ဘီလ်ဘော့ဒ်ဇယား

ဘီလ်ဘော့ဒ်ဇယား (အင်္ဂလိပ်: Billboard charts) သည် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက တေးသီချင်းများ၊ တေးအခွေများ၏ လူကြိုက်များရေပန်းစားမှုကို အပတ်စဉ် စာရင်းဇယားရေးဆွဲ၍ ပြသသည်။ ဘီလ်ဘော့ဒ် (မဂ္ဂဇင်း)က ထိုရလဒ်များကို ထုတ်ဝေသည်။ ဘီလ်ဘော့ဒ် စီးပွားရေးလုပ်ငန်း (Billboard biz)သည် ဘီလ်ဘော့ဒ်ဇယား၏ အွန်လိုင်းနောက်တိုးလုပ်ငန်းခွဲဖြစ်ကာ ထပ်တိုးအပတ်စဉ်ဇယားများကို ထောက်ပံ့ပြသသည်။[1] နှစ်ကုန်ဇယားများကိုလည်း ပြသ၏ ။[2] ဇယားများသည် သီးသန့်ဂီတအမျိုးအစားများဖြစ်သော အာအန်ဘီ၊ ကန်းထရီး၊ ရော့ခ် နှင့် (လုပ်ကိုင်ရေးသားနိုင်သော)ဂီတအမျိုးအစားပုံစံအားလုံးကို ရည်စူးဖော်ပြနိုင်သည်။ သီချင်း/အခွေ ရောင်းအား၊ အင်တာနက်ပေါ်တွင်တိုက်ရိုက်နားဆင်မှုများ (streams) အသံလွှင့်ခြင်း (airplay) အရ ဇယားများကို အဆင့်အတန်းခွဲနိုင်ပါ၏ ။ အဓိကသီချင်းဇယားများဖြစ်သော ရေပန်းစားသီချင်း (၁၀၀) (Hot 100)မျိုးတွင် အထက်ပါအချက်အလက်သုံးခုကို ထည့်သွင်းတွက်ချက်၍ ဇယားပြုစုသည်။[3] ဘီလ်ဘော့ဒ် (၂၀၀) အခွေဇယား (Billboard 200) အတွက် အခွေရောင်းအားအပြင် အင်တာနက်ပေါ်တွင်တိုက်ရိုက်နားဆင်မှုနှင့် သီချင်းတစ်ပုဒ်ချင်းစီ၏ရောင်းအားကိုလည်း ထည့်သွင်းစဉ်းစားသည်။ [4]

ဘီလ်ဘော့ဒ် လိုဂိုတံဆိပ်

အပတ်စဉ်ရောင်းအား နှင့် အပတ်စဉ်အင်တာနက်၌တိုက်ရိုက်နားဆင်မှု ဇယားကို သောကြာ-ကြာသပတေး အချိန်ဇယားစက်ဝန်းတစ်ခု၌ ၂၀၁၅ ဇူလိုင်လကတည်းက ထောက်လှမ်းစစ်ဆေးခဲ့ကြသည်။ ရေဒီယိုအသံလွှင့်သီချင်းဇယားကို တနင်္လာ-တနင်္ဂနွေ အချိန်ဇယားစက်ဝန်းတစ်ခုဖြင့် စစ်ဆေးပြုစုကြ၍ ဤဇယားများကို အင်္ဂါနေ့တိုင်း၌ ထုတ်ဝေဖော်ပြသည်။ [5]

ကိုးကား

  1. Billboard biz charts, Billboard's online reference for the music community, retrieved on December 6, 2014
  2. Charts – Year End Billboard
  3. Billboard Charts Legend Billboard
  4. Billboard 200 Makeover: Album Chart to Incorporate Streams & Track Sales Billboard Billboard (19 November 2014)။ 28 April 2016 တွင် ပြန်စစ်ပြီး။
  5. "Billboard to Alter Chart Tracking Week for Global Release Date" from Billboard (June 24, 2015)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.