မဃဒေဝလင်္ကာသစ်

၁-လင်္ကာနိဒါန်း (၁) မဟာဝိသယ၊ တိလောကနှိုက်၊ နရမရှု၊ သနင်္ကူတို့၊ သရဘူဦးစိုက်၊ မကိုဋ်နဝရတ်၊ ကျောက်စိန်ထွက်ဖြင့်၊ ညွတ်၍ညွတ်၍၊ ဦးနှိမ်ဝှေ့လျက်၊ ညဉ့်နေ့မစဲး၊ တရဲရဲတိ၊ အမြဲရောင်ညိ၊ မပြတ်ထိသား၊ နန္ဒိဝဍ္ဎန၊ သကျမာရဇိန်၊ စောမုနိန်၏၊ သီရိန္ဒာဘိ၊ သီရိရတနာ၊ မင်္ဂလာမျို့ပေါင်း၊ ပုံးတောင်းပြိုးပြက်၊ ရာ့ရှစ်ကွက်နှင့်၊ ရွှေစက်ပဝရ၊ စရဏဟု၊ ပါဒနက်သန်၊ စုံနှစ်တန်ကို၊ ငွေဗိတာန် ကြီး၊ ကဒဏ်ထီးသို့၊ မိုးပြီးဥဿုံ၊ ဘေးမျိုးလုံမှ၊ သုံးပုံပိဋကတ်၊ ဝါဏီမြတ်ဟု၊ သူရဿတီ၊ နတ်ဒေဝီလည်း၊ ယှဉ်မှီနိစ္စ၊ မပြတ်မ၍၊ ငါ့နှလုံးတိုက်၊ ရွှေကြာသိုက်နှိုက်၊ ပျော်ပိုက်စေပြီး၊ ဂိုဏ်းကြီးအရိယာ၊ ဂုဏ်ကိုးဖြာနှင့်၊ သံဃာပရမတ်၊ ရှစ်ပါးနတ်ကား၊ လောကဓာတ် ဒိသာ၊ ရှစ်မျက်နှာက၊ စကြဝဠာတောင်ကြီး၊ ကာဆီးသော့ယောင်၊ တန်းခိုးရောင်ဖြင့်၊ ရန်မှောင်မမှောင့်၊ တည်နေစောင့်၍၊ ချမ်းသောင့်ချမ်းသာ၊ အကြင်ငါလျှင်၊ လင်္ကာဤကျမ်း၊ နည်းစုံပြွမ်းကို၊ ဘေးဘျမ်းမငွေ့၊ ပြီးကုံလွေ့အောင်၊ ချက်စေ့စုံစီ၊ လောကီ လောကုတ်၊ မယုတ်စေရ၊ ရာဇဓမ္မ၊ သုတပညာ၊ ပွားရာပွားကြောင်း၊ ပေါင်း၍သင်္ဂြိုဟ်၊ ပဟိုရ်စည်ကြီး၊ ဆော်ရိုက်တီးသည်။ ။ ခြီးလော့ချက်မှန် ကျယ်ကျဉ်းတည်း

မဟာသုတကာရီ မဃဒေဝလင်္ကာ သစ် နှင့် လီနတ္ထဒီပနီ

ပထမပိုင်း - လောကဟိတ-စရိယခဏ်း

(၂) မဟာဝိနယ၊ ပိဋကနှင့်၊ ဓမ္မနှစ်ဖြာ၊ ဘိဓမ္မသုတ်၊ ခွဲဝေထုတ်သား၊ ဒုတ်တိက်ပဉ္စက်၊ ကိုးချက်ရှစ်သောင်း၊ အပေါင်းလေးထောင်၊ ကုန်အောင်ကြီးငယ်၊ ကျမ်းပင်လယ်မှ၊ ကြိတ်နယ်နှောက်မွှေ၊ ဘော်ထုတ်ဘွေ၍၊ ဆောင်ထွေစုစု၊ ဝတ္ထု ရာဇဝင်၊ မဟာဝင်က၊ ပုံပြင်နည်းနာ၊ သဒ္ဒါပရမတ်၊ ပညတ်ဝေါဟာရ၊ ပေါရာဏနှင့်၊ လောကဓမ္မ၊ ရာဇတန္တီ၊ ထုံးမှီစံကျ၊ နည်းစုံပြလျက်၊ သုတများရာ၊ ဤလင်္ကာကား၊ ပညာဉာဏ်ပွား၊ အကြောင်းအားဖြင့်၊ ကျီးသွားရှာထ၊ ကာကဒန္တာ၊ ပရိက္ခာသို့၊ ပမာတူနိုး၊ အကျိုးမယှဉ်၊ ပယောဇဉ်ကင်း၊ မဟုတ်လျှင်းတည့်၊ အဖျင်းသွပ်ပေါ့၊ တကျိပ်သော့လူ၊ ထန်းစေ့ဟူ၍၊ မှတ်ယူမရ၊ ဒသတာလိမာ၊ ဆိုစပါသို့၊ ဆိုရာမဘွယ်၊ ဓိပ္ပာယ်မထွက်၊ အနက်မဲ့လျှင်း၊ သဗ္ဗန်ကင်းသည်၊ ချွတ်ယွင်းကျီးကျူး၊ အရူးစကား၊ မဟုတ်ငြားတည့်၊ ပတ္တမြားထိပ်ညှောက်၊ နဂါးမောက်ဖြင့်၊ အိုပျောက်နိုင်စွာ၊ မသေရာဟု၊ နည်းနာပြသင်၊ ပြောပါကျင်လည်း၊ တောင်ဆင်အဝေး၊ ခမည်းပေးသို့၊ အရေးမရ၊ မဟုတ်စွာတည့်၊ ထိုမှ တထွေ၊မရေမရာ၊ စဉ်လာမပြု၊ မာတုဝိဝါဟ၊ လောက သမ္မုတိ၊ ထုံးမယှိဘဲ၊ အမိထိမ်းမြား၊ ဆိုစကားသို့၊ လူများအစုတ်၊ မသမုတ်သည့်၊ မဟုတ်ဥပဒေ၊ မဟူချေတည့်၊ ရေမူဧငြား၊ မီးကားပူတောင်း၊ ဆိုတုံရှောင်းသို့၊ အကြောင်းပေ့ါဘိ၊ ထူးမယှိဘဲး၊ ဆိုမိဆိုရာ၊ ဆိုတုံရှောင်းသို့၊ အကြောင်းပေါ့ဘိ၊ ထူးမယှိဘဲး၊ ဆိုမိဆိုရာ၊ မဆိုစွာတည့်၊ ငါးဖြာစင်စစ်၊ ကျမ်းအပြစ်နှင့်၊ မယစ်မသိုင်း၊ နည်းမှန်လှိုင်းသည်။ ။တတ်တိုင်း သိလိမ့် လက်စဉ်းတည်း။

(၃) မဟာဝိဇယ၊ အတုလလျှင်၊ ဆုငှ သာသနာ၊ နောင်ဘို့ တာဟု၊ ခါခါဘန်ခေါက်၊ ပြန်ပြန်ရောက်၍၊ ထိုလောက် ခိုင်ကျည်၊ တည်စိမ့်ရည်တိုင်း၊ ကြည်သရာယောင်၊ တေဇာပြောင်လျက်၊ ဘုန်းရောင်နေလျှံ၊ ကျောက်မျက်ပျံနှင့်၊ ဆင်ပျံနတ်စက်၊ သိကြားဆက်၍၊ လက်နက်ရိန္ဒမာ၊ စကြာနတ်သိုင်း၊ အာဏာခိုင်းသား၊ တလိုင်းရာဇာ၊ မြန်မာနေနတ်၊ မျိုးမန္ဓာတ်တို့၊ ပြသာဒ်နန်းမြင့်၊ စတင့်သရေ၊ မင်းပွဲချွေလျက်၊ ရွှေမြသထုံ၊ သုဝဏ်ဘုံနှင့်၊ စက်ပုံဖြိုးသစ်၊ သရေခေတ်မှ၊ ညာမြစ်ဝဲယာ၊ ဆန်ခဲ့လာ၍၊ရတနာပုံ၊နေရုံဓိပတိ၊ မန်းဂိရိနှိုက်၊ အာဒိကမ္မိက်၊ ဗျာဒိတ်သိုက်ရ၊ နန်းတည်စသား၊ ပဉ္စမ သင်္ဂါယနာတင်၊ ဘုရင်မင်းဖျား၊ မင်းတရား၏၊ ထင်းရှားစဉ်ခါ၊ ဤလင်္ကာကို၊ ဦးစွာပထမ၊ ရေးစီစလည်း၊ စာချစာပို့၊ ကိစ္စတို့ဖြင့်၊ ဆုံးသို့မရောက်၊ ထို့နောက်တဘော်၊ သားတော်နေမြစ်၊ ခုနစ်နှစ်လုံး၊ ဘုန်းသစ် ထိန်ညီး၊ ထွန်းခဲ့ပြီးမှ၊ ကျွန်းကြီးဘိလပ်၊ နန်းရပ်ဗိမာန်၊ လန်ဒန်သိင်္ဂီ၊ စိုးစံမှီသည်၊ ဧကရီ မြတ်၊ မိဘုန်းနတ်လျှင်၊ မြန်ရဌ်ဇေယျုံ၊ မန်းရွှေဘုံကို၊ စိုးခြုံပိုင်းခြား၊ ဆဲ့ငါးနှစ်မျှ၊ ထိုကာလလည်း၊ ဗုဒ္ဓကိစ္စ၊ ဓမ္မဒေသနာ၊ အားကြီးစွာကြောင့်၊ နေဝါတိမ်အုပ်၊ မပေါ်ငုပ်သို့၊ မြုပ်၍နေပြီး၊ ပျောက်လုနီးလျက်၊ ဘုန်းမီး နေလ၊ တိုက်လုံးပသား၊ သတ္တမဘုရား၊ သားတော်ဘုန်းထက်၊ ရုံးစိန်စက်နှင့်၊ ဧဒွက်ဘုရင်၊ စောနတ်သျှင်လျှင်၊ ဥကင်ဘွင့်မြောက်၊ သုံးနှစ်လောက်မှ၊ အောက်မေ့ပြန်မိ၊ သတိရရ၊ နတ်ဆော်မသို့၊ လက်စမငုပ်၊ ကွယ်မမြုပ်ဘဲး၊ သိမ်းအုပ်ပြီးဆုံး၊ ကမ္ပတ်ဖုံးလျက်၊ နိဂုံးရောက်အောင်၊ ဘုန်းတော်ဆောင်၍၊ စာစောင်ရွှေတုံး၊ တိုင်းသုံးထိုက်လျော်၊ ထွန်းလင်းပေါ်သည်။ ။ ဘုန်းတော်နေနှင့် ပြိုင်လျဉ်းတည်း။

