မက်တာဒေတာ

မက်တာဒေတာ(metadata)သည် အချက်အလက် သို့မဟုတ် ဒေတာ တို့၏ အကြောင်းကို ရှင်းလင်းဖေါ်ပြသော ဒေတာ ဖြစ်သည်။[1] အင်္ဂလိပ်စကားတွင် "data about data"ဟု အတိုချုပ် ပြောနိုင်ပြီး၊ "အချက်အလက်တို့၏ အကြောင်းကို ဖေါ်ပြချက်"ဟု အနီးဆုံး ဘာသာပြန်နိုင်သည်။ ရှင်းလင်းဖေါ်ပြမှုဆိုင်ရာ မက်တာဒေတာ(descriptive metadata)၊ ဖွဲ့စည်းပုံဆိုင်ရာ မက်တာဒေတာ(structural metadata)၊ ထိန်းသိမ်းစီမံကွပ်ကဲမှုဆိုင်ရာ မက်တာဒေတာ(administrative metadata)၊[2] ကိုးကားခြင်းဆိုင်ရာ မက်တာဒေတာ(reference metadata)၊ စာရင်းအင်းဆိုင်ရာ မက်တာဒေတာ(statistical metadata)[3] စသည်ဖြင့် မက်တာဒေတာ အမျိုးမျိုးရှိကြသည်။

၂၁-ရာစုတွင် မက်တာဒေတာကို ဒစ်ဂျစ်တယ်ပုံစံများအဖြစ်သာ ထုံးစံအတိုင်း ရည်ညွှန်းကြသော်လည်း၊ စာကြည့်တိုက်များတွင် တွေ့နိုင်သော စာအုပ်ကက်တလောက်များရှိ စာအုပ်အညွှန်းကဒ်များကိုလည်း စာအုပ်တို့၏ မက်တာဒေတာ (စာရေးသူ၊ စာအုပ်ခေါင်းစဉ်၊ စာအုပ်အကြောင်းအရာ၊ စသည်တို့)ကို သိမ်းဆည်းထားသည့် အရာအဖြစ် ရှုမြင်နိုင်သည်။

ကိုးကား

  1. Merriam Webster 2015-02-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-10-17 တွင် ပြန်စစ်ပြီး။
  2. Zeng, Marcia (2004)။ Metadata Types and Functions NISO။ 2016-10-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-10-05 တွင် ပြန်စစ်ပြီး။
  3. Directorate၊ OECD Statistics။ OECD Glossary of Statistical Terms - Reference metadata Definition
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.