ဘုရင့်မိန့်ခွန်း (ရုပ်ရှင်)

ဒါရိုက်တာ တွမ် ဟူးပါ (Tom Hooper) ၏ လက်ရာ ဘုရင့်မိန့်ခွန်း (The King's Speech) သည် ဗြိတိန်နိုင်ငံ သမိုင်းဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားသည့် ဒရာမာ ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားသည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ကျင်းပသည့် အော်စကာဆုပေးပွဲ၌ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနှင့် အကောင်းဆုံး မူလဇာတ်ညွှန်းဆု စသည့် ဆုကြီး ၄ ခုကို ဆွပ်ခူးခဲ့သည်။

ဘုရင့်မိန့်ခွန်း
The King's Speech
ရုပ်ရှင်ပိုစတာ
ဒါရိုက်တာTom Hooper
ထုတ်လုပ်သူIain Canning
Emile Sherman
Gareth Unwin
Geoffrey Rush
စာရေးသူDavid Seidler
သရုပ်ဆောင်Colin Firth
Geoffrey Rush
Helena Bonham Carter
Guy Pearce
Timothy Spall
Derek Jacobi
Jennifer Ehle
Michael Gambon
ဂီတမှူးAlexandre Desplat
ဓာတ်ပုံDanny Cohen
တည်းဖြတ်Tariq Anwar
ထုတ်လုပ်ရေး
ကုမ္ပဏီ
See-Saw Films
Bedlam Productions
ထုတ်ဝေသူThe Weinstein Company (USA)
Momentum Pictures (UK)
ဖြန့်ချိသည့်နေ့
၂၀၁၀ ဒီဇင်ဘာ ၁၀ (USA)
၁၀၁၁ ဇန်နဝါရီ ၇ (UK)
ကြာမြင့်ချိန်
၁၁၈ မိနစ်
နိုင်ငံယူကေ
ဘာသာစကားအင်္ဂလိပ်
ကုန်ကျငွေ£10 million
Box office£94 million
ရောင်းရငွေ£94 million

ဇာတ်လမ်းအကျဉ်း

‘ဘုရင့်မိန့်ခွန်း’ ရုပ်ရှင်ဇာတ်ကားတွင် လက်ရှိ ယူကေဘုရင်မ အယ်လီဇဘက်၏ ဖခမည်းတော် ဂျော့ဂျ် ဆဋ္ဌမ ဘုရင် စကားထစ်ခြင်းကို ကုသည့် ဖြစ်စဉ်ကို သရုပ်ဖော်ထားသည်။

ဂျော့ဂျ်ဘုရင်သည် ငယ်စဉ်ကပင် စကားထစ်သူဖြစ်သည်။ ခမည်းတော် ဂျော့ဂျ် ပဉ္စမ ဘုရင် နတ်ရွာစံပြီးနောက် နောင်တော် အက်ဒွပ်က ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့သည်။ သို့သော်လည်း အက်ဒွပ်က အိမ်ထောင် ၂ ကြိမ်ကွဲဖူးသူ အမျိုးသမီးအား လက်ထပ်လိုသဖြင့် ဤအပြုအမူမှာ ယူကေ၏ ဖွဲ့စည်းပုံ အခြေခံဥပေဒပါ သတ်မှတ်ချက်များနှင့် ဖီလာဆန့်ကျင်မှုရှိသောကြောင့် အချစ်အတွက် ထီးနန်းကို စွန့်လွှတ်ခဲ့သည်။

စကားထစ်သည့် ဂျော့ဂျ် နန်းတက်ပြီးနောက် မိန့်ခွန်းပြောကြားရာတွင် အထစ်အငေါ့မရှိစေရန် ၎င်း၏ ကြင်ယာတော်နှင့်အတူ ကုသနိုင်မည့် နည်းလမ်းကို ရှာဖွေခဲ့ရာ နောက်ဆုံးတွင် ပညာရှင် လိုင်နယ်လ် လော့ဂ် (Lionel Logue) နှင့် တွေ့ဆုံခဲ့သည်။ ကာလအတော်ကြာ လေ့ကျင့် ကုသခဲ့ပြီးနောက် အခြေအနေ ကောင်းမွန်လာသည့် တချိန်တည်းတွင် ၎င်းတို့နှစ်ဦးသည်လည်း မိတ်ဆွေကောင်းများ ဖြစ်လာကြသည်။ ရုပ်ရှင်နောက်ဆုံးခန်းမှာ ၁၉၃၉ ခုနှစ်တွင် ဂျော့ဂျ်ဘုရင်က ဂျာမနီနိုင်ငံနှင့် စစ်ကြေညာသည့် မိန့်ခွန်းကို ချောမွေ့စွာ ပြောကြားနိုင်ခဲ့ခြင်းဖြင့် အဆုံးသတ်ထားသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.