(၄) မဟာ သုတ၊ တုမရသား၊ ကျမ်းလှရွှေစာ၊ ဤအလင်္ကာနှိုက်၊ သေချာချက်မှန်၊ခြောက်ပိုင်းကန်၏၊ လက်မွန်အစ၊လင်္ကာနိဒါန်း၊ ပြညွှန်းသရုပ်၊ အကျဉ်းချုပ် နှင့်၊ ပစ္စုပ္ပန် ဝတ္ထု၊ မှတ်ပြုခေါ်ထွေ၊ သန္တိကေမည်၊ ဇတ်နိဒါန်းဟု၊ အခဏ်းပထမ၊ ဦးစာပြလျက်၊ ဒုတီယမှာ၊ မဟာသမ္မတ၊ မင်းက စဉ်လတ်၊ မျိုးနေနတ်တို့၊ သိဒ္ဓတ်ဘုန်းခေါင်၊ လောင်းဘော်အောင်လျှင်၊ ပြည်ထောင်တိုင်းပြု၊ စတုဝီသ၊ မင်းထိုမျှနှင့်၊ ရာဇရာဇ၊ မဟာနွယ်စင်၊ကန်းဆာဆင်သား၊ ရာဇဝင်ခဏ်း၊ တန်းနောက်သော်၊ လောင်းတော် မဃ၊ မင်းဒေလျှင်၊ ဌာနအောင်ချာ၊ မိထိလာသို့၊ ဗိုလ်ပါ လုံးရင်း၊များသင်းပင်နှင့်၊ မကြွင်းစုံညီ၊ ကြွချီခြိမ့်မွှန်း၊ မြို့ပြောင်းခဏ်းက၊ ထီးနန်းအသစ်၊ စနစ်တောင်တာ၊ ယူဇနာပုံချ၊ မြို့ပြကျုံးမြောင်း၊ အပေါင်းစုံစွာ၊ အင်္ဂါမချို့၊ တောင့်နှယ်မို့အောင်၊ နန်းမြို့ဘည်ခဏ်း၊ ရေသွန်းအစဉ်၊ သဖန်းပျဉ်ထက်၊ ဘွဲ့ယှဉ်စံကာ၊ မင်းတန်ထွာဖြင့်၊ မုဒ္ဓါဘိသေက၊ ရာဇ မော်ကွန်း၊ ဗြဟ္မာ သွန်းသား၊ ကျွှန်းလုံး ကျော်ထိတ်၊ အောင်နိမိတ်နှင့်၊ ဘိသိဏ် တော်ခဏ်း၊ နန်းသိမ်းခဏ်းပါ၊ ထူးဆန်းကြီးကျယ်၊ တင့်တယ်ထိန်ဝင်း၊ မင်းခမ်း ကျင်းလျက်၊ ရှစ်စင်း ပစ္စူ၊ ဘွင့်လှစ် ထူ၍၊ နတ်တူ အသွင်၊ တု မမြင်အောင်၊ ရွှေ ပလ္လင်ပျံ၊ ခြင်္သေ့ခံထက်၊ ထွက်စံ တုံရှောင်း၊ ခြိမ့်ခြိမ့်ညောင်းတ၊ ထီးဆောင်း မင်္ဂလာ၊မဟာ ဥကင်တော်ဘွင့်၊ တခဏ်း ဆင့်ပြီး၊ မင်းကျင့်ဓမ္မ၊ ပိုင်းခြားပြသား၊ ရာဇ စရိယ၊ ခဏ်းလှတဖြာ၊ တေဇာရှိန်ပြိုး၊ ဘိသိက် ကျိုးဖြင့်၊ တန်ခိုးတုန်ချဲ့၊ ဘုန်းတော်ဘွဲဟု၊ တုမဲ့ အံဘွယ်၊ တခဏ်းခြယ်မှ၊ ခဏ်းငယ် နဝ၊ ကိုးချက် ပြသား၊ လောက ဟိတ၊ စရိယ ဟု၊ ပထမ ခဏ်းကြီး၊ တကန့်သီး၍၊ ဝှဲခြီး သံလှိုင်း၊ လက်မွန် ပိုင်းသည်။ ။ထုပ်သိုင်းရွှေနွယ် ရွှေကြိုးတည်း။

(၅) ထိုနောက်၎င်း၊ စောလောင်း ရာဇာ၊ ကြီး ပညာနှင့်၊ မဟာမဃ၊ ဒေဝ ဘုန်းယှိ၊ သန္ဓေ သိဖြင့်၊ ဇာတိ ပညာဉ်၊ မြဲယှဉ်စောင့်လျက်၊ ဥက္ခောင့်းထက်နှိက်၊ တခက် ဆံပင်၊ ဖြူသည် မြင်က၊ မြင်လျှ မြင်ခြင်း၊ တင်အ ချင်းဟု၊ ကြံရင်း အဲးခိုး၊ ဉာဏ်ဆော်နှိုး၍၊ မိုးကြိုးပမာ။ မိန့်တော်မှာသည်၊ ရာဇ မန္တန၊ ခဏ်းလှ တသွယ်၊ နာသာ ဘွယ်တည်း၊ နောက်ဝယ် တဖြာ၊ ဆတ္တာသမား၊ ထိုယောက်ျားက၊ လျှောက်ကြား ထင်စွာ၊ ကပ္ပကာ ရောစန၊ ဟူထ တခဏ်း၊ မြပန်း ကေသာ၊ သျှောင် စူဠာတွင်၊ ရောင်ဝါ ဘောက်ပြား၊ ဆံတော် ကြားနှိုက်၊ ကြောင် ကျားမဟူ၊ တချောင်းဖြူဟု၊ ဆယ်ဆူ လက်မြှောက်၊ တက်လျှောက် ချဉ်းကပ်၊ ရွှေမွေးညှပ်ဖြင့်၊ နှတ်အပ် ယူပြီး၊ မင်းကြီး ရွှေလက်၊ တင်ဆက် ပြဟန်၊ တခဏ်းပြန်၍၊ ဘုန်းသန်မင်းကျော်၊ ထိုဆံတော်ကို၊ ရူမျှော်တုံလစ်၊ ကိုယ့်အဖြစ်နှိုက်၊ အပြစ် မြင်မြင်၊ ဉာဏ်တော် ထင်တိုင်း၊ ဆင်ခြင်ကြံဆ၊ ခြင်းရာပြသား၊ အတ္တ စိန္တာ၊ တခဏ်းဖြာမှ၊ များစွာ သက်ကြွင်း၊ ယှိတုံလျှင်းလျက်၊ သေမင်း ယူမည်၊ တိုးတည် ထံနီး၊ ရောက်လာပြီး သို့၊ နန်းထီး စည်းစိမ်၊ မင်း ရိပ်ငြိမ်ကို၊ နှောင်အိမ်လောင်တိုက်၊ မှတ်ပိုက်ဘန်ဘန်၊ သံဝေဉာဏ်ဖြင့်၊ ထင်ဟန်ခြင်းရာ၊ သံဝေဂါကာရ၊ ပြခဲ့ ခဏ်းသီး၊ ကန်းပြီး တဖြာ၊ ဥဒါန်း သာ၍၊ လွန်စွာဝမ်းနူး၊ မြွက်ဆို ကျူးသား၊ ရွှင်မြူးကြည်လှ၊ ဥဒါန ဝစန၊ ခဏ်းထူးပြလျက်၊ ဤမျှခဏ်းငယ်၊ ခြောက်ခဏ်းခြယ်၍၊ နာဘွယ်ပိုင်းသန်း၊ သံဝေခဏ်း ဟု၊ မည်မှန်းနာမ၊ ဒုတိယဖြင့်၊ ကျမ်းလှတအုပ်၊ ခဏ်းကြီးချုပ်သည်။ ။ပိုက်ထုပ်မှတ်လေ ရွှေအိုးတည်း။

(၆) သံဝေဂ ကြီး၊ ကမ္ဘာမီး သို့၊ စောဓီး မင်းမြတ်၊ အမြဲးမှတ်၍၊ ထိုဆတ္တာသည်၊ မိန့်တိုင်းအား၊ လွန်ကြည်မြတ်လေး၊ ရွာဆု ပေးသား၊ မထွေး ကွက်သန့်၊ သန့်ခဲ့ ပိုင်းသန်း၊ ဆုတော်ခဏ်းတည့်၊ ကြငှန်း ထွတ်ချာ၊ လောင်းရာဇာလျှင်၊ နန်းမှာမင်းလေ့၊ မပျော်မွေ့၍၊ ငြိမ်းငွေ့ဦးလေး၊ တော ထွက်ရေးဖြင့်၊ မနှေးအလို၊ သားဘုန်းပျိုအား၊ မိန့်ဆိုထင်ရှား၊ အကျယ်ကြားသား၊ ကြောင်းလျားခြင်းရာ၊ ပုတ္တာရောစန၊ ကဏ္ဍပိုင်းဘွဲ့၊ ခဏ်းသီးချဲ့မှ၊ မငဲ့မင်းဖြစ်၊ သားချစ်သက်နှံ၊ အိမ်ရှေ့စံအား၊ နိုင်ငံတိုင်းလုံး၊ ကျုံး၍မကြွင်း၊ ထီးနန်း နှင်းလျက်၊ မင်းတို့ကျင့်ရာ၊ အဖြာဖြာတိ၊ များစွာဆန်းကြယ်၊ အသွယ်သွယ်ကို၊ ကျဉ်းကျယ်နယ၊ မြွက်သော်ပြ၍၊ ဆုံးမ မိန့်ဟော၊ သွန်သင်ပြောသား၊ ပုတ္တာ ဝါဒ၊ နာမ မှတ်တည်၊ နောက်ခဏ်းမည်ဖြင့်၊ ထူးလည်နယန်း၊ ခေါ်ပြဠာန်းလျက်၊ သုံးခဏ်းတပိုင်း၊ ခဏ်းကြီးပိုင်းသား၊ နာတိုင်းသာစွာ၊ တတီယတည့်၊ သုတ ဗုဒ္ဓိ၊ ကဝိ ပုဂ္ဂိုလ်၊ ဝိဇ္ဇာ ဓိုရ်ဟု၊ ဖြစ်လို သသူ၊ များရှင် လူနှင့်၊ ရာဇူသဘ၊ နရမှန်ကင်း၊ ပြည့်ရှင်မင်းတို့၊ မကြွင်းမှတ်ရာ၊ နားတန်းဆာတိ၊ သာယာနာဘွယ်၊ မကျယ်မဝန်း၊ ဓိပ္ပာယ် ညွန်းလျက်၊ မိုက်စွန်း ခြောက်တောင်၊ ပေါက် ပြောင်ဇာနည်၊ မုန့်ရည်အာသောက်၊ စွယ်ရောက် စုံလင်၊ မင်းစီးဆင် သို့၊ မြန့်ခွင်ကြော်ငြာ၊ ရှေး ဆရာတို့၊ နည်းနာရွှေဉာဏ်၊ တမျဉ်းမှန်တိုင်း၊ ကျမ်းဂန်နိပါတ်၊ ဇတ် ရာဇဝင်၊ မဟာဝင်က၊ ပုံပြင်ဝထ္ထု၊ စုစု လုံးစုံ၊ နည်းကုံလုံသား၊ ရေးပုံ တဆူ၊ ကျမ်း တမူဖြင့်၊ လွယ်ကူခဏ၊ လိုတိုင်းရအောင်၊ ကပ္ပ ရုက္ခာ၊ ပဒေသာကြီး၊ အစုံသီးသည်။ ။ညီး၏ရွှေပင်ရွှေရိုးတည်း။

(၇) အလောင်း မင်းကျော်၊ မြတ် သားတော်အား၊ ထုတ်ဘော ကုန်စင်၊ သွန်သင် ဆုံးမ၊ ပြည်ပ ပြည်တွင်း၊ ကျန် မကြွင်းအောင်၊ မင်း၏ အဖြစ်၊ စင်စစ် မှန်စွာ၊ အပ်သော့ခါလျှင်၊ ရံကာဝန်းလျား၊ မှူးမတ်များတို့၊ လျှောက်ထားကြောင်းစ၊ တင်ကြခြင်းရာ၊ အမစ္စာ ပုစ္ဆန၊ ခဏ်းလှတပါး၊ ပိုင်းခဲ့ခြားမှ၊ ကြောင်းလျားပြန်မြွက်၊ ဆံ တခက်ဖြင့်၊ ဖြူချက် ခေါင်းမှာ၊ သေမင်းလာ၍၊ မကြာယူမည့်၊ စေသည့်အခြင်း၊ ယမ မင်း၏၊ အချင်း တမန်၊ အမှန်ခုဆိုက်၊ အလံစိုက်ဟု၊ ဆိုထိုက်သဘော၊ မိန့်ဟောသဘာဝ၊ ထင်စွာ ပြသား၊ ဓမ္မ ဒေသနာ၊ တခဏ်းဖြာပြီး၊ ပြည်ရွာ စောင့်ရှောက်၊ မှူးလျောက် မတ်လိုက်၊ ကျင့်ထိုက်သမျှ၊ ကြောင်းချင်းတကို၊ ဆုံးမ မိန့်ပြော၊ မှာခဲ့ ဟောသား၊ အမစ္စော ဝါဒ၊ ထိုမှ တဘော်၊ ညာနန်း ပျော်နှင့်၊ နတ်လျော် တူညီ၊ ဒေဝီ တို့အား၊ ဆုံးမကြားသား၊ တရားနှစ်ဆီ၊ နက်လေး အီသည်၊ ဒေဝီယော ဝါဒ၊ လေး ကဏ္ဌဖြင့်၊ နာမ သာမော၊ နည်းစုံ နှောသား၊ အမစ္စော ဝါဒ၊ စတုတ္ထဟူ၊ ခဏ်းကြီးမူလည်း၊ ရှင်လူ ခပင်း၊ အချင်းမှူးမတ်၊ သူမြတ်ဟူကြ၊ မင်းမိန်းမတို့၊ နားဝ နားတင့်၊ နာသင့် နာဘွယ်၊ ဆင်ကြောင်း ခြယ်သား၊ ရွှေနား သွယ်ပန်း၊ ခိုင်ဝေ လန်းတည့်၊ တင့်ဆန်း ထိန်ညီး၊ မီးထက်မီးသို့၊ ဆီးဖြူ သျှစ်သျှား၊ ဖန်ခါးသရက်၊ စဉ်လျက်မယွင်း၊ အင်းကြင်း ထန်းတော၊ သူယောင် တောနှင့်၊ ငှက်ပျော တရပ်၊ သီးတော စပ်လျက်၊ ရှစ်ထပ် ယူဇနာ၊ တောကြီးကာ၍၊ မဟာ တရု၊ ဇမ္ဗူ့သရေ၊ ကျွန်းထိပ်ဗွေက၊ သပြေရိပ်ထီး၊ ရွှေပင်ကြီး၏၊ ပင်သီး ရွှေတော်၊ တု မမြော်သည်။ ။ ဇမ္မော်နဒရွှေမျိုးတည်း။

