ဘိုနို
မြင်းစီးသူရဲကောင်းဘွဲ့ (KBE) ရ ဘိုနိုသည် အိုင်ရစ် တေးသံရှင်၊ ဂီတပညာရှင် တစ်ဦးဖြစ်သည်။ ဘိုနို၏ အမည်ရင်းမှာ (Paul David Hewson) ဖြစ်ပြီး ယူတူး (U2) အဖွဲ့၏ ပင်တိုင် အဆိုတော်ဖြစ်သည်။ ယူတူးအဖွဲ့၏ သီချင်းစာသား အားလုံးနီးပါးသည် ဘိုနို၏ ဖန်တီးမှုများ ဖြစ်သည်။ သီချင်းရေးရာတွင် ဘိုနိုသည် နိင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေး အကြောင်းအရာများကိုလည်း ထည့်ရေးလေ့ ရှိသည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်စူးပြီးရေးထားသည့် Walk On သီချင်းစာသားမှာလည်း ဘိုနို၏ လက်ရာ တစ်ပုဒ်ဖြစ်သည်။
ဘိုနို | |
---|---|
၂၀၀၉ တွင် ထရိုင်ဘက်ကာ ရုပ်ရှင်ပြပွဲ တက်ရောက်နေသည့် ဘိုနို |
|
အမည်ရင်း | ပေါလ် ဒေးဗစ် ဟယူးစိန် |
မွေးသက္ကရာဇ် | ၁၉၆၀ မေ ၁၀ |
အလုပ်အကိုင် | တေးသံရှင် |
မွေးရပ်ဇာတိ | အိုင်ယာလန် |
ကြင်ဖော် | Alison Stewart |
ကိုးကား
ပြင်ပလင့်ခ်များ
ဝီကီကိုးကားချက်တွင် ဘိုနို နှင့်ပတ်သက်သော အဆိုအမိန့်များ ရှိသည်။ |
Wikimedia Commons တွင် Bono နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
- U2.com — Official U2 website
- DATA (Debt, AIDS, trade, Africa) — Bono's organization
- EDUN Archived 25 August 2005 at the Wayback Machine. — Fashion label started by Bono and his wife Ali
- Bono surprises small crowd with "warm up" act at charity gig
- TED Talks: Bono's call to action for Africa at TED in 2005
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.