မင်းနောင်

မင်း‌နောင် ၁၉၂၈-၂၀၁၉ ( ဂန္ထဝင်အဆိုတော်ကြီး စည်သူ ဦးမင်း‌နောင် )

အ​ကျဉ်း​ချုပ်​ -

ဦးမင်း‌နောင်(အမည်ရင်း ဦး‌ကျော်မြင့်)ကို မိဘများဖြစ်ကြသော ဦးဘချစ်မောင်နှင့် ‌ဒေါ်တင့်မေတို့မှ ၂-၂-၁၉၃၁ ခုနှစ်တွင် ရန်ကုန်မြို့ အနောက်ပိုင်း၌ ‌မွေးဖွားခဲ့သည်။

ငယ်စဉ်ကျောင်းသားဘဝတွင် ‌ရေကူးခြင်း ၊ စက်ဘီးစီးခြင်း ၊ ကြက်တောင်ရိုက်ခြင်းနှင့် အလေးမ အားကစားများကို ဝါသနာထုံခဲ့သည်။

ငယ်ရွယ်စဉ်ကပင် အနုပညာစိတ် ပြင်းထန်ကာ စောင်းတီးခတ်ခြင်းအတတ်ကို ‌မွေ့‌လျော်၍ ‌ စောင်း ဦးခင်မြင့် ၊ ‌စောင်း ဦးဘသန်း တို့ထံတွင် တပည့်ခံ သင်ယူခဲ့သည်။

၁၉၄၇ခုနှစ်မှစ၍ စန္ဒယားသီဟ အပျော်တမ်း တူရိယာအဖွဲ့တွင် " လုံမေ ၊ ‌‌‌‌‌မဉ္ဇူဆွေ ၊ နီလာ ၊ ‌‌ရွှေမိုးညို ၊ မတိမ်းသင့်ပါဘူး‌မေရယ် ၊ စိမ်း ၊ ‌ရွှေရည်လူး ၊ လွမ်းစာမွဲ ၊ ဝေးပြီခင်ရေ " စသော ကိုယ်တိုင်ရေးသီချင်းများ စတင် သီဆိုခဲ့သည်။

ထို့နောက် စန္ဒယားကိုအောင်ကိုး ဦးစီးသည့် ချိုတေးဆက်အဖွဲ့တွင် ပင်တိုင်အဆိုတော်အဖြစ်ဖြင့် " ‌ဖော်မဲ့တေးသံ ၊ နင်လားဟဲ့ ‌လောကဓံ ၊ ဘဝဟူသည် ၊ အို-‌စောင်း ရှင်ရယ် " သီချင်းများဖြင့် ထင်ရှားလာခဲ့သည်။

ဂီတလု‌လင် ‌မောင်ကိုကိုတူရိယာအဖွဲ့ဖြင့် သီဆိုခဲ့သော ဘိုကလေးတင့်အောင် ရေးသားသည့် တက္ကသိုလ်‌ကျောင်းသူတဦး ၊ ဂျင်မလေးဂျမ်း ၊ ဇရာ ၊ လ ‌ရောင် ‌အောက်က သီချင်းသည်  " သီချင်းတို့မှာ နာမည်ကျော်ကြား လူကြိုက်များလှသောတေးသီချင်းများ ဖြစ်ခဲ့သည်။

ထို့နောက် " မြတ်ရွှေတိဂုံ ၊ နတ်သျှင်နောင် ၊ မုန်းရစ်လေဦး ၊ ချစ်မိုးကြီး ၊ တကမ္ဘာ ခြားလည်း ချစ်နေမယ် ၊ မမေ့တဲ့နိုင် ၊ လုလင်ငယ်သွေး " စသော ခက်ခဲနက်နဲသည့် သီချင်းများဖြင့် ဂီတအနုပညာ‌လောကတွင် မှတ်ကျောက်တင် ခံနိုင်ခဲ့သည်။

ထို့အပြင် "  ပွဲကြိုက်ခင် ၊ ဂီတ အခြေခံ " စသော ဂန္ထဝင် သီချင်းများ ၊ ဂီတ ညီအမများနှင့် " သက်ဝေ ၊ မြန်မာ နာရီမှူး ၊ သီတင်းကျွတ်ပါပီ ၊ ချမ်းငြိမ့်မေတ္တာ ၊ နန်း‌‌ကေသီ ၊ ‌နှောင်းချစ်ရက် သံသရာ " စသော စုံတွဲတေးများ။ ရုပ်ရှင်ဇာတ်ကားများ၏ ဇာတ်ဝင်နောက်ခံ ‌တေးသီချင်း‌ပေါင်း ‌မြောက်များစွာကိုလည်း သီဆိုခဲ့ရပါသည်။