(၈) မှူးမတ်လုံးစုံး၊ များဗိုလ်ပုံအား၊ ရွှေ ဘုံစိုးရ၊ လောင်းမဃလျှင်၊ ဆုံးမခဲ့ပြီး၊ နန်းထီးတိုင်းပြည်၊ အတည်တည်ကို၊ ဆီးရည်နှင်းစက်၊ ခန့်မထွက်ဘဲး၊ တောထွက် စွန့်ပစ်၊ မင်းဖြစ်ပယ်ထ၊ နိက္ခမ ခဏ်း၊ ရဟန်း ရသေ့၊ ပြု၍မြို့ထဲး၊ မဝင်ဘဲးလျှင်၊ ရှောင်လွှဲးစိတ်ချ၊ မဃဒေဝ၊ ဥယျာဉ် မနှိုက်၊ နိစ္စမြဲးသို၊ ဗြဟ္မစိုရ် လေးပါး၊ မြတ်တရားကို၊ ပွါးများခြိုးခြံ၊ ကြိုး အားသန်သည်၊ ဗြဟ္ဓံဝိဟာရ၊ တခဏ်း ပြလျက်၊ ကမ္မ ဘူမိ၊ ကျမ်းလာ ယှိတိုင်း၊ နှိုင်းညှိဂန္တန်၊ တိရစ္ဆာန် ပြိတ္တာ၊ မဟာ ခုဒ္ဒက၊ ဥဿဒနှင့်၊ ယမ လောကီ၊ ထိုဤပြောကျယ်၊ ကြီးငယ် ငရဲး၊ ဝေခွဲး ဘောပြ၊ အပါယ ခဏ်း၊ နတ်ဘုံ ခဏ်းက၊ ထက်နန်းဗြဟ္မာ၊ ရူပါရူပ၊ သံသန္ဒတည့်၊ သတ္တခဏ်းငယ်၊ ပေါင်းခြယ် တုံတ၊ ဗြဟ္မ စရိယ၊ ပဉ္စမ ဟု၊ မည်ရခဏ်းကြီး၊ ကန့်ဆီးတတန်၊ အပိုင်းကန်၏၊ ကျမ်းဂန်မညှိ၊ တတ်သိယောင်မှု၊ ချို့ရှင်လူတို၊ အယူမကျ၊ အင်္လာမျှဟု၊ ဒေါသ ယှိတန်၊ နှုတ်ရိုင်းသန်၏၊ ဉာဏ်မနပ်နူး၊ စုန်းမ ကြူးနှင့်၊ နှုတ်ကျူးနှုတ်လွန်၊ ဆိုသူ့ဝန်တည့်၊ ပြစ်ဒဏ်ငါတို့၊ ဘယ်ရိုမြို့အံ့၊ မြင့်မိုရ် သဏ္ဌန်၊ ဆီးစေ့မှန်သို့၊ မပြန်မလှန်၊ သဘောမွန်ရှင့်၊ ဘဝန္တဂူ့၊ သုံးလူ့ ထွတ်ချာ၊ စောမြတ်စွာလည်း၊ သုဘာ သိတ၊ စမ္မံ စသား၊ ပိယသစ္စာ၊ ကျိုးနပ် ရာဟု။ အင်္ဂါလေးတန်၊ ဟောမိန့်ညွှန်၏၊ ထိုက်တန်သူ့အား၊ ကြား၍မငြီး၊ ရှုမငြီးအောင်၊ ပင်သီး ရွှေထက်၊ မြေက ထွက်သား၊ စက်စက်ရောင်ပြို့၊ လောင်အံ့သို့တည်း၊ နွားချိုသဏ္ဌန်၊ ရွှေ သုဝဏ်နှင့်၊ နှိုင်းတန်တမျှ၊ ကျေးဇူးလှလိမ့်၊ ထိုမှ တမျိုး၊ ကပ်ပြု ပျိုးသား၊မိုး၏ပမာ၊ မျိုးလေးဖြာတို့၊ ဘတ်နာသမျှ၊ ပွားသုတဖြင့်၊ ကမ္မသကာ၊ ဉာဏ်မဟာနှင့်၊ သဒ္ဒါသောမန၊ ပုညစေ့မျိုး၊ ကုသိုလ်မျိုးကို၊ ဖွံဖြိုးစည်ပင်၊ လန်းလန်းရွှင်အောင်၊ မြန့်ခွင် မဆံ့၊ အနှံထက်ဝန်း၊ ကြူးဆော်ညွှန်းသည်။ ။သွန်း၏ရွှေရည် ရွှေမိုးတည်။

(၉) မဟာသတ္တော်၊ လောင်းမင်းကျော်လျှင်၊ မိုးပေါ်ရပ်သာ၊ ဗြဟ္ဓာ့ရွာက၊ ဝေးကွာအောက်ထပ်၊ လူ့ပြည်ရပ်သို့၊ တပ်အပ်မျှော်ကာ၊ ကြည့်ခြင်းရာဖြင့်၊ မနုဿာ လောကန၊ နာမ တခဏ်း၊ တန်းခဲ့ နောက်မူ၊ ဆံဖြူတခက်၊ မြင်သည် ရက်နှိုက်၊ တောထွက်မင်းကောင်း၊ လေးထောင်ပေါင်းနှင့်၊ ရှစ်သောင်းမပြည့်၊ ယုတ်လည် နောက်ဆက်၊ တယောက်တွက်ကြောင့်၊ မပျက်စမ့်ငှာ၊ ဆက်လိုစွာ၍၊ ဗြဟ္ဓာက ရွှေ့၊ စုတေ့ ခဲ့တုံ၊လူ့ဘုံ ဇာတိ၊ ကျင်လာဘိသား၊ နိမိ ရာဇ၊ စရိယ ခဏ်း၊ ပိုင်းသန်း ထို့ပြီ့း၊ နေမိ ရာဇာ၊ ဝတိံသာက၊ ပြန်လာဇတ်သိမ်း၊ မှတ်ထိမ်း ဓမ္မတာ၊ သစ္စာပြခဏ်း၊ ဇာတ်ပေါင်းခဏ်းနှင့်၊ နိဒါန်း သိမ်းရုံး၊ နိဂုံးထိုမျှ၊ ငါးခဏ်းပြ၍၊ နိဂမပိုင်း၊ ရွှေကြိုးသိုင်းသား၊ ရှုတိုင်း သာယာ၊ ဤလင်္ကာကား၊ လူ့ရွာနောက်နောင်၊ အကျိုးဆောင်လိမ့်၊ ယခေါင် နိဿရည်း၊ ထိုထိုနည်းနှင့်၊ တောဒည်းအလင်္ကာ၊ ညီညွတ်စွာသော်၊ ကဗျာ ကပ္ပ၊ ထိုဗန္ဓနှိုက်၊ မုချထင်စွာ၊ ထိုဆရာ၏၊ မဟာကဝန်၊ သုခမိန်သနစ်၊ ပဏ္ဌိတ်ဖြစ်ကို၊ စင်စစ်မှန်လှ၊ လင်္ကာပြ၏၊ ဗန္ဓလက္ခဏာ၊ မညီပါမူ၊ ထိုကဗျာပင်၊ ကဗျာ့ရှင်ကို၊ နွားသွင်မုချ၊ ထင်စွာပြ၏၊ သုတကရိုဏ်း၊ စည်ပြန့်လှိုင်းသား၊ မြန့်တိုင်းကြော်ငြာ၊ ဤကျမ်း စာကား၊ နာသာတုံလျက်၊ အနက်မချေ၊ ကိလေသုပ္ပတ်၊ ဟီမတ်သဘော၊ များစွာနှော၍၊ မောင်တောမယ်တော၊ တောင်တောရေပြင်၊ ကောင်းကင်တာရာ၊ ဝဏ္ဏနာနှင့်၊ ဆဲစာရဲးစာ၊ စောင်းချိတ်စာက၊ ဒန္ဒာရီထုတ်၊ မဟုတ်မဟတ်၊ ပြဇတ် ရှုဇာတ်၊ မမှတ်စအပ်၊ သမ္ဖပ္ပလာ၊ ထိုထိုစာသို့၊ နည်းနာမရ၊ မကျအရိုး၊ ဉာဏ်မတိုးဘဲး၊ ကောင်းကျိုးမဲ့မဲ့၊ အပြစ်ပြဲသား၊ ငရဲ့းစိးပွါး၊ မဟုတ်ငြားတည့်၊ နားကြားသမှု၊ ဘတ်ရှုတိုင်းသာ၊ အရာရာနှိုက်၊ ပညာ သုတ၊ ကောင်းကျိုးရလိမ့်၊ ဗာလ ရေးစီ၊ စာ ဗာဟိမူ၊ လောကီလောကုတ်၊ ကောင်းကျိုးယုတ်လျက်၊ ဆီသုတ် သနထော်၊ ဝါယော် ရောင်နု၊ ရွှေနှယ် တုလည်း၊ ရွှေစု မသွင်း၊ မှတ်မဝင်းသည်။ ။ ရွှေဖျင်းရွှေယောင်ရွှေယိုးတည်း။

(၁၀) နှစ်ထောင့် လေးရာ၊ သာ သနာလျှင်၊ ကျော်ကာ လွန်ပြီး၊ တဝက်နီးနှိုက်၊ ညီးညီးထွန်းထိန်၊ နေမွန်းချိန်သို့၊ ရောင်ရှိန်လင်းဝါ၊ ဖြာ့ထက် ဖြာ၍၊ ကောဇာလည်းရင့်၊ ထောင်နှင့် ရာဆယ်၊ ခုကယ်စွန်းထ၊ စိတ္တ ရူပါ၊ သင်္ချာ သွယ်ညွှန့်၊ ဖြိုးကြွယ်ကွန့်သား၊ စောရဟန့်ဖြိုရင်း၊ ပုဂံ ကြွင်းနှင့်၊ မိုးညှင်း သက္ကရာဇ်၊ အင်းဝဖြစ်တိ၊ ပွားသစ်ရှည်တို၊ ခေါ်ဆိုနာမ၊ ဒီဃ ရေဿော၊ နှစ် သဘောလည်း၊ အန္တောပညတ်၊ သူရဇ် ဓာတ်သို့၊ နီးလတ်တုံမြောက်၊ မိ:တောက်နှစ်ဆန်း၊ ဓာတ်သိုက်ပန်းနှင့်၊ ကိန်းခန်း ပေါ်လု၊ များ ထုလူဗိုလ်၊ ပွား ကုသိုလ်ဖြင့်၊ အလိုသမ္မာ၊ပြည်ရွာတိုင်းကား၊ မချောက်ချားဘဲး၊ တရားဆောက်တည်၊ ပညာစည်၍၊ ခိုင်ကျည်မယွင်း၊ မင်းနှင့်ပြည်သူ၊ ရှင်လူ တကာ၊ ပွင်းလင်းသာလျက်၊ မေတ္တာမပျက်၊ စောင့်ရောဘတ်ပြီး၊ အောက်ထက်ညာကြေ၊ ကမ္ဘာမြေထက်၊ ကြည်းရေခရီး၊ ပိတ် မဆီးဘဲး၊ စက်မီး ဓာတ်မီး၊ တညီးညီး တိ၊ လူစီးရထား၊ သင်္ဘောအားဖြင့်၊ နေ့သွား ညသွား၊ မခြားထူပြော၊ စိတ်မနောတိုင်း၊ ရေကြောမြေကြော၊ တောတောင်ဖြတ်နှင့်၊ လေးကျွန်းရှင်တို့၊ လေးခွင် ဒီပါ၊ လှည့်သောခါသို့၊ စကြာပေါ်ဆိုက်၊ခါတော်ခိုက်ဝယ်၊ ဘိုးထိုက်ဤကျမ်း၊ နည်းစုံပြွမ်းလည်း၊ မင်းခမ်းစိုးစု၊ ပညာမှုနှင့်၊ လူမှုရှင်မှု၊ ရောရု စပ်ကာ၊ ပေါ်ထွန်းလာ၏၊ သာသနာရှိန်၊ ထိန်ထိန်ဝင်းလစ်၊ ဤခါခေတ်ကား၊ ယုဂ်သစ်တပါး၊ ဆန်းသော့အားဖြင့်၊ ခိုးသားသူပုန်၊ မမှုန်မဆန်၊ ပုန်မကန်တည့်၊ ဟေမန်ခါစက်၊ ဆောင်းလ ရက်နှိုက်၊ မည်းနက် ရောင်ကျော၊ ငှက် ဥဩတို့၊ သဘော မလွန်၊ မတွန် ဆိတ်ဆိတ်၊ အသံ တိတ်သို့၊ အရိဌ် ဟူသည်၊ ဘေးမြူခပ်သိမ်း၊ ငြိမ်းကြီးငြီမ်းလျက်၊ မုဒိန်းမထွက်၊ ညဉ့်ငှက်မဟုပ်၊ မရှုပ်ပြည်လှေး၊ ခိုးသေးမပေါ်၊ မမော်မကြွ၊တိုက်လောကလုံး၊ ထိုမျှရန်သူ၊ ဦးသေးမပေါ်၊ မမော် မကြွ၊ တိုက်လောကလုံး၊ ထိုမျှရန်သူ၊ ဦး မပြူသည်။ ။ ရာဇူမင်းတို့ တန်းခိုးတည်း။

