မင်းယုဝေ စာစုစာရင်း

ကဗျာ

ကြည့်စမ်းအဆွေ

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၉ (စက် ၂၀၀၀) စာ ၁။ ကြည့်စမ်းအဆွေ၊ မြစ်ကမ်းခြေ - - - အစချီ။ တစ်ပင်တည်းရှိသော သစ်ပင်သည် လပြေင်းမုန်တိုင်းရိုက်ခတ်ဒဏ်ကို တစ်ပင်တည်းခံကြရ၏။ တောတွင်း၌ ပေါင်းစု၍ပေါက်ရောက်နေသော သစ်ပင်တို့မှာ လေပြင်းမုန်တိုင်းဒဏ်ကို ပေါင်းစု၍ကြံကြံခိုင်ကြသည်။ တစ်ပင် တည်းရှိသောသစ်ပင်နှင့်ပေါင်းစု၍ရှိသော သစ်ပင်များတို့ကို ယှဉ်၍ တစ်ကိုယ် တည်းနှင့်စည်းလုံးခြင်းတို့၏ အကျိုးကို ရေးသားစပ်ဆိုထားသော ကဗျာတစ်ပုဒ် ဖြစ်ပါသည်။

ကြယ်နှင့်အမှောင်

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၇ (ဇူ ၂၀၀၁) စာ ၁။ ကြည့်စမ်းအဆွေ၊ ငွေကြွယ်တစ်ပွင့် - - - အစချီ။ ညအခါ ကောင်းကင်ပြင်သည် မည်းမှောင်နေစဉ် ကြယ်တစ်ပွင့်တည်း ဖြစ်၍ကောင်းကင်၏ အမှောင်ကို မခွင်းနိုင်သော်လည်း ကြယ်ပေါင်း များစွာ၏ အလင်းဖြင့် အမှောင်ကိုခွင်းနိုင်ကြောင်း၊ စုပေါင်းခြင်း၏ကောင်းကျိုးကို ဖော်ဆောင်ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်သည်။

ကျွန်ုပ်တွေ့သောကဗျာတစ်ပုဒ်

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၁၁ (နို ၂၀၀၀)။ ချစ်သ္မီးငယ်၊ လူမယ်လျှင် - - - အစချီ။ အစ်မလုပ်သူသည် ငိုရှိုက်ပြီးအီနေသောမောင်ငယ်အား တေးဆိုချော့၍ ပွေ့ချီ ထိန်းနေပုံကို ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

ခရေပန်း

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၇ (ဇူ ၂၀၀၂) စာ ၁။ အို-ခရေပန်း - - - အစချီ။ ခရေပန်းသည် ပန်းသဇင်ကဲ့သို့ တော်ဝင်ဂုဏ်အင်မရှိသော်လည်း သူ၏အဆင်း၊ အနံ့၊ တို့မှာ ဝင်းပမွေးကြူ နေသည်။ နွမ်းခြောက်သော်လည်း သူ၏ ရနံ့မှာမပြယ်ကြောင်း ခရေပန်း၏ဂုဏ်အင်ကိုရေးဖွဲ့ထားပါသည်။

ချစ်စရာ လူမွန် ဆရာဝန်သို့

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၁ (ဇန် ၂၀၀၂) စာ ၁။ ရောဂါရလာ၊ များသူနာကို - - - အစချီ။ ဆရာဝန်များသည် လူနာတို့အတွက် ပညာကို မချွင်းမချန် ကြိုးစား၍ စေတနာထားကာ ကုသပေးကြသည်ကို ရည်ညွှန်း၍ ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

ချစ်သောမြစ်နှစ်သွယ်

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၁၂ (ဒီ ၂၀၀၀) စာ ၁။ ၊ တွဲ ၁၄၊ မှတ် ၉ (စက် ၂၀၀၂) စာ ၁။အလွန်သေးငယ်သော၊ မြစ်နှစ်သွယ်လျှင် - - - အစချီ။ ဘယ်ဝယ်ဘယ်ဆီကမှန်းမသိ စီးဆင်းလာကြသော မြစ်နှစ်သွယ်သည် တစ်နေရာ၌ ပေါင်းစုပြီးစီးဆင်းလာရာ သူတို့စီးဆင်းရာ မြစ်ကြောင်း တစ်လျှောက်၌ လူသားတို့အတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပုံကို ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

ဆရာအို၏အမွေ

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မှတ် ၅ (မေ ၁၉၉၉) စာ ၁။ တွဲ-၁၄၊ မှတ်-၆၊ (ဇွန် ၂၀၀၂)၊ စာ-၁။ ဆရာအိုမှာ - - - အစချီ။ ဆရာသမားမှာ အသက်အရွယ် အိုမင်းရင့်ရော်ပြီး ဇရာတောင်း၍ ကွယ်လွန်သွားသော်လည်း ဆရာ၏မေတ္တာစေတနာဖြင့် ပေးေဝခဲ့သော ပညာများမှာ နုပျို၍တည်မြဲနေကြောင်း ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ် ဖြစ်ပါသည်။

ဇီဝက

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၈ (ဩ ၂၀၀၀) စာ ၁။ ရောဂါဖိစီး၊ အနာသည်း၍ - - - အစချီ။ ကဗျာဆရာသည် အသပြာမမက်ပဲ စေတနာရှေ့ထားသော သမားတော် 'ဇီဝက'၏မွန်မြတ်သော စိတ်စေတနာမှာ လေးစားမြတ်နိုးဖွယ် ကောင်းပုံ အကြောင်းကို ရေးဖွဲ့ထားသောကဗျာတစ်ပုဒ်ဖြစ်ပါသည်။

တန်ခိုးရှင်ပမာ

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၁၂(ဖေ ၂၀၀၂) စာ ၁။ အလုပ်သမားကို - - - အစချီ။ အလုပ်သမားတို့၏ ကြိုးစားခွန်အားစိုက့်၍ ဆောက်လုပ်မှုကြောင့် တိုက်၊ အိမ်၊ တံတား လမ်းများမှာ ကမ္ဘာလောကကြီးကို အလှဆင်၍ သာယာလှပနေပုံကို ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

နေဝင်တော့မည်အိုနှမ

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၄၊ (ဧ ၂၀၀၂) စာ ၁။ နေဝင်တော့မည် - - - အစချီ။ ညနေခင်း နေဝင်ရီတရောအချိန် တောရွာဓလေ့ မိန်းမပျိုလေးများ ရေခပ်ဆင်းချိန်နှင့်ပတ်သက်၍ ညနေနေဝင်ချိန် တောဓလေ့ အလှကို ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

ပန်းကောက်ချိန်

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၃ (မတ် ၂၀၀၁) စာ ၁။ အရုဏ်တက်၍ - - - အစချီ။ နံနက်အရုဏ်ရောင်ခြည်လင်းချိန်တွင် မိန်းကလေးငယ်အား အိပ်ရာမှထ၍ ပန်းခရေတို့အား ကောက်ယူသီကုံး ပန်ဆင်၍ အလှဆင်ရန် ရေးဖွဲ့ထား သော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

ပန်းချီဆရာနှင့်သူ့ပညာ

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၁၁ (နို ၂၀၀၁) စာ ၁။ တရွေ့ရွေ့နှင့် - - - အစချီ။ လူသည်အသက်အရွယ် အပြောင်းအလဲကြောင့်ရုပ်လက္ခဏများ ပြောင်းလဲလာခြင်း၊ သေဆုံးသွားခြင်းတို့ဖြစ်ပေါ်လာသော်လည်း ပန်းချီဆရာ ၏အစွမ်းကြောင့်ရုပ်ပုံများနုပျိုအသက်ဝင်ကာ အစဉ်တည်မြဲ၍ အိုမင်းခြင်း၊ သေဆုံးခြင်းတို့ မရှိနိုင်ပုံကို ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

ပုပ္ပါးမှသည်

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မှတ် ၁ (ဇန် ၁၉၉၉) စာ ၁။ ပုပ္ပါးဒေသ၊ သာယာလှ၏ - - - အစချီ။ ပုပ္ပါးဒေသ၏ ရာသီဥတုမျှတပုံ၊ ပတ်ဝန်းကျင်စိမ်းလန်သာယာပုံ၊ စေတီဘုရားများနှင့် တောင်ကလပ်မှာ ကြည်ညိုဖွယ်ကောင်းပုံ၊ ဒေသခံ တိုင်းရင်းသားတို့၏ ဖော်ရွေပုံ၊ မိမိတို့တိုင်းဋ္ဌာနီ၏ ငြိမ်းချမ်းလှပပုံတို့ကို ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

ဘွားဦးဇွန်း

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၆ (ဇွန် ၂၀၀၀) စာ ၁။ မင်းကွန်မြို့ဆီ၊ ငါရောက်လည်စဉ် - - - အစချီ။ မင်းကွန်မြို့သို့ စာရေးသူရောက်ရှိစဉ် ဘွားဦးဇွန်၏ကောင်းမှုကုသိုလ်၊ မေတ္တာ၊ စေတနာထားရှိပုံတို့ကြောင့် စိတ်ကြည်လင်ချမ်းမြေ့ရပုံ အကြောင်းကို ရေးဖွဲ့စပ်ဆိုထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

မြေအလှ

မြဝတီ၊ တွဲ ၄၉၊ မှတ် ၇ (မေ ၂၀၀၁) စာ ၅။ တွဲ ၁၄၊ မှတ် ၈၊ (ဩ ၂၀၀၂) စာ ၁။ ထိုနေရာဝယ် - - -အစချီ။ ဆူးနွယ်၊ ချုံ၊ မြတ်ရိုင်းတို့ပေါက်နေသော မြေရိုင်းတခုကို လယ်ယာ လုပ်ကိုင်သော ယောကျာ်းတစ်ယောက်သည် ခုတ်ထွင် ရှင်းလင်း ပြီးနောက် မိုးရာသီခါ၌ စပါးပင်တို့စိုက်ပျိုးထားရာ ရွှေဝါရောင် မြစိမ်းရောင်တို့ဖြင့် သာယာလှပနေပုံ ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

ရေလယ်ကျွန်း

မြဝတီ၊ တွဲ ၁၃၊ မှတ် ၁၂ (ဒီ ၂၀၀၁) စာ ၁။ နေထွက်လာပြီ - - - အစချီ။ နံနက်နခြေည်ထွက်ပြူးလာချိန်၊ ကျေးငှက်တို့သည် အိပ်တန်းတချိန် တို့တွင်မြစ်ရပြေင်တို့ ကြည်လင်တောက်ပနေချိန်တွင် လူတို့သည် မြစ်ပင်ကို ဖြတ်၍ စိတ်နှင့်လိုရာခရီးတောင်းတတိုင်းမရောက်နိုင်ပဲ ကိုယ်တိုင်လှေကို အားစိုက်လှော် မှသာ လိုရာရောက်နိုင်ပုံကို ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ် ဖြစ်ပါသည်။

ရွှေကျီးညို

မြဝတီ၊ တွဲ ၁၃၊ မှတ် ၉ (စက် ၂၀၀၁) စာ ၁။ တွဲ ၁၄၊ မှတ် ၁၁ (နို ၂၀၀၂) စာ ၁။ စိမ်းစိုစို ညောင်ညိုစခန်းဆီက - - - အစချီ။ ကျီးတို့သည် အဆင်းအင်္ဂါမလှသော်လည်း အသံသာ၍ ရွှေဧည့်သည် တို့ကို သူတို့၏အသံဖြင့် ဖိတ်ခေါ်သည့် နိမိတ်ရှိကြောင်း ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ် ဖြစ်ပါသည်။

လူသားအနိုင်ရသည်ကား

မြဝတီ၊ တွဲ ၁၃၊ မှတ် ၂ (ဖေ ၂၀၀၁) စာ-၁။ ကြည့်စမ်းအဆွေ - - - အစချီ။ မိုးတွင်း၌ ရာသီဥတု မည်မျှပင် ဆိုးရွားစေကာမူ၊လမ်းတံတားများ မည်မျှ ပျက်စီးစေကာမူ လူသားတို့ပေါင်းစုပြီး လမ်း၊ တံတား၊လယ်၊ ယာ၊ မြေများကို ကာကွယ်တားဆီးကြလျှင် ဆိုးရွားလှသော ရာသီဥတုကို အနိုင်ရနိုင်ကြောင်းကို ရေးဖွဲ့ထားသောကဗျာတစ်ပုဒ် ဖြစ်ပါသည်။

လောကနှင့်လုပ်သား

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၁ (ဇန် ၂၀၀၁) စာ ၁။ လောကပွားစည်၊ အဓွန့်ရှည်အောင် - - - အစချီ။ လောကကြီး ဖွံ့ဖြိုးတိုးတက်စည်ပင်လာစေရန် လုပ်သားတို့၏ လုပ်အားဖြင့် စက်ရုံ၊ လမ်း၊ တံတား၊ ဆည်၊ စိုက်ခင်းများဖြင့် ထုတ်ကုန် တိုးအောင် ဆောင်ရွက်ရန်နှင်စစ်ပွဲများကင်း၍လွတ်လပ်သော လောကကြီးကို ကြိုးစား၍ တည်ဆောက်သွားရန် ရည်ရွယ်၍ ရေးဖွဲ့ထားပါသည်။

သားမြေးဆက်၍

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၄ (ဧ ၂၀၀၁) စာ ၁။ တစ်ရက် နှစ်ရက်၊ စသည်ရက်လည်း - - - အစချီ။ တိုင်းပြည်တာဝန်ကို သားမြေးစဉ်ဆက်ခေတ်အဆက် ဆက်လက်၍ လက်ဆင့်ကမ်းပြီး တိုးတက် ဖွံ့ဖြိုး လာအောင် ဆောင်ရွက်သင့်ပုံကိုရည်ရွယ်၍ ရေးသားထားသောကဗျာတစ်ပုဒ် ဖြစ်ပါသည်။

သင်နှင့်ငါ

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၁၀ (အောက် ၂၀၀၁) စာ ၁။ မြစ်ညိုခြား၍ - - - အစချီ။ မြစ်တစ်ဖက်ဆီ၌ နေထိုင်ကြသော လူတို့သည် နံနက်လင်းချိန်မှစတင်၍ တစ်နေ့တာလုံးမြစ်မှရေကို ကိုယ်စီလိုအပ်သလို သုံးစွဲနကြေပုံကို ရေးဖွဲ့ထား သောကဗျာတစ်ပုဒ်ဖြစ်ပါသည်။

သည်ညီအစ်ကို

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၁၀ (အောက် ၂၀၀၀) စာ-၁။ အစ်ကိုရေ − ညီပုလေးရေး နဲ့ - - - အစချီ။ တစ်အူတုံဆင်း ညီအစ်ကိုသားချင်းများ၏ ချစ်ကြည်ရင်းနှီးမှုကို ဖွဲ့ဆိုထား သောကဗျာတစ်ပုဒ်ဖြစ်ပါသည်။

သတ္တိရှင်မိခင်

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မှတ် ၉ (စက် ၁၉၉၉) စာ ၁။ အလုပ်နား၍ - - - အစချီ။ သားနှင့်မိခင် ယာတောခွင်ဝင်ပြီးညနေအပြန်၌ ကျားနှင့်တွေ့ရာသားငယ် မှာ ကျား၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းစွာရရာ မိခင်မှာ အသက်စွန့်၍ ကျားကို တိုက်ခိုက်ပြီး ဒဏ်ရာ ပြင်းထန်စွာ ရသည့်ကြားမှာ ဒဏ်ရာ ရထားသော သားအား ဖေးကူတွဲ၍ ရွာသို့ပြန်ခဲ့သည့် တကယ်ဖြစ်ရပ်မှ မိခင်၏မေတ္တာ တရားကို ဂုဏ်ယူ ဖော်ညွှန်း ရေးဖွဲ့ ထားသောကဗျာဖြစ်ပါသည်။ (တန်းပင်ချောင်းကျေးရွာမှ တကယ့်ဖြစ်ရပ်ကို ရေးဖွဲ့ထားပါသည်)။

သိပ္ပံရထား

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၇ (ဇူ ၂၀၀၀)စာ ၁၊ ပုံ။ ဥဩမှုတ်သံ၊ တညံညံဖြင့် - - - အစချီ။ ရထားကြီးစီး၍ အနယ်နယ်အရပ်ရပ်သို့ စားနပ်ရိက္ခါ၊ အဝတ်တန်ဆာ အစရှိသည့် လူမှု၊ စီးပွား၊ ပညာပြန်ပွားအောင် ဆောင်ရွက်နကြေသော လူသားများ အတွက် ရည်ရွယ်ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

ဟိမဝန္တာနှင့်လူသား

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မှတ် ၇ (ဇူ ၁၉၉၉)စာ ၁။ ဟိမဝန္တာ၊ တောင်မဟာကို - - - အစချီ။ စာရေးသူကလေးဘဝ၌ ဟိမန္တာတောင်မဟာကို မြင်တွေ့ချင်စိတ်ပြင်းပြခဲ့ရာ အသက်ကြီးလာသောအခါ အခွင့်အရေးပေါ်၍ ကြီးမားမြင့်မားသော ဟိမန္တာတောင်ပေါ်သို့ တက်ရောက်နိုင်သောအခါ မည်မျှမြင့်မားခက်ခဲသော တောင်ဖြစ်စေကာမှု လူတို့၏စွမ်းပကားဖြင့် တက်ရောက်နိုင်ကြောင်းကို တွေ့မြင်မိပြီး ဉာဏ်အလင်းရပုံတို့ကို ရေးဖွဲ့ ထားသော ကဗျာတစ်ပုဒ် ဖြစ်ပါသည်။

ဟီရိုးရှီးမားမှ ကလေးငယ်သို့တမ်းချင်း

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၈ (ဩ ၂၀၀၁) စာ ၁။ အဏုမြူ ဗုံးဒဏ်သင့်ပါလို့ - - - အစချီ။ ဂျပန်နိုင်ငံ ဟီရိုးရှီးမား၌ အဏုမြူဗုံးဒဏ်ကြောင့်သေဆုံးထားသော ကလေးငယ်များအတွက် ရည်စူး၍ ကဗျာဆရာမှ ဝမ်းနည်းကြောင်းရေးစပ် ထားသော တမ်းချင်းကဗျာတစ်ပုဒ်ဖြစ်ပါသည်။

အပြစ်ဟောင်း

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၃ (မတ် ၂၀၀၂) စာ ၁။ ဘာမှမမြင်၊ အမှောင်ပြင်လည်း - - - အစချီ။ ဖက်ဆစ်ဂျပန်တို့အား တိုင်းရင်းသားပေါင်းစုံတို့ ယောက်ျား၊ မိန်းမ မခွဲခြားပဲလက်တွဲက တော်လှန်ကြပုံကို ရေးဖွဲ့ထားသောကဗျာတစ်ပုဒ် ဖြစ်ပါသည်။

အမေ

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မှတ် ၆ (ဇွန် ၁၉၉၉) စာ ၁။ မီးပမာလျှင် - - - အစချီ။ နွေဦးအခါတစ်နေ့၌ လူနေအိမ်ခြပြေည့်သိပ်နေသော ရပ်ကွက်တစ်ခု အတွင်းမီးလောင်ရာ မီးစွဲနေသော အိမ်အတွင်း၌ ပုခက်တွင်းမှ သားငယ် အား မိခင်သည် မီးလျှံကြားမှအသက်စွန့်၍ ကယ်တင်ခဲ့ရာ ကလေးငယ်မှာ အသက်ရှင်သော်လည်း မိခင်သည် သေဆုံးခဲ့သည်။ မိခင်သည် သေဆုံးသွားသော်လည်း အေးမြလှသော မိခင်၏မေတ္တားတရားမှာ ဘယ်သောအခါမှ ပျက်သုဉ်းသွားမည်မဟုတ်ကြောင်း ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

အရွယ်

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၁၀ (အောက် ၂၀၀၂)စာ ၁။ မင်းကွန်းရွာမှာ - - - အစချီ။ မြေးအဘွား နှစ်ယောက်တို့သည် မင်းကွန်းသို့ ဘုရားဖူးလာရာ အေးငြိမ်းလှသော မင်းကွန်း၏ သာယာမှုကို နှစ်သက်ကြ၍ ကိုယ်စီကိုယ်စီ မိမိတို့ ဆန္ဒကို အရွယ်နှင့် လိုက်စွာ ဆုတောင်းပုံကို ရေးဖွဲ့ထားပါသည်။

အရွယ်ငယ်သော်လည်း

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၆ (ဇွန် ၂၀၀၁) စာ ၁။ ကြယ်ကလေးငယ်ငယ် - - - အစချီ။ အရွယ်ငယ်သော်လည်း ပညာမငယ်ပဲ အသုံးဝင်ပုံတို့ကို ကြယ်ကလေး၊ ကြက်ကလေး၊ ငှက်ကလေး၊ လှေကလေးတို့နှင့် တင်စား၍ရေးဖွဲ့ ထားပါသည်။

အလွမ်း

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၅ (မေ ၂၀၀၁) စာ ၁။ အခါတစ်ပါးမှာလ - - - အစချီ။ စာရေးသူ တိုင်းတပါးနိုင်ငံသို့ ရောက်ရှိနေစဉ် မိမိမွေးဖွားရာဌာန တိုင်းပြည်၏နေ့စဉ်စားသောက်နေထိုင်မှု၊ လူမှုပတ်ဝန်းကျင်၊ ရာသီဥတုတို့ ကို သတိရကြောင်း ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

အလှကျွန်းသို့ မြကျွန်းသို့

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မှတ် ၈ (ဩ ၁၉၉၉) စာ ၁။ လှေမရှိက - - - အစချီ။ ကဗျာ၌လူတို့သည် လှေမရှိက လှေရှိအောင်၊ တက်မရှိက တက်ရှိ အောင် ရွက်မရှိက ရွက်ရှိအောင် ပြင်ဆင်ပြီး လိုရာခရီး ရည်မှန်းချက်သို့ ရောက်အောင် ခရီးဆက်မည့်အကြောင်းရေးဖွဲ့ထားပါသည်။

ဤမိသားစု

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၁၂ (ဒီ ၂၀၀၂) စာ ၁။ ညနေဆည်းဆာ၊ နေဝင်လာ၍ - - - အစချီ။ ဖခင်နေထိုင်မကောင်း၍သားမှာ ငါးရှာထွက်စဉ် မိခင်နှင့်ဖခင်မှာ သားမပြန် မလာမချင်း သောကပွေစွာ နှင့် မျှော်လင့်ရင်း သားပြန်လာချိန် ဝမ်းသာ ကြည်နှုး မျက်ရည်စို့ရပုံ မိသားစု ဘဝကို ရေးဖွဲ့ထားသော ကဗျာဖြစ်ပါသည်။

အို-ပိတောက်ပင်

မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မတ် ၄ (ဧ ၁၉၉၉) စာ ၁။ ခြံထောင့်စွန်းစီက - - - အစချီ။ နွေဦးအခါတွင် ပိတောက်ပင်တို့ပွင့်ဖူးပြီး လူတကာငေးမောကြပြီး၊ စူး၍ ပန်ဆင်ခဲ့ကြပုံ၊ အပွင့်များကုန်ဆုံပြီး အလှ ပျောက်ကွယ် ခဲ့ကြရသော်လည်း တစ်နှစ်ကုန်ဆုံးပြီး နောက်နှစ်နွေရာသီရောက်ချိန်၌ ပြန်လည်ပွင့်လန်းခဲ့ကြပုံကို ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

ကျန်းမာရေးနှင့်ဆေးပညာ

ကြက်သွန်ဖြူ၊ ဝင်းအံ့။ မင်္ဂလာမောင်မယ်ရုပ်စ၊ုံတွဲ ၁၄၊ မှတ် ၇ (ဇူ ၂၀၀၂) စာ ၃၀-၃၁။ ကြက်သွန်ဖြူသည် လူသားတို့သည် ကျန်းမာရေးနှင့်ပတ်သက်၍ ကောင်းကျိုး အာနိသင် အစွမ်းပေးသည့်အ ကြောင်းအချက် များကို ရေးသားဖော်ပြထားပါသည်။

မီးပြီးသောဆေး၊ အောင်ထက်။ - - -၊ တွဲ ၁၅၊ မှတ် ၇ (ဇူ ၂၀၀၀) စာ ၂၆။ အာဖရိကတိုက်၊ တန်ဂန်ဂိုကနိုင်ငံမှ ကွန်ဒို တိုင်းရင်းသားတို့တွင် ဆေးဝါးကုသမှု ကျွမ်းကျင်သူအချို့၏ လျှို့ဝှက်ဆန်းကြယ်သော ဆေးတစ်မျိုး ဖြစ်သည့် အသီးအရွက်အဆီတို့ဖြင့် ဖော်စပ်ထားသော မီးလောင်ခြင်း၊ အပူလောင်ခြင်း ကာကွယ်သည့် ဆေးတစ်မျိုး ဖော်စပ်ထားခဲ့ကြောင်း ရေးသား ဖော်ပြထားပါသည်။

အိမ်သာတွင် ကြာရှည်မထိုင်ပါနှင့်၊ - - -။ - - -၊ တွဲ ၁၁၊ မှတ် ၁၀ (အောက် ၁၉၉၉) စာ ၃၆၊ ပုံ။ နာမည်ကျော် အမေရိကန်ဆရာဝန်ကြီး ဒေါက်တာဒရက်ဒလေဗျူသည် လူသားတို့အား အိမ်သာတွင် ကြာရှည် မထိုင်ရန်၊ ကြာရှည် ထိုင်ပါက ရောဂါများ ရရှိနိုင်ကြောင်း ထုတ်ဖော်ပြောကြားထားကြောင်းကို ရေးသား ဖော်ပြထားပါသည်။

ခွဲစိတ်ကုသမှု

စိတ်ဝင်စားဖွယ်ကျောက်ကပ်အစားထိုးကုသမှု၊ သက်ဝေဦး။ - - -၊ တွဲ ၁၄၊ မှတ် ၁(ဇန် ၂၀၀၂) စာ ၂၅-၂၆၊ ပုံ။ အင်္ဂလန်နိုင်ငံမှကျောက်ကပ်ရောဂေါဝဒနာရှင် အသက်(၄၄)နှစ်ရှိကျောင်ေဆရာ တစ်ဦး ဖြစ်သော ရိုးရာတေးဂီတအဆိုတော်ဖြစ်သူ ဂျိုနသန်နှင့် ကျောကကပ် အလှူရှင် ဂျိုနသန်၏ချစ်သူ အသက်(၄၆)နှစ်အရွယ်ရှိ ရိုးရာတေးအဆိုတော် တစ်ဦးဖြစ်သူ'ဂျိမ်းမင်ချယ်'ဆိုသူအမျိုးသ္မီးတို့၏စိတ်ဝင်စားဖွယ် ကြည်နူးဖွယ် ကောင်းသော ကျောက်ကပ် အစားထိုး ကုသမှုအ ကြောင်း ရေးသား ဖော်ပြထားပါသည်။

လူဝကြီးကို ခွဲစိတ်အောင်မြင်၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၃၊ မှတ် ၃ (မတ် ၂၀၀၁) စာ ၂၄-၂၅၊ ပုံ။ လူဝကြီး' ရွန်ဘိုဗီနို' အသက်(၃၈)နှစ်သည် အရပ်၅ပေ၊ ၁၀လက်မရှိပြီး ကိုယ်အလေးချိန်ပေါင် ၅၀၀ကျော် ရှိလာရာ သူ၏ကျန်းမာရေးကို ထိခိုက်လာ၍ ခွဲစိတ်ကုသမှုပြုလုပ်ပုံများကိုရေးသားဖော်ပြထားပါသည်။

