ဘော့စ်ရာမြို့

ဘော့စ်ရာမြို့ သည် ဆီးရီးယားနိုင်ငံ တောင်ပိုင်း တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။ ဒါရာပြည်နယ် ဒါရာခရိုင်၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ပထဝီ အနေအထားအရ ဟော်ရန်ဒေသတွင်လည်း တစိတ်တပိုင်း ပါဝင်သည်။

ဘော့စ်ရာမြို့

Bosra

بصرى (အာရပ်)
မြို့တော်
ဘော့စ်ရာမြို့လယ် ၏ မြင်ကွင်းပုံ
နိုင်ငံဆီးရီးယားနိုင်ငံ
ပြည်နယ်ဒါရာ
ဘော့စ်ရာရှေးဟောင်းမြို့*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဆီးရီးယား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, iii, iv
ကိုးကား ၂၂
ဒေသ** အာရပ်နိုင်ငံများ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၀  (စတုတ္တအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဆီးရီးယား ဗဟိုစာရင်းအင်းဌာန၏ စာရင်းဇယားအရ ၂၀၀၄ ခုနှစ်တွင် ဘော့စ်ရာမြို့၌ လူဦးရေ ၁၉,၆၈၃ဦး ရှိသည်။ ဘော့စ်ရာမြို့ရှိ လူဦးရေ အများစုမှာ ဆွန်နီမူစလင်များ ဖြစ်ကြသော်လည်း ရှီယာ့မူစလင် အနည်းငယ်လည်း ရှိသည်။[1]

ရောမခေတ်က ဘော့စ်ရာမြို့သည် အာ့ခ်ဘစ်ရှော့ အခြေစိုက်ရာ ဝပြောသော ခရိုင်မြို့တော် တစ်ခု ဖြစ်ခဲ့ပြီး အစ္စလာမ်ခေတ်တွင်လည်း အုပ်ချုပ်ရေး အရ အရေးပါသော မြို့တစ်မြို့ ဖြစ်ခဲ့သည်။ သို့သော်လည်း အော့တမန် ခေတ်တွင် အရေးပါမှု ကျဆင်းလာခဲ့သည်။ ယနေ့ခေတ်တွင် ယူနက်စကိုမှ အဓိက ရှေးဟောင်းသုတေသန နယ်မြေ အဖြစ် ကြေငြာထားသော နေရာတစ်ခု အဖြစ် တည်ရှိသည်။


ကိုးကား

  1. Batatu, 1999, p. 24
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.