(၁၁) ဗေဠုဝဟု၊ နာမယှဉ်မှီ၊ ခေါ်သညီနှင့်၊ သုံးလီဂါဝုတ်၊ မယုတ်လည်းကောင်း၊ ထို နတ်စောင်း၏၊ ရှည်လျောင်းစဆုံး၊ စောင့်း လက်ရုံးကို၊ သုံးပုံ ပုံလျက်၊ အထက် ဆဇ္ဇ၊ မဇ္ဈအလယ်၊ အောက်ဝယ် ဘာဂ၊ ဂန္ဓာရ ဟု၊ မာဃဋီကာ၊ ကျမ်းလာအရ၊ သုံးဂါမ တည့်၊ ဥသဘ ဓေဝတ၊ ဆဇ္ဇာဂန္ဓာ၊ မဇ္ဈိမာပဉ္စမ၊ နိသာဒဖြင့်၊ သတ္တ ဟူလျင်း၊ နွားမင်း မြင်းမင်း၊ တွန်ဟီခြင်းနှင့်၊ ဒေါင်းမင်းကေကာ၊ ဆိတ် ကြိုးကြားက၊ သာယာချိုမော၊ ဥဩ ဆင်မင်း၊ တွန်ခြင်း ဟီဟန်၊ အသံ ခုနှစ်ပါး၊ မှတ်ပိုင်းခြားပြီး၊ နွားလားသုံးပေါက်၊ မြင်းသံခြောက်နှင့်၊ ထို့နောက်သံညောင်း၊ ဥဒေါင်းငါးဆစ်၊ ဂန္ဓာနှစ်တိ၊ မဇ္ဈိမ ပုလဲ၊ ခေါ်မြဲး သဖြန်၊ အောက်ပြန် ပဉ္စမ၊ လေးပေါက်မျှလျက်၊ နိသာဒ ညှင်းလုံး၊ ပေါင်းရုံး ညှိးညံ၊ ခုနစ်သံတွင်၊ တသံ ခုနစ်မျိုး၊ လေးဆဲ့ကိုးနှိုက်၊ တီးရိုးမယွင်း၊ နောက်တစ်သွင်း၍၊ တီးခြင်းငါးဆယ်၊ နတ်ပြည် ငယ်တည့်၊ တသွယ်မှတ်ရာ၊ နားမှာ ကြားသင့်၊ သံမြင့် သံသာ၊ နက်စွာ သိမ်မွေ့၊ ဟူ၍မည်ယို၊ လေး သုတိဖြင့်၊ သာဘိ လွန်ခြင်း၊ ဥဒေါင်းမင်းနှင့်၊ မြင်းမင်းတွန်ဟီ၊ သံ နှစ်လီတွင်၊ လေးစီအမျှ၊ အညီရလျက်၊ နောက်ကတပါး၊ ချန်လွတ်ထား၍၊ နွားလားဆိတ်သံ၊ ဥဩသံနှိုက်၊ ကြားသံ သုတိ၊ သုံးစီယှိ၏၊ အာဒိ နှစ်ဖြာ၊ သုတိ မှာကား၊ ကြိုးကြာသံဝယ်၊ အလယ် နှစ်ချင်း၊ ဆင်နှိုက်သွင်းလျက်၊ ကြားခြင်း ဟူဘိ၊ သုတိပေါင်းညီ၊ ဧကဝီတည့်၊ကျူးချီမငြီး၊ တကြိမ်တီးက၊ အံ့ခြီးလူ့ဘော်၊ လေးလကျော်မှ၊ နာပျော်မရဲး၊ အသံစဲးသား၊ နတ်ပွဲလွန်စည်၊ နတ်ပြည်မိုးမြင့်၊ ဘုံခြောက်ဆင့်က၊ မာရ်မင့်း စောင့်ရင်း၊ ဥသျှစ်ဆင်းကို၊ ဝင်းဝင်းပိုက်ကာ၊ ငြိမ့်ဧးစာလျှင်၊ ဂါထာ ဆဲ့ငါး၊ မြတ်စွာကြားအောင်၊ ဘုရားလူ့ဘ၊ သမ္ဗုဒ္ဓ၏၊ ဣန္ဒသာလာ၊ ဂုဟာ နီးကပ်၊ သာတင့်ရပ်က၊ ဂန္ဓဗ်သနင်း၊ သျှောင် ငါးကွင်းနှင့်၊ နတ်မင်း ပဉ္စသီ၊ ဒေဝီရောင်ပ၊ သူရိယဝစ်၊ မ မာန်ယစ်လျက်၊ လက်ရစ်သံစုံ၊ ဥဿုံမချို့၊ ငွေညှို့ ခုနစ်ချောင်း၊ သံမောင်း သံညင်း၊ မတင်းမလျော့၊ လက်ကုန်ဆော့၍၊ ရှင်တော်ထံမှောက်၊ ကျူးသီလျှောက်သို့၊ နှိုင်းထောက်ပမာ၊ နည်းစုံစွာလျှင်၊ သာယာလေးနက်၊ ဂုဏ်ဆယ်ချက်က၊ ဘာဝငါးမျိုး၊ ရသ ကိုးဖြင့်၊ ဉာဏ်နှိုးဆော်ညောင်း၊ ကုံးစီပေါင်းသား၊ နတ်စောင်း လင်္ကာ၊ ဤကျမ်းစာသည်။ ။ ကြားနာ မဝ၊ သုတပွားရန်၊ ဧကန် ဖြစ်စိမ့်၊ အကျိုးတည်း။

ပစ္စုပ္ပန်၀ထ္ထုသန္တိကေနိဒါန်း

ဥတ္တမင်္ဂရုဟာ မဟှန္တိဒံ သတ္တာ ဇေတဝနေ ဝိဟရန္တော မဟာဘိနိက္ခနံ အာရဗ္ဘ ကထေသိ။

(၁၂) မဟာနအတုလ၊ မကုဋဖြင့်၊ နာယကမြတ်၊ နာထနတ်ဟု၊ လောကဓာတ်သုံးဆိုင်၊ထွတ်ဆုံးတိုင်၍၊ နှန်းပြိုင်ဘက်ကွာ၊ ဖီလာအောက်ထက်၊ ဘဝဂ်ဘုံဖျား၊ ရွှေဘွားစက်ရိပ်၊ နင်းနှိပ်ထွန်းထိန်၊ ဘုန်းတော်ရှိန်နှင့်၊ စက္ကိန္ဒာဘိ၊ ရာဇာမိတည့်၊ သဟဿိ သဟဿိ၊ ဆယ်ပြန်ချိသား၊ ဇာတိရာရိုက်၊ တသောင်းတိုက်က၊ မကိုဋ်ရတနာ၊ နတ်ဗြဟ္မာတို့၊ ညီလာ သဘင်၊ ထွက်ဝင် နေ့ည၊ ရိုခ မပြတ်၊ သဟသ်တသီး၊ တည်ပြီးတုံလတ်၊ သဟသ်သဟသ်၊ တိသဟ်တိ၊ သဟသ်သုံးခါ၊ မြှောက် သင်္ချာဖြင့်၊ မဟာ သဟဿိ၊ သိန်း ကောဋိလည်း၊ မိန့်ယှိ ထွေသံ၊ ဗျာတော် ခံ၍၊ ထီးရံ နန်းကာ၊ လိုသော် ပါသို့၊ အာဏာတော်စက်၊ ဦးထက် ကြည်ဖြူ၊ တင်ယူ လေးမြတ်၊ လောကဓာတ် ကျယ်ဝန်း၊ လေးကျွန်း တမြင်းမိုရ်၊ ထိုထို စကြာဝဠာ၊ မဟာဝိသဟ၊ အနန္တကား၊ ကျန်ရမဲ့ဘိ၊ ဆုံးမယှိအောင်၊ မြော်မိ သရွေ့၊ ကျုံချီပွေ့သို့၊ မရွှေ့အာရုံ၊ ချက်ကုံမလွတ်၊ ယှိတိုင်းညွတ်သည့်၊ စက္ကဝတ်ခေါင်ဖျား၊ တရားရာဇာ၊ မဟာဓမ္မရာဇ်၊ သုံးခေတ်လုံးနတ်၊ ထွတ်ဆုံးမြတ်ကား၊ သာဝတ် ပြည်ကြီး၊ ရွှေထီး ဥကင်၊ ရွှေပလ္လင်နှင့်၊ ရဇ္ဇင်စုံညီ၊ ဘုံဌာနီ၏၊ ဒီသာဒက္ခိဏ၊ တကောသ တွင်၊ ဇေတမြေခုံ၊ ကျောင်း ရွှေဘုံနှိုက်၊ လေးစုံ ပထ၊ ယာပိုက်မျှစဉ်၊ နိက္ခမမြတ်၊ အဠုပ္ပတ်ကို၊ အမှတ်ထားတင်၊ အကြောင်းဆင်၍၊ ဥတ္တမင်္ဂရုဟာ မယှံ၊ ခံသည် ပိုဒ်ဦး၊ ဆော်ရိုက်ကြူးလျက်၊ ကျေးဇူး ဖြိုးနက်၊ မိုးရှိတက်သား၊ တောထွက်ရှေးက၊ မဃဒေဝ၊ ဇာတက သို့၊ လင်းပြထင်အောင်၊ ဟောမိန့်ဆောင်သည်။ ။ ရွှေဘောင် စကြာ တစ်စင်းတည်း။

(လောကနှိုက် အစိုးရခြင်းထက်လွန်သော လောကာတိသယ ဝင်္ကဝုတ္တိ အလင်္ကာရှိသောပိုဒ်တည်း။)