အံ့ချီးဖွယ်ခွဲစိတ်အောင်မြင်မှု၊ ဝင်းဝင်းမြတ်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၂ (ဖေ ၂၀၀၀) စာ ၂၄-၂၅၊ ပုံ။ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှ လူစီကလိုင် အမည်ရှိ အမျိုးသ္မီး တစ်ဦးသည် ကိုယ်ဝန်ဆောင်စဉ် ရင်သွေးမှာ ဝမ်းဗိုက်ထဲ၌ ဦးခေါင်းနောက်ပြန်ဖြစ်နပြေီး၊မွေးဖွားခဲ့ပြီးနောက် (၄)ရက်သား အရွယ် ကလေးငယ်အား ခွဲစိတ်ပါရဂူများက ဦးခေါင်းနှင့်ကိုယ်ခန္ဓာအတည့်ဖြစ်သွားရန် အတွက် ပြန်လည်ခွဲစိတ်ခဲ့ရာ အောင်မြင်မှုရခဲ့ကြောင်းကို ပုံနှင့်တကွ ရေးသား ဖော်ပြထားပါသည်။

အံ့ဖွယ်ကိုယ်ခန္ဓာ အစားထိုးလဲလှယ်ခွဲစိတ်မှု၊ အောင်ထက်။ - - -၊ တွဲ ၁၂၊ မှတ် ၉ (စက် ၂၀၀၀) စာ ၂၇-၂၈၊ ပုံ ၁။ ခေတ်သစ်ဆေးပညာရှင်ကြီးများ၏ ကိုယ်ခန္ဓာအစားထိုးကုသမှုများ အတွက် ကြိုးစားခဲ့ပုံများ၊ ကုသမှုတွင်အောင်မြင်မှူရရှိသည့်အကြောင်းများ၊ ဆက်လက်၍ ကြိုးစားသုတေသနပြုပြင်နကြေကြောင်းများကို ပုံနှင့်တကွ ရေးသားဖော်ပြ ထားပါသည်။

အောင်မြင်စွာခွဲစိတ်ကုသ၊ - - -။ - - -၊ တွဲ ၁၃၊ မှတ် ၄ (ဧ ၂၀၀၁) စာ ၃၁၊ ပုံ။ အမေရိကန်ပြည်၊ ချီကာဂိုမြို့တွင်နေထိုင်သော 'လိုရီဟုဝင်' အသက် (၄၀)နှစ်သည် လွန်ခဲ့သောနှစ်များစွာကစ၍ ကျောနှင့်ဝမ်းဗိုက်တွင် အကျိတ်ဖု တစ်ခုထွက်လာပြီး တဖြေးဖြေးကြီးထွားလာရာ ကျွမ်းကျင်သောဆရာဝန်များနှင့် ခွဲစိတ်ကုသခဲ့ရာ အောင်မြင်မှုရခဲ့ကြောင်းကို ပုံနှင့်တကွရေးသားဖော်ပြ ထားပါသည်။

ကျောက်ဖြစ်ရုပ်ကြွင်းပညာ

ကျောက်ဖြစ်ရုပွ်ကြင်းမိကျောင်းကြီး၊ စုထက်၊ မ။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၆ (ဇွန် ၂၀၀၂) စာ ၂၅၊ ပုံ။ အာဖရိကတိုက်၊ နစ်ဂါနိုင်ငံအနီးရှိ ဆဟာရသဲကန္တာရထဲတွင် သိပ္ပံပညာ ရှင်များ ရှာဖွေတွေ့ရှိခဲ့သော အလျားပေ၄၀၊ အလေးချိန် ၁၀တန်၊ မေးရိုးကြီးများ မှာ ၆ပေ အလျား၊ သွား ၁၃၂ချောင်းရှိ၍ လွန်ခဲ့သော နှစ်သန်းပေါင်း ၁၁၀ကျော်က အသက်ထင်ရှားရှိခဲ့သော ကျောက်ဖြစ်ရုပွ်ကြင်းမိကျောင်းကြီး အကြောင်းကို ပုံနှင့်တကွဖော်ပြထားပါသည်။

ပင်လယ်အောက်ကရှေးဟောင်းပစ္စည်းများ၊ သကေ်ဝဦး။ - - -၊ တွဲ ၁၄၊ မှတ် ၂ (ဖေ ၂၀၀၂) စာ ၂၅၊ ပုံ။ ရှေးဟောင်းရုပွ်ကြင်းနှင့် ပစ္စည်းများကို စူးစမ်းဖော်ထုတ်ရှာဖွကြေသော ရှေးဟောင်းသုတေသနပညာရှင်အချို့သည် ပင်လယ်ရေအောက်မှ လွန်ခဲ့သော နှစ်ပေါင်း ၃၃၀၀ ကျော်က ရှေးဟောင်း အီဂျစ်ဆိပ်ကမ်းမြို့မှ အဖိုးတန် ရှေးဟောင်း ပစ္စည်းများကို တစ်ခုပြီးတစ်ခုရရှိနကြေကြောင်းကို ပုံနှင့်တကွ ရေးသားဖော်ပြ ထားပါသည်။

စာပေ

ကဗျာဆရာ မောင်စန်းသော်၏ 'ချစ်သ္မီးသို့' ။ မြတ်မင်္ဂလာစာဆောင်၊ တွဲ ၁၇၊ မှတ် ၇ (ဇန် ၂၀၀၂) စာ ၂၅-၂၉၊ ပုံ။ ကဗျာဆရာ မောင်စန်းသော် (ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ရီ)သည် သူ၏သမီး ဒေါက်တာခင်သစ်နှစ်မှာ မနာလိုသူတစ်ဦး၏ လုပ်ကြံမှုဖြင့် မျက်နှာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်၍၊ မျက်စိနှစ်လုံးအလင်း ကွယ်ခဲ့ရာ စိတ်ထိခိုက်ခံစားနေရသော ဒုက္ခိတသမီး ကလေးအား ဖခင်မှ သမီး သို့ နှစ်သိမ့်ဖွယ်၊ ဖြေသိမ့်ဖွယ်၊ တရားရဖွယ်ကဗျာများရေးသား၍ သမီးအား အားပေးနှစ်သိမ့်ပုံကို ရေးသားဖော်ပြ၍ ကဗျာများကိုလည်း ဖော်ပြထားပါသည်။

၁၃ နှစ် သ္မီးကွန်ပျူတာပညာရှင်၊ သက်ဝေဦး။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မှတ် ၁(ဇန် ၁၉၉၉) စာ ၂၅၊ ပုံ။ ဂျမေကာနိုင်ငံမှ မက်ကိုနင်-ဘလိတ်-ဟန်နာ ဆိုသူ အသက်(၁၃)နှစ် အရွယ်မျှသာရှိသေးသော မိန်းကလေးငယ်သည် ကွန်ပျူတာပညာလေ့လာ ဆည်းပူးရာ၌ အလွန်ထူးချွန်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး စာပေပညာတွင် ထူးချွန်ကြောင်း ရေးသားထားသည်။

စိတ်ပညာ

စိတ်ညှို့ပညာအစွမ်း၊ စုထက်၊ မ၊ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၉ (စက် ၂၀၀၀) စာ ၂၆၊ ပုံ။ ရုရှားလူမျိုး ယူရီဂေါ်နီသည် မော်စကို မြို့ပြင်တစ်နေရာတွင် စိတ်ပညာ ဆိုင်ရာ ကျောင်းတစ်ကျောင်းဖွင့်တားပုံအကြောင်းနှင့် လက်တွေ့သင်ကြားပြ နေပုံတို့ကို ပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

အ.ထက (၆) ဗိုလ်တစ်ထောင်၏စိတ်ပိုင်းဆိုင်ရာအောင်မြင်မှုများ။ - - -၊ တွဲ ၁၄၊ မှတ် ၁ (ဇန် ၂၀၀၂) စာ ၃-၆၊ ပုံ။ ရန်ကုန်မြို့ အ.ထ.က (၆) ဗိုလ်တစ်ထောင် (ယ္ခင်စိန်ပေါလ်ကျောင်း) သည် ဘက်စုံပညာရေးကို တိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်နေ သော ကျောင်းများတွင် ထိပ်တန်းကပါဝင်သည်။ ကျောင်းအုပ်ဆရာကြီးမှာ စီမံထူးချွန်တတိယအဆင့်ရရှိသူ ဦးကြည်သန်းဖြစ်ပြီး သူ၏ကျောင်းအား ဘက်စုံတိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပုံများကို ဖော်ပြထား ပါသည်။

ဘာသာစကား

မြန်မာစာသဒ္ဒါ

မြန်မာစာရေးရာသတိပြုစရာ၊ 'ကာနှင့်ခါ' ။ - - -၊ တွဲ ၁၁၊ မှတ် ၄ (ဧ ၁၉၉၉) စာ ၂၇။ မြန်မာစာရေးရာ၌ 'ကာနှင့်ခါ' အသုံးအနှုန်းကို ရောထွေးရေးတတ်ကြ သဖြင့် သတိပြု၍ ခွဲခြားရေးသားတတ်စေရန် သတိပေးရေးသားဖော်ပြထားပါ သည်။

- - -၊ 'ကျွန်တော်နှင့်ကျနော်၊ ကျွန်မနှင့်ကျမ' ။ - - -၊ တွဲ ၁၂၊ မှတ် ၂ (ဖေ ၂၀၀၀) စာ ၄၉။ မြန်မာစာရေးသားရာတွင် နာမ်စားဖော်ပြချက်များကို အသံထွက် အတိုင်း မရေးသားရန် သတိပြုသင့်သည့် အချက်များကိုရေးသား ဖော်ပြ ထားပါသည်။

- - -၊ 'ကြိုးနှင့်ကျိုး' ။ - - -၊ တွဲ ၁၁၊ မှတ် ၅ (မေ ၁၉၉၉) စာ ၃၅။ မြန်မာစာရေးရာတွင် 'ကြိုးနှင့်ကျိုး'ေဝါဟာရစကားလုံး နှစ်လုံး၏ စာလုံးပေါင်းအသုံးကို ခွဲခြားသိသင့်ပြီး သူ့နေရာနှင့် သူမှန်ကန်စွာရေးပုံကို သတိပြုမိစေရန် ရေးသားဖော်ပြထားပါသည်။

မြန်မာစာရေးရာသတိပြုစရာ၊ 'ထုတ်နှင့်ထုပ်' ။ မင်္ဂလာမောင်မယ်ရုပ်စ၊ုံတွဲ ၁၁၊ မှတ် ၁၁ (နို ၁၉၉၉) စာ ၂၈။ မြန်မာစာရေးရာ၌ 'ထုတ်'နှင့်'ထုပ်' ရေးထုံးကို အထူးသတိပြုမိစေရန်၊ ယင်းေဝါဟာရနှစ်လုံးသည် အနက်အဓိပ္ပါယ် မတူရုံမျှမက ဆန့်ကျင်ဘက် ဖြစ်နေသည်ကို သတိထားမိစေရန် ရေးသားဖော်ပြထားပါသည်။

- - -၊ 'ပိုတတ်သောရေးချ' ။ - - -၊ တွဲ ၁၁၊ မှတ် ၁ (ဇန် ၁၉၉၉) စာ ၃၈။ မြန်မာစာရေးရာ၌ ရေးချမလိုသော စကားလုံးအချို့ကို ရေးချ ထည့်ရေး၍ မှားတတ်ကြသဖြင့် သတိပြုဆင်ခြင်သင့်သည် စကားလုံးများ ကို ရေးသားဖော်ပြထားပါသည်။

- - -၊ 'ဖြစ်စေ၊ သို့မဟုတ်၊ သော်လည်းကောင်း' ။ - - -၊ တွဲ ၁၂၊ မှတ် ၁ (ဇန် ၂၀၀၀) စာ ၃၉။ မြန်မာစာရေးရာတွင် သတိပြုသင့်သည့် မြန်မာသဒ္ဒါအသုံးအနှုန်း များကို ဖော်ပြထားပါသည်။

- - -၊ 'များနှင့်တို့ (၁)' ။ - - -၊ တွဲ ၁၁၊ မှတ် ၈ (ဩ ၁၉၉၉) စာ ၃၁။ - - -၊ 'များနှင့်တို (၂)' ။ - - -၊ တွဲ ၁၁၊ မှတ် ၉ (စက် ၁၉၉၉) စာ ၃၂။ မြန်မာစာရေးရာ၌ 'များ'နှင့်'တို့' သည် အသုံးမတူပါ။ ခြားနား မှုရှိသည်ကို သတိပြု၍ ခွဲခြားရေးသားတတ်ရန် ဖော်ပြထားပါသည်။

- - -၊ 'မှားယွင်းတတ်သော စာလုံးပေါင်းများ' ။ - - -၊ တွဲ ၁၁၊ မှတ် ၂ (ဖေ ၁၉၉၉) စာ ၃၆။ မြန်မာစာရေးရာတွင် 'ခုနှစ်နှင့်ခုနစ်'တို့၏စာလုံးပေါင်းမှားယွင်းစွာ ရေးမိတတ်ကြသည်ကို သတိပြုသင့်ပြီး မှန်ကန်စွာ ရေးသားတတ်ရန်ဖော်ပြထားပါသည်။

- - -၊ 'သဏာန်နှင့်သန္တာန်' ။ - - -၊ တွဲ ၁၁၊ မှတ် ၁၀ (အောက် ၁၉၉၉) စာ ၂၈။ ပါဠိဘာသာကဆင်းသက်သော ပါဠိသက် မြန်မောဝါဟာရများ ဖြစ်ကြသည့် 'သဏာန်နှင့်သန္တာန်'တို့သည် အသံထွက်မတူသလိုအနက် အဓိပ္ပါယ်လည်းမတူကြပါ။ မြန်မာစာရေးရာ၌ ယင်းေဝါဟာရနှစ်ခုလုံးကို ရောထွေးရေးတတ်ကြသည်။ ထို့ကြောင့်မှန်ကန်စွာခွဲခြားရေးသားနိုင်ရန် ဖော်ပြထားပါသည်။

အင်္ဂလိပ်စာဝေါဟာရ

သင်ဝေါဟာရကြွယ်ပါစေ၊ မင်း၊ တက္ကသိုလ်-။ အင်္ဂလိပ်စာဝေါဟာရနှင့် မြန်မာဝေါဟာရများကြွယ်ဝစေရန် ရည်ရွယ်၍ မင်္ဂလာမောင်မယ်စာစောင်၌ (၁၉၉၉) ဇန်နဝါရီမှ (၂၀၀၁) အောက်တိုဘာအထိ ရေးသားဖော်ပြထားပါသည်။

ဘာသာရေး

ဇာတ်တော်

ဂင်္ဂါမာလဇာတ်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၂ (ဖေ ၂၀၀၀) မျက်နှာဖုံး- နောက်ကျောဖုံး၊ အတွင်းစာ ၇-၁၁၊ ပုံ။ သီလမြဲခြင်းအကျိုးတရားပြပုံကို 'ငါးရာ့ငါးဆယ်'ဇာတ်တော်လာ ဂင်္ဂါမာလဇာတ်ဖြင့် ဖော်ပြထားပါသည်။

စန္ဒကိန္နရီနှင့်အခြားဇာတ်ဝတ္ထုများ၊ 'ခြင်္သေ့နှင့်တောဝက်' ၊ တိုက်စိုး။ - - -၊ တွဲ ၁၄၊ မှတ် ၁၂ (ဒီ ၂၀၀၂) စာ ၃၆-၃၇။ ရှင်သာရိပုတ္တရာအား ရဟန်းအိုတစ်ပါးမှ တုပြိုင်ရာမနိုင်သဖြင့် ဘုရားရှင်က ရဟန်းအိုသည် ယ္ခုဘဝတွင်သာမက ယခင်ဘဝကပင်မနိုင် ခဲ့ပုံကို ခြင်္သေ့နှင့်တောဝက်ဇာတ်အား ဟောကြားပုံကို ရေးသားဖော်ပြထားပါ သည်။

- - -၊ ' ခြင်္သေ့မနှင့်မြေခွေး' ၊ - - -၊ - - -၊ တွဲ ၁၄၊ မှတ် ၉ (စက် ၂၀၀၂) စာ ၃၉-၄၈။ ဗုဒ္ဓသည် ဆာတာ္တသည်၏သား လုလင်တစ်ယောက်နှင့် စပ်လျဉ်း၍ ရဟန်းအပေါင်းအား ခြင်္သ့မနှင့် မြေခွေးဇာတ်အားဟောကြားပုံကို အကျဉ်း ချုပ်ရေးသားဖော်ပြထားပါသည်။

- - -၊ 'တောမီး' ၊ တိုက်စိုး။ - - -၊ တွဲ ၁၄၊ မှတ် ၈ (ဩ ၂၀၀၂) စာ ၃၉-၄၈။ ဗုဒ္ဓခရီးဒေသစာရွီကြတော်မူစဉ် တောမီးလောင်၍ ရဟန်းတို့ ကြောက်ရွံ့နေစဉ် ဗုဒ္ဓရှိသောအရပ်၌ မီးမလောင်ရာ ရဟန်းတို့ကချီးကျူးရာ ဗုဒ္ဓက ပါရမီဖြည့်စဉ် ငုံးမင်းဘဝဇာတ်အား ဟောကြားပုံရေးသား ဖော်ပြထားပါသည်။

- - -၊ 'တင်ကျီးငှက်' ။ - - -၊ တွဲ ၁၄၊ မှတ် ၇ (ဇူ ၂၀၀၂) စာ ၄၁-၄၂။ ဒေဝဒတ်သည် ရဟန်းပြုပြီးနောက် ဘုရားရှင်ကို အတုယူ၍ရဟန်းတို့အား ဆက်ဆံပြောဆိုမှုနှင့်ပတ်သက်၍ ဘုရားလောင်းပါရမီ ဖြည့်စဉ် တင်ကျီးငှက်ဘဝက ဇာတ်အား ဟောကြားတော်မှုပုံကို ရေးသားဖော်ပြထားပါသည်။

- - -၊ 'မျောက်နှင့်ရေဘီလူး' ၊ တိုက်စိုး။ - - -၊ တွဲ ၁၅၊ မှတ် ၉ (စက် ၂၀၀၃) စာ ၅။ တစ်ခါသော်ဗုဒ္ဓသည် ရဟန်းများနှင့်အတူဒေသစာရီွကြချီတော်မူ စဉ်ရေကန်တစ်ခုအနီးသို့ရောက်သော် ရဟန်းအပေါင်းမှာ ရေကန်ရှိကျူပင် တို့အား အပ်ချည်အဖြစ်သံးရန် ယူငင်ရာ ကျူးရိုးမှာ အခြားပင်များနှင့်မတူ ဖြောင့်မတ်သွယ်တန်း၍ အခေါင်းမရှိဖြစ်နေသည်ကို ဗုဒ္ဓအားလျှောက်တင်ရာ ဗုဒ္ဓက 'မျောက်နှင့်ရေဘီလူး' ဇာတ်ကိုဟောကြားတော်မူလေသည်။

မဟော်သဓာ။ ဘုရားလောင်း မဟော်သဓာ ၏ ဖွားတော်မူခန်းမှ စ၍ မင်္ဂလာမောင်မယ်ရုပ်စုံ တွင် အခန်းဆက်ရေးသား ဖော်ပြထားပါသည်။

တရားရှုနည်း

အနာဂါမ်ဆရာသက်ကြီး၏ တရားရှုနည်းနှင့် ကမ္မဋ္ဌာန်းဆရာကြီးဦးသန်း(၁၈)၊ 'ကျိုက်လတ်မြို့က ယောဂီထူး' ။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၃၊ မှတ် ၈ (ဖေ ၁၉၉၉) စာ ၄၆-၅၀၊ ပုံ။ ကျိုက်လက်မြို့နေ ယောဂီဦးသန်းထွန်း (ရွှေပုဇွန်)၏ တရားစခန်း ဝင်ကာနီး အခက်အခဲကြုံပုံ၊ ဇွဲနှင့်ဝင်ရောက်ခဲ့ပုံ၊ တရားအားထုတ်စဉ် ကြုံတွေ့ပုံတို့ကို ရေးသားထားသော မှတ်တမ်းပေးစာကို ဖော်ပြထားပါ သည်။ ထို့ပြင် တရားစခန်းပြီးမြောက်ပါက ဆရာတော် ဦးကဉ္စနနှင့် ယောဂီဦးသန်းထွန်း (ရွှေပုဇွန်) တို့ပူးတွဲ၍ အနာဂါမ် ဆရာတော်ကြီး၏ တရားရှုနည်း တရားစခန်းများကို ကျိုက်လတ်၌ ဖွင့်လှစ်ရန် ရည်ရွယ်ထား ပါသည်။

အနာဂါမ်ဆရာသက်ကြီး၏ တရားရှုနည်းနှင့် ကမ္မဋ္ဌာန်းဆရာကြီးဦးသန်း (၁၉) '၊မဝါနု၏အောင်မြင်မှု' ၊ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၄၊ မှတ် ၉ (မတ် ၁၉၉၉) စာ ၂၆-၂၉၊ ပုံ။ ယောဂီမဝါနုသည် အနုပညာမိသားစုမှဖြစ်ပြီး တရားစခန်းမဝင် ရောက်မီ လောကီ၌ မာန်ကြီး၍ နေထိုင်ပုံ၊ တရားစခန်းဝင်ရောက်ပြီးနောက် တရား၏အနှစ်သာရကို ထူးကဲစွာရရှိလာပုံ၊ စိတ်ထားပျော့ပျောင်းလာပုံ တရားစခန်းဝင်ရောက်စဉ် အတွေ့အကြုံတို့ကို မှတ်တမ်းတင်ထာသောပေးစာကို ရေးသားဖော်ပြထားပါသည်။

- - - (၂၀)၊ 'အမျိုးသားစာပေဆုရ စာရေးဆရာ၏ ထိခြင်း မိခြင်း သိခြင်း' ။ - - -၊ တွဲ ၁၄၊ မှတ် ၁၀ (ဧ ၁၉၉၉) စာ ၂၄-၂၇၊ ပုံ။ ယောဂီစာရေးဆရာ ယောနက ဖိုးထောင်၏ တရားစခန်းဝင်ရောက် ပုံ၊ တရားကျင့်ကြံပုံ၊ တရားစခန်းပြီးချိန်၌ တရား၏ ထိ၊မိ၊သိ တို့ကို ခံစားနားလည်သွားပုံ၊ ကိုယ်တွေ့အတွေ့အကြုံမှတ်တမ်းပေးစာကို ရေးသား ဖော်ပြထားပါသည်။

- - - (၂၁)၊ 'ဘဝအမြင်မှန်ရရှိခဲ့သူ ဆရာဝန်မကြီး' ၊ - - -၊ တွဲ ၁၄၊ မှတ် ၁၁ (မေ ၁၉၉၉) စာ ၂၇-၃၂၊ ပုံ။ ယောဂီဆရာဝန်မကြီး ဒေါက်တာခင်ခင်ထွေး၏ တရားစခန်းဝင် ရောက်ပုံ၊ အလုပ်အကိုင်အကြောင်း၊ ခင်ပွန်းဖြစ်သူ ပါမောက္ခ ဒေါက်တာ အောင်သန်းဘတူ၏ အလုပ်အကိုင်အကြောင်း၊ တရားစခန်းဝင်ရောက် ပြီးနောက် တရားထူး၊ တရားမြတ်ရရှိပုံ၊ ဆရာကြီးဦးသန်း၏ တပည့် တရားပြ ဆရာ၊ ဆရာမများ၏ စေတနာထားပုံများကို ကျေးဇူးတင်ကြောင်း စသည့် တရားအတွေ့အကြုံတို့ကို မှတ်တမ်းတင်၍ ရေးသားထားသော ပေးစာများကို ရေးသားဖော်ပြထားပါသည်။

- - - (၂၂)၊ 'ဟင်းကောင်းနှစ်ခွက်စားသူ' ။ - - -၊ တွဲ ၁၄၊ မှတ် ၁၂၊ (ဇွန် ၁၉၉၉) စာ ၂၂-၂၄၊ ပုံ။ ဆရာသက်ကြီး၏တရားစခန်းသို့ ဝင်ရောက်ခဲ့သော ယောဂီ ဦးတင်ဝင်း၏ တရားထူးရရှိပုံအတွေ့အကြုံ ဇနီးသည်နှင့် ညီအစ်ကိုမောင်နှမ များအား တရားစခန်းသို့ဝင်ရောက်ရန် အားပေးခဲ့ပုံတို့ကို တရားစခန်း အပြီးတွင် ကိုယ်တွေ့မှတ်တမ်းပေးစာကို ရေးသားဖော်ပြထားပါသည်။

အနာဂါမ်ဆရာသက်ကြီး၏ တရားရှုနည်းနှင့် ကမ္မဋ္ဌာန်းဆရာကြီးဦးသန်း(၂၃)၊ 'ကြီးပွားအောင် ၏ မေမေ နှင့် ခန္ဓာ ဉာဏ်ရောက်တရား' ၊ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၅၊ မှတ် ၁ (ဇူ ၁၉၉၉) စာ ၂၅-၂၉၊ ပုံ။ ယောဂီမမိုးမိုး (၃၀-နှစ်)၏ တရားစခန်းဝင်ရောက်ပုံ၊ တရားစခန်း ဝင်ရန် ခင်ပွန်းဖြစ်သူက အားပေးပုံ၊ တရားထူးရရှိပုံ၊ တရားပြဆရာ၊ ဆရာမများနှင့် မိမိတရားစခန်းဝင်စဉ် ပါရမီဖြည့်ပေးထားသော ခင်ပွန်းနှင့် သားလေးအားကျေးဇူး တင်ပုံ၊ တရားစခန်းအတွေ့အကြုံအကြောင်းပေးစာကို ရေးသားဖော်ပြ ထားပါသည်။

- - - (၂၄)၊ 'ပျဉ်းမနားမြို့က တရားရုံးချုပ်ရှေ့နေ၏ အောင်မြင်မှု' ၊ - - -၊ တွဲ ၁၅၊ မှတ် ၂ (ဩ ၁၉၉၉) စာ ၂၁-၂၅၊ ပုံ။ တရားရုံးချုပ်ရှေ့နေ ဦးဘုန်းမြင့်၏ တရားစခန်းသို့ ဇနီးနှင့်အတူ ဝင်ရောက်ပုံ၊ ရောဂေါဝဒနာကို တရားနှင့်ကုသပုံ၊ တရားထူးရရှိပုံ၊ အမှုဆောင်များ၊ တရားပြ ဆရာ၊ ဆရာမ၊ေဝယျာဝစ္စကုသိုလ်ရှင်များနှင့် ဆရာမင်းယေုဝတို့အား ကျေးဇူးအထူးတင်ပုံ၊ တရားစခန်းအတွေ့အကြုံ မှတ်တမ်းပေးစာကို ရေးသားဖော်ပြ ထားပါသည်။

- - - (၂၅)၊ 'အသိထူး၊ အမြင်ထူး၊ အတွေ့ထူးရသော အင်ဂျင်နီယာ' ၊ - - -၊ တွဲ ၁၅၊ မှတ် ၃ (စက် ၁၉၉၉) စာ ၁၉-၂၃၊ ပုံ။ အငယ်တန်းအင်ဂျင်နီယာ-၂ (စက်မှု) ဦးမျိုးမြင့်၏ တရားစခန်း သို့ဝင်ရောက်ပုံ၊ အစပိုင်းတွင်တရားပြဆရာ၊ ဆရာမများအပေါ် အပြစ်မြင်မိ သော်လည်း နောင်တွင် နောင်တရရှိပုံ၊ေဝဒနာခံစားရပုံ၊ တရားအထူးခံစားမိပုံ၊ ဆရာကြီး ဦးသန်းနှင့်ဆရာ၊ ဆရာမများ၊ အလှူရှင်များ၊ေဝယျာဝစ္စအဖွဲ့များအား ကျေးဇူးတင်ပုံ၊ တရားစခန်းအတွေ့အကြုံအကြောင်းပေးစာကို ရေးသားဖော်ပြ ထားပါသည်။

