မဂ္ဂနိ
မဂ္ဂနိ
မဂ္ဂနိ သည် မာသော သတ္တုတစ်ခုဖြစ်၍ သံနှင့် အသွင်အပြင်တူ ူသည်။ သို့သော် သံမှာကဲ့သို့ သံလိုက်ဓာတ်မရှိချေ။ မဂ္ဂနိ သည် ဆတ်၍ အရောင်မှာ ညိုကာ အနီသေး လွှမ်းလျက်ရှိသည်။ မဂ္ဂနိ ၏ သပိသည်းဆမှာ ၇. ၄ ဖြစ်၍ အပူချိန် စင်တီဂရိတ် ၁ယ ၂၆ဝ ံ တွင် အရည်ပျော်သည်။ စိုထိုင်းသော လေထဲတွင် ထားပါက အလျင်အမြန် သံချေး တက်လွယ်သည်။ ထိုသတ္တုကို မဂ္ဂနိ သံမဏိ သတ္တုစပ်များ ပြုလုပ်ရာတွင်လည်းကောင်း၊ မဂ္ဂနိ ကြေးနီသတ္တုစပ်များတွင် အလွန်မာသော သတ္တိရှိသောကြောင့် ကြီး လေးသောစက်ကရိယာ တန်ဆာများ၊ စစ်ဖက်ဆိုင်ရာ အမြောက် လက်နက်များနှင့် သံချပ်ကာများ ပြုလုပ်ရာတွင် အလွန် အသုံးဝင် ်သည်။
သံတွင် မဂ္ဂနိ ရာခိုင်နှုန်း ၁ဝ မှ ၃ဝ အထိ ရောစပ်ထားသော
စပီဂယ်လိုင်ဇင်ခေါ် သံတစ်မျိုးသည် သံမဏိ လုပ်ငန်းများ
တွင် အကြီးအကျယ် အသုံးဝင်၏။ မဂ္ဂနိ ရာခိုင်နှုန်း ၇ဝ
လောက်နှင့် ကာဗွန် ရာခိုင်နှုန်း ၅ လောက်တို့ဖြင့် ရောစပ်ထား
သော ဖဲရိုမဂ္ဂနိ ခေါ် သံတစ်မျိုးမှာလည်း အလွန်မာသောကြောင့်
သံမဏိ လုပ်ငန်းများတွင် အသုံးဝင်ပေသည်။
အချို့သော မဂ္ဂနိ ဓာတ်ဆားများကို ဓာတုဗေဒတွင် လည်းကောင်း၊
ဘယဆေးများ ဖော်စပ်ရာတွင် လည်းကောင်း အသုံးပြုရ
၏။ မဂ္ဂနိ ဓာတ်ဆားများသည် အောက်ဆီဂျင် ဓာတ်ငွေ့ကို အ
လွယ်တကူ ထုတ်ပေးနိုင်သောကြောင့် မဂ္ဂနိ ဓာတ်ဆားများဖြစ်ကြသောပိုတက်ဆီယမ်နှင့် ဆိုဒီယမ်ပါမင်ဂနိတ်တို့သည် ပိုးသတ်
ဆေးနှင့် ပိုးမွှားနိုင်ဆေး၊ အနံ့အသက်ပျောက်ဆေးတို့အဖြစ်ဖြင့် အ
လွန်ပင် ထင်ရှားပေသည်။ အကြောင်းသော်ကား မဂ္ဂနိ ဓာတ်ဆားများမှ ထွက်လာသော အောက်ဆီဂျင်ဓာတ်သည် ပိုးမွှားများ
ကို သတ်နိုင်သည့်သတ္တိရှိသောကြောင့် ဖြစ်သည်။ မဂ္ဂနိ သတ္တု
သည် ရုရှနိုင်ငံမှ အများဆုံးထွက်၍ အိန္ဒိယနိုင်ငံနှင့် ချက်ကိုဆလိုဗားကီးယားနိုင်ငံများမှလည်းအတော်အသင့် ထွက်လေသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)