ဘေးမဲ့သစ်တော

ဘေးမဲ့သစ်တော

မြန်မာနိုင်ငံ စုစုပေါင်းဧရိယာ၏ ၅ ဒသမ ၆ ရာခိုင်နှုန်းကို သဘာ၀နယ်မြေအဖြစ် သတ်မှတ်ထားပြီး ၀ ဒသမ ၀၇ ရာခိုင်နှုန်းအား တိုးချဲ့သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ စုစုပေါင်းဧရိယာ၏ ၅ ဒသမ ၆ ရာခိုင်နှုန်းအား သဘာ၀ထိန်းသိမ်းရေးနယ်မြေများ အဖြစ် သတ်မှတ်ထားပြီးထပ်မံ၍ ၀ ဒသမ ၀၇ ရာခိုင်နှုန်းအားသဘာ၀ နယ်မြေအဖြစ် တိုးချဲ့သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သတင်းရရှိသည်။

သဘာ၀ထိန်းသိမ်းရေးနယ် မြေအဖြစ်ဖွဲ့စည်းထားသည့် နိုင်ငံဧရိ ယာ ၅ ဒသမ ၆ ရာခိုင်နှုန်းတွင် သဘာ၀နယ်မြေပေါင်း ၃၆ ခု ပါဝင် ပြီး စတုရန်းမိုင်အားဖြင့် ၁၄၆၃၁ ဒသမ ၅၃ မိုင်ရှိကြောင်း သိရသည်။ သဘာ၀ထိန်းသိမ်းရေးနယ်မြေများ ကို မြန်မာနိုင်ငံအတွင်းရှိ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်များ ရေရှည်တည်တံ့စေရေးနှင့် မြန်မာနိုင်ငံရှိ ရှားပါးသောတိရစ္ဆာန်မျိုးစိတ် များမျိုးသုဉ်းမည့် အန္တရာယ်မှကာ ကွယ်ရန်၊ ရေရှည်တည်တံ့ရှင်သန် နိုင်ရန်၊ သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍သတ်မှတ် တည်ထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံရဲ့ ဂေဟစနစ်တွေ အပေါ်မူတည်ပြီးတော့ သဘာ၀ ထိန်းသိမ်းရေး နယ်မြေတွေကို တိုးချဲ့တည်ထောင် လာခဲ့ပါတယ်။ အခု အသစ်ထပ်မံဖွဲ့စည်းဖို့ ဆောင်ရွက်နေတဲ့ သဘာ၀နယ်မြေတွေက ချင်း ပြည်နယ်အတွင်းမှာပါ။ သဘာ၀နယ်မြေ ၀ ဒသမ ၀၇ ရာခိုင်နှုန်းမှာ အဆိုပြုနယ်မြေ ခုနစ်ခုပါဝင်ပါ တယ်။ ခန့်မှန်းခြေစတုရန်းမိုင်ပေါင်း ၂၇၈၄ ဒသမ ၇၁ မိုင်ရှိပါတယ်။ အဓိကတော့ သဘာ၀ထိန်းသိမ်းရေး နယ်မြေတွေကိုနိုင်ငံတွင်းမှာ ကာကွယ်စောင့်ရှောက်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အစာကွင်းဆက်မပြတ်စေဖို့လည်း ရည်ရွယ်တည်ထောင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်တိရစ္ဆာန်တွေရဲ့ နေရင်းဒေသနဲ့ ကျက်စားနယ်မြေ တွေကို သဘာ၀အတိုင်း ထားရှိပါတယ်။ နောက်တစ်ချက်က ဒီလို သဘာ၀အတိုင်း ထားရှိခြင်းအားဖြင့် ဂေဟစနစ် တည်မြဲစေခြင်းနဲ့ ဇီ၀မျိုးစုံ မျိုးကွဲပေါကြွယ်၀ခြင်း အကျိုးကျေးဇူးကိုပါ ရရှိစေမှာ ဖြစ်ပါတယ် " ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် သဘာ၀နယ်မြေအဖြစ် အကာအကွယ်ပေးထားသည့် ဘေးမဲ့သစ်တော အမျိုးအစားပေါင်း ခုနစ်မျိုးရှိပြီး

  1. သိပ္ပံကြိုးဝိုင်း
  2. အမျိုးသားဥယျာဉ်
  3. အဏ္ဏဝါအမျိုးသားဥယျာဉ်
  4. သဘာ၀ကြိုးဝိုင်း
  5. တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
  6. ဘူမိ ရူပထူးခြားသည့်ကြိုးဝိုင်းနှင့်
  7. အခြား ကြိုးဝိုင်းဟူ၍ အမျိုးအစား ခွဲခြားသတ်မှတ် ထိန်းသိမ်းထားသည်။ ထို့ပြင် ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ ဖုန်ကန်ရာဇီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ဘွမ်ဖာဘွမ်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် ဟူးကောင်း ချိုင့်ဝှမ်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောများအား စုစည်းပြီးမြောက်ဘက် ဆက်စပ်သစ်တော (Northern Forest Complex) အဖြစ် ဖွဲ့စည်း တည်ထောင် ထိန်းသိမ်းထားသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.