ဘော့ခ်နယား ဆားတွင်း

ဘော့ခ်နယား ဆားတွင်းသည် ပိုလန်နိုင်ငံ ဘော့ခ်နယားတွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ဆားတွင်းများတွင် တစ်ခု အပါအဝင်ဖြစ်ကာ ပိုလန်နိုင်ငံ၏ ရှေးအကျဆုံး ဆားတွင်း တစ်ခုဖြစ်သည်။ ထိုဆားတွင်းအား ၁၂ ရာစု နှင့် ၁၃ ရာစု အတွင်း ဘော့ခ်နယားတွင် ဆားများ ရှာဖွေတွေ့ရှိပြီးနောက်တွင် စတင်တည်ထောင်ခဲ့ပြီး တော်ဝင် ဆားထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သော ဇူပီ ခရာကောင်းစကီး ကုမ္ပဏီ၏ တစိတ်တဒေသ ဖြစ်လာခဲ့သည်။

ဘော့ခ်နယား ဆားတွင်း*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ပိုလန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iv
ကိုးကား ၃၂
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၈  (ဒုတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ထိုဆားတွင်းအား ပထမကမ္ဘာစစ် အပြီးတွင် ပိတ်သိမ်းခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ထိုဆားတွင်းအား အမွေအနှစ် ဒေသ တစ်ခု အဖြစ်ကြေငြာခဲ့သည်။ ထိုဒေသအား ပိုလန်နိုင်ငံ၏ တရားဝင် အမျိုးသား သမိုင်းဝင် အဆောက်အဦး တစ်ခု အဖြစ် ၂၀၀၀ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် သတ်မှတ်ခဲ့ကာ ပိုလန်နိုင်ငံ အမျိုးသား အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့မှ ထိန်းသိမ်းခဲ့သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.