- - - (၂၆)၊ 'ဘဝတန်ဖိုး အဓိပ္ပါယ်ကို သိသွားသော မြစ်ကြီးနားသူ' ။ - - -၊ တွဲ ၁၅၊ မှတ် ၄ (အောက် ၁၉၉၉) စာ ၂၉-၃၂၊ ၄၉၊ ပုံ။ မင်္ဂလာဗျူဟာ အသင်းချုပ်တွင် သင်္ကြန် ၇-ရက်တရားစခန်းဖွင့်ရန် ယောဂီ နေထိုင်ရန် နေရာအခက်အခဲရှိနေစဉ် အမှုဆောင် နာဂလိုဏ်ဂူ ကလေးဝတောရ ကျောင်းတိုက်နှင့် ပြည်လမ်း လယ်တီမူဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်တို့၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ ကူညီမှုဖြင့် ကလေးဝတောရ ကျောင်း၌ သင်္ကြန် (၇)ရက် တရားစခန်းဖွင့်နိုင်ခဲ့သည်။ ထိုစခန်း၌ မြစ်ကြီးနားသူ ဒေါ်အေးအေးမြင့်၏ လူမမယ်သားသမီးများကိုထားခဲ့ပြီး သံယောဇဉ်ဖြတ်ကာ တရားစခန်းဝင်ရောက်ပုံ၊ တရားထူးရရှိပုံ၊ တရားတန်ခိုးကြောင့် ရောဂေါဝဒနာ ပျောက်ကင်းပုံ၊ တရားစခန်းအတွေ့အကြုံပေးစာတို့ကို ရေးသားဖော်ပြထားပါ သည်။

အနာဂါမ် ဆရာသက်ကြီး၏ တရားရှုနည်းနှင့် ကမ္မဋ္ဌာန်း ဆရာကြီးဦးသန်း (၂၇)၊ 'အငြိမ်းစားညွှန်ကြားရေးမှူးချုပ်နှင့် ပီတိမျက်ရည်' ။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၅၊ မှတ် ၅ (နို ၁၉၉၉) စာ ၂၁-၂၆၊ ပုံ။ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဋ္ဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးမြသိန်း၏ တရားစခန်းမဝင်ရောက်မီ လောကီ၌နေထိုင်ပုံ၊ တရားစခန်း ဝင်စက နေထိုင်မကောင်း၍ စိတ်မကောင်းဖြစ်မိပုံ၊ မိမိကိုယ်ကို သတိပေးပုံ၊ ဆရာကြီးဦးသန်း အပါအဝင် အားလုံးအား ကျေးဇူးတင်ပြီး ပီတိမျက်ရည် ကျခဲ့ပုံနှင့် တရားစခန်းအတွေ့အကြုံပေးစာများကို ရေးသားဖော်ပြထားပါသည်။

- - - (၂၈)၊ 'အငြိမ်းစား ဗိုလ်မှူး၏အောင်မြင်မှု' ၊ - - -၊ တွဲ ၁၅၊ မှတ် ၆ (ဒီ ၁၉၉၉) စာ ၂၀-၂၅၊ ပုံ။ အငြိမ်းစားဗိုလ်မှူးမြင့်ဆွေ၏ တရားစခန်းမဝင်ခင်ေဝဒနာခံစားရပုံ၊ တရားထူးရပုံ၊ တရားစခန်းတရားပို့ချသူများအား ကျေးဇူးတင်ပုံ၊ အခြားသူ များလည်း တရားရရှိစေချင်ကြောင်း၊ ဝိုင်းဝန်းကူညီဒါနပြုရန်နှင့် တရား စခန်းအတွေ့အကြုံပေးစာကို ရေးသားဖော်ပြထားပါသည်။

- - - (၂၉)၊ 'ရောဂါလည်းပျောက်၍ တရားလည်းတွေ့သူ' ။ - - -၊ တွဲ ၁၅၊ မှတ် ၇ (ဇန် ၂၀၀၀) စာ ၂၀-၂၁။ အနာဂါမ်ဆရာသက်ကြီ၏တရားရှုနည်းနှင့် ကမ္မဋ္ဌာန်းတရားစခန်းသို့ ဝင်ရောက်ခဲ့သော ယောဂီဒေါ်ခင်လဲ့ဝင်း၏ တရားအတွေ့အကြုံများနှင့်ပတ်သက် ၍ ရေးသားပေးပို့ခဲ့သော ပေးစာကို ပြန်လည်ဖော်ပြထားပါသည်။

- - - (၃၀)၊ 'မော်လမြိုင် တရားစခန်းမှ အမျိုးသမီးဆရာဝန်၏ကုသိုလ်ထူး' ။ - - -၊ တွဲ ၁၅၊ မှတ် ၈ (ဖေ ၂၀၀၀) စာ ၂၃-၂၈။ မော်လမြိုင်မြို့ ဆရာအတတ်သင်သိပ္ပံမှ အငြိမ်းစား ကျောင်းအုပ်ကြီး ဦးတင်ဦး ဦးစီးဖွင့်လှစ်သည့် ရွှမြေိုင်သီရိရပ်၊ ရန်ကုန်သုခိတာရုံကျောင်း တိုက်တရားစခန်း၏ ပထမအကြိမ် တရားစခန်းမှ စခန်းဝင်ယောဂီများအနက် ယောဂီဒေါက်တာ သိန်းသိန်းညွန့်၏ ကိုယ်တွေ့တရားအောင် မြင်မှုအကြောင်း ကိုယ်တွေ့မှတ်တမ်းပေးစာကို ရေးသားဖော်ပြထားပါ သည်။

- - - (၃၁)၊ 'အငြိမ်းစားဒုတိယဗိုလ်မှူးကြီးဒေါက်တာ ဒေါ်ရှုပို၏ အတွေ့အကြုံများ' ။ - - -၊ တွဲ ၁၅၊ မှတ် ၉ (မတ် ၂၀၀၀) စာ ၂၄-၂၉။ အနာဂါမ်ဆရာသက်ကြီး၏ တရားရှုနည်းနှင့် ကမ္မဋ္ဌာန်းတရား စခန်းသို့ဝင်ရောက်ခဲ့သော ယောဂီအငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဒေါက်တာ ဒေါ်ရှုပို၏ တရားအတွေ့အကြုံများကို ရေးသားပေးပို့ခဲ့ရာ ထိုအကြောင်းအရာများကို ရေးသားဖော်ပြထားပါသည်။

အနာဂါမ်ဆရာသက်ကြီး၏ တရားရှုနည်းနှင့် ကမ္မဋ္ဌာန်းဆရာကြီးဦးသန်း (၃၂)၊ 'အငြိမ်းစားဒုတိယဗိုလ်မှူးကြီးဒေါက်တာ ဒေါ်ရှုပို၏ အတွေ့အကြုံများ' ။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၅၊ မှတ် ၉ (မတ် ၂၀၀၀) စာ ၂၄-၂၉။ လယ်တီမူဆရာတော်ကြီး ဝိပဿနာပြန့်ပွားရေးအဖွဲ့ချုပ်၊ အထက်မြန်မာ ပြည်အဖွဲ့ခွဲကို (၂၆.၉.၉၉) နေ့က မန္တလေးတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဒုတိယအကြိမ် (၇) ရက်တရားစခန်းသို့ ဝင်ရောက်ခဲ့သော ယောဂီဒေါ်ဝါဝါညွန့် (မန္တလေး)၏ တရားစခန်းကိုယ်တွေ့ အတွေ့အကြုံမှတ်တမ်းပေးစာကို ရေးသား ဖော်ပြထားပါသည်။

- - - (၃၃)၊ 'ဟင်္သာတမြို့က ယောဂီဦးစိန်တင့်နှင့် ပီတိမျက်ရည်' ။ - - - ၊ တွဲ ၁၅၊ မှတ် ၁၁ (မေ ၂၀၀၀) စာ ၂၂-၂၈။ အနာဂါမ်ဆရာသက်ကြီး၏ တရားရှုနည်းနှင့် ကမ္မဋ္ဌာန်းတရား စခန်းသို့ ဝင်ရောက်ခဲ့သော ဟင်္သာတမြို့မှ ယောဂီဦးစိုးတင့်၏ တရားအတွေ့ အကြုံများနှင့် ပတ်သက်၍ရေးသားပေးပို့ခဲ့သော မှတ်တမ်းပေးစာကို ရေးသားဖော်ပြထားပါသည်။

- - - (၃၄)၊ 'ငါတ္တပယ်ဖျောက်ပုံ' ။ - - -၊ တွဲ ၁၆၊ မှတ် ၁ (ဇူ ၂၀၀၀) စာ ၄၁-၄၄၊ ပုံ။ ဆရာမဒေါ်ယဉ်ယဉ်မွှေး (မဏိမဉ္ဇူ)၏ တရားစခန်းစတုတ္တနေ့ တရားရှု နည်း ကိုယ်တွေ့နှင့် ငါအတ္တပယ်ဖျောက်ပုံ၊ တရားစခန်းရှိ ဆရာကြီးဦးသန်း အမှူးပြုဆရာ၊ ဆရာမများ၊ ဆရာမင်းယေု၀၊ ဒေါ်ခင်လဲ့ဝင်းတို့အား ကျေးဇူး တင်ကြောင်း တရားသိ၍ အသေတတ်သွားပြီဖြစ်ကြောင်း စသောတရားစခန်း အတွေ့အကြုံ မှတ်တမ်းပေးစာကို ရေးသားဖော်ပြထားသည်။

- - - (၃၅)၊ '၇-ရက်စခန်းရက်မြတ်လမ်းကိုလျှောက်လှမ်းအောင်မြင်သူ' ။ - - -၊ တွဲ ၁၆၊ မှတ် ၂ (ဩ ၂၀၀၀) စာ ၂၉-၃၂၊ ပုံ။ ငါးလုပ်ငန်းဦးစီးဌာန (ကြီးကြပ်/အခွန်ဌာနခွဲ) မှဦးစီးအရာရှိ ဦးစံလွင်၏တရားစခန်းမဝင်ခင် မြတ်မင်္ဂလာစာစောင်ကို ဖတ်ရှုခဲ့ပုံ အများအား လက်ကမ်းခဲ့ပုံများနှင့် တရားစခန်းသို့သူငယ်ချင်းနှစ်ယောက် ဝင်ရောက်ခဲ့ပုံ၊ တရားရှုမှတ်ရာတွင် ကိုယ်တွေ့ခံစားရပုံ၊ ဆရာကြီးဦးသန်း အမှူးပြုအဖွဲ့အား ကျေးဇူးတင်ရှိပုံ မိတ်ဆွေများက တရားစခန်းဝင်ရန် တိုက်တွန်းကူညီပုံစသည့် တရားစခန်းအတွေ့အကြုံများ မှတ်တမ်းပေးစာကို ရေးသားဖော်ပြထားပါသည်။

အနာဂါမ်ဆရာသက်ကြီး၏ တရားရှုနည်းနှင့်ကမ္မဋ္ဌာန်းဆရာကြီးဦးသန်း (၃၆)၊ 'လည်ပင်းအကျိတ်တည်ရောဂါ ပျောက်ကင်းသွားသောယောဂီ' ။ မြတ်မင်္ဂလာ စာစောင်၊ တွဲ ၁၆၊ မှတ် ၅ (နို ၂၀၀၀) စာ ၄၄-၅၀၊ ပုံ။ မန္တလေးမြို့နေ့ ကျောင်းဆရာမဒေါ်ဝါဝါညွှန့်သည် လည်ချောင်းမှာ အကျိတ်ပေါက်ပြီး ေ၀ဒနာခံစားနေရသော ေ၀ဒနာရှင်တစ်ဦးဖြစ်သည်။ ဆရာကြီးဦးသန်း အမှူးပြုသည့်တရားစခန်းသို့ သုံးကြိမ်ဆက်တိုက် တရားစခန်းဝင်ရောက်ခဲ့ပြီးနောက် လည်ပင်းမှ အကျိတ်သည် ခွဲစိတ်ရန် မလိုတော့ဘဲ သက်သာသွားကြောင်း ဆရာကြီးဦးသန်းထံ အသိပေး အကြောင်းကြားရာမှ ဆရာကြီးမှာ ဆရာမင်းယေု0xHodု့ ဆက်လက်ပေး ပို့သဖြင့် မြတ်မင်္ဂလာ၌ တရားအတွေ့အကြုံ မှတ်တမ်းပေးစာအဖြစ် ဖော်ပြထားခြင်းဖြစ်သည်။

- - - (၃၇)၊ 'အံ့ချီးဖွယ်ညီအစ်ကို' ။ - - -၊ တွဲ ၁၆၊ မှတ် ၆ (ဒီ ၂၀၀၀) စာ ၂၄-၂၇၊ ပုံ။ အံ့ချီဖွယ်ညီအစ်ကို ကိုသိန်းထိုက်နှင့်ကိုသန်းထိုက်တို့အကြောင်း ဖောပြထားပါသည်။ ကိုသန်းထိုက်သည်တရားစခန်းသို့ပထမအကြိမ် ဝင်ရောက်ပြီးနောက် မသန်မစွမ်းသော်လည်း လောကဓံကို ကြံကြံခံ၍ ရုန်းကန်နေသော ညီကိုလည်းတရားစခန်းသို့ဝင်ခိုင်းခဲ့သည်။ မိမိကိုယ်တိုင်လည်း ဒုတိယအကြိမ်မြောက်တရားစခန်းဝင်ရောက်ခဲ့ပြီး တရားထူးရရှိပုံများ၊ ညီဖြစ်သူ ကိုဖေးမပုံများ၊ တရားစခန်းအတွေ့အကြုံပေးစာများကို ရေးသားဖော်ပြထား ပါသည်။

- - - (၃၈)၊ 'မသန်သော်လည်း စွမ်းသူ' ။ - - -၊ တွဲ ၁၆၊ မှတ် ၇ စာ ၂၅-၂၈၊ ပုံ။ မသန်စွမ်းသော်လည်း ဇွဲလုံ့လရှိသော ညီဖြစ်သူသန်းထိုက်အကြောင်း ဖော်ပြထားသည်။ တရားထူးရရှိပုံ၊ မိမိအပေါ်အနစ်နာခံသော အစ်ကို အကြောင်းတို့ကို ရေးသားပေးထားသော တရားစခန်းအတွေ့အကြုံ ပေးစားများကို ရေးသားဖော်ပြထားပါသည်။

- - - (၃၉)၊ 'ကရွတ်ကင်းလျှောက် သံသရာမှလွတ်မြောက်ခြင်းပညာ' ။- - -၊ တွဲ ၁၆၊ မှတ် ၈ (ဖေ ၂၀၀၁) စာ ၁၉-၂၄၊ ပုံ။ ရန်ကုန်ပညာရေး တက္ကသိုလ်၊ မြန်မာစာဌာန၊ လက်ထောက် ကထိက ဆရာမ ဒေါ်ဌေးဌေးဦး၏ ကိုယ်တွေ့တရားအတွေ့အကြုံများနှင့် ဆရာကြီးဦးသန်းနှင့် ဆရာ၊ ဆရာမများ၊ ကုသိုလ်ရှင်များ၊ လုပ်အားဒါန ကုသိုလ်ရှင်များအား ကျေးဇူးတင်ရှိပုံများကို ရေးသားပေးပို့သဖြင့် တရား စခန်းအတွေ့အကြုံပေးစာကို ရေးသားဖော်ပြထားပါသည်။

အနာဂါမ် ဆရာသက်ကြီး၏ တရားရှုနည်းနှင့် ကမ္မဋ္ဌာန်းဆရာကြီးဦးသန်း (၄၀)၊ 'အငြမိ း် စားငေစွ ာရငး် အရာရြှိကးီ တစဉ် းီ ၏မတှ တ် မ'း် ၊ မြတ်မင်္ဂလာစာစောင၊် တွဲ ၁၆၊ မှတ် ၉ (မတ် ၂၀၀၁) စာ ၂၈-၃၀၊ ပုံ။ ဗဟိုသုတေသန လုပ်ငန်းအဖွဲ့၊ ဌာနမှူး (ငွေစာရင်း) တာဝန်ထမ်း ဆောင်ပြီး အငြိမ်းစားယူခဲ့သော ဦးသောင်းစိန်၏ပေးစာတွင် ဆရာကြီး ဦးသန်း၏ တရားရေအေးတိုက်ကျွေးပုံကို အင်္ဂလိပ်လို ထိထိမိမိ တိုတိုရှင်းရှင်း နှင့်မြန်မာလို ဘာသာပြန်၍ နှစ်မျိုးပေးပို့ခဲ့သော တရားစခန်းအတွေ့အကြုံ ပေးစာများကိုရေးသား ဖော်ပြထားပါသည်။

အနာဂါမ်ဆရာသက်ကြီး၏ တရားရှုနည်းနှင့် ကမ္မဋ္ဌာန်းဆရာကြီးဦးသန်း (၄၁)၊ 'ဘ၀အောင်ပန်းကို ဆွတ်ခူးသွားနိုင်သော ဇနီးမောင်နှံ' ၊ - - -၊ တွဲ ၁၆၊ မှတ် ၁၀ (ဧ ၂၀၀၁) စာ ၂၇-၃၂၊ ပုံ။ ကုန်သွယ်ရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဒေါ်သန်းသန်း သိန်းသည် ရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဆုံး၍ စိတ်ထိခိုက်ခံစားခဲ့ပြီး တစ်နှစ်အကြာတွင် မိတ်ဆွေတစ်ယောက်၏ကူညီမှုဖြင့် မင်္ဂလာဗျူဟာ တရားစခန်းသို့ဝင်ရောက် ပြီးတရားထူးခံစားရပြီးနောက် ခင်ပွန်းကိုပါ ဝင်ရောက် စေခဲ့ပုံများကို ရေးသားပေးပို့ခဲ့သောတရားစခန်းအတွေ့အကြုံ မှတ်တမ်းပေးစာ များကို ဖော်ပြထားပါသည်။

- - - (၄၂)၊ 'အမျိုးသမီး ဆရာဝန်မလေး၏မှတ်တမ်း' ။ - - -၊ တွဲ ၁၆၊ မှတ် ၁၁ (မေ ၂၀၀၁) စာ ၂၆-၃၀၊ ပုံ။ ဆရာဝန်မလေး ဒေါက်တာမင်းမင်းမျိုးလွင်၏တရားစခန်းဝင်ရောက် ပုံများနှင့် တရားစခန်းတွင် နုသောဉာဏ်မှ ရင့်သောအသိဉာဏ်သို့ ရရှိလာပုံတို့ကို စာရေးပေးပို့ခဲ့သဖြင့် သဒ္ဓါတရားထက်သန်ပုံတို့ကို စာဖတ် သူများအကျိုးပွားစေရန် တရားစခန်းအတွေ့အကြုံ မှတ်တမ်းပေးစာများကို ရေးသားဖော်ပြထားပါသည်။

ဘုရားသမိုင်း

မန္တလေးကျောက်တော်ကြီးဘုရား။ - - -၊ တွဲ ၁၇၊ မှတ် ၅ (နို ၂၀၀၁) စာ ၁၉-၂၀၊ ပုံ။ မန္တလေးမြို့၊ မန္တလေးတောင်ခြေရင်း သုဓမ္မာဇရပ်များအနီးတွင် တည်ရှိသော မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ဖြစ်သော 'မဟာသကျ မာရဇိန်'ဟုဘွဲ့တော်ရှိ၊ စကျင်တောင်မှရသောကျောက်ကိုအစွဲပြု၍ ကျောက်တော်ကြီး ဘုရားဟု လူအများကခေါ်ဝေါ် သမုတ်သည့် ကျောက်တော်ကြီးဘုရား စတင် သယ်ဆောင်တည်ဆောက်ပုံအကြောင်းကို ရေးသားဖော်ပြထားပါသည်။

ဘွဲ့ထူးချီးမြှင့်ပုံ

ဧတဒဂ်ပုဂ္ဂိုလ်ထူးများ (အရှင်ကာဠုဒါယီ)။ မင်္ဂလာမောင်မယ်ရုပ်စ၊ ုံတွဲ ၁၃၊ မှတ် ၁ (ဇန် ၂၀၀၁) စာ ၃၀-၃၃၊ ပုံ။ ဘုရားရှင်လက်တက်တွင် ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ ထူးချီးမြှင့်ရာတွင် အရှင်ကာဠုဒါယီအား ဆွေတော်မျိုးတော်များ ဘုရားရှင် ကို ယုံကြည်သက်ဝင်လာအောင်လုပ်ရာတွင် အမြတ်ဆုံးဖြစ်အောင် 'ကုလပ္မသာ ဒက' ဘွဲ့ထူးအားချီးမြှင့်ပုံအကျဉ်းကို ရေးသားဖော်ပြထားပါသည်။

- - - (အရှင်ကင်္ခါရရေ၀တ)။ - - -၊ တွဲ ၁၂၊ မှတ် ၆ (ဇွန် ၂၀၀၀) စာ ၃၃-၃၄။ ဘုရားရှင်လက်ထက်ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ရာတွင် အရှင်ကင်္ခါရရေ၀တအား ဘုရား၏တပည့်ရဟန်းသာ၀ကတို့ အနက် ဈာန်ဝင်စားလေ့ရှိသော တပည့်သာ၀က ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံးဖြစ်သည့်(ဈာနဂဘိရတ) ဘွဲ့ထူးအားချီးမြှင့်ပုံ အကျဉ်းကို ရေးသားဖော်ပြထားပါသည်။

- - - (အရှင်ကုဏ္ဍဓာန)။ - - -၊ တွဲ ၁၃၊ မှတ် ၃ (မတ် ၂၀၀၁) စာ ၂၃-၃၄။ ဘုရားရှင်လက်ထက်တွင် ထူးချွန်ထက်မြတ်သော ရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူးချီးမြှင့်ရာတွင် အရှင်ကုဏ္ဍဓာနအားပထမဦးစွာစာရေးတံမဲယူသော (ပဌမံသလာကံ ဂဏှန္တ)အရာတွင် အထူးချွန်ဆုံးသော ပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ဂုဏ်ထူးချီးမြှင့်ပုံ အကျဉ်းကိုဖော်ပြထားပါသည်။

- - - (အရှင်ခဒိရ ရေ၀တ)။ - - -၊ တွဲ ၁၂၊ မှတ် ၄ (မေ ၂၀၀၀) စာ ၃၅-၃၅။ ရှင်သာရိပုတ္တရာ မထေရ်မြတ်၏ညီထွေး ရေ၀တ သူငယ်သည် သေံ၀ဂတရားရ၍ ရဟန်းပြု၍ အရှင်စဒိရ ရေ၀တအဖြစ် ရောက်ခဲ့ပုံ အကျဉ်းအားရေးသားဖော်ပြထားပါသည်။

- - - (အရှင်စူဠပန္တက)။ - - -၊ တွဲ ၁၂၊ မှတ် ၁၀ (အောက် ၂၀၀၀) စာ ၃၂-၃၅၊ ပုံ။ ဘုရားရှင်လက်ထက် ထူးချွန်သော ရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ရာတွင် အရှင်စူဠပန္တကအား ကိုယ်ခန္တာပွားများဖန်ဆင်းသော တန်ခိုးအရာ ဋ္ဌာနတွင် ရှုပ၀စဈာန်တို့မှထလာ၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သောအရာတို့၌ အထူးချွန်ဆုံးဘွဲ့အား ချီးမြှင့်ခံရပုံ အကျဉ်းချုပ်ရေးသားဖော်ပြထားပါသည်။

- - - (အရှင်နန္ဒက)။ - - -၊ တွဲ ၁၃၊ မှတ် ၇ (ဇူ ၂၀၀၁) စာ ၃၁-၃၂။ ဘုရားရှင်သည် ထူးချွန်သော ရဟန်းမြတ်တို့အား ဧတဒဂ်ဘွဲ့ထူး ပေးရာ တွင် အရှင်နန္ဒကအား ဘိက္ခုနီတို့ကို တရားညွှန်ပြဆုံးမရာ၌ အထူးချွန်ဆုံးဖြစ်သော ဘိက္ခုနောဝါဒက ဘွဲ့ထူးကို အပ်နှင်းချီးမြှင့် ပုံကို ရေးသားဖော်ပြထားပါသည်။

ဧတဒဂ်ရပုဂ္ဂိုလ်ထူးများ (အရှင်ပိဏ္ဍောလဘာဒွါဇ)။ မဂင်္လ ာမောငမ် ယရ် ပု စ် ၊ုံ တွဲ ၁၂၊ မှတ် ၇ (ဇူ ၂၀၀၀) စာ ၂၀-၂၂။ ဘုရားရှင်လက်ထက် ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူးချီးမြှင့်ရာ တွင် အရှင်ပိဏ္ဍောလဘာရဒ္ဓါဇအား ခြငေ်္သ့မင်းကဲ့သို့ ရဲတင်းသော စကားကိုပြောဆို နိုင်မှုဖြစ်သောအရာတွင် (သီဟနဒ)ဘွဲ့ထူးချီးမြှင့်ပုံ အကျဉ်းနှင့်ဘုရားရှင်မှ အရှင်ပိဏ္ဍောဘရဒွါအား အကြောင်းပြု၍ ရဟန်း သံဃာအပေါင်းတို့အား 'ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး'၊ ရလိုမှုနှင့်ပတ်သက်၍ မလိုအပ်ဘဲနှင့် တန်ခိုးပြာဋိဟာကို မပြရန် သိက္ခာပုဒ်နှင့် ပညတ်ပုံကိုဆုံးမတော်မူပုံအား ရေးသားဖော်ပြထားပါသည်။

- - - (အရှင်ပိလိန္ဒဝစ္ဆ)။ - - -၊ တွဲ ၁၃၊ မှတ် ၁၀ (အောက် ၂၀၀၁) စာ ၂၅-၂၆။ ဘုရားရှင်လက်ထက် ထူးချွန်သော ရဟန်းမြတ်တို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ရာတွင် ရဟန်းတို့၊ နတ်တို့ ချစ်မြတ်နိုးအပ်သော တပည့်သာ၀ကရဟန်း တို့တွင် ပိလိန္ဒဝစ္ဆရဟန်းသည် အသာဆုံး၊ အမြတ်ဆုံးဖြစ်သည့်အတွက် (ဒေ၀တာနံ ပိယမနာပ=နတ်တို့ချစ်မြတ်နိုးသော) ဧတဒဂ်ဘွဲ့ထူးချီးမြှင့်ပုံကို ရေးသားဖော်ပြ ထားပါသည်။

- - - (အရှင်ပုဏ္ဏ)။ - - -၊ တွဲ ၁၃၊ မှတ် ၅၊ (မေ ၂၀၀၀) စာ ၂၉-၃၁။ ဘုရားရှင်လက်ထက်ထူးချွန်သော ရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူးချီးမြှင့် ရာတွင် အရှင်ပုဏ္ဏအား ဘုရားတပည့်ရဟန်းတို့တွင် တရားစကား ဟောကြားရာတွင် အထွတ်မြတ်ဆုံးဖြစ်သည့် (ဓမ္မကထိက) ဘွဲ့အားချီးမြှင့် ပုံအကျဉ်းအား ရေးသားဖော်ပြထားပါသည်။

- - - (အရှင်ဘဒ္ဒိယ)။ - - -၊ တွဲ ၁၁၊ မှတ် ၁၀ (အောက် ၁၉၉၉) စာ ၂၄-၂၅။ ဘုရားရှင်လက်ထက်ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ရာတွင် အရှင်ဘဒ္ဒိယအား အမျိုးမြတ်သူတို့တွင် အမြတ်ဆုံးအဖြစ် အမျိုးမြတ်သောအရာဌာနတွင် ဧတဒဂ်ဂုဏ်ထူးချီးမြှင့်ပုံကို အကျဉ်းချုပ် ဖော်ပြထားပါသည်။

- - - (အရှင်ဗာကုလ)။ - - -၊ တွဲ ၁၃၊ မှတ် ၄ (ဧ ၂၀၀၁) စာ ၂၃။ ဘုရားရှင်လက်ထက်တွင် ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ ထူးချီးမြှင့်ရာတွင် အရှင်ဗာကုသအား (အနာရောဂါကင်းသောအရာဝယ် အသာဆုံး အမြတ်ဆုံးဖြစ်သည့်) ဘွဲ့ထူးအားချီးမြှင့်ပုံကို အကျဉ်းချုပ် ရေးသားဖော်ပြထား ပါသည်။