(၁၃) ထိုသို့လျှင်တိ၊ အကြင် ခါရော်၊ တနေ့သော် နှိုက်၊ တဘော်များစွာ၊ မြတ်သင်္ဃာတို့၊ မဟာ သာ၀က၊ စသည်အကုန်၊ ပတုန် ပလဲ့၊ ကြွင်းမဲ့ညီညာ၊ စည်းဝေးရာသား၊ မဟာဓမ္မ၊ သဘောယနှိုက်၊ တစ ကဆက်၊ တစရှက်၍၊ ဘုန်းထက်တုမယှိ၊ စောမုနိ၏၊ မဟာဘိနိက္ခမ၊ ကြောင်းချင်းတကို၊ ကြီးလှကြည်ညို၊ ခြီးကြဆို၏၊ ထိုသို့ဧတဒဂ်၊ ဗျာရွှေမြွက်နှင့်၊ ယာဘက် ဝဲဘက်၊ ဝန်းယှက် ပတ်ခြံ၊ ထပ်ထပ် ရံလျက်၊ ဂုဏ်လျှံပပ၊ မယုတ်ကြသည့်၊ ထိုမျှ ဝန်းကျင်၊ အိုငါ့သျှင်သို့။ ။သုံးခွင်ပရမေ၊ တို့စိန္တေကား၊ ပါတေပတာ၊ ရိုသေရာတည့်၊ ကြံငှာစင်စစ်၊ ဖြစ်ခေါင့်ဖြစ်ခက်၊ အံ့ဘွယ်နက်ခဲ့၊ ဘုန်းစက်ကြီးစွာ၊ မဟာသမ္မတ၊ ကမ္ဘာစက၊ အာဒိစ္စဗန္ဓု၊ မနုနွယ်ပိုင်း၊ နေနတ်ဂိုဏ်းတို့၊ သမိုင်းခန့်ကိန်း၊ သုံးသိန်း သုံးသောင်း၊ လေးထောင့်ငါးရာ၊ ခြောက်ကျိပ်သာ၍၊ သင်္ချာတွက်ပြုန်း၊ ကိုးယောက်ကျုံးတွင်၊ ခေါင်းဆုံးမကိုဋ်၊ အထွက်စိုက်သို့၊ သုံးတိုက်လုံးနတ်၊ တံဆိပ်ခတ်လျက်၊ မဟတ္ထဟိတ်၊ သောင်းခွင်ထိတ်အောင်၊ အာဒိစ္စဝင်၊ ဥက္ကာဝင်တို့၊ မဟာဝင်ညွှန့်၊ ကွန့်ခဲ့သမ္ဘိန်၊ မျိုးသာကိန်နှိုက်၊ ဘုန်းရှိန်နေလ၊ ရုံးထိန်ပ၍၊ ဒေဝဒဟ၊ ကောလိယနှင့်၊ ကပိလမည်၊ ပြည်သုံးပြည်ကို၊ စက်ခြည်ရောင်မြှိက်၊ သိမ်းမြန်းပိုက်လျက်၊ လူနှိုက်မနှန်း၊ ဘုန်းထက်ဘုန်းမြင့်၊ ချန်ဆုံးခါသင့်၊ ပန်းနှယ်ပွင့်၍၊ သခင့်သက်ဆစ်၊ ဆဲ့ခြောက်နှစ်က၊ မင်းဖြစ်နန်းရ၊ ရွယ်လှနုဖြိုး၊ နှစ်ဆယ့်ကိုးတွင်၊ နတ်နိုးယဉ်ပေျာင်း၊ အသောင်းလေးလီ၊ သာကီမင်းသမီး၊ ငယ်ကြီးရံခ၊ ဘဒ္ဒကဉ္ဇနာ၊ ဗိမ္ဗာယသော၊ အလှကျော်ပါ၊ သားတော်ရာဟု၊ ဆွေစုမျိုးပေါင်း၊ သိန်းခြောက်သောင်းနှင့်၊ ပုံတောင်းရတနာ၊ စကြာရောက်နီး၊ နန်းကြီးသုံးဆောင်၊ သုံးပြည်ထောင်ကို၊ သွေရှောင်မကွက်၊ တောကြီးထွက်၍၊ ရက်ရက်သို့စင်၊ စွန့်ခဲ့ ကျင်သည်။ ။ စက်ရှင်မင်းဖြစ် လက်ငင်းတည်း။

      (လောကီထက် ဇာတိပုညလွန်သော လောကိယာတိသယ လောကထက်တောထွက်နိုင်ခြင်းလွန်သော လောကာတိသယ (၂) ပါးရှိသော ဝင်္ကဝုတ္တိအလင်္ကာပုဒ်၊ ဤပုဒ်နှိုက် အာဒိစ္စဝင် ဥက္ကာဝင်နှင့် မဟာဝင်ညွန့် ၃ ချက် ထပ်ခြင်းသည်လည်း ပဒါဝုတ္တိ ဝင်္ကဝုတ္တိတည်း။ နောက်နောင်ကိုလည်း ဤအတူချည်းမှတ်ကြေလေ)

(၁၄) စက်ရှင်မင်းဖြစ်၊ စင်စစ်မယွင်း၊ လက်ငင်းရောက်နီး၊ ရွှေထီးရွှေနန်း၊ စံမြန်းစိုးပိုင်၊ ဦးကိုင်အုပ်ပိုက်၊ သုံးတိုက်ပြည်လုံး၊ ညွတ်ရုံးရှက်ကာ၊ ဆက်ပဏ္ဏာနှင့်၊ နွယ်သာကီစင်၊ မဟာဝင်ချည်း၊ နတ်သွင်လေးသောင်း၊ နန်းသူပေါင်းတို့၊ ခညောင်းဖြေဖျော်၊ ဆွေ ယသော်လျှင်၊ မနော်ဘူနတ်၊ ဝသ ဝတ်က၊ စိန်ထွက်လျှံလူ၊ အလံထူသို့၊ နတ်လူအပုံ၊ ကာမ ဘုံတွင်၊ တစုံတယောက်၊ ဘက်မမြောက်အောင်၊ ထက်အောက်လွှံကျော်၊ တုမမြော်တည့်၊ သားတော်မျက်ရှု၊ မင်းရာဟုလည်း၊ သက်စု သဲနစ်၊ စွဲအောင်ချစ်၍၊ မပစ်နိုင်ဘွယ်၊ မပယ်နိုင်ရာ၊ မခွါနိုင်ကောင်း၊ ဆွေတော်ပေါင်းကား၊ ရှစ်သောင်းနှစ်ခု၊ အတုလွတ်ကျော်၊ လူ့ဘုံဘော်တွင်၊ လက်တော်ရောက်ပြီး၊ စည်းစိမ်ကြီးလျက်၊ ပီးကျီးစုတွင်း၊ မစင်ကျင်းသို့၊ ရှင်ရင်းမြင့်သန့်၊ အထင်ဉာဏ်ကြောင့်၊ မာရ်ပါပီကြီး၊ ဟန့်ဆီးကြိမ်းဝါး၊ ချောက်ခြိမ်းတားလည်း၊ ဘဝါးရွှေစက်၊ တွန့်မကွက်ဘဲး၊ ကွန့်ထွက်အပြင်း၊ စွန့်ရက်ခြင်းဖြင့်၊ ကျွန်ရင်းမောင်ဆန်၊ မြင်းတော်ကဏ်နှင့်၊ အမြန်လျင်ခုပ်၊ မချုပ်ခွါရှောင်၊ သုံးပြည်ထောင်ကို၊ ကုန်အောင်အားသွန်၊ ညဉ့်ခြင်းလွန်လျက်၊ ရောင်ဝှန်နေစက်၊ အရုဏ်တက်ဝယ်၊ တဘက်နော်မာ၊ ဖြစ်ကမ်းသာထက်၊ ဗြဟ္မာလှူဒါန်း၊ ကြာသင်္ဃန်းနှင့်၊ ရဟန်းအသွင်၊ ဝင်ကြီးဝင်၍၊ အောင်မြင်ကိစ္စ၊ နိက္ခမကို၊ စိတ်ချခိုင်ဖြီး၊ ချက်ကုံပြီးအောင်၊ တောကြီးထွက်ခွါ၊ ဤခြင်းရာသည်။ ။လွန်စွာ အံဘွယ် တမင်းတည်း။ ၃

                                                             (ဤအပိုဒ်ကား အနန္တရပိုဒ် ဘွင့်ပြသော ပိုဒ်တည်း)

(၁၅) အံ့ဘွယ်တမင်း၊ ဤအခြင်းဖြင့်၊ သနင်းထွက်ဖျား၊ တို့ဘုရားလျှင်၊ သိကြားတူယောင်၊ ဘုန်းတော်ရောင်နှင့်၊ ပြည်ထောင်တိုင်းခန်း၊ ရွှေနန်းရွှေဘုံ၊ ဝန်းအုံရွှေဘော်၊ နတ်နှင့်လျော်သား၊ ညာပျော်မြောက်သား၊ သည်းချားတမွတ်၊ သားတော်မြတ်က၊ ရဟတ်စကြာ၊ ရတနာ ခုနစ်၊ စင်စစ် မလွဲ၊ ရောက်လု ဆဲးကို၊ ပယ်လွှဲးအကုန်၊ ဖဲ့းခဲ့သုန်၍၊ ကိုးဂုဏ် သခင်၊ သိဒ္ဓိ တင်လျက်၊ ဗောဇ္ဈင် ရတနာ၊ ခုနစ်ဖြာနှင့်၊ မဟာ စက္ကရာဇ်၊ မင်းဆုံးဖြစ်သား၊ သုံးခေတ်မျက်ဖျော်၊ သုံးလူ့ဘော်၏၊ ဂုဏ်တော်ကျေးဇူး၊ ဤတဦးမျှ၊ အံ့မူးမနိုင်၊ အထူးလှိုင်ခဲ့၊ ဖြီးခိုင်သမ္ဘာ၊ ကြီးမြတ်စွာဖြင့်၊ မဟာပုည၊ ဝိသေသကြောင့်၊ အသမ-သမ၊ ထို့မျှနတ်လူ၊ စံမတူသည့်၊ သယမ္ဘူ၊ လူခပင်းတို့၊ ခံတွင်းမဆံ၊ အံ့ကြီး အံ့လည်း၊ ဘယ်နံ့နှစ်ကြာ၊ ကုန်နိုင်ရာလိမ့်၊ ယာဝတ်တာဝတ်၊ ယှိတိုင်းညွန်၍၊ ပိုင်းဖြတ်ခြင်းငှာ၊ မဆို မာတည့်၊ ဆရာ တဆူ၊ မည်သည့် သူမျှ၊ မကူမညွှန်း၊ မတိုက်တွန်းဘဲ၊ လိုခွန်းထက်သန်၊ ပင်ထွက်ဉာဏ်ဖြင့်၊ အနန္တာရုံ၊ အာဂုံ ကိုင်မိ၊ ကိုယ်တိုင်သိ၍၊ သမ္ဗော် ထွက်၊ တုလွတ် ဂုဏ်ဘော်၊ နှိုင်းမမြော်နှင့်၊ နုဘောဖြိုး လွေ့၊ မုန်ညင်း စေ့တွင်၊ ဝင်၍စင်္ကြ၊ သွားစံ ပပ၊ ရာ မထဘဲး၊ နေလ ကိုင်မိ၊ ဝေသီ ယူဇနာ၊ စကြဝဠာ တောင်ထိပ်၊ ကြွနင်းနှိပ်လည်း၊ ထန်းရိပ် တကူး၊ မြားထက်မြူးလျက်၊ ဘုန်းထူးဓိပတိ၊ တုမယှိအောင်၊ ဣဒ္ဓိ ဣဒ္ဓိ၊ အစိန္တိနှင့်၊ ဣဿရိယော်၊ ပြိုင်တိုင်းကျော်သည့်၊ ယှဉ်ဘော်ဘက်ယှား၊ တို့ထွက်ထားဟူ၊ အများသင်္ဃာ၊ ထေရိမဟာတို့၊ အံ့ကာမပြီး၊ အံ့ငြီးတည့်၊ အသီးအသီး၊ အံ့ကြီးကြော်ကြွေး၊ ကောင်းကြီးပေးလျက်၊ စုဝေးချီးပ၊ နေ့ကုန်ကြသည်။ ။ပွဲမဘင် တကျင်းတည်း။ ( ဤ ၃-ပုဒ်ကား သူတပါးထက် ကဲလွန်သော အဘိနိက္ခမ သုဂတဂုဏ်တော်ကို ပြသော ဥဒါရတာဂုဏ်ထင်ရှားသော ပိုဒ်တို့တည်း။ )

(၁၆) ထိုသို့စဉ်တိ၊ မြေသေဉ် မင်္ဂလာ၊ဗောဓိချာနှိုက်၊သမ္မာသမ္ဗုဇ္ဈိ၊ နိရုတ်ချိလျက်၊ အဝိ ပရိတ၊ သဘာဝ တိုင်း၊ ဉေယျဓမ္မ။ ပဉ္စက ကို၊ သာမဉ္စပုဒ်၊ ဋီကာထုတ်၍၊ သမုစ္စယ၊ သမ္ပိဏ္ဏနှင့်၊ ဧေအနက်၊ ရှာတိုင်း ထွက်သား၊ စက် ဝဇိဉာဏ်၊ ပင်ထွက် မှန်ဖြင့်၊ မကျန်ချက်ရိုင်၊ ကိုယ်တော်တိုင်သာ၊ လက်ကိုင်လွယ်ကူ၊ နတ်နှင့်လူတွင်၊ မည်သူ မညွန်း၊ ပွင့်သိထွန်းသည်၊ တုကျွန်း လွတ်ကွာ၊ သမ္မာသမ္ဗုဒ္ဓ၊ သုံးလူဘကား၊ စကြာဝဠာတပါး၊ အခြားသို့လည်း၊ ကျွတ်ဆုရည်း၍၊ ဖြုတ်ခြည်းမကြာ၊ ခဏ တာမျှ၊ ဗိုလ်ပါ ခင်းထက်၊ မင်းမထွက်ခင်၊ ညီလာခွင်နှိုက်၊ ပလ္လင်ဟေမာ၊ ရွှေနေရာထက်၊ မြတ်စွာပကတိ၊ မုနိ အသွင်၊ စံနေကျင်ပြီး၊ မင်းလျှင်မသွေ၊ ထင်ပ စေငြား၊ နောင် ကျိုးပွားအောင်၊ တရားဟောငှါ၊ ရံခါ မမေ့၊ ကြွမြဲးလေတိုင်း၊ ထိုနေ့ ထိုခါ၊ ထို သင်္ဃာတို့၊ ထိုမှာ၎င်း၊ ထိုအပေါင်းနှိုက်၊ ထို ကြောင်းထင်လတ်၊ ထိုဠူပ္ပတ်ဖြင့်၊ ထိုဇာတ် ဓမ္မ၊ ဟောလိုစွ ကြောင့်၊ သုရတ္တစစ်၊ ဆိုးရည်နှစ်၍၊ ပြေပြစ် ချောမွတ်၊ စွေးစွေး စွတ်သား၊ ခါးဝတ်နီမြန်း၊ သက်တင့်ရန်းကို၊ ခါးပန်းကြိုးသွယ်၊ လျှပ်စစ် နွယ်ဖြင့်၊ ရှုဘွယ်လှအောင်၊ ပန်းကာ နှောင် နှောင်မှ၊ ပညောင်ညွှန့်ဖူး၊ မိုးတမ်ဦးသို့၊ ရောင်မြူးမညစ်၊ လွင် သစ်သစ်ဖြင့်၊ စင်စစ် မမှား၊ ရှင်ချစ်ဖျား၏၊ အလျားကိုးထွာ၊ နံခြောက်ထွာတည့်၊ မဇ္ဈိမာ ပုရိ၊ သုံးပြန်ချိနှင့်၊ ပကတိ လူ၊ ခွဲးယူဆက်ရာ၊ ကြီးမြတ်စွာသား၊ မဟာသုဂတ၊ စိဝရကို၊ လှလှ တင့်တယ်၊ ရုံ သပ္ပာယ်၍၊ မွှေးကြွယ်နံ့ထုံ၊ သရေလှုံသည်၊ ရွှေဘုံဂန္ဓ၊ တိုက်ခန်းဝ က၊ မြန်းကြွထွက်စံ၊ နေ့နှယ်လျှံသည်။ ။ ပွဲးယံသဘင့် အတွင်းတည်း။

