ဘဝေါ

ဘဝေါဆိုသည်မှာ အလွန်ကြီးကျယ်သည့် ဒုက္ခကြုံမည့်အတွက် ကြိုတင်ကာ အင်မတန်ကြောက်ရွှံ့စေသည့် အခြင်းအရာများ ကြိုတင်ဖြစ်ပွားခြင်းမျိုးကိုဆိုလိုသည်။ ဥပမာအားဖြင့်- ဘုရားဆင်းတုတော် ရောင်ခြည်လွှတ်ခြင်း၊ စေတီပုထိုး(သို့) ဆင်းတုတော်များအနီးတွင် ထွန်းလင်းနေခြင်း၊ ဆင်းတုတော်တွင် မျက်ရည်၊ချွေး၊သွေး စသည်တို့ ကျခြင်း၊ ဘုံနန်းပြသာဒ်မှအခိုးထွက်ခြင်း၊ လကိုကြယ်ဖောက်ခြင်း(ဂျပန်ခေတ်)၊ ကြယ်တံခွန်လွှတ်ခြင်း၊ ကောင်းကင်အလုံးမှ ချင်းချင်းနီခြင်း စသည်တို့ကို ဘဝေါအဖြစ် သတ်မှတ်ကြသည်။

သို့သော် ယခုခေတ်တွင် ဘဝေါအား နိမိတ်အဖြစ် ရောထွေးသတ်မှတ်ထားကြသည်များကိုလည်း ရံဖန်ရံခါတွေ့ရတတ်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.