ဧတဒဂ်ရပုဂ္ဂိုလ်များ (အရှင်ဗာဟိယဇာရုစိယ)။ မင်္ဂလာမောင်မယ်ရုပ်စ၊ ုံတွဲ ၁၂၊ မှတ် ၁၂ (ဒီ ၂၀၀၀) စာ ၃၂-၃၄။ ဘုရားရှင်လက်ထက်တွင် ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူးချီးမြှင့် ရာတွင် အရှင်ဗာဟိယဇာပရုစိယအား ရဟန်းမပြုရသေးသော်လည်း တရားတော်ကို လျင်မြန်စွာ ထိုးထွင်းသိမြင်သော (စိပ္ပါဘိည)ဘွဲ့ထူးအား ချီးမြှင့်ပုံအကျဉ်းကို ရေးသားဖော်ပြထားပါသည်။

- - - (အရှင်မဟာကစ္စာန)။ - - -၊ တွဲ ၁၂၊ မှတ် ၈ (ဩ ၀၀၀) စာ ၂၀-၂၂၊ ပုံ။ ဗုဒ္ဓဘုရားရှင်လက်ထက်၌ ထူးချွန်သော ရဟန်းမြတ်အား ဧတဒဂ် ဘွဲ့ထူးချီးမြှင့်ရာတွင် အရှင်မဟာကစ္စာနအား အကျဉ်းအားဖြင့် ဟောကြားသော တရားတော်များကို အကျယ်တ၀င့်ဖွင့်ဆိုရာ၌ ထူးချွန်သဖြင့် ဘွဲ့ထူးချီးမြှင့်ပုံနှင့် ဘုရားရှင်၏သာသနာတော်ပြန့်ပွားအောင်ဆောင်ရွက်ပုံ အကျဉ်းချုပ်ရေးသား ဖော်ပြထားပါသည်။

- - - (အရှင်မဟာကပ္ပိန)။ - - -၊ တွဲ ၁၄၊ မှတ် ၄ (ဧ ၂၀၀၂) စာ ၃၃-၃၅။ ဘုရားရှင်လက်ထက်ထူးချွန်သော ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ ထူးချီးမြှင့်ရာတွင် အရှင်မဟာကပ္ပိနကို ရဟန်းတို့အား ဆုံးမသောအရာ၌ ထူးချွန်သော ဘိက္ခဩဝါဒက ဧတဒဂ်ဘွဲ့ထူးချီးမြှင့်ပုံအကြောင်းကို အကျဉ်းချုပ် ရေးသားဖော်ပြထားပါသည်။

ဧတဒဂ်ရပုဂ္ဂိုလ်ထူးများ၊ အရှင်မဟာကဿပ (၁)၊ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၁၊ မှတ် ၃ (မတ် ၁၉၉၉)။ ဘုရားရှင်လက်ထက်ထူးချွန်သော ရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှင့် ရာတွင် ရှင်မဟာကဿပအား ဓူတင်ဆောင်ခြင်းအရာ၌ထူးချွန်သော (ဓုတင်္ဂဓရ) ဧတဒဂ် ဘွဲ့ထူးအားချီးမြှင့်ပုံ၊ ဘုရားရှင်က ရှင်မဟာကဿပအား ကိုယ်တော်နှင့် ထပ်တူထပ်မျှထား၍ချီးမြှောက်ပုံ၊ ပရိနိဗ္ဗာန် ပြုပြီးနောက် ရှင်မဟာကဿပသည် ပထမသင်္ဂါယနာ တင်ပုံတို့အား အကျဉ်းချုပ် ဖော်ပြထားပါသည်။

ဧတဒဂ်ရပုဂ္ဂိုလ်ထူးများ (အရှင်မဟာပန္တက)။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၉ (စက် ၂၀၀၀) စာ ၃၂။ ဘုရားရှင်လက်ထက် ထူးချွန်သော ရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ရာတွင် အရဟတ္တဖိုလ်သို့ဆိုက်ရောက်သောအရာတွင်အထူးခြားဆုံး၊ အမြတ်ဆုံးအဖြစ် ချီးမြှင့်ခံရသော အရှင်မဟာပန္တကအကြောင်းကို အကျဉ်းချုပ် ရေးသားဖော်ပြထားပါသည်။

- - - (အရှင်မောဃ)။ - - -၊ တွဲ ၁၃၊ မှတ် ၁၁ (နို ၂၀၀၁) စာ ၂၈-၂၉။ ဘုရားရှင်လက်ထက် ထူးချွန်သောရဟန်းမြတ်တို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ရာတွင် ရဟန္တပုဂ္ဂိုလ် မောဃရာဇရဟန်းသည် ခေါင်းပါးသော သင်္ကန်းဝတ်ရုံကြသော ဘုရားရှင်၏ တပည့်ရဟန်းတို့တွင် အထွတ်မြတ် ဆုံးဖြစ်သော လူခစီ၀ရ ဓရ ဘွဲ့ထူးချီးမြှင့်ခံရတော်မူပုံကို ရေးသားဖော်ပြ ထားပါသည်။

- - - (အရှင်မဟာမောဂ္ဂလန် (၃)။ - - -၊ တွဲ ၁၁၊ မှတ် ၁ (ဇန် ၁၉၉၉) စာ ၁၇-၁၉။ - - - (အရှင်မဟာမောဂ္ဂလန် (၄)။ - - -၊ တွဲ ၁၁၊ မှတ် ၂ (ဖေ ၁၉၉၉) စာ-၂၀-၂၁။ ဘုရားရှင်သည် ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူးချီးမြှင့်ရာတွင် ရှင်မဟာမောဂ္ဂလန်အား ဘုရားရှင်၏တပည့်ရဟန်းတို့တွင် တန်ခိုးအရာ၌ အထွတ်အမြတ်ဆုံး ဘွဲ့ထူးချီးမြှင့်ပုံကို ရေးသားဖော်ပြထားပါသည်။

- - - (အရှင်မလ္လပုတ္တဒဗ္ဗ)။ - - -၊ တွဲ ၁၃၊ မှတ် ၉ (စက် ၂၀၀၁) စာ ၂၉-၃၀။ ဘုရားရှင်သည် ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူးချီးမြှင့်ရာတွင် အသက်အရွယ်ငယ်စဉ်မှာပင် ရဟန္တာဖြစ်ခဲ့သော အရှင်မလ္လပုတ္တဒဗ္ဗအားရဟန်းတို့ အတွက် နေရာထိုင်ခင်းခင်းကျင်းပေးကြကုန်သော ရဟန်းတို့တွင် အမြတ်ဆုံး ဖြစ်သည့် (သေနာသနပညာပက) ဘွဲ့ထူးအားချီးမြှင့်ပုံကို ရေးသားဖော်ပြထား ပါသည်။

- - - (အရှင်ရာဓ)။ - - -၊ တွဲ ၁၃၊ မှတ် ၂ (ဖေ ၂၀၀၁) စာ ၃၃-၃၅၊ ပုံ။ ဘုရားရှင်လက်ထက်တွင် ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ရာတွင် အရှင်ရာဓအားဘုရားဒေသနာတော်ဉာဏ်တိုးပွားအောင် ဆောင်ရွက် သောရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သည့် ဘွဲ့ထူးအားချီးမြှင့်ပုံအကျဉ်းကိုရေးသား ဖော်ပြထားပါသည်။

ဧတဒဂ်ရ ပုဂ္ဂိုလ်ထူးများ (အရှင်ရဌပါလ)။ မင်္ဂလာမောင်မယ်ရုပ်စုံ ၊ တွဲ ၁၂၊ မှတ် ၁၁ (နို ၂၀၀၀) စာ ၃၁-၃၄၊ ပုံ။ ဘုရားရှင်လက်ထက် ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူးချီးမြှင့် ရာတွင် အရှင်ရဌပါလအား သဒ္ဓါတရား တရားကြီးမားထက်သန်စွာဖြင့် ရဟန်းပြုလာခြင်းသည့် (သဒ္ဓါပဗ္ဗဇိတ) ဘွဲ့ထူးအားချီးမြှင့်ပုံအကျဉ်းကို ရေးသား ဖော်ပြထားပါသည်။

- - - (အရှင်ဝက္ကလိ)။ - - -၊ တွဲ ၁၂၊ မှတ် ၃ (မတ် ၂၀၀၀) စာ ၁၇-၂၀၊ ပုံ။ ဘုရားရှင်လက်ထက်ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူးချီးမြှင့် ရာတွင် အရှင်ဝက္ကလိသည် ဘုရားရှင်အားလွန်ကဲစွာကြည်ညိုပုံ၊ ဘုရားရှင်က အရှင်ဝက္ကလိအားဆုံးမတော်မူပုံ၊ သဒ္ဓါတရားကြီးမားလွန်ကဲလွန်း၍ သဒ္ဓါဝိမုတ္တ ဘွဲ့ထူးအားချီးမြှင့်ပုံအကျဉ်းကို ရေးသားဖော်ပြထားပါသည်။

- - - (အရှင်သုဘူတိ)။ - - -၊ တွဲ ၁၂၊ မှတ် ၂ (ဖေ ၂၀၀၀) စာ ၂၁-၂၂၊ ပုံ။ ဘုရားရှင်လက်ထက်ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူးချီးမြှင့် ရာတွင်အရှင်သုဘူတိအား အရဏဝိဟာရီ ဧတဒဂ်ဘွဲ့နှင့်ကိလေသာကင်းကွာ ချမ်းသာစွာနေလေ့ရှိသော ဘုရားရှင်၏တပည့်သာ၀ကရဟန်းတို့၌ အမြတ်ဆုံး ဘွဲ့ဖြစ်သည့် ဒက္ခိဇောယျဘွဲ့ဟူသော ဘွဲ့ထူးနှစ်ရပ်လုံးရရှိပုံကို ရေးသားဖော်ပြ ထားပါသည်။

- - - (အရှင်သောကာကောဠိဝိသ)။ - - -၊ တွဲ ၁၃၊ မှတ် ၆ (ဇွန် ၂၀၀၁) စာ ၃၃။ ဘုရားရှင်လက်ထက်ထူးချွန်သောရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူးချီးမြှင့် ရာတွင်ထက်မြတ်သော၊ လုံ့လရှိသောဘုရား၏တပည့်သာ၀ကရဟန်းတို့တွင် အရှင်သောကသည် ဝီရိယပြင်းပြသောအရာတွင် ဧတဒဂ်ဘွဲ့ထူးရရှိပုံအကျဉ်းကို ဖော်ပြထားပါသည်။

- - - (အရှင်အနုရုဒ္ဓါ) (၁)။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၁၊ မှတ် ၁၁ (နို ၁၉၉၉) စာ ၁၇-၁၈။ - - -၊ - - -၊ - - - (၂)။ ---၊ တွဲ ၁၁၊ မှတ် ၁၂ (ဒီ ၁၉၉၉) စာ ၂၀-၂၁။ - - -၊ - - -၊ - - - (၃)။ - - -၊ တွဲ ၁၂၊ မှတ် ၁၊ (ဇန် ၂၀၀၀) စာ ၁၉-၂၀။ ဘုရားရှင်လက်ထက်ထူးချွန်သော ရဟန်းတို့အားဧတဒဂ်ဘွဲ့ထူးချီးမြှင့် ရာတွင် အရှင်အနုရုဒ္ဓါအား ဒိဗ္ဗစက္ခု အဘိညာဉ်ကိုရသောအရာ၌ ထူးချွန်သော ပုဂ္ဂိုလ်အဖြစ် ဘွဲ့ထူးချီးမြှင့်ပုံအကျဉ်းကို ရေးသားဖော်ပြထားပါသည်။

ဧတဒဂ်ရပုဂ္ဂိုလ်ထူးများ (အရှင်ဥပသေနဝဂ်န္တပုတ္တ)။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၈ (ဩ ၂၀၀၁) စာ ၂၆-၂၈။ ဘုရားရှင်လက်ထက်ထူးချွန်သောရဟန်းမြတ်တို့အား ဧတဒဂ်ဂုဏ်ထူး ချီးမြှင့်ရာတွင် (အရှင်ဥပသေနဝဂ်န္တပုတ္တ) စွမ်းဆောင်နိုင်သောအရာ၌ထူးချွန်သော (သမန္တပါသာဒီက) ဘွဲ့ထူးအားချီးမြှင့်ပုံအကျဉ်းကို ရေးသားဖော်ပြထားပါသည်။

ဧတဒဂ်ရပုဂ္ဂိုလ်ထူးများ (အရှင်ဥပါလိ)။ - - -၊ တွဲ ၁၄၊ မှတ် ၂ (ဖေ ၂၀၀၂) စာ ၃၀-၃၂။ ဂေါတမမြတ်စွာဘုရားရှင်လက်ထက် ထူးချွန်သောရဟန်းတော်များအား ဧတဒဂ်ဘွဲ့ထူးများချီးမြှင့်ရာတွင် ဝိနည်းကြောင့်နှင့်ပတ်သက်၍ တိကျမှန်ကန်စွာ အဆုံးအဖြတ်ပေးနိုင်သောအရာ၌ အရှင်ဥပါလိအား(ဝိနယဓရ)ဧတဒဂ်ဂုဏ် ထူးချီးမြှင့်ရြုခင်းအကြောင်း အကျဉ်းချုပ်ကို ရေးသားဖော်ပြထားပါသည်။

အောင်ခြင်းရှစ်ပါး

အောင်ခြင်းရှစ်ပါး (၁)၊ မာရ်နတ်မင်းကိုအောင်ခြင်း၊ အယ်ဒီတာအဖွဲ့ဝင်တစ်ဦး။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၅၊ မှတ် ၅ (နို ၁၉၉၉) စာ ၁၂-၁၅။ ဗုဒ္ဓသည်ဘုရားဖြစ်ပြီးနောက် အောင်ခြင်းရှစ်ပါးတွင် ပထမဆုံးမာရ် နတ်မင်းကို အောင်မြင်ခြင်းအကြောင်းအကျဉ်းဖော်ပြထားပါသည်။

- - - (၂)၊ သစ္စကပရိပိုက်ကိုအောင်ခြင်း၊ - - -။ - - -၊ တွဲ ၁၅၊ မှတ် ၆ (ဒီ ၁၉၉၉)စာ ၁၆-၁၉။ ဗုဒ္ဓသည်အောင်ခြင်းရှစ်ပါးတွင် ဒုတိယမြောက်အောင်မြင်ခြင်းဖြစ်သည့် သစ္စကပရိပိုက်ကို အောင်ခြင်းအကြောင်းအကျဉ်းချုပ် ရေးသားဖော်ပြ ထားပါသည်။

- - - (၃)၊ စိဉ္စမာဏမိန်းမမိုက်ကိုအောင်ခြင်း၊ - - -။ - - -၊ တွဲ ၁၅၊ မှတ် ၇ (ဇန် ၂၀၀၀) စာ ၁၅-၁၇။ ဗုဒ္ဓသည်အောင်ခြင်းရှစ်ပါးတွင် တတိယမြောက်အောင်ခြင်းဖြစ်သော 'စီဉ္စမာဏမိန်းမမိုက်ဆိုအောင်ခြင်းအကြောင်းအကျဉ်းချုပ်ရေးသားဖော်ပြထားပါသည်။

- - - (၄)၊ နန္ဒောပနန္ဒနဂါးမင်းကိုအောင်ခြင်း၊ - - -။ - - -၊ တွဲ ၁၅၊ မှတ် ၈ (ဖေ ၂၀၀၀) စာ ၁၅-၁၈။ ဗုဒ္ဓဘုရားရှင်၏ အောင်ခြင်းရှစ်ပါး၌တစ်ပါးအပါအဝင်ဖြစ်သည့် စတုတ္ထအောင်မြင်ခြင်းဖြစ်သော နန္ဒောပနန္ဒနဂါးမင်းကိုအောင်ခြင်း အကြောင်း ရေးသားဖော်ပြထားပါသည်။

အောင်ခြင်းရှစ်ပါး (၅)၊ ဗကဗြဟ္မာမင်းကိုအောင်ခြင်း၊ အယ်ဒီတာအဖွဲ့ဝင်တစ်ဦး။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၅၊ မှတ် ၉ (မတ် ၂၀၀၀) စာ ၁၃-၁၆။ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သတင်းသုံးတော်မူစဉ်တွင် မိစ္ဆာဒိဋ္ဌိအယူရှိသော ဗကဗြဟ္မာမင်းနှင့်ခုနှစ်ကျိပ်နှစ်ပါးသော ဗြဟ္မာတို့ကို ဟောပြော၍တရားပြရန် မြင်တော်မူသဖြင့် ဗြဟ္မာပြည်ကြွိုကတော်မူ၍ ဟောပြောတရားပြတော်မူပုံကို မျက်နှာဖုံးပန်းချီပုံနှင့် အတွင်းစာသားကို ရေးသားဖော်ပြထားပါသည်။

- - - (၆)၊ အင်္ဂုလိမာလကိုအောင်ခြင်း၊ - - -။ - - -၊ တွဲ ၁၅၊ မှတ် ၁၀ (ဧ ၂၀၀၀) စာ ၁၃-၁၈။ ဗုဒ္ဓဘုရားရှင်၏ အောင်ခြင်းရှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ဆဋ္ဌမမြောက်အောင်ခြင်းဖြစ်သော အင်္ဂုလိမာလကိုအောင်ခြင်းအကြောင်းရေးသား ဖော်ပြထားပါသည်။

- - - (၇)၊ အဠာ၀ကဘီလူးကိုအောင်ခြင်း၊ - - -။ - - -၊ တွဲ ၁၅၊ မှတ် ၁၁ (မေ ၂၀၀၀) စာ ၁၆-၂၁။ ဗုဒ္ဓဘုရားရှင်သည် အောင်ခြင်းရှစ်ပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော သတ္တမမြောက်အောင်မြင်ခြင်းဖြစ်သည့် အာဠာ၀ကဘီလူးအား အောင်ခြင်းအ ကြောင်းကို ရေးသားဖော်ပြထားပါသည်။

- - - (၈)၊ နာဠာဂီရိဆင်မင်းကိုအောင်ခြင်း၊ - - -။ - - -၊ တွဲ ၁၅၊ မှတ် ၁၂ (ဇွန် ၂၀၀၀) စာ ၁၄-၁၆။ ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်၌ ဝါ(၂၀)မြောက်ဝါကပ်တော်မူချိန်တွင် အောင်ခြင်းရှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် နာဠာဝီရိဆင်မင်းကို မေတ္တာဖြင့်အောင်မြင်ခြင်းအကြောင်းကို ရေးသားဖော်ပြထားပါသည်။

ယဉ်ကျေးမှု

၃၈-ဖြာမင်္ဂလာ (၁)၊ သူမိုက်ကို မပေါင်းဖော်ခြင်း။ - - -၊ တွဲ ၁၇၊မှတ် ၂ (ဩ ၂၀၀၁) စာ ၂၉။ ၃၈-ဖြာမင်္ဂလာတရားတွင်ပါဝင်သော သူမိုက်ကို မပေါင်းဖော်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာငါးဆယ့်ဇာတ်တော်လာ-ဒဓိဝါဟနဇာတ်အား အကျဉ်းချုပ်ရေးသားဖော်ပြထားပါသည်။

၃၈-ဖြာမင်္ဂလာ (၂)၊ ပညာရှိကိုဆည်းကပ်ခြင်း။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၇၊ မှတ် ၃ (စက် ၂၀၀၁) စာ ၃၆-၃၇။ ၃၈-ဖြာမင်္ဂလာတရားတွင် ပါဝင်သောပညာရှိကိုဆည်းကပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာငါးဆယ်ဇာတ်တော်လာ သမုဒ္ဒဝါဏိဇ ဇာတ်အား အကျဉ်းချုပ်ရေးသားဖော်ပြထားပါသည်။

- - - (၃)၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။ - - -၊ တွဲ ၁၇၊ မှတ် ၄ (အောက် ၂၀၀၁) စာ ၅၅။ ၃၈ဖြာမင်္ဂလာတရားတွင် ပါဝင်သောပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ဆရာတော်ကြီးဦးဝိစိတ္တသာရ၏ မဟာဗုဒ္ဓဝင် ဓမ္မပဒ (ဥတ္တရာဥပါသိကမဝတ္ထု)တို့မှ ကောက်နုတ်၍ အကျဉ်းချုပ်ရေးသား ဖော်ပြထားပါသည်။

- - - (၄)၊ သင့်တင့်လျောက်ပတ်သောအရပ်၌နေခြင်း။ - - -၊ တွဲ ၁၇၊ မှတ် ၅ (နို ၂၀၀၁) စာ-၃၂။ ၃၈-ဖြာမင်္ဂလာတရားတွင် ပါဝင်သောသင့်တင့်လျှောက်ပတ်သောအရပ် ၌နေခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာ့ငါးဆယ်ဇာတ်တော်လာ သကုဏဂ္ဃိဇာတ်အား အကျဉ်းချုပ်ဖော်ပြထားပါသည်။

- - - (၅)၊ ရှေးကောင်းမှုကံရှိခြင်း။ - - -၊ တွဲ ၁၇၊ မှတ် ၆ (ဒီ ၂၀၀၁) စာ-၄၀။ ၃၈-ဖြာမင်္ဂလာ တရားတွင်ပါဝင်သော ရှေးကောင်းမှုကံရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာငါးဆယ်ဇာတ်တော်လာ သီရိဇာတ်တော်မှ အကျဉ်းချုပ်ရေးသားဖော်ပြထားပါသည်။

- - - (၆)၊ မိမိကိုယ်ကိုကောင်းစွာစောင့်ထိန်းခြင်း။ - - -၊ တွဲ ၁၇၊ မှတ် ၇ (ဇန် ၂၀၀၂) စာ-၅၅။ ၃၈ဖြာမင်္ဂလာတရားတွင်ပါဝင်သော မိမိကိုယ်ကိုကောင်းစွာစောင့်ထိန်း ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာငါးဆယ်ဇာတ်တော်လာ တေလပတ္တဇာတ်အား အကျဉ်းချုပ်ရေးသားဖော်ပြထားပါသည်။

- - - (၇)၊ အကြားအမြင်များခြင်း။ - - -၊ တွဲ ၁၇၊ မှတ် ၈ (ဖေ ၂၀၀၂) စာ ၄၉-၅၀။ ၃၈ဖြာမင်္ဂလာတရားတွင် ပါဝင်သော အကြားအမြင်များခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ ဓမ္မဂန် ဖတ်စာနှင့်ပုရာဏကျမ်းတို့မှ အကျဉ်းချုပ်ရေးသားဖော်ပြထားပါသည်။

၃၈ဖြာမင်္ဂလာ (၈)၊ စက်မှုလက်မှု့ပညာတတ်မြောက်ခြင်း။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၇၊ မှတ် ၉ (စက် ၂၀၀၂) စာ ၃၁-၃၂၊ ပုံ။ ၃၈ဖြာမင်္ဂလာတရားတွင်ပါဝင်သော စက်မှုလက်မှုပညာတတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဘူဓိဇာတ်မှ အကျဉ်းချုပ်ကောက်နုတ်တင်ပြထားပါသည်။

- - - (၉)၊ ကိုယ်ကျင့်ဝိနည်းကို စောင့်ထိန်းလိုက်နာခြင်း။ - - -၊ တွဲ ၁၇၊ မှတ် ၁၀ (ဧ ၂၀၀၂) စာ ၄၇-၅၄။ ၃၈ဖြာမင်္ဂလာတရားတွင်ပါဝင်သော ကိုယ်ကျင့်ဝိနည်းကိုစောင့်ထိန်း လိုက်နာခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဘ၀ဇာတ်မှအကျဉ်းချုပ်ကောက်နုတ်တင်ပြထားပါသည်။

- - - (၁၀)၊ ချိုသာစွာပြောဆိုခြင်း။ - - -၊ တွဲ ၁၇၊ မှတ် ၁၁ (မေ ၂၀၀၂) စာ ၄၇-၄၈။ ၃၈-ဖြာမင်္ဂလာတရားတွင်ပါဝင်သော ချိုသာစွာပြောဆိုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာ့ငါးဆယ် ဇာတ်တော်လာနန္ဒိဝိသာလဇာတ် အား အကျဉ်းချုပ်ရေးသားဖော်ပြထားပါသည်။

- - - (၁၁)၊ အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်း။ - - -၊ တွဲ ၁၇၊ မှတ် ၁၂ (ဇွန် ၂၀၀၂) စာ ၅၉-၆၀။ ၃၈ဖြာမင်္ဂလာတရားတွင်ပါဝင်သော အမိအဖတို့ကိုကောင်းစွာ လုပ်ကျွေးခြင်းသည် မင်္ဂတစ်ပါးဖြစ်ကြောင်းကို မင်္ဂလာသာရ ဒီပနီကျမ်း မူဟောင်းမှ အကျဉ်းချုပ်ရေးသားဖော်ပြထားပါသည်။

- - - (၁၂)၊ သားမယားကို ကောင်းစွာ ကျွေးမွေးစောင့်ရှောက်ခြင်း။ - - -၊ တွဲ ၁၈၊ မှတ် ၁ (ဇူ ၂၀၀၂) စာ ၅၉-၆၀။ ၃၈-ဖြာမင်္ဂလာတရားတွင်ပါဝင်သော သားမယားကိုကောင်းစွာကျွေးမွေး စောင့်ရှောက်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို မင်္ဂလာသာရဒီပနီကျမ်းမှ အကျဉ်းချုပ်ကောက်နုတ်တင်ပြထားပါသည်။

- - - (၁၃)၊ ရပှု ေ် ထးွ မကှု ငး် လျက ်သန့်ရငှ း် သပရ် ပစ် ွာ အလပု လ် ပု ြ်ခ။ င-း် - -၊ တွဲ ၁၈၊ မှတ် ၂ (ဩ ၂၀၀၂) စာ ၅၉-၆၀။ ၃၈ဖြာမင်္ဂလာတရားတွင်ပါဝင်သော ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်း သပ်ရပ်စွာ အလုပ်လုပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာ့ငါးဆယ် ဇာတ်တော်လာ၀ဏ္ဏပတဇာတ်အား အကျဉ်းချုပ်ကောက်နုတ်တင်ပြထားပါသည်။

၃၈-ဖြာမင်္ဂလာ (၁၄)၊ ပေးကမ်းလှူဒါန်းခြင်း။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၈၊ မှတ် ၃ (စက် ၂၀၀၂) စာ ၅၉-၆၀၊ ပုံ။ ၃၈ဖြာမင်္ဂလာတရားတွင်ပါဝင်သော ပေးကမ်းလှူဒါန်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို မင်္ဂလာသာရဒီပနီကျမ်းမူဟောင်းမှ အကျဉ်းချုပ် ရေးသားဖော်ပြထားပါသည်။

- - - (၁၅)၊ သုစရိုက်တရားတို့ကိုကျင့်ခြင်း။ - - -၊ တွဲ ၁၈၊ မှတ် ၄ (အောက် ၂၀၀၂) စာ ၅၉-၆၀။ ၃၈ဖြာမင်္ဂလာတရားတွင်ပါဝင်သော သုစရိုက်တရားတို့ကိုကျင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဓမ္မပါလဇာတ်အား အကျဉ်းချုပ်ရေးသားတင်ပြထားပါသည်။

- - - (၁၆)၊ အဆွေအမျိုးတို့ကိုထောက်ပံ့ကူညီခြင်း။ - - -၊ တွဲ ၁၈၊ မှတ် ၅ (နို ၂၀၀၂) စာ ၅၉-၆၀။ ၃၈-ဖြာမင်္ဂလာတရားတွင် ပါဝင်သောအဆွေအမျိုးတို့ကို ထောက်ပံ့ကူ ညီခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဟိန္ဒုကဇာတ်အား အကျဉ်းချုပ်ရေးသားဖော်ပြထားပါသည်။