(၁၇) ပွဲယံသဘင်၊ ထေရ်ပေါင်းခွင်သို့၊ ဝန်းကျင် ထိုမျှ၊ သောင်းခေတ္တနှိုက်၊ လူများထပ်နင်း၊ လူမင်းတို့ထွတ်၊ ဥပပါတ်မျိုး၊ မြေစိုးမိုးစိုး၊ တန်းခိုးပုညဇိဒ်၊ မဟိဒ္ဓိစု၊ စတုလောကပါလာ၊ ဣန္ဒာသုယာမ၊ စသည်လည်းကောင်း၊ တသောင်းတသောင်း၊ နတမင်းပေါင်း၏၊ ဥက္ခောင်း ထိပ်နေ၊ လောကေ သရ၊ လောက နိမ္မိတ်၊ ဟာရိတ်သနံ၊ သဟံဗက၊ တုရိတ က၊ လောက ပိတာ၊ ကမလာ ဘုံ၊ မဟာဗြုံတို့၊ ဆယ်စုံရှက်စည်း၊ လက်သည်းငွေပွင့်၊ ရှောင်လွှင့်ရောင်ဝါ၊ နေထောင်ရာမျှ၊ ရတနာဥက္ကဋ္ဌ်၊ နဝရတ်ဦးစိုက်၊ မကိုဋ်စိန်ညွှန့်၊ ထိန်ကွန့်ဝင်းဖြာ၊ ထွန်းလင်းရာသား၊ မင်္ဂလာအိမ်မွန်၊ တံချွန်ချွန်းတောင်း၊ မျိုးပေါင်းပြိုးပြက်၊ ရာရှစ်ကွက်နှင့်၊ နုညက်ညံ့ထွား၊ ရွှေဘွား စက္ကင်၊ စုံနှစ်ပြင်ဖြင့်၊ မြေတွင် မထိ၊ ပကတိအား၊ လေးသစ်ခြားလျက်၊ ဘုရားတို့တမ်း၊ ကြွလှမ်းမွေ့ညက်၊ ငြိမ်သက်လေးဘင်၊ ကြွလာကျင်မှ၊ ချစ်ရှင်ဘုန်းဝှန်၊ စံ နှန်းလွန်းသား၊ ဘဝန္တရူ့၊ သဗ္ဗညုဟု၊ သုံးလူ့ပတ္တမြား၊ မြတ်ဘုရားလျှင်၊ မိုးဖျားခွတ်လတ်၊ ယုဂန်ထွက်က၊ နေနတ်လုလင်၊ ထွန်းသော့သွင့်သို့၊ ဥကင်မဟာ၊ ငွေရွက်ကြာနှင့်၊ ဓမ္မာ သနေ၊ ကိုးမျက်ခြွေသား၊ ရွှေ ပရိယင်၊ ပြတည်းပြင်တိ၊ ပလ္လင်ဟေမာ၊ ဗွေသီတာနှိုက်၊ ဒိသာ ဖရဏ၊ နိစ္စလနှင့်၊ ဗျာမ လုံးစုံ၊ ဥဏ္ဏလုံ မွေးနု၊ ရောင်စုံ စုသား၊ ကေတုမာလာ၊ ဦးထိပ်ချာထက်၊ ထိန်ဖြာဝင်းလျှပ်၊ အထွတ်တပ်၍၊ သပ်သပ်ပါယ်ပါယ်၊ ရောင်ခြောက်သွယ်နှင့်၊ တင့်တယ် ထွန်းလျှံ၊ ရှင်တော်စံသော်၊ မှင်ဆံ သိင်္ဂီ၊ ကေသရီဟု၊ ရွှေသီဟရာဇ်၊ မုန်ယစ်အာသောက်၊ ဆဒ္ဒန် ပေါက်လျက်၊ ဦးနှောက် ဒွဲးဖြို၊ သောက်မျိုတတ်စွာ၊ တေဇာဝှန်ဖြိုး၊ တောလုံးစိုးသား၊ တန်းခိုးထန်ပြင်း၊ ခြင်္သေ့မင်းကို၊ ခပင်းတောသား၊ တွေ့သော့လားတိ၊အများထေရ၊ သာဝကတို့၊ ခပင်းတောသား၊ တွေ့သာ့လားတိ၊ အများထေရ၊ သားဝကတို့၊ စကားစဖြတ်၊ ပြတ်ကြီးပြတ်၍၊ ဝိဝဋ်သင်္ချ၊ ကပ်လုံးကြေလည်း၊ သံခြေမမြွက်၊ မရှူသက်သို့၊ ခြေလက်မလွန့်၊ မတွန့်မလှုပ်၊ သတိအုပ်လျက်၊မြဲချုပ်တည်းစွာ၊ ရှေးရူကာလျှင်၊ဗုဒ္ဓါရမ္မဏ၊ ဂါရဝဖြင့်၊ နှိမ့်ချညွတ်ပျောင်း၊ လက်စုံပေါင်းသည်။ ။ ဥက္ခောင်းမြေထိ ညွတ်ခင်းတည်း။


၈၀။      ဝသုန္ဓရီ၊ မဟီကာသ၊ သမုဒ္ဒနှိုက်၊ ကမ္မပစ္စည်း၊ အရင်းတည်းလျက်၊ ဟောနည်းမှတ်ပြု၊ ဥတုသမုဌာန်၊ ပျံကွန်မြေမိုး၊ မဏိမျိုးနှင့်၊ ပြရိုးနီလာ၊ မသာရဂလ်၊ ဝင်္သဝဏ်က၊ ရောင်ဝှန်ထိန်လင်း၊ ဝိုးဝင်းပြိုးပြက်၊ ကိုးအမျက်တို့၊ ထက်မြက်တေဇ၊ တန်ခိုးပလျက်၊ ထိုမျှယှိ၍၊ ထဲးရေမြေ့မှ၊ ပေါ်၍ဆက်လာ၊ ရက်မချာတည့်၊ သီလာဇတု၊ ခေါ်ပြုသမိုက်၊ အဘြိုက်တိမ်ချေး၊ တေးခပ်ပြာခဲး၊ သလွဲမည်ဖြူ၊ ကြေးသံမူကား၊ မယူလိုကာ၊ မြေ့ပမာတည့်၊ ရတနာဘော်ငွေ၊ စိန်ရွှေသလင်း၊ ပယင်းထွေပြား၊ အပါးပါးက၊ ငါးနှင့် ဝက်ဆင်၊ ဘူဇင်္ဂသီ၊ သိပ္ပီ သင်္ခါ၊ ဝလာဝေဠု၊ အမြတ်ပြုသား၊ အမြုတေခဲး၊ ပုလဲးမျိုးရှစ်၊ သယံဇာစ်လည်း၊ အနှစ်ရတနာ၊ မဟာရဟ၊ ဘုန်းကျိုးပြ၍၊ သာရအစု၊ ရောရုပေါင်းရုံး၊ ပြိုးပြိုးရိုးရဲး၊ ပိုလင်းကဲးတိ၊ ရေထဲးသမုဒ်၊ လှိုင်းပုတ်ခတ်တင်၊ ကောင်းကင်ပျံကျ၊ သက်လာကြလျက်၊ ဖြင်မျှထိုဤ၊ ပည်းသီတင်းကျမ်း၊ နုအကြမ်းဖြင့်၊ မြစ်ကမ်းတခွင်၊ မြေပြင်ကုန်းကြည်း၊ အပည်းပည်းသား၊ အကျည်းအခဲ၊ ရှောက်ရွှာ ကြဲးသို့၊ မကျဲ ထပ်တင်၊ မြေအပြင်အထက်၊ ရောင်ရှင်လက်လက်၊ ဆောင်ကာဆက်လည်း၊ မယွက်မယွင်း၊ ရာမဟင်းတည့်၊ ပြည့်လင်းလဘော၊ ပြန့်ပြောလျှမ်းကယ်၊ လိုဘွယ်မယှား၊ လွန်ထင်ရှား၍၊ ဝတ်စားတန်ဆာ၊ ရတနာကား၊ ပဒေသာဆူဆူ၊ ‌ပေါက်သော့တူဖြင့်၊ ပြောထူကြွယ်ဝ၊ မတောင့်တအောင်၊ ပြည်ပပြည်တွင်း၊ သာပွင့်လင်း၏၊ ကြီးမင်းတေဇာ၊ သမ္ဘာ ဖွဲ့ထွား၊ လွှံ့ကျော်ကြားလျက်၊ ပွားလေပွားလေ၊ ဖျားတက်ရေသို့၊ ရွှေပုညဇိဒ်၊ ဘုန်းတော်ဟိတ်ကြောင့်၊ ‌‌ဒေဝိဒ္ဓိပါဒ်၊ နိမ္မာနတ်သို့၊ ယုတ်မြတ်လူဗိုလ်၊ ဘုန်းရိပ်ခိုတို့၊ မငြိုမငြင်၊ လွန်ကြည်လင်ရှင့်၊ ယာဉ်ညင်စကြာ၊ ရတနာသည်။             ။ သည်သာကျန်တော့ ဘုန်းတန်းတည်း။ ( ၄ )

