်ဘူတာရုံသည် ဒွန်​မောင်း​လေဆိပ်မှထွက်လာ​သောဧည့်သည်များ၏ ရထားစီးရန်​နေရာအစဖြစ်သည်။​လေဆိပ်မှ အထူးဘတ်စ်ကားစီး၍ဤဘူတာ၌ရထားစီးကာလိုရာသို့သွားနိုင်သည်။လိုင်း၂လိုင်းသည် အမျိုးသားအားကစားရုံအနီးရှိ "ဆိုင်ရမ်"ဘူတာတွင် လိုင်း​ပြောင်းကာစီးနင်းနိုင်သည်။

BTS Skytrain
Overview
Native nameรถไฟฟ้า
ပိုင်ဆိုင်သူBangkok Metropolitan Administration (in Bangkok)
Mass Rapid Transit Authority of Thailand|Mass Rapid Transit Authority
(outside Bangkok)
ဒေသဘန်​ကောက်၊ ထိုင်းနိုင်ငံ
ပို့ဆောင်ရေးအမျိုးအစားလျင်မြန်​သောပို့​ဆောင်​ရေး
လမ်းကြောင်းအရေအတွက်2[1][2]
ဘူတာရုံပေါင်း၃၅[1][2]
နေ့စဉ်စီးနင်းသူ697,907[3]
တည်ထောင်ခြင်း
စတင်တည်ထောင်ခြင်း၅ ဒီဇင်ဘာ ၁၉၉၉
တည်ထောင်သူBTS Group Holdings
ယာဉ်အရေအတွက်၅၂
နည်းပညာအချက်အလက်
ပတ်လမ်းအရှည်၃၆.၄၅ km (၂၂.၆၅ mi)[1]
လမ်းကြောင်းစံအတိုင်းအတာ၁၄၃၅ mm (4 ft 8 12 in) standard gauge
ElectrificationThird rail 750 V DC
ပျမ်းမျှမြန်နှုန်း၃၅ km/h (၂၂ mph)
အမြင့်ဆုံးမြန်နှုန်း၈၀ km/h (၅၀ mph)

ထို့အပြင် ဘန်​ကောက်မြို့သယ်ယူပို့​ဆောင်​ရေးတွင် ​​​မြေ​အောက်ရထား(MRT)နှင့် သုဝဏ္ဏဘူမိ​လေဆိပ်ရထားလိုင်း(SARL)တို့လည်းပါဝင်သည်။

ဘန်​ကောက်မြို့ပြ၏ရထားစနစ်များ(BTS၊MRT၊SARL)

သမိုင်း​ကြောင်း

ဆလာဒန်ဘူတာမှထွက်လာ​သောရထား
ရထားအတွင်းပိုင်း

အမြန်သယ်ယူပို့​ဆောင်​ရေးစနစ်(Mass Transit System)ကို ဘန်​ကောက်မြို့၌၁၉၈၀အ​စောပိုင်းတွင်စတင်ခဲ့သည်။

ဘူတာစကြ်န်

ဘူတာရုံပုံစံများ

​ဝေါင်း​ဝေယံဘူတာအပြင်ဘက်
ဆိုင်ရမ်ဘူတာအ​​ပေါထယ်

ဘူတာအားလုံးကိုမြင့်မား၍အများအားဖြင့်၂ထပ်အဖြစ်​ဆောက်လုပ်ထားသည်။လမ်းမကြီးများ၏လမ်းလယ်ကျွန်းများတွင်​ဖောင်​ဒေးရှင်းချထားသည်။ပလတ်​ဖောင်းများ​ပေါမှ​​နေ၍​​လှေကားဖြင့်လည်း​ကောင်း၊စက်​ကှေားဖြင့်လည်း​ကောင်းတက်နိုင်သည်။အချို့ရုံများတွင်ဓာတ်​​လှေကားများပါရှိသည်။

ပထမထပ်တွင် လက်မှတ်စက်၊စား​သောက်ဆိုင်များဆိုင်​သေး​သေး​လေးများနှင့်လက်မှတ်စစ်ဂိတ်များရှိသည်။ဒုတိယထပ်(ဆိုင်ရမ်တွင်တတိယထပ်ပါ)ဘူတာစကြ်န်နှင့် ရထားလမ်းများရှိသည်။ဆိုင်ရမ်ရုံတွင်လိုင်း​ပြောင်းရန်မှာ မျက်နှာချင်းဆိုင်ရထား​ပေါသို့တက်ရန်သာဖြစ်သည်။

ဆလာဒန်၊အဆုတ်နှင့်မိုချစ်တို့တွင် ​မြေ​အောက်ရထားနှင့်ကူး​ပြောင်းစီးနိုင်သည်။

လက်မှတ်နှင့်စီးနင်းပုံ

လက်မှတ်စက်

ရထားလက်မှတ်ဝယ်ရန်အင်မတန်လွယ်ကူသည်။၂၀၀၇တွင် "ဘီတီအက်စ် စမတ်ပတ်စ် ကတ်များ "ထုတ်​ပေးခဲ့ပြီး​မေလ၂၀၁၂တွင် "ရတ်ဘစ်ကတ်(Rabbit card)"များဖြင့်အစားထိုးခဲ့သည်။ရတ်ဘစ်ကတ်မှာ မိုးပျံရထားနှင့် BRTဘတ်စ်ကားများတွင်သုံးနိုင်​သောအီလတ်ထ​ရောနစ်ကတ်ဖြစ်သည်။ထို့အပြင် BTSနှင့်မိတ်ဖက်ဖြစ်​သောMcDonald's, Burger King, Starbucks တို့တွင်လည်းသုံးနိုင်သည်။

ဘူတာရုံပထမထပ်ရှိလက်မှတ်စက်တွင်လက်မှတ်ဝယ်ယူနိုင်သည်။စက်​ဘေးရှိ​မြေပုံတွင်မိမိသွားလို​သောဘူတာ၏ကုန်ကျ​​ငွေကိုကြည့်ကာ စက်ထဲ၌နှိပ်၍ကျသ​လောက်​ငွေထည့်ရသည်။ထိုအခါစက်မှ လက်မှတ်ထွက်လာမည်။ထိုလက်မှတ်ကို အချိန်၂နာရီအွင်းသာအသုံးပြုနိုင်သည်။ထိုလက်မှတ်ကိုလက်မှတ်စစ်ဂိတ်ရှိ စက်ထဲသို့ထည့်လိုက်လျှင်​မောင်းတံပွင့်ကာလက်မှတ်ပြန်ထွက်လာမည်။ထို့​နောက်လက်မှတ်ကိုယူကာဒုတိယထပ်ရှိ စကြ်န်တွင်ရထားစီးကာဆင်းမည့်ဘူတာရှိလက်မှတ်ဂိတ်တွင် လက်မှတ်ကိုပြန်ထည့်လိုက်ရသည်။လက်မှတ်မှန်ကန်မှသာ ​မောင်းတံပွင့်​ပေမည်။အကူအညီလိုပါက သတင်းအချက်အလက်ဂိတ်များတွင်အကူအညီ​တောင်းနိုင်သည်။

ကိုးကား

  1. BTS SkyTrain System - Structure of Routes and Stations Bangkok Mass Transit System Public Company Limited။ 2014-06-26 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.