- - - (၁၇)၊ အပြစ်မရှိသောကောင်းမှုကိုပြုခြင်း။ - - -၊ တွဲ ၁၈၊ မှတ် ၁၆ (ဒီ ၂၀၀၂) စာ ၅၆-၅၇။ ၃၈-ဖြာမင်္ဂလာတရားတွင် အပြစ်မရှိသောကောင်းမှုကိုပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်းကို ငါးရာ့ငါးဆယ်ဇာတ်တော်လာ ကုလာ၀ကဇာတ် အား အကျဉ်းချုပ်ရေးသားတင်ပြထားပါသည်။

လူမှုရေး

ကမ္ဘာ့အကျည်းတန်ဆုံး ပုဂ္ဂိုလ်၏ကောင်းမှု၊ ဝင်းဝင်းမြတ်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၄ (ဧ ၂၀၀၁) စာ ၂၈။ ပုံ။ အမေရိကန်ပြည်၊ နေဗားဒါးပြည်နယ်၊ စပ်က်စ်မြို့မှ အက်ဖိန်ဟင်ဒလာ သည် ကမ္ဘာ့အကျည်းတန်ဆုံး ယောကျာ်းများ ယှဉ်ပြိုင်ပွဲ၌ဝင်ရောက်ယှဉ်ပြိုင်ရာ ဆုရရှိပြီးရရှိသောငွေကြေးများအား လူမှုရေးပရဟိတအဖွဲ့များ၌ပေးကမ်းလှူးဒါန်း ကြောင်း ရေးသားဖော်ပြထားပါသည်။

ကျေးဇူးသိသူ။ မင်္ဂလာမောင်မယ်စာစောင်၊ တွဲ ၁၄၊ မှတ် ၅ (မေ ၂၀၀၂) စာ ၃၅-၃၇။ ကမ္ဘာကျော်စစ်ဘုရင် နပိုလီယန်သည်စစ်ပညာသင်စစ်ကျောင်းတက်ခဲ့ စဉ်မှကျေးဇူးရှိခဲ့သော ဖြစ်ရပ်ကလေးကို အကြောင်းပြု၍ကမ္ဘာကျော်စစ်ဘုရင် နပိုလီယန်ဖြစ်သည့် အသိမမေ့ပဲကျေးဇူးသိတတ်ပုံကို ရေးသားဖော်ပြထားပါ သည်။

ဆရာမင်းယုဝေ နှင့် ရိုးသားသောကိုအေးသိန်း၊ ဝင်းအံ့။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မှတ် ၆ (ဇွန် ၁၉၉၉) စာ ၁၆၊ ပုံ။ ဆရာမင်းယုဝေ ၏ ပျောက်ဆုံးသွားသော ပိုက်ဆံအိတ်ကို ရိုးသားစွာနှင့် လာပေးသော ကကအငှား ယာဉ်မောင်းဆရာ ကိုအေးသိန်း၏ရိုးသားဖြောင့်မတ်၍ စာနာတတ်၊ တာဝန်သိတတ်သူ တစ်ဦးဖြစ်ကြောင်းကို ရေးသားဖော်ပြထားပါ သည်။

မိဘကျေးဇူးဆပ်နိုင်သော ၃နှစ်သ္မီး၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၃ (ဇူ ၂၀၀၁) စာ ၂၈။ မျက်မမြင်မိဘနှစ်ပါးနှင့်မျက်မမြင်အစ်ကို၊ ညီမငယ်တို့အားအလိုက်သိ ကူညီစောင့်ရှောက်လုပ်ကိုင်ပေးသော အင်္ဂလန်နိုင်ငံ၊ နော်ဝစ်(ချ)မြို့တွင် နေထိုင်သော သ္မီးလိမ္မာလေး (၃)နှစ်အရွယ်ရှိကေတီဆိုသောသ္မီးအလိမ္မာ၏ အကြောင်းကိုပုံနှင့်အကွရေးသားဖော်ပြထားပါသည်။

မိဘကျေးဇူးဆပ်သော ဆူမိုနပန်းသမားကြီး၊ သကေ်၀ဦး။ - - -၊ တွဲ-၁၃၊ မှတ်-၁ (ဇန်-၂၀၀၁) စာ ၂၀-၂၂။ မိဘကိုချစ်ခင်ရိုသေ၍ ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်ရန်ကြိုးစားနေသော နပန်းချန်ပီယံဆုကြီး (၃)ကြိမ်ရရှိထားသော နပန်သမားကြီးကိုနီရှီကီ၏ အကြောင်းကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

မွန်မြတ်သော ဗီယမ်နမ်သူ အမျိုးသ္မီးကလေး၊ ဝင်းဝင်းမြတ်။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၆၊ မှတ်-၃ (စက် ၂၀၀၀) စာ ၂၆-၂၉၊ပုံ။ အမေရိကန်နှင့်ဗီယမ်နမ်စစ်ပွဲမှ တကယ့်ဖြစ်ရပ်မှန်ကို ရေးသားဖော်ပြ ထားပါသည်။ ထိုစစ်ပွဲ၌ဆင်းရဲဒုက္ခများခံစားခဲ့ရသော်လည်း တစ်ဘက်ရန်သူ အားအမုန်းမထားပဲ အလွန်စိတ်ထားမွန်မြတ်စွာ သည်းခံခွင့်လွတ်ခဲ့သော အရှေ့ တိုင်းသူဗီယမ်နမ်အမျိုးသမီးလေး 'ကင်ပု'၏ မွန်မြတ်သော စိတ်ဓာတ်ကို ရေးသား ဖော်ပြထားပါသည်။

အကုသိုလ်ကံ၏ဆိုးကျိုး၊ ဝင်းဝင်မြတ်။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၆၊ မှတ် ၄ (အောက် ၂၀၀၀) စာ ၅၂-၅၃၊ ပုံ။ အမေရိကန်နိုင်ငံ၊ တက္ထဆပ်ပြည်နယ်၊ အော်စတင်မြို့၌ နေထိုင်သော 'ရပ်(ဖ)လီလာ' သည် ၁၀ နှစ်တာကာလကြာစွာ သဘောကောင်း၍ စိတ်ထား ဖြူစင်လှသော ဇနီးသည်အား အပြစ်မရှိအပြစ်ရှာကာ နေ့စဉ်လိုလို အနိုင်ကျင့် အော်ဟစ်ဆူပူကြိမ်းမောင်းဆဲဆိုနေရာ သူပြုသောအကုသိုလ်ဆိုးကျိုးဒုက္ခ ပြန်လည်ခံစားရပုံကို ရေးသားဖော်ပြထားပါသည်။

အလှူဒါနပြုရေးသရုပ်ဆောင်ကြောင်ကြီး၊ - - -။ - - -၊ တွဲ ၁၈၊ မှတ် ၁ (ဇူ ၂၀၀၂) စာ ၁၃၊ ပုံ။ ဗြိတိသျှ စီးပွားရေးရုပ်မြင်သံကြားလိုင်းတစ်ခုက ချမ်းဩွာကယ်၀သူများ သည် ဆင်းရဲသော သူများကို ကူညီထောက်ပံ့လှူဒါန်းရန်လှုံ့ဆော်ရာတွင် 'ကလူဆို' အမည်ရှိ အသက်-၈နှစ်၊ ကိုယ်အလေးချိန် ပေါင်(၃၀) ရှိသော ကြောင်ကြီးအား ကြော်ငြာသရုပ်ဆောင်ခိုင်း၍ သူဌေးများအား အလှူဒါနပြုရန် နှိုးဆော်ကြကြောင်း ရေးသားဖော်ပြထားပါသည်။

အသက်ကယ်သူနှင့် ကျေးဇူးသိသူ၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၅၊ မှတ် ၁၂ (ဇွန် ၂၀၀၀) စာ ၁၁-၁၂၊ ပုံ။ လွန်ခဲ့သော နှစ်ပေါင်း (၃၂) နှစ်ခန့်က အမေရိကန်၌ စွန့်ပစ်ခဲ့သော မွေးကင်းစကလေးငယ်တစ်ဦး၏ အသက်ကိုကယ်တင်ခဲ့သော ကျေးဇူးရှင်မာရီ နှင့် မိမိအားကယ်တင်ခဲ့သော ကျေးဇူးရှင်၏ကျေးဇူးကိုမမေ့ပဲ ကျေးဇူးရှင်ကို နှစ်ပေါင်းများစွာ လိုက်လံရှာဖွေ၍ ကျေးဇူးဆပ်ခဲ့သော ကျေးဇူးသိတတ်သူ ဟိုလီတို့၏ ဖြစ်ရပ်ကို ပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

သမိုင်း

ကမ္ဘာကျော် စဉ့်ကူးမင်းခေါင်းလောင်း။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၇၊ မှတ် ၄ (အောက် ၂၀၀၁) စာ ၃၉-၄၂။ ရွှေတိဂုံစေတီတော်ကြီးတွင်ယ္ခုလက်ရှိ ရှိနေသောစဉ့်ကူးမင်း၏ကောင်းမှု တော်ဖြစ်သောအလေးချိန်ကြေးစင်ပိဿာ ၁၅ယ၅၅၅ (၂၄-တန်) အတိုင်းအတာ အရပ်ခုနှစ်တောင်နှစ်မိုက် (၁၁ပေ-၆လက်မ)၊ အချင်းငါးတောင် (၇ပေ-၆လက်မ)၊ အလုံးတစ်ဆယ့်ငါးတောင် (၂၂ပေ-၆လက်မ)၊ အထူနှစ်မိုက် (၁ပေ)ရှိသော 'မဟာဂဏ္ဍ'ဘွဲ့အမည်ရှိ ခေါင်းလောင်းကြီးအကြောင်း ရေးသားဖော်ပြထားပါသည်။

ဒေါပုံမြစ်အတွင်း နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီး။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၇၊ မှတ် ၃(စက် ၂၀၀၁) စာ ၁၈-၂၁။ ဓမ္မစေတီမင်း (ခရစ်နှစ် ၁၄၇၂-၁၄၉၂) သည် ရွှေတိဂုံစေတီတော် ပေါ်တွင်ပိဿာ ၁၈၀၀၀၀ရှိသည့်ခေါင်းလောင်းကြီးကို လှူဒါန်းခဲ့ရာ (နှစ်ပေါင်း ၁၃၂နှစ်)ခန့်အကြာတွင် (ဇင်ကာ (ခေါ်) ဖီးလစ်ဒီဘရစ်တို့သည် ခေါင်းလောင်း ကြီးအားစေတီတော်ပေါ်မှ အဓမ္မဖြုတ်ပြီး သန်လျင်သို့သယ်ဆောင်ရာ လှေကွဲပြီး ဒေါပုံမြစ်အတွင်းနစ်မြုတ်သွားသော ဓမ္မစေတီခေါင်းလောင်းကြီး အကြောင်း ရေးသားဖော်ပြထားပါသည်။

သိပ္ပံပညာ

ကတ်ကြေးတီထွင်မှု ပန်းချီကျော်ကြီး၊ ဝင်းအံ့။ မင်္ဂလာမောင်မယ်ရုပ်စုံ ၊ တွဲ ၁၂၊ မှတ် ၁၀ (အောက် ၂၀၀၀) စာ ၂၈၊ ပုံ။ ယနေ့အချိန်အခါတွင် အိမ်တိုင်း၌လူသားတို့သုံးစွဲနေကြသောကတ်ကြေး ကို မိုနာလီဇာပန်းချီကားကို ရေးဆွဲသူ ကမ္ဘာကျော်အီတာလျံပန်းချီပညာရှင် ကြီး လီယိုနာဒိုဗင်ချီမှ ပထမဆုံးစတင်တီထွင်ခဲ့ပုံအကြောင်းကို ရေးသားဖော် ပြထားပါသည်။

ကျုံနိုင်၊ ဆန့်နိုင်သော မော်တော်ကား၊ အောင်ထက်။ - - -၊ တွဲ ၁၄၊ မှတ် ၇ (ဇူ ၂၀၀၂) စာ ၂၈၊ ပုံ။ မကြာမီကဆွမ်ဇာလန်နိုင်ငံမှ တီထွင်သူအချို့သည် လျှပ်စစ်မော်တော် တပ်ဆင်ထားသော (ခလုတ်တစ်ချက် နှိပ်လိုက်ရုံမျှဖြင့်) ကျုံနိုင်၊ဆန့်နိုင်သော မော်တော်ကားတစ်မျိုးကိုတီထွင် လိုက်ကြောင်းပုံနှင့်တကွရေးသားဖော်ပြ ထားပါသည်။

ဆူညံသံများ မကြားရအောင် ထိန်းချုပ်ပေးသည့်စက်ကိရိယာ၊ သကေ်၀ဦး။ - - -၊ တွဲ ၁၄၊ မှတ် ၁၁ (နို ၂၀၀၂) စာ ၂၉-၃၀၊ ပုံ။ စက်ရုံမှစက်သံများဆူညံခြင်း၊ လေယာဉ်ပျံစက်သံဆူညံခြင်း၊ မော်တော် ကားသံများဆူညံခြင်း၊ ရေဒီယိုအသံဆူညံခြင်းစသည့်ဆူညံသံမျိုးစုံတို့ကို ထိန်းချုပ်နိုင်သည်စက်ကိရိယာတစ်မျိုးကို အင်္ဂလန်နိုင်ငံသားဟားဒါးစဖီး(စ်) တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခတစ်ဦးဖြစ်သည့် ဒေါက်တာဆဲလ်ဝင်ရိုက်သည် တီထွင်ခဲ့သည်။မကြာမီထုတ်လုပ်ရောင်းချတော့မည်ဖြစ်ကြောင်းရေးသား ဖော်ပြထားပါသည်။

တီထွင်သူ ၈နှစ်သ္မီးကလေး၊ သကေ်၀ဦး။ မင်္ဂလာမောင်မယ်ရုပ်စုံ ၊ တွဲ-၁၂၊ မှတ် ၁၁ (နို ၂၀၀၀) စာ-၂၆၊ပုံ။ နယူးယောက်မြို့မှရေရှယ်ကင်မစကီအမည်ရှိ ၈နှစ်သ္မီးကလေး၏ မျက်ရည်မကျအောင် အထူးတီထွင်ပြုလုပ်ထားသော ကြက်သွန်လှီကိရိယာ အကြောင်းပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

တစ်ယောက်စီးမိုးပျံယာဉ်၊ အောင်ထက်။ - - -၊ တွဲ ၁၂၊ မှတ် ၈ (ဩ ၂၀၀၀) စာ ၄၄၊ ပုံ။ သိပ္ပံနည်းပညာရှင်များသည် မော်တော်ကား၌အသုံးပြုသော ဓာတ်ဆီကို အသုံးပြု၍ အင်ဂျင်နှစ်လုံးတပ်သည့် မိုင် (၈၀)နှုန်းပျံသန်းနိုင်သော တစ်ယောက် စီးမိုးပျံယာဉ်ကို တီထွင်စမ်းသပ်ပျံသန်းကြည့်ရန် စီစဉ်နေကြောင်း ရေးသား ဖော်ပြထားပါသည်။

ထူးထူးခြားခြား တီထွင်မှုများ၊ - - -။ - - -၊ တွဲ ၁၂၊ မှတ် ၆ (ဇွန် ၂၀၀၀) စာ ၂၁-၂၃၊ ပုံများ နိုင်ငံတကာ၌ ခေတ်မီနည်းပညာများဖြင့် လူမှုရေးနယ်ပယ်၊ ဆက်သွယ် ရေးနယ်ပယ်စသော နယ်ပယ်အသီးသီး၌အသုံးပြုသော ပစ္စည်းများသည် လောင်စာဆီသက်သာပြီး လေထုညစ်ညမ်းမှုမှကာကွယ်နိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ခေတ်မီဆန်းသစ်သော ပစ္စည်းများကို ထုတ်လုပ်ရောင်းချ လျက်ရှိကြောင်း ပုံများနှင့်တကွရေးသားဖော်ပြထားပါသည်။

ဒေါ်လာ ၅၃-သန်းပိုင်လူငယ်၊ သကေ်၀ဦး။ - - -၊ တွဲ ၁၂၊ မှတ် ၅ (မေ ၂၀၀၀) စာ ၃၄၊ ပုံ။ အမေရိကန်လူငယ် အန်ဂတ်ဒေးဗစ်သည် အသက် (၁၆)နှစ် အရွယ် တွင်ကျောင်းထွက်၍ တယ်လီဖုန်းဆက်သွယ်မှုနည်းလမ်းကို လေ့လာဆည်းပူး တီထွင်ခဲ့သည်။ ယနေ့အသက်(၂၁)နှစ်တွင် အင်တာနက်တယ်လီဖုန်းဆက်သွယ် မှုကို တီထွင်အကောင်အထည်ဖော်နိုင်ခဲ့၍ ဒေါ်လာ ၅၃-သန်းကို ပိုင်ဆိုင် နေပြီဖြစ်ကြောင်းပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

နောက်ဆုံးပေါ် သူလျှိုလေယာဉ်ကလေး၊ စုထက်၊ မ။ - - -၊ တွဲ ၁၃၊ မှတ် ၉ (စက် ၂၀၀၀) စာ-၃၂။ အမေရိကန်ကာကွယ်ရေးဌာနမှ သုတေသနပညာရှင်တို့သည် နောင်အနာဂတ်စစ်ပွဲအတွက်ရည်ရွယ်ပြီး စစ်ပွဲ၌ရန်သူ့စခန်းအခြေအနေကို လေ့လာရန်အတွက်၁နာရီ မိုင် ၄၀နှုန်းပျံသန်းနိုင်သည့် လက်တစ်ဝါးအရွယ်သာ ရှိသောအသေးစားလေယာဉ်ပျံလေးအား တီထွင်ထုတ်လုပ်ပုံ၊ အသုံးပြုပုံ၊ ကုန်ကျစရိတ်များကို ရေးသားဖော်ပြထားပါသည်။

ပိုးဟပ်စက်ရုပ်၊ သကေ်၀ဦး။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၇ (ဇူ ၂၀၀၀) စာ ၂၇-၂၈၊ ပုံ။ ကယ်ဆယ်ရေးစူးစမ်းရှာဖွေရေးအဖွဲ့များသည် ခက်ခဲကြမ်းတမ်းသော လမ်းများ၊ စစ်လမ်းကြောင်းများ၌အသုံးပြုရန် ရည်ရွယ်၍ အကူအညီပေးနိုင်မည့် ပိုးဟပ်စက်ရုပ်များ တီထွင်ကြပုံကို ရေးသားဖော်ပြထားပါသည်။

ဖုန်စုပ်စက်တီထွင်၊ - - -။ - - -၊ တွဲ ၁၁၊ မှတ် ၅ (မေ ၁၉၉၉) စာ ၂၅၊ ပုံ။ ကြမ်းခင်းကော်ဇော်များ သန့်ရှင်းရေးအတွက် အလိုအလျောက် ဆောင်ရွက်ပေးသော စက်ကိရိယာလေးကို မကြာမီကတီထွင်လိုက်ကြောင်းနှင့် အသုံးပြုပုံများကို ရေးသားဖော်ပြထားပါသည်။

မဟော်ဂနီသား ၃-ဘီးကား၊ ဝင်းအံ့။ - - -၊ တွဲ ၁၃၊ မှတ် ၃ (မတ် ၂၀၀၁) စာ ၂၇။ အင်္ဂလန်နိုင်ငံ၊ ေ၀လနယ်၊ ပင်းပရုတ်ရှိုင်းဟားမြို့၌နေထိုင်သော လက်သမားဆရာ'ဖရန်းဝု'၏မဟော်ဂနီ သစ်သားဖြင့်တီထွင် တည်ဆောက် ထားအလွန်ပေါ့ပါးသော သုံးဘီးကားတစ်စီး၏ အကြောင်းကိုရေးသား ဖော်ပြထားပါသည်။

မျက်မမြင်ကို လမ်းညွှန်သောခွေးစက်ရုပ်၊ အောင်ထက်။ - - -၊ တွဲ ၁၂၊ မှတ် ၇ (ဇူ ၂၀၀၀) စာ ၂၈၊ ပုံ။ မကြာမီအချိန်က သိပ္ပံနှင့်နည်းပညာရှင်များက ကုန်ကျစရိတ်သက်သာ သည့်မျက်မမြင်များအသုံးပြုရန် ရည်ရွယ်၍ခွေးစက်ရုပ်များကို တီထွင်လိုက် ကြောင်းရေးသားဖော်ပြထားပါသည်။

မျက်မမြင်များဝမ်းမြောက်ဖွယ်၊ စုထက်၊ မ။ - - -၊ တွဲ ၁၄၊ မှတ် ၈ (ဩ၂၀၀၂) စာ ၃၀၊ ပုံ။ မကြာမီကတီထွင်သူများသည် မျက်မမြင်များအသုံးပြုရန်အတွက် အမြင်စွမ်းအားရှိသော (ဲသမိပ ၂) ဟုအမည်ပေးထားသော ကိရိယာတစ်မျိုး အကြောင်းရေးသားဖော်ပြထားပါသည်။ မျက်မမြင်အင်ဂျင်နီယာကြီး ဂျော်ဒီလာဖို့(ခ်ျ)၏အမည်ကို အစွဲပြု၍ (ဲသမိပ ၂) ဟုခေါ်ကြောင်းရေးသား ထားပါသည်။

ရေထဲတွင်သွားနိုင်သောသစ်သားမော်တော်ကား၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၂၊ မှတ် ၁၀ (အောက် ၂၀၀၀) စာ ၂၆၊ ပုံ။ အီတာလျံပန်းပုဆရာလီဗီယိုတီမာချီသည် ဒေါ်လာငွေ ၁၉၀၀၀၀ အကုန်ခံ၍ သစ်သားဖြင့်ရေထဲတွင်သွားနိုင်သော မာစီးဒီးပုံစံမော်တော်ကား တစ်စီးတီထွင်နိုင်ခဲ့ပုံ အကြောင်းကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

လူအသက်ကယ်သောကြောင်မျက်လုံး၊ စုထက်၊ မ။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၁ (ဇန်-၂၀၀၁) စာ ၂၂-၂၃၊ ပုံ။ အင်္ဂလန်နိုင်ငံတွင်နေထိုင်သော 'ပါစီရှောဆို'သူသည် တစ်နေ့၌သူကား မောင်းစဉ်ကြုံတွေ့ခဲ့ရသော အသက်ဘေးမှလွတ်မြောက်ခဲ့ရပုံကို အကြောင်းပြု၍ လူသားများညအခါကားမောင်းစဉ်အချိန်၌ အန္တရာယ်ကင်းရန်အတွက် ကားလမ်း မပေါ်တွင်ထားရှိနိုင်သော ရောင်ပြန်ဖန်ချပ်ပြားကလေးခေါ် 'ကြောင်မျက်လုံး' ကို ပထမဆုံးတီထွင်ထုတ်လုပ်ပုံအကြောင်းကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

သုံးယောက်စီး စက်ဘီးတီထွင်၊ အောင်ထက်။ - - -၊ တွဲ ၁၃၊ မှတ် ၆ (ဇွန် ၂၀၀၁) စာ ၂၄၊ ပုံ။ ဗြိတိသျှလူမျိုး ရိုတင်သွန် (၃၉-နှစ်)သည် လူသုံးယောက်စီးစက်ဘီး နှင့်လူတစ်ယောက်စီး နောက်တွဲကလေး မိသားစုသုံးစက်ဘီးအားတီထွင်ပုံကို ပုံနှင့်တကွဖော်ပြထားပါသည်။

အံ့ဖွယ်ကလေးစက်ရုပ်၊ အယ်ဒီတာတစ်ဦး နှင့် စုထက်၊ မ။ - - -၊ တွဲ ၁၂၊ မှတ် ၆ (ဇွန် ၂၀၀၀) စာ ၂၅၊ ပုံ။ ဥရောပသိပ္ပံနှင့်နည်းပညာရှင်များသည် ကလေးမရှိသောဇနီးမောင်နှံ များအတွက် ကလေးစက်ရုပ်ကိုတီထွင်လုပ်ကိုင်လျက်ရှိရာ ယ္ခုအခါကလေး စက်ရုပ် ၂ခုလုပ်ကိုင်ပြီးကြောင်းနှင့် ကလေးစက်ရုပ်များ၏ အသုံးဝင်ပုံအကြောင်း ကိုရေးသားဖော်ပြထားပါသည်။

အံ့ဖွယ်သူနာပြု ရိုဘော့စက်ရုပ်၊ စုထက်၊ မ။ - - -၊ တွဲ ၁၄၊ မှတ် ၁ (ဇန် ၂၀၀၂)၊ စာ ၂၆-၂၇၊ ပုံ။ မကြာမီက အမေရိကန်နိုင်ငံသား 'စီဗက်စတီရန်သရန်'ဆိုသူဦးဆောင် သောစက်ကိရိယာ အဆန်းတီထွင်သူတစ်စုသည် သူနာပြုများကဲ့သို့ လူနာများ အားလုပ်ကိုင်ဆောင်ရွက်ကူညီပေးနိုင်သော သူနာပြုရိုဘော့စက်ရုပ်ကို အောင်မြင် စွာတီထွင်ထုတ်လုပ်နိုင်ကြောင်းပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

အိမ်ရှင်မစက်ရုပ် ပေါ်လာတော့မည်၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၄၊ မှတ် ၁၂ (ဒီ ၂၀၀၂) စာ ၂၆-၂၇၊ ပုံ။ ဂျာမနီနိုင်ငံ၊ ဟန်ဒိုမာမြို့မှထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးဖြစ်သူရူပဗေဒ ပညာရှင် အင်ဂျင်နီယာဖြစ်သူ ဒေါက်တာကားလ်ဝပ်(စ်)မန်း၏အိမ်ရှင်မ စက်ရုပ်တီထွင်မှု အကြောင်းပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

အနုပညာ

ဂီတ

စန္ဒရားနောက်ပြန်တီးနိုင်သူ၊ ဝင်းအံ့။မ င်္ဂလာမောင်မယ်ရုပ်စ၊ ုံတွဲ ၁၂၊ မှတ် ၁၂ (ဒီ ၂၀၀၀) စာ ၂၄၊ ပုံ။ အမေရိကန်အမျိုးသမီး စန္ဒရားအနုပညာရှင်တစ်ဦးသည် စန္ဒရားကို လက်နောက်ပြန်တီးခြင်း အတတ်ပညာကို အလွန်ထူးချွန်စွာတီးခတ်နိုင်ပုံကို ပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

ပန်းပုပညာ

လူ့မျက်နှာပုံသစ်ပင်၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၂၊ မှတ် ၁ (ဇန် ၂၀၀၀) စာ ၃၃၊ ပုံ။ အင်္ဂလန်နိုင်ငံ၊ စိန်အောစတယ်မြို့၊ ဥယျာဉ်ကြီးတစ်ခုအတွင်းမှ မုန်တိုင်း ဒဏ်ကြောင့် လဲကျနေသောသစ်ပင်အား ဆူးဟီလ် ဆိုသူ ရုက္ခဗေဒဆိုင်ရာ ပန်းပုပညာရှင်တစ်ဦးမှ လူ့မျက်နှာပုံကြီးဖြစ်အောင် ဖန်တီးပြုလုပ်ထားပုံ အကြောင်းကို ရေးသားဖော်ပြထားပါသည်။