           ၈၁။      ဘုန်းတော်ကြီး၍၊ ဘုန်းမီးတောက်လောင်၊ ရန်မျိုးရှောင်လျက်၊ ခြောက်ရောင်စွယ်စက်၊ ဝင့်တိုင်းလက်သား၊ နတ်ဆက်ဆဒ္ဒန်၊ ယာဉ်မွန်ဝလာ၊ အဿဇာက၊ ကညာ ပတ္တမြား၊ သူဌေးသားဟု၊ ခြောက်ပါးရတနာ၊ လက်မကွာလျှင်၊ စကြာတော်ကြီး၊ ရောက်နီးချိန်ခွင့်၊ ခါတော်လင့်၍၊ နန်းမြင့်နိတုံ၊ ရွှေဘုံရိပ်တွင်း၊ လှူသီတင်းနှင့်၊ မကင်းစေမြို့၊ စဉ်မချို့ဘဲ၊ ရဲရဲရောင်လှစ်၊ မီးစစ်စစ်သို့၊ ခုနစ်ရတနာ၊ စီမြွာရိုးခက်၊ စိန်ညောင်ရွက်နှင့်၊ ဖြန့်ကြက်ညီးညီး၊ ကြငှန်းထီးက၊ မငြီးရှုဘွယ်၊ ထိုပြီးဝယ်လည်း၊ ကိုးသွယ်နဝရတ်၊ ခြယ်ခတ်စီနစ်၊ မျက်စုံပျစ်လျက်၊ တနှစ်တကြိမ်၊ ဦးနှိမ်ညွတ်ပျောင်း၊ ရာမင်းအပေါင်းတို့၊ ခညောင်းပူဇော်၊ ခံတော်မူရာ၊ မင်္ဂလာသဘင်၊ ညီလာရင်မှ၊ ဘွင့်ကျင်တုံလတ်၊ ထီးမြတ်ဥရူ၊ တဆူထို့ပြင်၊ စောနတ်သျှင်တို့၊ ထွက်ဝင်မပြတ်၊ ဆောင်းတော်မှတ်သား၊ ရွှေထွတ်ရွှေရိုး၊ ရောင်ဖြိုးတုလွတ်၊ တမွတ်မည်သာ၊ ထီးစကြာနှင့်၊ ရတနာကိုးပါး၊ စီကျားရွက်ထွတ်၊ လေးကျွန်းပတ်သား၊ သုဒသ်မဟာ၊ မင်းမြတ်စွာတိ၊ စကြာစိုးမှူး၊ ဘေးတော်ထူးလျှင်၊ ကျွန်းဦးရွှေနှစ်၊ သပြေဖြစ်ဖြင့်၊ ရိုးစစ်ဝင်းလျှံ၊ တနိုင်ငံက၊ မင်းသံရောက်မှ၊ ဆောင်းထထိန်လက်၊ စဉ်မပျက်သား၊ ကနက္ကဒဏ်၊ ထီးမွန်တမျိုး၊ ရိုးထွက်လည်းကောင်း၊ နီမောင်းရည်ရွှင်း၊ ရွှေတိဝင်းလျက်၊ ဆင်မြင်းယာဉ်ပေါ်၊ ဆောင်းတော်မှတ်ပြု၊ ထီးသမုတည့်၊ ဇမ္ဗူ့ဓိပတိ၊ တုမယှိသား၊ ဗောဓိဆုရည်၊ လောင်းဇာနည်လျှင်၊ နောင်သည်မချွတ်၊ အရဟတ်နှင့်၊ ဓမ္မဓာတ်ပညာဉ်၊ ဉာဏ်သဗ္ဗဉ်၏၊ တမျဉ်အတီး၊ နိမိတ်ပြီးသား၊ မင်းထီးငါးမည်၊ ရောင်ခြည်ထိန်ပြိုး၊ နေတူနိုးမျှ၊ ရွှေရိုးငွေရွက်၊ တလက်လက်ဖြင့်၊ ဖြန့်ကြက်ဆောင်းမူ၊ မနောယူလျက်၊ လူတွင်လူနတ်၊ လူများမှတ်အောင်၊ ဝန်းပတ်မြေပေါ်၊ တုမမြော်သည်။                     ။ ဘုန်းတော်နတ် မသာလွန်တည်း။ ( ၅ )

           ဤသို့လျှင်တိ၊ ဤတွင်မှန်လှ၊ လောကဟိတ၊ စရိယသည်၊ ပထမခဏ်းကြီး၊ လက်မွန်ပြီးတည်း။

(ဤအပိုဒ်ကား ဘမလင်္ကာရဝင်္ကဝုတ္တိ-ရှိသော ပိုဒ်တည်း)

ဘုန်းတော်ဘွဲ့ခဏ်း ၅-ပိုဒ် ပြီး၏ ။

ပထမပိုင်း

လောကဟိတစရိယခဏ်း ပြီး၏ ။


           ၉၀။ နေ့ညညီးညီး၊ ဇရာမီးတို့၊ ဖျက်ဆီးပြောင်ရဲ၊ တောက်လောင်စွဲ၍၊ ပျက်မြဲးဓမ္မတာ၊ မလွဲသာတည့်၊ သတ္တဝါထိုထို၊ သက်ရှိကိုယ်ကား၊ မဆို စမာ၊ သက် မဲ့စွာလျက်၊ စကြဝဠာလောက၊ ဩကာသလည်း၊ ကမ္ဘာ့အလေ့၊ ပျက်ချိန်စေ့က၊ ညဉ့်နေ့ဝင်းဝင်း၊ နေနှစ်စင်းတို့၊ တစင်းဝင်လျက်၊ တစင်းထွက်ဖြင့်၊ ဆက်ဆက်အညီ၊ ထွန်းပေါ်ချီ၍၊ ကုန္နဒီပေါင်း၊ မြစ်လောင်းအိုင်ထုံး၊ အားလုံးရေခြောက်၊ သုံးစင်းမြောက်တွင်၊ ကုန်ပျောက်မြစ်ကြီး၊ လေးစင်းညီးမူ၊ သီးသီးမကြွင်း၊ အိုင်မင်းခုနစ်သွယ်၊ ငါးစင်းဝယ်ကား၊ ပင်လယ်လေးဖြာ၊ မဟာသမုဒ်၊ ရေ အစုတ်တို့၊ ခြုတ်ခြုတ်ခန်းကြ၊ ခြောက်စင်းပသော်၊ စကြဝဠာတွက်ရေ၊ ကုဋေသိန်းလုံး၊ ခိုးဝေဖုံးလျက်၊ နောက်ဆုံးနေစက်၊ ခုနစ်ထွက်က၊ တပြိုင်နက်တောက်၊ မီးလျှံရောက်၍၊ ထက်အောက်ဟုန်းဟုန်း၊ တအုန်းအုန်းဖြင့်၊ ကျင်းကုန်းသမုဒြာ၊ ဟေမဝါက၊ သေလာပံသု၊ ကျောက်မြေစုနှင့်၊ နေရုမေရု၊ ကြီးထုဗဟို၊ မြင်းမိုရ်ယုဂန်၊ သတ္တဗ္ဘဏ်ပါ၊ မကျန်လောင်ညီး၊ ထောပတ်မီးသို့၊ ကျွမ်းပြီးကုန်စင်၊ စ မမြင်အောင်၊ မထင်မြူလောက်၊ ကြေပျောက်မချွတ်၊ ပျက်သတတ်ရှင့်၊ ဘုံထွတ်နန်းမြင့်၊ ခုနစ်ဆင့်နှိုက်၊ စံလင့် တ ပဲ၊ ငါမင်းရဲလည်း၊ မလွဲနိုင်စွာ၊ ဓမ္မတာဖြင့်၊ ဇရာမီးလျှင်၊ ဖျက်ဆီးပြောင်ပြောင်၊ အမြဲလောင်၏၊ ရုပ်ဆောင်အကယ်၊ လှတင့်တယ်သို့၊ ပျိုရွယ်စဉ့်ခါ၊ လိုရာပါလျက်၊ ငါတကြွကြွ၊ အိုကာလနှိုက်၊ ထလည်းမနိုင်၊ ထိုင်လည်းမကောင်း၊ လျောင်းလည်းမသာ၊ လိုမပါဘူး၊ ကျင်နာညဲးညူ၊ ဟိန်းဟဲထူ၏၊ ဤလူတို့မှာ၊ ကိုယ်ခန္ဓာနှိုက်၊ ရောဂါကပ်ငြိ၊ ဗျာဓိဒုက္ခ၊ ဖြစ်ထသောခါ၊ ဝိုင်းအုံကာလျှင်၊ ဆရာသမား၊ မျိုးဆွေများတို့၊ ဆေးဝါးကုသ၊ ချမ်းသာရဟု၊ မြှော်တရေးရေး၊ ရှိကြသေးရှင့်၊ ဘေးတကာ့မင်း၊ အိုသေမင်းကား၊ ရှောင်ကွင်းလွတ်ရေး၊ ဘယ်သို့ပြေး၍၊ ဘယ်ဆေးဝါးမျှ၊ စားမရဘူး၊ ဒေဝဘူတာ၊ အသူရာနှင့်၊ ဣန္ဒာသိကြား၊ ပုဏ္ဏားတို့ဘ၊ မိုးကဗြဟ္မာ၊ ပိတရာတို့၊ လာ၍ဆေးဝါး၊ တန်ခိုးအားဖြင့်၊ ကုစားဘန်ဆင်း၊ ပြုတုံလျှင်းလည်း၊ အိုခြင်းချမ်းသာ၊ မရစွာခဲ့၊ ဇရာဤဝဋ်၊ ကင်းမလွတ်နိုင်၊ မချွတ်သေအောင်၊ အမြဲဆောင်၏၊ သားချောင်သွေးခန်း၊ ရွေ့ရွေ့မြန်း၍၊ မလန်းမလူ၊ ဇရာဟူသည်၊ ဆံဖြူသွားကျွတ်၊ တွတွရွတ်လျက်၊ ယွင်းချွတ်ပျက်ပြို၊ နေတိုင်းအိုသည်။                   ။ ဤကိုပျောက်လိမ့် မနှေးတည်း။ ( ၉ )

           ၉၁။      လေးကျွန်းမြေပြင်၊ ယာဉ်စက်ရှင်ဖြင့်၊ အောင်မြင်တုံလျှင်း၊ ဆင်ပျံမင်းနှင့်၊ နတ်မြင်းရတနာ၊ ချမ်းမြေ့စွာလျှင်၊ လိုရာလှည့်ပတ်၊ သားကြီးမြတ်ဖြင့်၊ လောကဓာတ်နယ်၊ ဝန်းကျယ်ပတ်ရံ၊ တိုက်နိုင်ငံကို၊ စီမံမနှောင့်၊ အုပ်ထိန်းစောင့်လျက်၊ ရှစ်မြှောင့်စားစား၊ ပတ္တမြားနှင့်၊ မိဖုရားထွတ်၊ စံလွှတ်တဆူ၊ မြောက်ကျွန်းသူက၊ နတ်တူမျက်စိ၊ မြင်သိနိုင်တတ်၊ သူဌေးမြတ်ဖြင့်၊ မပြတ်အစဉ်၊ ခံစားယှဉ်၏၊ နတ်ယာဉ်စကြာ၊ ရတနာကား၊ ဥဿဟသတ္တိ၊ ဘုန်းယှိထင်ရှား၊ သားကြီးပရိဏာယက၊ အိမ်ရှေ့ရကား၊ မန္တသတ္တိ၊ ဟတ္ထိအဿ၊ မြူးကြွမိုးယံ၊ ဆင်မြင်းပျံနှင့်၊ သုံးခံနတ်တူ၊ သူဌေးဟူသည်၊ ပဘူသတ္တိ၊ ပြည့်စုံဘိလျက်၊ မဏိပတ္တမြား၊ မိဖုရားနှင့်၊ နှစ်ပါးတို့မှာ ခံစားရာသား၊ မဟာဝိသိဌ်၊ ပုညဇိဒ်မျိုး၊ တုမဲ့နိုးအောင်၊ အကျိုးဖလ၊ မြတ်ဘောဂရှင့်၊ ကြွင်းထငါးဖြာ၊ ရတနာမူ၊ နှိုင်းရာမယှိ၊ ဣဿရိတည့်၊ လောကိတမွတ်၊ အတုလွတ်အောင်၊ စက္ကဝတ်မင်းကြီး၊ ဖြစ်တပြီးလည်း၊ အကျီးမရ၊ အနိစ္စဖြင့်၊ တာဝကာလိက၊ ခဏပျက်စီး၊ ကောက်ရိုးမီးသို့၊ ခရီးမရောက်၊ ထင်ကာပျောက်ခဲ့၊ မိုးအောက်တခွင်၊ မြေအပြင်နှင့်၊ ရေပြင်ပတ်ကုံး၊ မြေဆုံးရေဆုံး၊ တိုက်လုံးစက္ကဝါ၊ လက်တော်ပါလျက်၊ ဤသင်္ခါရ၊ ကိုယ်ကစ၍၊ ဝဋ္နနိသီ၊ လောကီကျိုးစက်၊ ဘိုးမနက်ဘူး၊ အိပ်မက်အလား၊ အငှါးဥစ္စာ၊ သူဟာတမျှ၊ စိုးမရတည့်၊ ခဏအနိုင်၊ မပိုင်ဝက်မွေး၊ အကျွေးငမ်းယူ၊ ဝါသော့သူနှင့်၊ အတူမှန်လှ၊ ယွင်းမခွရှင့်၊ ထိုမှတမည်၊ မိုးဖွဲးရည်ကို၊ နေခြည်ကျောက်က၊ ထိန်တောက်ဝင်းဝင်း၊ မိုးလုံးထင်းလျက်၊ အဆင်းခုနစ်ထွေ၊ နီရွှေစိမ်းရေး၊ ရောထွေးနုရင့်၊ ပြာသွေးဆင့်၍၊ သိကြားမင်းလေး၊ ကွင်းကွင်းကွေးတိ၊ ရှေးဝေါဟာရ၊ ဘိဓာနဖြင့်၊ ဣန္ဒဓနု၊ ဣန္ဒာဝုဟု၊ မည်ပြုခေါ်ငြား၊ လွန်ထင်ရှားအောင်၊ ထက်ဖျားမိုးဘော်၊ သက်တင့်ပေါ်သို့၊ ရှုမျှော်ပြက်ပြက်၊ ကြည့်တွင်းပျက်ခဲ့၊ မနှစ်သက်ကောင်း၊ မတောင်းအပ်စွ၊ မတထိုက်စွာ၊ ဝဋ်ချမ်းသာတည့်၊ ထင်ကာ မြင်ကာ၊ လိုမပါကြောင့်၊ အာသာငြိတွယ်၊ မယှိဘွယ်သည်။            ။ ပျက်လွယ်တိမ်ရုပ် တိမ်ရေးတည်း။ (၁၀)