သူ့ခေတ်သူ့အခါက ရုပ်ရှင်နယ်ပယ်တွင်လည်း ရုပ်ရှင်သရုပ်ဆောင်အဖြစ် " ဘ၀ချင်းဆုံတွေ့ပါရစေ ၊ ရွက်ဝါ ၊ တစ် မိုး‌သောက် သော် ၊ သမန်းကျား ၊ ချစ်သူတို့သာ‌ပျော်ပါ‌စေ နှင့် ‌မောင်‌မောင်ဆိုလေထီးရိုးရှည် " အစ ရှိသော ဇာတ်ကား ၆ ကားခန့် ရိုက်ကူးခဲ့ရသည်။

၂၀၀၅-၂၀၀၆ခုနှစ်တွင် ရုပ်ရှင်အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ဝင်အဖြစ် လည်း‌ကောင်း ၊

တပ်မတော်‌နေ့ အထိမ်းအမှတ် စစ်ချီစစ်ရေး ‌‌တေးသီချင်းပြိုင်ပွဲ စိစစ်ရေး အဖွဲ့ဝင်အဖြစ် လည်း‌ကောင်း ‌ဆောင်ရွက်ခဲ့သည်။

၂၀၀၄-၂၀၀၇ခုနှစ်အထိ အမျိုးသားညီလာခံတွင် ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ နှစ်စဉ် ကျင်းပခဲ့သော မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် အဆိုအကဲဖြတ်(ဗဟို)အဖြစ် လည်း‌ကောင်း ၊

မြန်မာ့အသံ ‌ခေတ်‌ပေါ်တေးဂီတ စိစစ်ရေးဘုတ်အဖွဲ့ဝင်အဖြစ် လည်း‌ကောင်း ၊

ပြန်ကြား‌ရေး ဝန်ကြီးဌာန ‌ခေတ်ဟောင်း ‌တေး‌ရေးပညာရှင်ကြီးများ၏ ‌တေးသီချင်းများနှင့် အတ္ထုပ္ပတ္တိမှတ်တမ်း စိစစ် ရေး‌ကော်မတီ အဖွဲ့ဝင်အဖြစ် လည်း‌ကောင်း ၊

မြန်မာနိုင်ငံ ဂီတ အစည်းအရုံး( ဗဟို )၏ နာယကအဖြစ် လည်း‌ကောင်း ‌ဆောင်ရွက်ခဲ့ပါသည်။

၂၀၀၄ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော လူမှုထူးချွန် ( ပထမအဆင့် ) ရရှိခဲ့သည်။

၂၀၁၂ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော စည်သူဘွဲ့ ကို ရရှိခဲ့သည်။

ငယ်စဉ်ဘဝ ‌မောင်‌ကျော်မြင့်သည် ‌၁၄-၀၆-၅၈ တွင် ‌မရီရီမြင့် ( ‌တေးသံရှင် ရီလေး )နှင့် စထရင်း‌ဟော်တယ်တွင် လက်ဆက်ခဲ့ပြီး သားသ္မီး ၄ ဦး ထွန်းကားခဲ့သည်။

(၁)ချစ်သည်းအူး(ခ)ကလျာမင်းမင်းဦး+ဦးဟန်စိုး

(၂){ မိုးသီး(ခ)မင်း‌မော်+‌ဒေါ်ခင်သက်မော် }

(၃){ တိုးနီ(ခ)‌နေလင်း+‌ဒေါ်အေး‌အေး }

(၄)‌အောင်‌အောင်(ခ)‌အေးမင်း‌‌နောင်‌+‌ ‌Dr.ဒေါ်စုလဲ့ဝင်း (ခ) နန်းလျံခမ်း တို့ဖြစ်သည်။

၂၀၁၉ ဇန္နဝါရီ ၃၁ရက် ညနေ ၅နာရီ၄၅မိနစ်တွင် သူချစ်သောမိသားစုနှင့် သူ့ကိုချစ်သော ပုရိတ်သတ် ၊ ဂီတ ညီအစ်ကိုမောင်နှမ မိတ်ဆွေများကို ထာဝရနှုတ်ဆက် ထွက်ခွာသွားခဲ့ပါသည်။

ကိုးကား

    မြန်မာနိုင်ငံဂီတအစည်းအရုံး( ဗဟို ) [[ { အဌမအကြိမ် } သက်ကြီးဂီတပညာရှင်ကြီးများပူဇော်ကတော့ပွဲ ]] Edition; 19-12-2018

    မြန်မာသံဂန္ထဝင်များ၏ သူတို့ပြော‌သော သူတို့အကြောင်း အောင်ဟိဏ်း(ကျိုက်ထော်)

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.