ဗိသုကာ

အံ့ချီးဖွယ်သူ့လက်ရာ၊ သကေ်၀ဦး။ - - -၊ တွဲ ၁၁၊ မှတ် ၂ (ဖေ ၁၉၉၉ ) စာ ၃၀။ အင်္ဂလန်နိုင်ငံ၊ ဘရစ်စတိုမြို့တွင်နေထိုင်သည့် အငြိမ်းစားဗိသုကာ အေဒရီယန် (အသက်-၄၀)နှစ်သည် သူအိမ်ခြံအတွင်းရှိ အပင်ငယ်ချုံပုတ် များကို ကတ်ကြေးဖြင့်ကိုက်ဖြတ်၍ သူ၏ဗိသုကာလက်ရာဖြင့် လက်ရာ မြောက်စွာ ပုံစံအမျိုးမျိုးပြုလုပ်ထားသည်ကို ဖော်ပြထားပါသည်။

အံ့ချီးဖွယ်သူ့လက်ရာ၊ သကေ်၀ဦး။ - - -၊ တွဲ ၁၁၊ မှတ် ၂ (ဖေ ၁၉၉၉ ) စာ ၃၀။ အင်္ဂလန်နိုင်ငံ၊ ဘရစ်စတိုမြို့တွင်နေထိုင်သည့် အငြိမ်းစားဗိသုကာ အေဒရီယန် (အသက်-၄၀)နှစ်သည် သူအိမ်ခြံအတွင်းရှိ အပင်ငယ်ချုံပုတ် များကို ကတ်ကြေးဖြင့်ကိုက်ဖြတ်၍ သူ၏ဗိသုကာလက်ရာဖြင့် လက်ရာ မြောက်စွာ ပုံစံအမျိုးမျိုးပြုလုပ်ထားသည်ကို ဖော်ပြထားပါသည်။

အံ့ဖွယ်လူသား၊ အောင်သက်။ - - -၊ တွဲ ၁၄၊ မှတ် ၆ (ဇွန် ၂၀၀၂) စာ ၃၀-၃၁။ လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ကျော်ပြင်သစ်လူမျိုးစာပို့သမား ဖာဒီနန်ရှယ် ဗောဆိုသူသည် ၁၈၇၉ခုနှစ်မှစ၍ ၃၃နှစ်ကြာ၊ အမြင့်ပေ ၂၀ရှိကျောက်သား နန်းတော်ကြီးတစ်ခုကို တည်ဆောက်ခဲ့ပုံ၊ သူ့အနုပညာလက်ရာမြောက်ပုံကို ပုံနှင့်တကွဖော်ပြထားပါသည်။

လက်မှု

စိတ်ရှည်သူ၏လက်မှုပညာအစွမ်း၊ သကေ်၀ဦး။ - - -၊ တွဲ ၁၄၊ မှတ် ၉ (စက် ၂၀၀၂) စာ ၃၄၊ ပုံ။ ဆွီဒင်နိုင်ငံ၊ ဟိုဂနပ်စ်မြို့မှ ဂျိုဟန်ဆင်ဆိုသူသည် အလွန်စိတ်ရှည်၍ လုံ့လဝီရိယရှိသူဖြစ်ပြီး သူ၏လက်မှုပညာအစွမ်းထက်မြတ်ပုံနှင့်တကွ ရေးသားထားပါသည်။

အတ္ထုပ္ပတ္တိ

တိပိဋကဓရယောဆရာတော်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၈၊ မှတ် ၆ (ဒီ ၂၀၀၂) စာ ၁၃-၁၈။ တိပိဋကဓရဆရာတော်၏ငယ်စဉ်ကလေးဘ၀မှ ရဟန်းပြုပြီးသည်အထိ ငယ်ဘ၀၊ ရဟန်းပြုပြီးနောက် ရဟန်းဝိနည်းနှင့်အညီနေထိုင်၊ စားသောက်ပုံ၊ တပည့်သာ၀ကတို့အပေါ်၌လည်း မေတ္တာတရားကြီးမားပုံ သာသနာတော်ပို၍ အစွန့်ရှည်တည်တံခိုင်ခန့်အောင်မြန်မာပြည်တွင်းသာမက ပြည်ပနိုင်ငံများမှာ ပါ သာသနာ့အကျိုးဆောင်ရွက်ပုံ၊ ဆရာတော်သည် စာပေလောက၌လည်း ကျွမ်းကျင်ပုံစသော ဆောင်ရွက်ပုံ၊ ဆရာတော်သည်စာပေလောက၌လည်း ကျွမ်းကျင်ပုံစသော ဆရာတော်၏ဘ၀ဖြစ်စဉ် အတ္တုပ္ပတ္တိအားအခန်းဆက် ရေးသားဖော်ပြထားပါသည်။ အသက် ၁၀၂နှစ်ရှိ အံ့ဖွယ်စာရေးဆရာကြီး မျိုးမြင့်စော။ - - -၊ တွဲ ၁၄၊ မှတ် ၁ (ဇန် ၂၀၀၂) စာ ၂၂-၂၃။ အသက် ၁၀၂နှစ်ရှိ စာရေးဆရာကြီး မျိုးမြင့်စော၏ အတ္တုပ္ပတ္တိအကျဉ်း ကို ရေးသားဖော်ပြထားပါသည်။ ဆရာကြီးသည် အသက် ၁၀၂နှစ်အထိကျန်းမာ သန်စွမ်းစွာနေထိုင်ပြီး ၂၀၀၁ ခု အောက်တိုဘာလ (၂၂)ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။

အထွေထွေ

ကံထူးသော အမြွှာကလေး ၅ဦး၊ သက်ဝေဦး။ - - -၊ တွဲ ၁၁၊ မှတ် ၉ (စက် ၁၉၉၉) စာ ၂၇၊ ပုံ။ အမေရိကန်နိုင်ငံတွင် လူမည်း၊ လင်ဒန်တော(မ်)ဆင်၏ဇနီး ဂျက်ကလင်သည် ယမန်နှစ်က ၆မြွှာပူးကလေးများမွေးဖွားခဲ့ရာ ယင်းတို့အနက် မှတစ်ဦးမှကွယ်လွန်သွားရာ(၅ ဦး) သာကျန်ရှိသည်။ အမေရိကန်နိုင်ငံတွင် လူမည်းမိဘနှစ်ပါးမှ ၆မြွှာပူးကလေးမွေးဖွားခြင်းမှာ ပထမဆုံးဖြစ်ရပ်အဖြစ် ဖော်ပြထားပါသည်။

၉၅-နှစ်အရွယ်အဘိုးအို၏အစွမ်း၊ - - -။ - - -၊ တွဲ ၁၂၊ မှတ် ၃ (မတ် ၂၀၀၀) စာ ၃၇၊ ပုံ။ ပြင်သစ်အဘိုးအို ဂတ်စတွန်ဘတ်သည်(၉၅)နှစ် အရွယ်ရောက်သည့် တိုင်ကောင်းကင်ကျွမ်းဘားကစား အတတ်ပညာသင်တန်းကျောင်းကို ကိုယ်တိုင် ဦးစီး၍သူကိုယ်တိုင် စံနမူနာပြကစားပြ၍သင်ကြားနေပုံကို ရေးသားဖော်ပြထား ပါသည်။

ကမ္ဘာကျော် ထွားကျိုင်းသောကလေးကြီးများ၊ ဝင်းဝင်းမြတ်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မှတ် ၈ (၁၉၉၉-ဩ) စာ ၂၈-၂၉၊ ပုံ။ အရွယ်နှင့်မမျှအောင် ခန္ဓာကိုယ်ထွားကျိုင်းလှသော ကမ္ဘာကျော်ကလေး ငယ်များ၏အကြောင်းကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံးခွေးကြီး။ - - - တွဲ ၁၃၊ မှတ် ၁၀၊ (အောက် ၂၀၀၁) စာ ၂၉၊ ပုံ။ 'ဟာကြူလီ'အမည်ရှိခွေးကြီးသည် ခုနှစ်သားအရွယ်သာရှိပြီး ကိုယ်အလေးချိန် ၂၈၂ပေါင်ရှိ၍ ကမ္ဘာပေါ်တွင် ကိုယ်အလေးချိန်အများဆုံး ခွေးကြီးအဖြစ်မှတ်တမ်းတင်ခံရကြောင်းကို ပုံနှင့်တကွ ရေးသားဖော်ပြထားပါ သည်။

ကမ္ဘာ့ဆံပင် အရှည်ဆုံးအမျိုးသား၊ အောင်တက်။ - - -၊ တွဲ ၁၂၊ မှတ် ၄ (ဧ ၂၀၀၀) စာ ၂၉၊ ပုံ။ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရွာငယ်လေးတစ်ရွာမှ လူဆင်လာဆိုသူ အသက် (၇၇)နှစ်ရှိသော အဘိုးအိုသည် သူ၏ဆံပင်အားငယ်စဉ်မှစ၍ အရှည်ထားခဲ့ရာ အသက် (၇၇)နှစ်၌ ဆံပင်မှာ၁၂ဒဿမ ၇ပေ ရှည်နေကြောင်းကို ပုံနှင့်တကွ ဖော်ပြထားပါသည်။

ကမ္ဘာ့အကြီးဆုံးကလေး၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၁၊ မှတ် ၁၂ (ဒီ ၁၉၉၉) စာ ၂၇၊ ပုံ။ တရုတ်နိုင်ငံ၊တီယန်ချင်မြို့မှ ကျောင်းသားကလေး ရှုချီယန်တိန်ကို ကမ္ဘာ့အကြီးဆုံးလူကလေးအဖြစ် မှတ်တမ်းတင်ထားပုံကို ပုံနှင့်တကွရေးသား ဖော်ပြထားပါသည်။

ကမ္ဘာ့အကြီးဆုံး ရှုးဖိနပ်ကြီး၊ စုထက်၊ မ။ - - -၊ တွဲ ၁၄၊ မှတ် ၉ (စက် ၂၀၀၂) စာ ၃၆၊ ပုံ။ ဟန်ဂေရီယန်လူမျိုး ရှုးဖိနပ်ချုပ်ဆရာ ဂျိုးဇက်ကိုဗော့သည် ရှုးဖိနပ် နံပါတ် (၁၉၂) ရှိသည့် ဧရာမရှုးဖိနပ်ကြီးကို ချုပ်လုပ်ခဲ့ကြောင်းပုံနှင့်တကွ ရေးသား ဖော်ပြထားပါသည်။

ကမ္ဘာ့အကွေ့အကောက်အများဆုံးလမ်း၊ အောင်ထက်။ - - -၊ တွဲ ၁၃၊ မှတ် ၅ (မေ ၂၀၀၁) စာ-၂၃။ အမေရိကန်ပြည်၊ ဆန်ဖရန်စစ္စကိုမြို့မှ လွမ်ဘတ်လမ်း၏ အကွေ့ အကောက်များပုံကို ကမ္ဘာ့အကွေ့အကောက်အများဆုံးသောလမ်းအဖြစ် ဖော်ပြထားပါသည်။

ကမ္ဘာ့အငယ်ဆုံးမော်တော်ကား၊ အောင်ထက်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၅ (မေ ၂၀၀၀) စာ ၃၅၊ ပုံ။ မကြာမီက ဗြိတိန်နိုင်ငံသား ပယ်ရီတ်ကင်း၏ အလျား ၁၄ပေ၊ အမြင့် ၂၃ လက်မရှိပြီး၊ တစ်နာရီ (၁၆၀) မိုင်နှိုင်းအထိသွားနိုင်သော ကမ္ဘာ့အငယ်ဆုံး မော်တော်ကားတစ်စီးအကြောင်း ပုံနှင့်တကွဖော်ပြထားပါသည်။

ကမ္ဘာ့အရပ်အမြင့်ဆုံးယောကျာ်း၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၂၊ မှတ် ၈ (ဩ ၂၀၀၀) စာ ၄၃၊ ပုံ။ အမေရိကန်လူမည်း ကဲလ်ဗင်လိန်းသည် ကမ္ဘာပေါ်ရှိအရပ်အမြင့်ဆုံး ယောကျာ်းများတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ကမ္ဘာ့အရပ်အမြင့်ဆုံးအမျိုးသား၊ စုထက်၊ မ။ - - -၊ တွဲ ၁၃၊ မှတ် ၄ (ဧ ၂၀၀၁) စာ ၃၀၊ ပုံ။ ပါကစ္စတန်အမျိုးသား 'နာဆာအာမက်ဆူမရို' အားး ကမ္ဘာ့အရပ်အမြင့် ဆုံးအမျိုးသားအဖြစ် မှတ်တမ်းတင်ထားပုံကို ပုံနှင့်တကွဖော်ပြထားပါသည်။

ကမ္ဘာ့အရပ်အရှည်ဆုံးလူသား၊ သက်ဝေဦး။ - - -၊ တွဲ ၁၄၊ မှတ် ၇ (ဇူ ၂၀၀၂) စာ ၂၇၊ ပုံ။ ကမ္ဘာပေါ်တွင်သက်ရှိလူသားများအနက် အရပ်အမြင့်အဆုံးလူသား အဖြစ် ရက်ဒ်ဟောင်းချက်ဗစ်ကို မှတ်တမ်းတင်ထားခဲ့သည်။သူသည်ကျူနီးစီး ယားနိုင်ငံသားဖြစ်ပြီး အရပ်မှာ ၇ပေ၊ ၈လက်မရှိသည်။ယ္ခုအခါ ဆိုမားလီးယား နိုင်ငံသားဟူစိန်ဘိဆတ်၏အရပ်မှာ (၇ပေ-၉လက်မ)မြင့်ရာချာဖစ်ထက် အရပ်အမြင့်စံချိန် ချိုးသွားကြောင်းပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ကမ္ဘာ့အ၀ဆုံးအမျိုးသ္မီး၊ - - -။ - - -၊ တွဲ ၁၁၊ မှတ် ၇ (ဇူ ၁၉၉၉) စာ ၂၃-၂၄၊ ပုံ။ အမေရိကန်အမျိုးသ္မီးဘင်ဘီဝင်ဒီကို ဆိုသူသည်ကိုယ်အလေးချိန် (၂၈၉၂)ပေါင်ရှိ၍ ကမ္ဘာပေါ်တွင် ကိုယ်အလေးချိန်အများဆုံး၊ အ၀ဆုံး အမျိုးသ္မီး ဖြစ်ကြောင်းနှင့်သူမ၏အကြောင်းအကျဉ်းကိုရေးသားဖော်ပြထားပါသည်။

ကမ္ဘာ့အသေးငယ်ဆုံးမျက်နှာပိုင်ရှင်၊ အောင်ထက်။ - - -၊ တွဲ ၁၁၊ မှတ် ၅ (မေ ၁၉၉၉) စာ ၂၄-၂၅။ အမေရိကန်ပြည်၊ အက်လန်တာမြို့ရှိ ပန်းရောင်သောပန်းသည် မကလေးကယ်ကင်းနားကို ကမ္ဘာပေါ်တွင်အသေးငယ်ဆုံးသော မျက်နှာပိုင်ရှင် အဖြစ်မှတ်တမ်းတင်ထားပုံနှင့် သူမ၏စိတ်ဓာတ်ခိုင်မာပုံကို ပုံနှင့်တကွရေးသား ဖော်ပြထားပါသည်။

ကမ္ဘာ့အသက်အရှည်ဆုံးကြောင်ကြီး၊ သက်ဝေဦး။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၁၀ (အောက် ၂၀၀၁) စာ ၂၇။ ၁၉၇၀ပြည့် အင်္ဂလန်နိုင်ငံ၊ ဘဒ်ပို့မြို့ရှိကြောင်ပေါက်စလေးများရောင်း သောဆိုင်မှ 'စပိုက်'အမည်ရှိကြောင်ထီးကလေးအားမိတ်ဆွေတစ်ဦးမှဝယ်၍ မိုးနှင့်ဒေ့ဇနီးမောင်နှံအားလက်ဆောင်ပေးခဲ့ရာ ယ္ခုအခါထိုကြောင်ထီးကြီးမှာ အသက် ၃၁နှစ်ရှိပြီး ကမ္ဘာ့အသက်အရှည်ဆုံးကြောင်ကြီးအဖြစ်မှတ်တမ်းတင် ခံရကြောင်းကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသ္မီးကြီး၊ အောင်ထက်။ - - -၊ တွဲ ၁၃၊ မှတ် ၁၁ (နို ၂၀၀၁) စာ ၃၇၊ ပုံ။ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့တွင် နေထိုင်သောအဘွားအေမီ (အသက် ၁၁၆)နှစ်သည် ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားရှိသော ကမ္ဘာအသက် ရှည်ဆုံး အမျိုးသ္မီးအဖြစ် မှတ်တမ်းတင်ခံရသူများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ကိုယ်ချင်းဆက် အမြွှာညီအစ်မ၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၂၊ မှတ် ၉ (စက် ၂၀၀၀) စာ ၂၉၊ ပုံ။ အသက်(၅၀)အရွယ်ရှိ ရုရှားအမျိုးသ္မီး ကိုယ်ချင်းဆက်အမြွှာညီအစ်မ အကြောင်းကိုပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ကျားခြငေ်္သ့၊ အောင်ထက်။ - - -၊ တွဲ ၁၂၊ မှတ် ၂ (ဖေ ၂၀၀၀) စာ ၄၀၊ ပုံ။ အမေရိကန်နိုင်ငံရှိ တိရိစ္ဆာန်ဥယျာဉ်မှ ခြငေ်္သ့ထီးနှင့်ကျားမတို့သင့်မြတ် ရာမှ မွေးဖွားလာသော၊ 'ကျားခြငေ်္သ့'အကြောင်းရေးသားဖော်ပြထားပါသည်။

ကျေးဇူးတုံ့ပြန်သော ခွေးလိမ္မာကြီး၊ စုထက်၊ မ။ - - -၊ တွဲ ၁၃၊ မှတ် ၁၂ (ဒီ ၂၀၀၁) စာ ၂၇၊ ပုံ။ အမေရိကန်ပြည်တွင် ခွေးလေခွေးလွင့်များကို ဖမ်းဆီးကာတစ်နေရာတွင် ကောင်းစွာထားပြီးမွေးမြူလိုသူများ ရှိကပေးအပ်သည်။ မွေးမည့်သူမရှိပါက နှစ်ကြာလာသောအခါသတ်ပစ်သည်။ ဂျင်းဘေကာဆိုသူ အမျိုးသားတစ်ဦးသည် အသတ်ခံရတော့မည့်ခွေး ကြီးတစ်ကောင်ကို ခေါ်ကာကောင်းစွာကျွေးမွေး စောင့်ရှောက်ခဲ့သည်။ ဂျင်းဘေကာသည်နှလုံးရောဂါဖြင့် ကိုယ်တစ်ခြမ်းလေဖြတ် သွားစဉ် တနေ့သူအိမ်၌ မီးလောင်ရာ သူခေါ်ယူမွေးမြူထားသောခွေးကြီးမှာ သူ့အသက်သခင်ကျေးဇူးရှင် ဂျင်ဘေတာအား မီးဘေးမှပြန်လည်အသက်ကယ်တင် ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ကျောက်ကပ်လှူသူ၏ စေတနာအကျိုးပေး၊ ဝင်းဝင်းမြတ်။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၆၊ မှတ် ၉ (မတ် ၂၀၀၁) စာ ၃၁၊ ပုံ။ အမေရိကန်ပြည်မှ လူမည်းအမျိုးသ္မီး မာရီယန်နီးလ်သည် အလွန်ဆင်းရဲ သော်လည်း စိတ်နှလုံးဖြူစင်စွာနှင့် သွေးသားတော်စပ်မှုမရှိသော ကလေးငယ် တစ်ဦးအားကျောက်ကပ်လှူဒါန်းခဲ့သည်။ သူတကာပြုနိုင်ခဲသော အလှူဒါန မျိုးကိုစေတနာသဒ္ဓါတရားထက်သန်စွာပြုခဲ့၍ စေတနာအကျိုးပေးကောင်းပုံ ကြောင့် ပြန်လည်ခံစားခဲ့ပုံကို အကြောင်းကိုရေးသားဖော်ပြထားပါသည်။

ကြံကြံဖန်ဖန်၊ စုထက်၊ မ။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၁၁ (နို ၂၀၀၂) စာ ၃၀၊ ပုံ။ မကြာမီကဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ ရက်သတ္တပတ်ကြာမျှ အဝတ်အစားဖက်ရှင်ပြပွဲတစ်ရပ်ကို ကျင်းပခဲ့ရာပြိုင်ပွဲဝင်ဖက်ရှင်အမျိုးသ္မီးတစ်ဦး သည်သူ၏ပြိုင်ပွဲဝင် ဝတ်စုံ၌ဆင်ယင်ထားသောဒေါ်လာ၅သိန်းတန်ပုလဲများကို လုယက်ခံရမည်စိုး၍ အစောင့်အဖြစြွေ်မကြီးတစ်ကောင်ကို သူကိုယ်ပေါ်၌ထား ကြောင်းပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ကြံကြံဖန်ဖန်လက်သည်းရှည်ထားသူ၊ ဝင်းအံ့။ - - -၊ တွဲ ၁၃၊ မှတ် ၅ (မေ ၂၀၀၁) စာ ၂၄၊ ပုံ။ အမေရိကန်ပြည်၊ ဟဲဗင်ကောင်းမြို့မှ လူမည်းအမျိုးသ္မီးကျောင်းဆရာမ ဒေါန်ရမ်စီ၏ ၄လက်မမှ ၇လက်မခွဲအထိ ရှည်သော လက်သည်းအရှည်ထား ခြင်းအကြောင်းကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ကြက်ဝမ်းထဲက စိန်တစ်လုံးတွေ့၊ စုထက်၊ မ။ - - -၊ တွဲ ၁၂၊ မှတ် ၁၁ (နို ၂၀၀၀) စာ ၂၇၊ ပုံ။ တရုတ်ပြည်၊ ပီကင်းမြို့ရှိ လီယွန်ချောင်ဆိုသူလယ်သမားတစ်ဦးသည် သူ၏ညစာထမင်းကို ကြက်ပေါင်းဟင်းဖြင့်စားရာ ကြက်ဝမ်းထဲမှ ၁.၂ကာရက်ရှိ စိန်တစ်လုံးကိုမမျှော်လင့်ဘဲ တွေ့ရှိကြောင်းရေးသားဖော်ပြထားပါသည်။

ကြောက်စရာ ဒိုင်နိုဆောမျိုးဝင်သတ္တဝါကြီး သတင်းစာဆရာတစ်ဦးကို ကိုက်သတ်စားခြင်း၊ အောင်ထက်။ - - -၊ တွဲ ၁၂၊ မှတ် ၁၀ (အောက် ၂၀၀၀) စာ ၂၃-၂၅၊ ပုံ။ တောင်အမေရိကတိုက် အမေဇုံတောနက်ကြီးထဲတွင် ဒိုင်နိုဆောမျိုးဝင် သတ္တဝါကြီးတစ်ကောင်ကို သတင်းစာဆရာတစ်ဦးမှ ထူးခြားသတင်းယူနေစဉ် ထိုသတ္တဝါကြီး သတင်းစာဆရာကို အရှင်လတ်လတ် ကိုက်စားဝါးမျို ပစ်လိုက်သော ဖြစ်ရပ်အကြောင်းကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ကြုံတောင်ကြုံခဲ၊ ဝင်းဝင်းမြတ်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၁ (ဇန် ၂၀၀၂) စာ ၂၄-၂၅၊ ပုံ။ အင်္ဂလန်နိုင်ငံတန်းဘရစ်(ခ်ျ)ဝဲမြို့ငယ်ရှိ တိုက်အိမ်တစ်ခု၏ပထမထပ်၌ (၂)နှစ်သားအရွယ်ဂျော့(ဘ်)ဝပ်ဆင်အမည်ရှိ ကလေးငယ်တစ်ဦးဆော့ကစား နေစဉ်အိမ်ရှေ့ပြတင်းပေါက်မှ ကိုယ်ကိုမထိန်းနိုင်ဘဲ ပြုတ်ကျရာဒေါက်တာ ကင်တက်စတရိုအမည်ရှိဆရာဝန်တစ်ဦးက တိုက်အောက်မှနေ၍ ကလေးငယ် အားကယ်တင်ခဲ့ပုံကြုံတောင်ကြုံခဲ ဖြစ်ရပ်အားပုံနှင့်တကွရေးသားဖော်ပြ ထားပါသည်။

၇နှစ်သား ဟာကျူလီကလေး၊ အောင်ထက်။ - - -၊ တွဲ ၁၃၊ မှတ် ၃ (မတ် ၂၀၀၁) စာ ၂၃၊ ပုံ အမေရိကန်ပြည်၊ ကာလီဖိုးနီယားပြည်နယ်၌ နေထိုင်သော ရစ်ချတ်စန် ဒရတ်သည် အသက်(၇)နှစ်အရွယ်သာရှိသေးသော်လည်း အံ့ဖွယ်ကောင်း လောက်အောင်ပင် ြွကက်သားများကြီးထွားတောင့်တင်းသန်မာပုံမှာ လူကြီးများ၏ ြွကက်သားကြီးထွားသန်မာပုံကဲ့သို့ကြီးထွားပုံကို ဟာကျူလီကလေးဟူ၍တင်စား ခေါ်ပုံကိုရေးသားဖော်ပြထားပါသည်။

ချီးကျူးဖွယ်သ္မီးလိမ္မာလေး၊ ဝင်းဝင်းမြတ်။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၆၊ မှတ် ၈ (ဖေ ၂၀၀၁) စာ ၁၂-၁၃၊ ပုံ။ အရွယ်နှင့်မလိုက်အောင် ဉာဏ်ကောင်းလှသော ချီးကျူးဖွယ်သ္မီးလိမ္မာ ကလေးဖြစ်သည့် (အသက် ၃နှစ်နှင့်၄လ)အရွယ်သာရှိသေးသော သ္မီးကလေး 'ဇွန်သန့်ဖြူဖွေး'၏ အကြောင်းကို ရေးသားဖော်ပြထားပါသည်

ချောကလက်ဒေါက်ဖိနပ်၊ - - -။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၂ (ဖေ ၂၀၀၀) စာ ၃၆၊ ပုံ။ နယူးယောက်မြို့စားသောက်ဆိုင်တစ်ဆိုင်၌ တစ်ပွဲလျှင် ၃၉.ဒေါ်လာ တန် ချောကလက်ဒေါက်ဖိနပ် ဟုခေါ်သောအချိုပွဲပြင်ဆင်ထားပုံကို ရေးသား ဖော်ပြထားပါသည်။

ခြေ ၂ချောင်းမရှိသူ၏ ဇွဲသတ္တိ၊ - - -။ - - -၊ တွဲ ၁၃၊ မှတ် ၉ (၂၀၀၁-စက်) စာ ၃၄-၃၅။ ဗြိတိသျှ ကြည်းတပ်မှလေထီးစစ်သား တစ်ဦးဖြစ်သောအသက်၂၉နှစ် ရှိ'အဲလစ်ယားဟော့ဆန်' သည် ဗုံးဆန်မှန်၍ ခြေနှစ်ချောင်းပြတ်ခဲ့သော်လည်း မလျော့သောဇွဲ၊ လုံလ၊ ဝီရိယနှင့် ကြိုးစားကာ ယ္ခုအခါ လေထီးခုန်'လူစွန်စား အဖွဲ့'တွင်အင်္ဂါပြည့်စုံသူများကဲ့သို့ စွန့်စားခြင်းအလုပ်ကို လုပ်နေကြောင်းပုံနှင့် တကွရေးသားဖော်ပြထားပါသည်။