           ၉၂။       လူတို့မာသ၊ တစ်ဧကကား၊ လ၏ထက်မှာ၊ ဗွေအာကာဝယ်၊ ပိတရာနတ်ပြည်၊ တရက်မည်၏၊ ဤသည်လူ့ရွာ၊ ငါတို့မှာလျှင်၊ ဥတ္တရာယာဉ်၊ နေ့စက်ယှဉ်၍၊ သွားစဉ်ခြောက်လ၊ ထက်ဒေဝနှိုက်၊ နတ်များနေ့၊ ခေါ်စလေ့၏၊ ထိုရွေ့လကြာ၊ ဒက္ခိဏာမူ၊ နတ်မှာတညဉ့်၊ ထိုညဉ့်ရေဆ၊ သုံးရာ့ခြောက်ဆယ်၊ ပြည့်ခဲ့ကယ်သော်၊ နတ်ဝယ်တနှစ်၊ ယင်းနှစ်အဖြောင့်၊ မှန်မထောင့်သား၊ သောင်းနှစ်ထောင်ကို၊ နတ်ယုဂ်ဆို၏၊ ထိုနတ်ယုဂ်ပေါင်း၊ တထောင်ညောင်းက၊ မြင့်ဆောင်းဌာန၊ ဝေဟာသထက်၊ လောကပိတာ၊ ဗြဟ္မာ့ရွာဝယ်၊ ဗြဟ္မတို့ရက်၊ တနေ့တွက်တည့်၊ မှတ်ချက်ပိုင်းခြား၊ လောကီကြား၏၊ ဘုရားရွှေနှုတ်၊ ကြာကုမုဒ်က၊ မိန့်ထုတ်ဘွင့်လှစ်၊ မှန်စင်စစ်ကား၊ မှန်စွာအလေ့၊ ညဉ့်နေ့အတွက်၊ ခေါ် တရက်တည့်၊ အထက်ငါးထပ်၊ နတ်ရပ်စဉ်ကာ၊ တတိံသာနှင့်၊ ယာမာ တုသိတာ၊ နိမ္မာ နိမ္မိ၊ မည်ယှိမချို့၊ ထိုနတ်မြို့နှိုက်၊ လူတို့နှစ်ဖြင့်၊ တွက်စစ်သင်္ချာ၊ တရာနှစ်ရာ၊ ဆထက်သာ၍၊ လေးရာရှစ်ရာ၊ ထောင့်ခြောက်ရာကို၊ တရက်ဆို၏၊ ထိုရက်အားဖြင့်၊ ငါးရာတထောင်၊ ပြန်နှစ်ထောင်နှင့်၊ လေးထောင်ရှစ်ထောင်၊ သောင်းခြောက်ထောင်လျှင်၊ မြားမြောင်စွာဘိ၊ သက်ရှည်ယှိ၏၊ ထိုပြီးထက်ဗွေ၊ ဘုံနေစွင့်စွင့်၊ ဆဲ့သုံးဆင့်ဖြင့်၊ မိုးမြင့်ဗြဟ္မာ၊ နှစ်ဆယ်မှာကား၊ ကမ္ဘာကမ္ဘီ၊ မသေပြီသို့၊ လေးလီထောင်ပေါင်း၊ ရှစ်သောင်းဘန်ဘန်၊ ပြန်ပြန်ဆဆ၊ တည်နေကြလျက်၊ အာမဂန္ဓ၊ ကာမငါးလီ၊ နံ့စိမ်းစီနှင့်၊ မညှီမစော်၊ ဈာန်မွေ့လျော်၍၊ ရွှင်ပျော်နှစ်လို့၊ စံကုန်မြို့၏၊ ကုသိုလ်အကျိုး၊ တန်ခိုးဝိပါက်၊ ပုညစက်လည်း၊ အထက်နတ်များ၊ အောက်နတ်အားလျှင်၊ ထင်ရှားပြမှ မြင်နိုင်ကြ၏၊ ဟီနပဏီတ၊ ပုညစေတနာ၊ ထူးကြစွာကြောင့်၊ သာလျှင်သာလျှောက်၊ ထက်ကအောက်ကို၊ ဘင်လောက်မက၊ ရွံရှာကြ၏၊ မနုဿဟူ၊ ညစ်ကြေးထူသည့်၊ လူတို့နံ့သက်၊ နံစောက်ချက်ကား၊ နံနက်ရှစ်ခာ၊ ညဉ့်ရှစ်ခါဖြင့်၊ နံ့သာရည်းမျိုး၊ ချိုးလင့်ကစား၊ ထက်နတ်များတို့၊ ဘွားဘွာလောက်ပြည့်၊ ကောင်ပုပ်၏သို့၊ ရှုကြည့်မသာ၊ ယူဇနာလျှင်၊ တရာလောက်က၊ ကွင်းရှောင်ကြ၏၊ မှန်လှတုံမျှို့၊ မှတ်ကုန်တို့လော့၊ ဤသို့မယွင်း၊ ပြခဲ့လျှင်းတိုင်း၊ သက်ဆင်းချမ်းသာ၊ နတ်ဗြဟ္မာနှင့်၊ လူမှာတို့ဝယ်၊ ရှက်နိုးဘွယ်သည်။     ။ သေးငယ်မှိန်မှိန် မှိန်မှေးတည်း။ (၁၁)

           ၉၃။      ဤသို့၎င်း၊ မြတ်စောလောင်းလျှင်၊ အသောင်းအသိန်း၊ ရေကိန်းမမျှ၊ ဘဝက၊ ဉာဏဝသီ၊ ပါရမီကြောင့်၊ လောကီရိပ်ငြိမ်၊ လူ့စည်းစိမ်နှိုက်၊ စိုးရိမ်မဲ့လတ်၊ နိမ္မာနတ်သို့၊ သမ္ပတ်သီရိ၊ တုမယှိအောင်၊ ဓိပတိကြီး၊ ပျော်မငြီးမျှ၊ ရွှေထီးရွှေနန်း၊ ရွှေကြငှန်းနှင့်၊ စံမြန်းသိမ်မွေ့၊ တည်နေလေ့လည်း၊ မမေ့မမေ့၊ ထင်စေ့စေ့တည့်၊ ထိုရွေ့လုပ်လက်၊ ဝိညာဉ်သက်နှင့်၊ အုပ်ကျွက်များစွာ၊ သတ္တဝါကား၊ ငြိမ်းရာမရ၊ ဝဋ်ဒုက္ခဖြင့်၊ နေ့ညမချမ်း၊ ဝဋ်မှုထမ်းတည့်၊ ဝဋ်တမ်းဝဋ်ထုံး၊ စဉ်မဆုံးဘဲး၊ ဝဋ်မင်းဝဋ်စိုး၊ ဝဋ်မျိုးဝဋ်နွယ်၊ အကယ်နှင်နှင်၊ ဝဋ်ကျွန်ရှင်နှင့်၊ ဝဋ်လင်ဝဋ်မယား၊ ဝဋ်သားဝဋ်သမီး၊ ပွားစည်သီးလျက်၊ ဝဋ်ထီးဝဋ်နန်း၊ ဝဋ်ကြငှန်းက၊ ဝဋ်ခန်းဝဋ်မြုံ၊ ဝဋ်ဘုံဝဋ်အိမ်၊ ဝဋ်စည်းစိမ်ဟု၊ ကြိမ်ကြိမ်ကြံလေ့၊ လျော့မမေ့ဘဲး၊ တနေ့တနေ့၊ တရွေ့ရွေ့လျှင်၊ ကြွေ့ကြွေ့မညှိုး၊ ဆန်းလတိုးသို့၊ မြတ်မျိုးတံထွာ၊ ထပ်ကာကာလျှင်၊ ပညာဝရဇိန်၊ သတိန္ဒြိ၊ သန္ဓေသိဖြင့်၊ ထင်ဘိသော့အား၊ ရှုပိုင်းခြားလျက်၊ တရားရုံပေါင်း၊ ဆိုးနှင့်ကောင်းကို၊ ကျိုးကြောင်းဖြစ်ဆစ်၊ မြင်မြဲးဖြစ်၍၊ ညွံညစ်ရွှံတွင်၊ နစ်ခဲ့ကျင်လည်း၊ မျက်ရှင်စိန်ခဲး၊ ထိန်ရဲရဲးသို့၊ ညစ်မြဲးမယှိ၊ ဖြစ်ဘိရကား၊ တရားကြံစေ့၊ ဉာဏ်အောက်မေ့၍၊ တနေ့သရော်၊ ရွှေနန်းပေါ်ထက်၊ ဆံတော်မုတ်ဆိတ်၊ ဖြတ်ရိတ်ပယ်ကာ၊ စံလှည့်ရာဝယ်၊ ဆတ္တာလုင်၊ မင်းကျွမ်းဝင်ကို၊ နီးတွင်ပါးတော်၊ ညင်းညင်းခေါ်၍။             ။ မြွက်ဘော်ဤသို့ မိန့်ပေးတည်း ။ ( ၁၂ )

           ၉၄။      အရှင်မင်းတိ၊ မှားယွင်းသဖြင့်၊ မကောင်း ကျင့်က၊ အသင့်မြစ်တာ၊ ကောင်းရာစီးပွား၊ ယှဉ်စေငြားနှင့်၊ ရှင့်အားကျေးဇူး၊ အထူးတင်အောင်၊ ဘုန်းဂုဏ်ရောင်ကို၊ ဆောင်သည်တချက်၊ ရှို့ဝှက်အပ်ရာ၊ ယှိသောခါလည်း၊ လုံစွာဝမ်းထဲး၊ ရှို့ဝှက်စွဲ၍၊ အမြဲမသုန်၊ အရှင့်ဂုဏ်ကို၊ နေရုဏ်ပြိုးပြက်၊ ရွေ့ရွေ့တက်သို့၊ ဆက်ဆက်မကြွင်း၊ နှံ့စေခြင်းက၊ မှုခင်း ရေးရာ၊ ဘေးတွေ့ခါလည်း၊ သွေခါမပယ်၊ ဆက်ဘွယ်, ဆက်ရာ၊ ရတနာ *မွန်မြတ်၊ ရလ တုံငြား၊ အရှင့်အားကို၊ ချန်ထားမဝှက်၊ အကုန်ဆက်သား၊ ခြောက်ချက်ဂုဏ်အင်၊ စုံလင်စုပေါင်း၊ လွန်ညီတောင်းသည့်၊ ကျွန်ကောင်းမှန်လှ၊ ကပ္ပက။        ။ နားဝင်စိမ့်အောင်၊ မြဲးမှတ်ထောင်လော့၊ ဘုန်းခေါင်မဟာ၊ ငါရာဇာ၏၊ ကေသာမြရွက်၊ ဥက္ခောင်းထက်နှိုက်၊ အနက် ညှိုးမြန်း၊ အဖြူသန်း၍၊ ဖြစ်ဆန်း, ဖြစ်ကျင်၊ တချောင်းထင်က၊ လျင်လျင်*ရှောင်းရှောင်း၊ လင့် မ*ညောင်းဘဲ၊ ကျွန်ကောင်း ကျွန် မွန်၊ ခါမလွန်နှင့်၊ ထိပ်စွန်ဦးပြင်၊ စုံလက်တင်၍၊ မြင်လျှင်မြင်ခြင်း၊ ကြာ မတင်းသည်။         ။ အချင်း တင်စေ မနှေးတည်း။ ( ၁၃ )

           ၉၅။      ဤသို့ဟူ၍၊ လူတို့ဓိပတိ၊ ဘုန်းတော်ယှိသား၊ ဗောဓိမဟာ၊ မြတ်ရာဇာက၊ ဆရာ မကူ၊ သယမ္ဘူဖြင့်၊ ဗုဒ္ဓင်္ကူလေ့၊ အောက်မေ့ကြံမြတ်၊ ဆောက်တည်မှတ်ပြီး၊ ဆတ္တာသမား၊ ထိုယောကျ်ားကို၊ မြွက်ကြားဆတ်ဆတ်၊ မိန့်တော်မှတ်တည်း။

ကပ္ပကာမန္တနခဏ်း ၁၃-ပိုဒ် ပြီး၏ ။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.