ဘာထရန် ရပ်ဆဲလ်

ဘာထရန် ရပ်ဆဲလ်

ရပ်ဆဲ၊ ဗာထရန်(ခရစ် ၁၈၇၂ ဖွား)

အားဘွဲ့ခံ ရပ်ဆဲ၏ အမည်အပြည့်အစုံမှာ ဗာထရန် အာသာဝီလျံရပ်ဆဲ ဖြစ်သည်။ ရပ်ဆဲသည် အင်္ဂလန်ပြည်၏ နိုင်ငံရေးလောက၌ ထင်ရှားသောမျိုးရိုး ဆင်းသက်လာသူ ဖြစ် သော်လည်း သင်္ချာပညာနှင့် ဒဿနိကဗေဒ ပညာဘက်တွင် ထူးချွန်သူအဖြစ် နာမည်ထင်ရှားသည်။ ၁၈၇၂ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ဝေလနယ် ထရဲလက်မြို့၌ ဖွားမြင်၍ ကိမ်း ဗရစ်တက္ကသိုလ်၊ ထရင်နီတီကောလိပ်ကျောင်းတွင် ပညာသင် ကြားခဲ့သည်။ ထိုတက္ကသိုလ်တွင်ပင် ကထိကအဖြစ် အမှုထမ်းခဲ့ ရာ ၁၉၁၆ ခုနှစ်၌ သူ၏ငြိမ်းချမ်းရေး အယူအဆများကြောင့် နုတ်ထွက်ရလေသည်။ ပထမကမ္ဘာစစ် ဖြစ်ပွားနေစဉ် အစိုးရ ဝါဒနှင့် ဆန့်ကျင်သော အယူအဆများကို ပုံနှိပ်ထုတ်ဝေသဖြင့် ထောင်ဒဏ် အပြစ်ပေးခံရသည်။ ထောင်ထဲ၌ သင်္ချာဒဿနိက ဗေဒ အခြေပြကျမ်းကို ရေးခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်မှ ၁၉၂၁ ခုနှစ်အထိ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်တွင် ဒဿနိကဗေဒပညာရပ်ကို သင်ကြားပို့ချခဲ့ သည်။ အမေရိကန်နိုင်ငံ လော့အိန်းဂျလီးမြို့ရှိ ကာလီဖိုးနီးယား တက္ကသိုလ်၌လည်း ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် အားဘွဲ့ကို ဆက်ခံရရှိ၏။ အားရပ်ဆဲသည် စဉ်းစားဆင်ခြင်ဖွယ်ရာများ ပါဝင်သော အတွေးအခေါ် နက်နဲသည့် စာပေများကို ပြုစု ရေးသားသူ အဖြစ် ထင်ရှားသည်။ ၁၉၅ဝ ပြည့်နှစ်တွင် စာပေဆိုင်ရာ နိုဘယ် ဆုကို ရရှိလေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.