၆နှစ်သား ကရောတေးလူငယ်ကမ္ဘာချန်ပီယံ၊ အောင်ထက်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၃ (မတ် ၂၀၀၁) စာ ၂၈၊ ပုံ။ နိုင်ငံတကာ ကရာတေးအားကစားမဂ္ဂဇင်း၏ဖော်ပြချက်အရ အမေရိကန် ပြည်၊ နယူးယောက်ပြည်နယ် ရှာလကီမြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ (၆)နှစ်သားအရွယ်ရှိသော အလက်ကီမာတင်ဆိုသူကျောင်းသားလေးသည် တိုက်ကွမ်ဒိုစွမ်းရည် ပညာရပ်တွင် လူငယ်များထဲ၌ ကမ္ဘာ့အဆင့်(၁)ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ခြငေ်္သ့၊ ကျား၊ ကျားသစ်တို့ကိုမကြောက်သူ၊ အောင်ထက်၊ စုထက်၊ မ။ - - -၊ တွဲ ၁၁၊ မှတ် ၂ (ဖေ ၁၉၉၉) စာ-၂၈။ အင်္ဂလန်နိုင်ငံသား၊ လူငယ်ရိုင်း(စ)ကလပ်သည်အသက် (၂၁)နှစ်အရွယ် ရှိပြီးကြောက်မက်ဖွယ်ကောင်းသော ကျား၊ ခြငေ်္သ့စသည့် တိရိစ္ဆာန်များကို ယဉ်ပါးအောင်ထိန်းကျောင်းနိုင်သည်ကမ္ဘာကျော်လူငယ်တစ်ဦးဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဂျမ်ဘိုမယ်(၁၉၉၉)။ - - -၊ တွဲ ၁၁၊ မှတ် ၉ (စက် ၁၉၉၉) စာ ၂၅-၂၆၊ ပုံ။ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် 'ဂျမ်ဘိုမယ် (၁၉၉၉)' ပြိုင်ပွဲကိုကျင်းပခဲ့ သည်ထိုင်းလူမျိုးများသည် ဆင်များကို အလွန်ချစ်မြတ်နိုးကြသည်။ တန်ဖိုးထား ကြသည်။ဆင်များကို ဂုဏ်တင်၍ ယ္ခုကဲ့သို့ 'ဂျမ်ဘိုမယ်' ပြိုင်ပွဲကိုကျင်းပ ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုလည်း ရေးသားဖော်ပြ ထားပါသည်။

၅နှစ်သ္မီးကလေး၏စွမ်းရည်၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၄၊ မှတ် ၁ (ဇန် ၂၀၀၂) စာ ၂၈-၂၉၊ ပုံ။ ထရေစီအမည်ရှိ သ္မီးလိမ္မာကလေး (၅)နှစ်အရွယ်သည် မိခင်ဖြစ်သူမွေး ဖွားရာ၌ ဆရာဝန် (သို့မဟုတ်) သားဖွားဆရာမရှိဘဲ သူမတစ်ဦးတည်းကပင် လက်သည်လုပ်၍ မိခင်အားမီးဖွားနိုင်ရန် ကူညီပေးခဲ့ကြောင်းဖော်ပြခဲ့ပါသည်။ မိခင်မှာ အမြွှာပူးကလေး၂ဦးကို အောင်မြင်စွာဖွားနိုင်ကြောင်း ရေးသား ဖော်ပြထား ပါသည်။

စိတ်ထားမွန်မြတ်သော မျက်မမြင်နှစ်ဦး၊ ဝင်းအံ့။ - - -၊ တွဲ ၁၃၊ မှတ် ၁၂ (ဒီ ၂၀၀၁) စာ ၃၀-၃၁၊ ပုံ။ ဂျပန်နိုင်ငံမှဟီရိုနှင့်အက်စီကိုဖူဂျီမာရီအမည်ရှိ မျက်မမြင်ဇနီးမောင်နှံ နှစ်ဦးသည် အလွန်စိတ်ထားမွန်မြတ်ပြီး သူတို့နှင့်ဘ၀တူမျက်မမြင်ဘ၀သို့ ရောက်ပြီး အားကိုးရာမဲ့ဖြစ်နေသော အခြားမျက်မမြင် (၇)ဦးကို မွေးစားပြုစု စောင့်ရှောက်ထား သည်ကို ဖော်ပြထားပါသည်။

စိတ်ရှည်သူ၏ လက်မှုပညာအစွမ်း၊ သက်ဝေဦး။ မင်္ဂလာမောင်မယ်ရုပ်စ၊ ုံတွဲ ၁၄၊ မှတ် ၉ (စက် ၂၀၀၂) စာ ၃၄၊ ပုံ။ ဆွီဒင်နိုင်ငံ၊ ဟိုဂနပ်စ်မြို့မှ ဂျိုဟန်ဆင်ဆိုသူသည် အလွန်စိတ်ရှည်၍ လုံ့လဝီရိယရှိသူဖြစ်ပြီး သူ၏လက်မှုပညာအစွမ်းထက်မြတ်ပုံနှင့်တကွရေးသား ဖော်ပြထားပါသည်။

စန္ဒရားအနုပညာရှင်၏မေတ္တာ၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၄၊ မှတ် ၇ (ဇူ ၂၀၀၂) စာ ၂၉၊ ပုံ။ အမေရိကန်အမျိုးသ္မီးနာမည်ကျော် စန္ဒရားအနုပညာရှင် ဟယ်လင်ဂရင်း မော့ (၃၀-နှစ်) ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေများကို ချစ်ခင်ကြင်နာ၍ ဝံပုလွေမျိုးတုံးကွယ်ပျောက်သွားမည်စိုး၍ ကယ်တင်စောင့်ရှောက်ရေးလုပ်ငန်း များလုပ်ကိုင်နေကြောင်း ထူးခြားသောမေတ္တာရှင်တစ်ဦးဖြစ်ပုံနှင့်တကွ ရေးသား ဖော်ပြထားပါသည်။

စွန့်စွန့်စားစား၊ အောင်ထက်။ - - -၊ တွဲ ၁၄၊ မှတ် ၂ (ဖေ ၂၀၀၂) စာ ၂၆၊ ပုံ။ ဆွစ်ဇာလန်နိုင်ငံရှိ အီဂါတောင်တန်း၌ မှိုပွင့်သဏ္ဍန်ရှိသော ၁မိုင်ကျော် အမြင့်ရှိသည် ကျောက်တော်ကြီးပေါ်သို့ ဩစတြီးရန်းလူမျိုးလူစွန့်စားတစ်ဦး သည်ခက်ခက်ခဲခဲတက်၍ တောင်အောက်သို့စွန့်စွန့်စားစားခုန်ချနေပုံကို ပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

ဆရာဝန်တင်ရွှေနှင့်ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများြ။မ တမ် ဂင်္လ ာစာစောင၊် တွဲ ၁၈၊ မှတ် ၁ (ဇူ ၂၀၀၂) စာ ၂၆-၂၉၊ ပုံ။ ထင်ရှားသောစာရေးဆရာ ဆရာဝန်တင်ရွှေ၏စေတနာကောင်းပုံ၊ စာပေ ဝါသနာပါပုံ၊ သူမကွယ်လွန်မီကာအထိ ဆေးလောကနှင့်စာပေလောကအတွက် အကျိုးပြုလုပ်ငန်းများဆောင်ရွက်ပုံ သူ၏မှတ်စု၌မှတ်သားထားသော ကျန်းမာ ရေးဆိုင်ရာကမ္ဘာ့စကားပုံများကို ပြန်လည်ဆန်းသစ် ရေးသား ဖော်ပြထားပါသည်။

ဆံပင်အရှည်ဆုံး အမျိုးသ္မီး၊ စုထက်၊ မ။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၅ (မေ ၂၀၀၂) စာ-၃၂၊ ပုံ။ တူရဂီအမျိုးသ္မီးကလေး နက်စီမီလိုက်သည် ကမ္ဘာပေါ်တွင်ဆံပင်အရှည် လျားဆုံးသော အမျိုးသ္မီးအဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် ခံရပုံကိုရေးသားဖော်ပြထားပါသည်။ သူမ၏ဆံပင်မှ ၅ပေနှင့်၆လက်မရှိ၍ ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ဇာတိနေအိမ်ကိုချစ်သူ၊ စုထက ်၊မ။ မင်္ဂလာမောင်မယ်ရုပ်စ၊ ုံတွဲ ၁၃၊ မှတ် ၁၁ (နို ၂၀၀၁) စာ-၃၆၊ ပုံ။ အင်္ဂလန်နိုင်ငံ၊ မတ်(ရှ်)ဘရုမြို့တွင်နေထိုင်သော အငြိမ်းစားဥယျာဉ်းမှူး ဖရက်ဒေါင်းနက်(စ) (၉၂ နှစ်)သည် သူမွေးဖွားရာအိမ်၌ပင်သူမွေးသည့်အချိန်မှ စ၍ ၂ကြိမ်သာခေတ္တခွဲဖူးပြီး ယ္ခုအသက် (၉၂ နှစ်)အထိ လုံး၀ခွဲခွာခြင်းမရှိပဲ ဆက်လက်နေထိုင်ကြောင်းကို ရေးသားဖော်ပြထားပါသည်။ တရုတ်လူသန်ကြီး၏အစွမ်း၊ အောင်ထက်။ - - -၊ တွဲ ၁၁၊ မှတ် ၈ (ဩ ၁၉၉၉) စာ ၂၇၊ ပုံ။ တရုတ်နိုင်ငံသားတရုတ်ရိုးရာ ကိုယ်ခံပညာစွမ်းတစ်မျိုးကို တတ်ကျွမ်းသူ လူသန်ကြီး လီချိဟန်ဘွား၏ အကြောင်းကိုရေးသားဖော်ပြထားပါသည်။

တရုတ်အပ်စိုက်နည်းပညာဖြင့် ကြက်ဥနှုန်းတိုးရန်လုပ်ဆောင်၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၄၊ မှတ် ၁၁ (နို ၂၀၀၂) စာ-၃၁။ အမေရိကန်နိုင်ငံ၌ တရုတ်အပ်စိုက်နည်းပညာဖြင့် ကြက်မများအား အပ်စိုက်ပြီးကြက်ဥနှုန်းတိုးပွားအောင်လုပ်ဆောင်ပုံကို ပုံနှင့်တကွရေးသားဖော်ပြ ထားပါသည်။

တိရစ္ဆာန်များကိုအံ့ဖွယ်စိတ်ညှို့သွန်သင်နိုင်သူ၊ ဝင်းအံ့။ - - -၊ တွဲ ၁၂၊ မှတ် ၁၁ (နို ၂၀၀၀) စာ ၂၈-၂၉၊ ပုံ။ ဩစတြေးလျနိုင်ငံတွင်နေထိုင်သော 'ရော့ဇ်ဆဲဘိတ်'အမည်ရှိ အရှေ့တိုင်း သူလေးသည် အံ့ဖွယ်ကောင်းအောင် တိရစ္ဆာန်များအား စိတ်ညှို့ပညာစွမ်းရှိပုံကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

တစ်ယောက်စီးရဟတ်ယာဉ်ထုတ်လုပ်နေပြီး၊ အောင်ထက်။ - - -၊ တွဲ ၁၃၊ မှတ် ၁၀ (အောက် ၂၀၀၁) စာ ၂၈-၂၉။ ဂျိမ်းစဘွန်းအဖြစ်သရုပ်ဆောင်သူမင်းသား 'ရှောင်ကွန်နရီ'သည် ရုပ်ရှင် ဇာတ်ကားထဲ၌ တစ်ယောက်စီးရဟတ်ယာဉ်ကလေးကိုကိုယ်တိုင်မောင်း၍ ရန်သူများအားတိုက်ခိုက်ခဲ့သည်ကို ပရိတ်သတ်များနှစ်သက်ခဲ့သည်။ ယ္ခုအခါ နြမူငည ွွှှ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက ထိုလေယာဉ်မျိုးထုတ်လုပ်ရောင်း ချရန်စီစဉ်နေကြောင်း၊ ကုမ္ပဏီကိုတင်ကြို၍ အော်ဒါပေးထားသူပေါင်း နှစ်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ထူးခြားကြောက်မက်ဖွယ်ကောင်းသောရေအောက်သတ္တဝါကြီးဖမ်းမိပြီ၊ ဝင်းအံ့။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၇ (ဇူ ၂၀၀၀) စာ-၂၅၊ ပုံ။ ကရာကန် ခေါ်ရေအောက်သတ္တဝါကြီးများ၏ မျိုးနွယ်ဟုယူဆရသော ရေသတ္တဝါကြီးတစ်ကောင်ကို တာစ်မန်းနီးယားကမ်းခြေအနီး သမုဒ္ဒရာ၌ဖမ်း မိကြသည်။ ထိုရေသတ္တဝါကြီးများအကြောင်းမှာ ဒဏ္ဍရီပုံပြင်သဖွယ်ဖြစ်ခဲ့ရာ ယ္ခုအခါတွင် ဒဏ္ဍာရီပုံပြင်သဖွယ်မှ ကျော်လွန်၍ မျက်မြင်တွေ့ရှိရပြီ ဖြစ် ကြောင်းကို အမျိုးသ္မီး အဏ္ဏဝါပြတိုက်မှူးကပြောဆိုကြောင်း ရေးသားဖော်ပြ ထားပါသည်။

ထူးခြားသောကြောင်နှစ်ကောင်၊ ဖိုးနီ။ - - -၊ တွဲ ၁၁၊ မှတ် ၁ (ဇန် ၁၉၉၉) စာ ၂၄-၂၅၊ ပုံ။ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှ ခရီးကြမ်းကိုဖြတ် သန်း၍အိမ်သို့ပြန်လာသော 'ဘတ်ဒီ' အမည်ရှိကြောင်ကြီးနှင့် အင်္ဂလန်နိုင်ငံ ရှိမြို့လေးတစ်မြို့မှ (၇၆)ကြိမ်တိုင်အိမ်မှ ထွက်သွားပြီး အိမ်သို့ပြန်လာနိုင်သော 'တစ်ဂါ'အမည်ရှိကြောင်ကြီးနှစ်ကောင်၏အကြောင်းကို ရေးသားဖော်ပြ ထားပါသည်။

ထူးခြားသောစေတနာရှင်၊ ဝင်းဝင်းမြတ်။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၈၊ မှတ် ၅ (နို ၂၀၀၂) စာ ၁၃၊ ပုံ။ ပြင်သစ်နိုင်ငံ နြကေထ မြို့ရှိ ှအ. နအငနညညန ဘုရားရှိခိုးကျောင်းအား တည်ဆောက်ရာ (၂၅)နှစ်ကြာခဲ့ပြီး၊ ထို (၂၅နှစ်)တိုင်ဆောက်လုပ်သူ အလုပ်သမားများအား နေ့စဉ်အမည်မဖော်လိုသူ စေတနာရှင်တစ်ဦးက ပန်းသီး တစ်လုံးကျစီ(၂၅ နှစ်)တိုင်ကျွေးခဲ့ရာထိုသူအား ဂုဏ်ပြုသောအားဖြင့် ဘုရားရှင်ခိုးကျောင်း ဆောက်လုပ်ပြီးသောအခါ ကျောင်းဝင်းအတွင်း၌ လူတစ်ယောက်ပန်းသီးကိုက်စားနေပုံရုပ်တုကို ထုလုပ်၍ အမြတ်တနိုးထား ရှိကြောင်း ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ထူးခြားသောပြိုင်ပွဲ၊ ဝင်းအံ့။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၄ (ဧ ၂၀၀၁) စာ ၃၀၊ ပုံ။ အမေရိကန်ပြည်၊ လက်(စ)ဗေးဂတ်(စ)မြို့၌ကျင်းပသော အံ့ဖွယ် ကိုယ်ခန္ဇာခွေခေါက်ကွေးညွတ်လိမ်ယှက် ဖော်ပြခြင်းအတတ်ပညာဆိုင်ရာပြိုင်ပွဲ ကျင်းပခြင်းအကြောင်းကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ထူးခြားသော လူ၀ကြီး၊ အောင်ထက်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မှတ် ၁ (ဇန် ၁၉၉၉) စာ ၂၆-၂၇၊ ပုံ။ ဂျွန်ဟင်နရီသည် အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့တွင်နေထိုင်ကာ သန့်ရှင်းရေးအလုပ်ကို လုပ်ကိုင်သော သန့်ရှင်းရေးလုပ်သားတစ်ဦးဖြစ်ပြီး အသက် (၂၀)အရွယ်မှစ၍ အသက် (၃၃)နှစ်အရွယ်အထိ အစားအသောက် မဆင်မခြင် စားသောက်လာရာ သူ၏ကိုယ်အလေးချိန်ပေါင် (၁၀၀၀)ရှိလာ ခဲ့ရာ ဇနီးသည်၏ ကူညီမှုဖြင့် ပေါင် (၃၀၀)သို့ လျော့ချနိုင်ခဲ့ပုံကို ရေးသားဖော်ပြထားပါသည်။

ထူးခြားသောလေ့ကျင်မှု၊ ဝင်းအံ့။ - - -၊ တွဲ ၁၄၊ အမှတ် ၁ (ဇန် ၂၀၀၂) စာ ၂၉၊ ပုံ။ ပင်လယ်သမုဒ္ဒရာအတွင်းသို့ ရေငုပ်သမားများဆင်း၍ ရေငုပ်လုပ်ငန်း လုပ်ကိုင်ရာ၌အောင်မြင်သော ရေငုပ်သမားတစ်ဦးဖြစ်လာရန် လေ့ကျင့်နေပုံကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ထူးခြားသော သရုပ်ဆောင်မှု၊ အောင်ထက်။ - - -၊ တွဲ ၁၄၊ မှတ် ၁ (ဇန် ၂၀၀၂) စာ- ၃၀၊ ပုံ။ ကျဆင်းနေသော အာရှစီးပွားရေးနလန်ထူရန် လုပ်ဆောင်ဖို့လိုအပ် နေကြောင်း လေးနက်စေရန်အတွက် တိုကျိုမြို့၊ လူစည်းကားသော လမ်းဆုံလမ်းမ ပေါ်တွင်သရုပ်ဆောင်တစ်ဦး သရုပ်ဆောင်ပြနေပုံ ကိုပုံနှင့်တကွရေးသားဖော်ပြထား ပါသည်။

ထူးခြားသောသတ္တိခဲအမျိုးသ္မီးကလေး၊ စုထက်၊ မ။ - - -၊ တွဲ ၁၄၊ မှတ် ၂ (ဖေ ၂၀၀၂) စာ ၂၇၊ ပုံ။ မလေးရှားနိုင်ငံသူ အမျိုးသ္မီးလေး မလီနာဟာဆန် ၂၄နှစ်သည် အဆိပ်ပြင်း၍ အလွန်အန္တရာယ်ကြီးလှသော ကင်းမလက်မည်းကောင်ကြီးများနှင့် တရင်းတနှီးနေပုံကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ထူးခြားသောသိမ်းငှက်လိမ္မာ၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၂၊ မှတ် ၇ (ဇူ ၂၀၀၀) စာ ၂၆-၂၇၊ ပုံ။ အင်္ဂလန်နိုင်ငံ၊ ဘရော့ဘွန်းမြို့မှ ဂေါက်ရိုက်သမား ဆာရာပိုက်၏ သိမ်းငှက်တစ်ကောင်ကို မွေးမြူ၍ လေ့ကျင့်သင်ကြားပေးကြည့်ရာ အံ့ဖွယ် ကောင်းလောက်အောင် လိမ္မာပုံကို ရေးသားဖော်ပြထားပါသည်။ ထူးခြားသောအမြွှာညီအစ်မ၊ စုထက်၊ မ။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၇ (ဇူ ၂၀၀၂) စာ ၃၁၊ ပုံ။ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့တွင်နေထိုင်ကြသော အသက်၃၂နှစ်ရှိ ဂျုံးနှင့်လီဆာညီအစ်မသည် အိမ်ထောင်ကျပြီး ကလေးမွေးဖွားရာ တစ်နေ့တည်း တစ်ချိန်တည်းကလေး (၂)ဦး တပြိုင်တည်းမွေးဖွားကြောင်း ထူးခြားသောဖြစ်ရပ်ကို ရေးသားဖော်ပြထားပါသည်။

ထူးဆန်းသော ငါးအရိုးစုကြီး၊ အောင်ထက်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၉ (စက် ၂၀၀၂) စာ ၃၅။ မကြာမီကအမေရိကန်ပြည်၊ဖလော်ရီဒါပြည်နယ် စိန်ပီတာစဘတ်မြို့ အနီး ပင်လယ်ကမ်းခြေတွင် (အလျား ၅ပေ) ရှိသောငါးအရိုးစုတစ်ခုကို တွေ့ရှိကြောင်း ပုံနှင့်တကွ ဖော်ပြထားပါသည်။ ယင်းအရိုးစုမှာနှစ်ပေါင်း ၄၀ကျော်ကသေဆုံးခဲ့သော ငါးကြီး၏အရိုးဖြစ်လိမ့်မည်ဟု ကျွမ်းကျင်သူများကခန့်မှန်းခဲ့ကြသည်။

ထူးခြားခြားအမေနှင့်သား၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၁၊ မှတ် ၅ (မေ ၁၉၉၉) စာ ၂၇။ အင်္ဂလန်နိုင်ငံ၊ ဝမ်းဘဲလ်မြို့တွင် နေထိုင်ကြသည့် ကတ်သရင်းဆိုသူ အမျိုးသ္မီး၏သားဖြစ်သူ စတိမာတင်သည် (၁၆)နှစ်အရွယ်သာရှိသေးသော်လည်း အရပ်မှာ ၆ပေ၊ ၁၁လက်မ ရှိပြီး ဆက်လက်၍ အရပ်ရှည်နိုင်ကြောင်းနှင့် သူ့တွင်ခရိုမိုဆုန်းဓာတ်များမှာ သူများထက်နှစ်ဆများခြင်းကြောင့် အရပ်ရှည်လွန် နေကြောင်း ဆရာဝန်ကြီးများက ပြောဆိုကြကြောင်း ရေးသားဖော်ပြထားပါသည်။

ဒေါ်လာ ၅သန်းအမွေရသောခွေးကြီး၊ သက်ဝေဦး။ - - -၊ တွဲ ၁၄၊ မှတ် ၆ (ဇွန် ၂၀၀၂) စာ ၃၂-၃၃၊ ပုံ။ ကနေဒါနိုင်ငံမှ ရိုနယ်နှင့်မာရီလင်းဆိုသူ ဇနီးမောင်နှံသည် 'ဂျော့ခ်ျ' ဟုအမည်ပေးထားသော ခွေးကြီးတစ်ကောင်ကို ချစ်ခင်ယုယစွာ မွေးမြူထား ကြသည်။ သူတို့ကွယ်လွန်လျှင် သူတို့စုထားသောဒေါ်လာငွေ ၅သန်းကို ခွေးကြီးအားအမွေပေးရန် သေတမ်းစာကိုခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး တဲရင့်စ်ဖင်လေ' ထံအပ်နှံခဲ့ကြောင်း ဖော်ပြထားပါသည်။

ဒေါ်လာ ၄ သောင်းတန်ကြောင်ကြီး၊ ဝင်းအံ့။ - - -၊ တွဲ ၁၃၊ မှတ် ၂ (ဖေ ၂၀၀၁) စာ ၂၂၊ ပုံ။ ဗြိတိန်နိုင်ငံမှ ကာရင်ဆိုသူအမျိုးသ္မီးမွေးမြူထားသည့် ဒေါ်လာ ၄သောင်းတန်ကြောင်ကျားသစ်ကြီး အကြောင်းကိုပုံနှင့်တကွ ရေးသားဖော်ပြ ထားပါသည်။

ဒုက္ခိတအမျိုးသ္မီးကလေး၏ အံ့ဖွယ်စွမ်းရည်၊ အောင်ထက်။ - - -၊ တွဲ ၁၂၊ မှတ် ၁ (ဇန် ၂၀၀၀) စာ ၃၀-၃၁၊ ပုံ။ အမေရိကန်အမျိုးသ္မီး ရိုစ်မေရီသည် ကိုယ်အင်္ဂါမသန်စွမ်းဒုက္ခိတဖြစ် ပါလျှက် သတ္တိစွမ်းရည်၊ အားမာန်အပြည့်နှင့် ဘ၀ကိုရင်ဆိုင်ပုံ၊ အိမ်ထောင်ရှင် မကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်အဖြစ်ကြိုးစား၍ တာဝန်ကျေပုံ အကြောင်းကို ရေးသားဖော်ပြထားပါသည်။

ဒုက္ခိတ အမျိုးသ္မီးကိုကယ်တင်သော ဒုက္ခိတခွေးကြီး။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၈ (ဩ ၂၀၀၁) စာ ၃၀-၃၁၊ ပုံ။ ဂျာမန်ရဲတပ်ဖွဲ့တွင် မွေးမြူထားသော 'ဖရစ်'အမည်ရှိ ခွေးလိမ္မာကြီး သည် ဂျာမန်ရဲတပ်ဖွဲ့တွင် အလွန်ထူးခြားလိမ္မာပြီး စေခိုင်းသမျှကို အောင်မြင် စွာဆောင်ရွက်နိုင်သည်။ တစ်နေ့တွင် အက်ဆီးဒင့်တစ်ခုဖြင့် ဒုက္ခိတဘ၀ရောက် သွားသော်လည်းမလျော့သော ဇွဲလုံ့လဝီရိယဖြင့် ကြိုးစားနေထိုင်ရာ အောင်မြင်ခဲ့ သည်။ တနေ့တွင်ကာရိုလင်းဖစ်ရှာ (၃၄ နှစ်) ရှိအမျိုးသ္မီးသည် အက်ဆီးဒင့် တစ်ခုဖြစ် ဒုက္ခိတဘ၀သို့ရောက်သွားရာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် ရာ ဒုက္ခိတဘ၀သို့ရောက်ရှိခဲ့သော ခွေးလိမ္မာကြီး'ဖရစ်'ကတားဆီးကယ်တင်ပုံကို ရေးသားဖော်ပြထားပါသည်။

နားရွက်အရှည်ဆုံးခွေး၊ အောင်ထက်။ - - -၊ တွဲ ၁၃၊ မှတ် ၇ (ဇူ ၂၀၀၀) စာ ၂၆။ အမေရိကန်နိုင်ငံမှ ဖီးလ်ဝှီးလားဆိုသူ မွေးမြူထားသောခွေးမှာ နားမှာ ယုန်နားရွက်ကဲ့သို့ရှည်ပြီး၊ အရင်းမှအဖျားအထိ ၂၉ လက်မကျော်ရှည်သည်။ ထိုခွေးမှာ မျိုးရိုးဗီဇအရ နားရွက်ရှည်ခြင်းဖြစ်ကြောင်း သူအဘိုးထက် လက်မ ပိုရှည်ကြောင်း ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

နှုတ်ခမ်းမွေးအရှည် ၆၃-လက်မ၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၁၊ မှတ် ၁ (ဇန် ၁၉၉၉) စာ ၂၇၊ ပုံ။ အင်္ဂလန်နိုင်ငံမှ တက်-ဆက်မင်ဆိုသူသည် အင်္ဂလန်နိုင်ငံ၌ နှုတ်ခမ်း မွေးအရှည်ဆုံးသူတစ်ဦးဖြစ်ပြီး သူ၏နှုတ်ခမ်းမွေးကို ဆွဲဆန့်လိုက်ပါက အလျား (၆၃)လက်မရှည်ကြောင်း ဖော်ပြထားပါသည်။ အိန္ဒိယနိုင်ငံသားကလယန်- ရမ်ဂျီဆမ်ဆိုသူမှာ နှုတ်ခမ်းမွေးအရှည်မှာ အလျား (၁၃၃)လက်မရှိပြီး ကမ္ဘာပေါ် တွင်နှုတ်ခမ်းမွေးအရှည်ဆုံးဖြစ်ကြောင်းကိုလည်း ရေးသားဖော်ပြထားပါသည်။

နှင်းလူပြတိုက်၊ သက်ဝေဦး။ - - -၊ တွဲ ၁၃၊ မှတ် ၁၂ (ဒီ ၂၀၀၁) စာ ၂၉၊ ပုံ။ အမေရိကန်ပြည်၊ ကာလီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ 'ဝမ်လိုစရိ'၊ အမည်ရှိတောမြို့ကလေးတွင် နှင်းလူဆိုင်ရာပြတိုက်တစ်ခုရှိလေသည်။ ထိုပြ တိုက်သည် အမေရိကန်နိုင်ငံတွင် တစ်ခုသာရှိသည်။ပြတိုက်စတင်ဖြစ်ပေါ်လာ ပုံအကြောင်းကို ရေးသားဖော်ပြထားပါသည်။

ပေါင်မုန့်လုံးဂေါ်ဇင်လာကြီး၊ အောင်ထက်။ - - -၊ တွဲ ၁၂၊ မှတ် ၉ (စက် ၂၀၀၀) စာ ၂၅၊ ပုံ။ ဂျပန်နိုင်ငံတိုကျိုမြို့တွင် အစားအသောက်ဆိုင်ရာ ကမ္ဘာ့အချိုပွဲတော်၌ မုန့်များဖြင့် ပုံသဏ္ဍန်မျိုးစုံပုံဖော်ပြုလုပ်ကြရာ ပေါင်မုန့်လုံးများဖြင့် ဂေါ်ဇီလာ ပုံပြုလုပ်ထားရာ ထိုပေါင်မုန့်လုံးဂေါ်ဇီလာပုံကို ပုံနှင့်တကွဖော်ပြထားပါသည်။

ပျောက်ဆုံးသော ပိုက်ဆံအိတ်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၅ (မေ ၂၀၀၂) စာ ၃၀၊ ပုံ။ လွန်ခဲ့သောတစ်နှစ်ခန့်က အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်၊ အီလင်ဘတ်မြို့တွင် နေထိုင်သောဂျပ်စတင် (၁၈နှစ်) ဆိုသူလူကလေးသည် သူပိုင်သားရေပိုက်ဆံအိတ်တစ်လုံး ကောက်ရိုးပုံထဲတွင် ကျပျောက်သွားရာမှ ပြန်လည်ရရှိသောထူးထူးခြားခြားဖြစ်ရပ်ကို ရေးသားဖော်ပြထားပါသည်။

ပြင်သစ်စက်ဘီးသမား၏အစွမ်း၊ သက်ဝေဦး။ - - -၊ တွဲ ၁၁၊ မှတ် ၈ (ဩ ၁၉၉၉) စာ ၂၉၊ ပုံ။ နာမည်ကျော်ပြင်သစ်စက်ဘီးသမား ဟူးဂျက်(စ) ရစ်ချတ်သည် တောင်များပေါ်သို့ စက်ဘီးစီး၍တက်နိုင်သည်။ မကြာမီကပြင်သစ်နိုင်ငံ ရှိအီဖဲလ်မျှော်စင်ဒုတိယထပ်သို့ စက်ဘီးကိုအောင်မြင်စွာစီးနင်းတက်ပြခဲ့ကြောင်း ပုံနှင့်တကွဖော်ပြထားပါသည်။

ဖယောင်းရုပ်တု၊ စုထက်၊ မ။ - - -၊ တွဲ ၁၃၊ မှတ် ၆ (ဇွန် ၂၀၀၁) စာ ၂၆၊ ပုံ။ ရှေးကခါကပင် အနုပညာတစ်ရပ်အဖြစ် လူရုပ်များကိုဖယောင်းဖြင့် ပြုလုပ်ခဲ့ကြသည်။ လန်ဒန်မြို့ရှိမဒမ်တူးဆိုးဖယောင်းရုပ်တုပြတိုက်ကြီးမှာ ကမ္ဘာကျော်ဖြစ်ကြောင်း၊ နာမည်ကျော်ခေတ်ပေါ်အဆိုတော် စပေါ်တီစပိုက် ၏ပုံတူဖယောင်းနှင့်သူမပုံကို ရေးသားဖော်ပြထားပါသည်။

ဘ၀ကိုအနိုင်မခံ အရှုံးမပေးသူ၏အောင်မြင်မှု၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၃၊ မှတ် ၁၂၊ (ဒီ ၂၀၀၁) စာ ၂၈၊ ပုံ။ အမေရိကန်ပြည်တွင် နေထိုင်သူမက္ကဆီကို အမျိုးသ္မီးနန်စီ(၅၀)နှစ် သည် ဒေါ်လာသန်းပေါင်း (၃၆)သန်းတန်ဖိုးရှိသော ကွန်ပျူတာကုမ္ပဏီကြီး တစ်ခု၏အောင်မြင်သော ဒါရိုက်တာလူကြီးအဖြစ်အရောက်ရှိလာပုံ ဘ၀ကို ရုန်းကန်ခဲ့ရပုံများကို ရေးသားဖော်ပြထားပါသည်။

ဘ၀ကိုအရှုံးမပေးသူ၊ သက်ဝေဦး။ - - -၊ တွဲ ၁၂၊ မှတ် ၁ (ဒီ ၂၀၀၀) စာ ၂၆။ စတန့်အမျိုးသ္မီးကလေးဘာဘရာ (၃၂)နှစ်သည် မွေးစကပင်ခြေနှစ် ချောင်းမပါသောမသန်စွမ်းသူဒုက္ခိတ စာရင်းဝင်မိန်းကလေးဖြစ်သော်လည်း ဘ၀ကို အနိုင်မခံအရှုံးမပေးပဲ ကြိုးစားခဲ့သောကြောင့် ဟောလိဝုဒ်ရုပ်ရှင်လောက တွင်အောင်မြင်နေသော စတန့်အမျိုးသ္မီးကလေးတစ်ဦးဖြစ်နေကြောင်း ရေးသား ဖော်ပြထားပါသည်။

ဘ၀ကိုအရှုံးမပေးသူ၊ သက်ဝေဦး။ မင်္ဂလာမောင်မယ်ရုပ်စ၊ ုံ တွဲ ၁၃၊ မှတ် ၁၁ (နို ၂၀၀၀) စာ ၃၄-၃၅၊ ပုံ။ ရို့မာမာရီဆိုသူအမျိုးသ္မီးကလေးသည် မွေးရာပါပေါင်းရင်းမှစ၍ ပြက်နေ ပြီး ခန္ဓာကိုယ်အောက်ပိုင်းမပါရှိပေ။ သို့သော်ဘ၀ကို အနိုင်မခံအရှုံးမပေးဇွဲ လုံ့လနှင့်ရင်ဆိုင်နေထိုင်လာရာ ယ္ခုအိမ်ထောင်ကျ၍ သားသ္မီးပင်ရနေပြီးဘ၀အား သတ္တိရှိရှိ ရင်ဆိုင်ရပုံကို ပုံနှင့်တကွဖော်ပြထားပါသည်။

မိကျောင်းနှင့်သတ်ပုံပြသူ၊ - - -။ - - -၊ တွဲ ၁၃၊ မှတ် ၇ (ဇူ ၂၀၀၁) စာ ၂၇-၂၈၊ ပုံ။ အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်ရှိ ဟောလိဝုဒ်ပြတိုက်တွင် အမေရိကန်ရက်အင်ဒီးယန်းလူမျိုး ဂရက်လောင်းသည်နေ့စဉ်မိကျောင်းနှင့် သတ်ပုတ်ပြခြင်းသက်စွန့်ဆံဖျားအလုပ်ကို ၁နာရီလျှင် (၈ ဒေါ်လာ)ဖြင့် အခကြေးငွေရရှိပြီး သရုပ်ပြသကြောင်းပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

မိကျောင်းဖမ်းမုဆိုး၊ - - -။ - - -၊ တွဲ ၁၄၊ မှတ် ၄ (ဧ ၂၀၀၂) စာ ၂၆၊ ပုံ။ အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်၊ ဖာတိုမြို့အနီး ပင်လယ်ထဲတွင် မိကျောင်းဖမ်းမုဆိုး 'ချားလ် (စ်) ဖက်ဂင်' ဖမ်းဆီးရမိသော မိကျောင်းများ ထဲတွင်ဒုတိယအကြီးဆုံးမိကျောင်းကြီးမှာ အရပ် ၆ပေ-၆လက်မ ရှိ၍ထို မိကျောင်းကြီးနှင့်မုဆိုးဖက်ဂင်တို့ ယှဉ်၍ရိုက်ထားသော ပုံကိုဖော်ပြထားပါသည်။

မိခင်ကိုဒေါ်လာ ၂ သန်းပေးသော စံပြလူငယ်နှစ်ဦး၊ - - -။ - - -၊ တွဲ ၁၃၊ မှတ် ၆ (ဇွန် ၂၀၀၁) ဟယ ၂၅-၂၆၊ ပုံ။ အဲရစ်နှင့် ဂျေးဟူသော အလွန်ရင်းနှိးခင်မင်၍ တစ်ဦးကိုတစ်ဥိး သစ္စာရှိသော သူငယ်ချင်းနှစ်ဦးသည် သန်းြွကယ်သူဌေးဘ၀ရောက်အောင်စတင် ပြီးကြိုးစားခဲ့ပုံ၊ သူတို့စတင်ကြိုးစားရာတွင် လုပ်ငန်းအတွက် လုပ်ငန်းအတွက် ငွေချေးငှားခဲ့သော ဂျေး၏မိခင်အား သူတို့အောင်မြင်လာသောအခါ ကျေးဇူးသိတတ်ပုံတို့ကို ချီးကြူးဖွယ်ဖော်ပြထားပါသည်။

မော်တော်ကားမောင်းနေသော အသက် (၁၀၁) နှစ်အဘိုးအို၊ အောင်ထက်။ - - -၊ တွဲ ၁၃၊ မှတ် ၁ (ဇန် ၂၀၀၁) စာ ၂၅။ အမေရိကန်အဘိုးအိုဂျော့ဖရီးစတုန်းသည် အသက် (၁၀၁) နှစ်ရှိသည့် တိုင်သူ့ကိုယ်ပိုင်မော်တော်ကားအား မောင်းနှင်ဆဲရှိနေပြီး သူ၏ယာဉ်စည်းကမ်း အား အထူးလိုက်နာပုံကို ပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

မျက်မမြင်တို့အတွက် အဖော်မွန်မြင်းပုကလေး၊ သက်ဝေဦး။ - - -၊ တွဲ ၁၃၊ မှတ် ၉ (စက် ၂၀၀၁) စာ ၃၁၊ ပုံ။ အမေရိကန် မျက်မမြင်အမျိုးသ္မီး 'ရှယ်ရယ်' သည် သူမ၏ မျက်လုံး သဖွယ် အားကိုးရသည် မျက်မမြင်လမ်းညွှန်မြင်းပုကလေးအား အထူးကျေးဇူ တင်ပုံများကို ပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

မျက်မမြင်ဖက်ရှင်အလှမယ်၊ ဝင်းဝင်းမြတ်။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၃ (မတ် ၂၀၀၀) စာ ၃၉၊ ပုံ။ စကော့လူမျိုးမျက်မမြင်မိန်းမပျိုကလေး ဂျစ်(လ်)ဒါလီ မျက်မမြင် ဒုက္ခိတတစ်ဦးဖြစ်သော်လည်း သူ၏ဇွဲ၊ လုံ့လကြောင့် ကမ္ဘာ့ဖက်ရှင်အလှမယ် လောကတွင် ထိပ်တန်းကပါဝင်နေပုံအကြောင်းကို ရေးသားဖော်ပြထားပါသည်။

မျက်လုံး ၆ လုံးနှင့်ပင့်ကူ၊ စုထက်၊ မ။ - - -၊ တွဲ ၁၁၊ မှတ် ၆ (ဇွန် ၁၉၉၉) စာ ၂၅။ ပင့်ကူကြီးတစ်ကောင်ကို အရှေ့ဘက်ကနေ အနီးကပ်ဓာတ်ပုံရိုက်ကူး ကားပုံကြီးချဲ့ထားသောပုံကို ပြသထားပါသည်။ ထိုပင့်ကိုကြီးမှာ မျက်လုံး ၆ လုံးပါရှိသည်ကို တွေ့မြင်နိုင်ပါသည်။

မြန်မာစပါးအုံးြွေမဖြူကြီးနှင့် ထူးခြားသောတိရစ္ဆာန် အဖြူကောင်များ၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၁၊ မှတ် ၁၁၊ (နို ၁၉၉၉) စာ ၃၄-၃၅၊ ပုံ။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအဝှမ်း၌ တွေ့ရှိရသော တိရစ္ဆာန်အချို့ မှာ ထူးခြားသောအဖြူစွတ်စွတ် တိရစ္ဆာန်များဖြစ်နေကြပြီး ၎င်းတို့ပုံများနှင့် တကွ တွေ့ရှိရာဒေသ၊ နိုင်ငံအမည်များ ရေးသားဖော်ပြထားပါသည်။

ယိုင်နေသော ပီဇာမျှော်စင်ကြီးနှင့် မိန်းမ၀ကြီး၊ စုထက်၊ မ။ - - -၊ တွဲ ၁၄၊ မှတ် ၁၀ (အောက် ၂၀၀၂) စာ ၃၀-၃၂။ ၂၀၀၂ နှစ် မတ်လ (၁၇)ရက်နေ့တွင် အီတလီနိုင်ငံရှိ ပီဇာမျှော်စင်ကြီး ပေါ်သို့ ကိုယ်အလေးချိန် ၅၅၀ ပေါင်ရှိသော မိန်းမ၀ကြီးတစ်ဦး တက်ရောက် ခဲ့ရာ မျှော်ဝင်ကြီးမှာမူလ ၅ ဒီဂရီယိုင်နေရာမှ ၃၅ ဒီဂရိအထိယိုင်သွားပုံကို အကြောင်းပုံနှင့်တကွ ဖော်ပြထားပါသည်။

ရှားပါးလူဝံ၊ - - -။ - - -၊ တွဲ ၁၁၊ မှတ် ၈၊ (ဩ ၁၉၉၉) စာ ၂၅၊ ပုံ။ အကြာမီက ဩစတြီးလျနိုင်ငံ၊ ပတ် (သ်) မြို့ တိရစ္ဆာန်ဥယျာဉ်တွင် မွေးမြူစောင့်ရှောက်ထားသော ရှားပါးလူဝံမကြီးသည် လူဝံကလေးတစ်ကောင် မွေးဖွားကြောင်း ဖွေးဖွားရာတွင် တိရစ္ဆာန်ဆရာဝန် (၃) ဦးက အထူးဂရုစိုက် ကြပ်မတ်စောင့်ရှောက်ပုံနှင့် လူဝံပေါက်ကလေး၏ပုံကို ရေးသားဖော်ပြထား ပါသည်။

ရှိတ်စပီးယားဝင်စားသော ၅ နှစ်သ္မီးကလေး၊ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၆၊ မှတ် ၂ (ဩ ၂၀၀၀) စာ ၂၆-၂၈၊ ပုံ။ ရှိတ်စပီးယားဝင်စားသည်ဟု ယူဆရသော ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ တွင် မွေးဖွားခဲ့သူ (၅) နှစ် သ္မီးကလေး အင်းဂရစ်လွန်း၏ စိတ်ဝင်းစားဖွယ် လုပ်ဆောင်ချက်ခံယူချက်နှင့် သူမအား ပညာရှင်အချို့က ရှိတ်စပီးယားဝင်စား သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်များကို ရေးသားဖော်ပြထားပါသည်။

လူဆိုးရန်က ကာကယွ ်ပေးသော ကြက်တူရွေးကြီး ၊ ဝင်းဝင်းမြတ်။မ ဂင်္လ ာမောငမ် ယရ် ပု စ်၊ ုံ တွဲ ၁၃၊ မှတ် ၈ (ဩ ၂၀၀၁) စာ ၃၂၊ ပုံ။ အမေရိကန်ပြည်၊ ယူတားပြည်နယ်၊ ကန်(စ)မြို့၌နေထိုင်သော 'တွန်ညာဆူသာလန်' အမည်ရှိအသက် (၁၇)နှစ်အရွယ်ရှိသောအမျိုးသ္မီးလေးအား သူမအိပ်သို့ ဖောက်တွင်းဝင်ရောက်နေသော လူဆိုးကအကြမ်းဖက်ရန်ပြုလာ သောအခါ သူမမွေးထားသော ကြက်တူရွေးကြီးမှာ သူသခင်အားရန်သူလက်ထဲ မှကယ်တင်ခဲ့ပုံကို ရေးသားဖော်ပြထားပါသည်။

လူ၀ကြီးနှင့်လူ (၁၅)ယောက်၊ စုထက်၊ မ။ - - -၊ တွဲ-၁၁၊ မှတ် ၁၀ (အောက် ၁၉၉၉) စာ ၃၉၊ ပုံ။ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် နေထိုင်သောဘယ်ရီအော်စတင် (အသက်-၂၉နှစ်) သည်ကိုယ်အလေးချိန် ၇၅၆ပေါင်ရှိပြီး၊ သူ၏နေအိမ်ရှေ့တွင် လမ်းလျှောက်ရာကမတော်ကစာ လဲကျရာသူပြန်လည်ထနိုင်ရန်အတွက် သူ့ကို လူ(၁၅)ယောက်က ခက်ခက်ခဲခဲထူမရကြောင်း ရေးသားဖော်ပြထားပါသည်။

လူ၀ကြီး အမြွှာမောင်နှမဖြစ်အင်၊ သက်ဝေဦး။ - - -၊ တွဲ ၁၄၊ မှတ် ၃ (မတ် ၂၀၀၂) စာ ၃၃၊ ပုံ။ ကမ္ဘာပေါ်တွင် အ၀ဖြိုးဆုံးမောင်နှမနှစ်ဦးဖြစ်သော ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင်နေထိုင်သည့် ဟယ်လဂါ (ကိုယ်အလေးချိန်-၂၈၄၂ပေါင်) နှင့်ကိုးရစ် (ကိုယ်အလေးချိန်-၂၈၂၃ ပေါင်)ရှိကြပြီး သူတို့မောင်နှမနှင့် ကြော်ငြာကုမ္ပဏီ တစ်ခုတို့ ပြဿနာဖြစ်ရပုံကြောင်းများကို ရေးသားဖော်ပြထား ပါသည်။

လူသားစွမ်းရည်၊ အောင်ထက်။ - - -၊ တွဲ ၁၄၊ မှတ် ၁၁ (နို ၂၀၀၂) စာ ၆၁၊ ပုံ။ ကျန်းမာရေးလေ့ကျင့်ခန်းယူရာတွင်ဝမ်းလျော့မှောက်၍ 'လက်ထောက် မှောက်တင်' (စကခ့ ကစ)ပြုလုပ်ခြင်း၌ ကျော်ကြားသူများအကြောင်း၊ ဗြိတိန်နိုင်ငံသား ပေါလ်လင့်ချိန်ကလက်ညှိုးတစ်ချောင်းတည်ဖြင့် လက်ထောက်မှောက်တင် လေ့ကျင့်ခန်းကို ၁၂၄ကြိမ်မရက်မနား ပြုလုပ်ခဲ့ကြောင်းတို့ကို ပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

လူသတ်စက်ရုပ် ကဏန်းကောင်ကြီး၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၂၊ မှတ် ၁၁ (နို ၂၀၀၀) စာ ၂၅-၂၆၊ ပုံ။ တိုကျိုမြို့စားသောက်ဆိုင်တစ်ခုတွင် ဆိုင်ရှေ့မျက်နှာစာ၌ သရုပ်ပြ၍ အလှချိတ်ဆွဲထားသော ကွန်ပျူတာတပ်ဆင်ထားသည့် စက်ရုပ်ကဏန်း ကောင်ကြီးသည် စက်ခလုတ်ထိန်းလွတ်သွားသဖြင့် အထိန်းအကွပ်မဲ့ကာ အနီးရှိအမျိုးသ္မီးတစ်ဦးအား ဂဏန်းလက်များဖြင့်ဆွဲယူဖျစ်ညှစ်သတ်ဖြတ်ပုံကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

လူသတ်သမား လှူဒါန်းသောအဆုတ်၊ ဝင်းဝင်းမြတ်။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၉၊ မှတ် ၁ (ဇူ ၂၀၀၀) စာ ၁၁၊ ပုံ။ တိုင်ပေမြို့မှ ချန်ချင်စင်းအမည်ရှိ လူဆိုးလူသတ်သမားတစ်ဦးအား တရားရုံးမှစစ်ဆေးပြီး သေစားသေစေရန် စီရင်ချက်ချမှတ်ခဲ့ပြီးနောက် လူသတ် မားက သူ၏ကိုယ်အင်္ဂါအစိတ်အပိုင်းအားသူသေဆုံးပြီးနောက် လှူဒါန်းရန် သက်ဆိုင်ရာအားခွင့်တောင်းရာသက်ဆိုင်ရာမှ ခွင့်ပြုခဲ့သည်။ သူ၏အလှူအား လူနာတစ်ချို့က လက္ခံသော်လည်းအဆုတ်အစားထိုးရန် အထူးလိုအပ်နေသော အမျိုးသ္မီးမှာလူသတ်မား၏ အဆုတ်ကို လက်မခံနိုင်ကြောင်းငြင်းခဲ့ကြောင်းကို ရေးသားဖော်ပြထားပါသည်။

လက်ချောင်းကလေး'၆'ချောင်းသာရှိသော အံ့ဖွယ်ဂီတပါရမီရှင်၊ သက်ဝေဦး။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၁၊ မှတ် ၁၁ (နို ၁၉၉၉) စာ ၃၆၊ ပုံ။ ဩစတေးလျနိုင်ငံ၊ မဲလ်လဘုန်းမြို့မှမာဒင် (အသက်-၁၅)နှစ်မှာ မွေးရာပါလက်ယာဘက်တွင် လက်ညှိုးတစ်ချောင်းသာပါရှိပြီး၊ လက်ဝဲဘက်တွင် လက် (၅)ချောင်းပါရှိသည်။ သူ့၏စုစုပေါင်းလက် (၆)ချောင်းသာရှိသော်လည်း အံ့ချီးဖွယ်ကောင်းလောက်အောင်ပင်၊ စန္ဒရားတီးထူးချွန်ပုံကို ရေးသားဖော်ပြ ထားပါသည်။

လက်ရုံးြွကက်သား အကြီးဆုံးယောကျာ်း၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၃၊ မှတ် ၁၁ (နို ၂၀၀၀) စာ-၃၃၊ ပုံ။ တောင်အာဖရိကနိုင်ငံမှ ဂျိတ်စထရော့သည် ကမ္ဘာပေါ်တွင်လက်ရုံး ကြွက်သားအကြီးဆုံးသောယောကျာ်းအဖြစ် မှတ်တမ်းတင်ခံရပုံကိုပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။ သူ၏လက်ရုံးကြွက်သားမှာ တစ်ဖက်လျှင်လုံးပတ် ၂၆.၃လက်မစီရှိကြောင်း ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

လိမ္မာသောလူသားစားမိကျောင်းကြီး၊ သက်ဝေဦး။ - - -၊ တွဲ ၁၂၊ မှတ် ၈ (ဩ ၂၀၀၀) စာ ၄၆၊ ပုံ။ နယူးဂီနီကျွန်းရှိ မြစ်အတွင်းမှဖမ်းမိသော 'ရိမက်'မိကျောင်းကြီးမှာ လူသားစားခဲ့သော်လည်း နောက်ပိုင်းသွန်သင်ထားသဖြင့် ယဉ်ကျေးလိမ္မာလာပြီး အသက် (၈၀)ကျော်၌သေဆုံးသွားကြောင်း သေဆုံးသွားကြောင်း ရေးသား ဖော်ပြထားပါသည်။

လိမ္မာသောဧရာမခွေးကြီး၊ - - -။ - - -၊ တွဲ ၁၄၊ မှတ် ၁၂ (ဒီ ၂၀၀၂) စာ ၂၉။ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ ဗာနွန်မြို့၌နေထိုင်သော ဒွန်ညာဆိုသူ အမျိုးသမီးမွေးမြူထားသော ကိုယ်အလေးချိန် ၂၈၆ပေါင်ရှိ အလွန်လိမ္မာသော ခွေးကြီးအကြောင်းပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

လျှာအရှည်ဆုံး မိန်းကလေး၊ ဖိုးနီ(မဟာဝိဇ္ဇာ)။ မင်္ဂလာမောင်မယ်ရုပ်စုံ ၊ တွဲ ၁၄၊ မှတ် ၆ (ဇွန် ၂၀၀၀) စာ ၃၃၊ ပုံ။ ဂျာမနီနိုင်ငံ၊ တဲန်းစတက်မြို့မှ အသက် (၁၂)အရွယ်ရှိသော အန်နီကာ အာမီယာဆိုသူ အမျိုးသ္မီးကလေးသည် သူ၏လျှာမှာပါးစပ်မှထုတ်လုပ်လျှင် ၂.၇၅လက်မ ရှည်ထွက်နေသည်။ သာမာန်လူထက် ၁လက်မပိုရှည်၍ ကမ္ဘာ့စံချိန်ဂင်းနစ်မှတ်တမ်းတင်၍ ဖော်ပြခံရပုံကို ပုံနှင့်တကွရေးသားဖော်ပြ ထားပါသည်။

ဝိုင်ပုလင်းအိမ်၊ သက်ဝေဦး။ - - -၊ တွဲ ၁၂၊ မှတ် ၇ (ဇူ ၂၀၀၀) စာ ၂၉၊ ပုံ။ ရုရှားပြည်၊ ဆိုက်ဗေးရီးယားရှိ လယ်သမားကြီးတစ်ဦးသည် ဝိုင်းပုလင်း များဖြင့် ထူးထူးခြားခြားဆောက်လုပ်ထားသော 'ဝိုင်ပုလင်းအိမ်'သို့ လူများစွာ လာရောက်ကြည့်ရှုကြကြောင်း ရေးသားဖော်ပြထားပါသည်။

သခင့်အသက်ကယ်သောဝက်ကြီး၊ ဖိုးနီ(မဟာဝိဇ္ဇာ)။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၁၊ မှတ် ၅ (မေ ၁၉၉၉) စာ ၂၈၊ ပုံ။ အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်၊ ရစ်ဆေးမြို့တွင် နေထိုင် သောရစ်(ခ်)နှင့် သူ၏ဇနီးတို့တွင် မွေးထားသောအိမ်မွေးဝက်ကြီး 'ဟန်နီ' သည်သူ၏သခင်မိသားစုကို မီးဘေးမှ ကယ်တင်လိုက်သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပုံကို ရေးသားဖော်ပြထားပါသည်။

သူတို့နှစ်ဦး၏အစွမ်း။ မင်္ဂလာမောင်မယ်ရုပ်စုံ ၊ တွဲ ၁၁၊ မှတ် ၁၂ (ဒီ ၁၉၉၉) စာ ၃၀၊ ပုံ။ ပြင်သစ်ဆပ်ကပ်အဖွဲ့တစ်ခုမှ ၂၅-နှစ်အရွယ်ရှိသော အသက် အရွယ်တူ လူငယ်နှစ်ဦး ဆပ်ကပ်အစွမ်းပြသနေပုံကို ပုံနှင့်တကွ ဖော်ပြထားပါသည်။

သဲဖြင့်တည်ဆောက်သောရဲတိုက်၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၁၊ မှတ် ၂ (ဖေ ၁၉၉၉) စာ ၂၇။ အမေရိကန်ပြည်၊ ကာလီဖိုးနီးယားပြည်နယ်၊ စန်ဒီယာရိုမြို့ ပင်လယ် ကမ်းခြေ၌ တည်ဆောက်ထားသည့် အမြင့်ပေ (၄၀)ရှိသည့် သဲတန်ချိန်ပေါင်း (၁၅၀၀၀)ကိုအသုံးပြုတည်ဆောက်ထားသောသဲဖြင့် တည်ဆောက်ထားသည့် ရဲတိုက်အကြောင်းကို ပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

သတ္တိခဲမောင်နှမ ၂ဦး၊ သက်ဝေဦး။ - - -၊ တွဲ ၁၃၊ မှတ် ၅ (မေ ၂၀၀၁) စာ ၂၂၊ ပုံ။ အန္တရာယ်များလှသော တောနက်ကြီးထဲ၌ မျက်စိလည်လမ်းမှား၍ ရောက်ရှိသွားသော ကလေးငယ် ၂ယောက်သည် တောနက်ကြီးထဲ၌ (၂၂)ရက် တိုင်အသက်ရှင်နေထိုင်ခဲ့သောဖြစ်ရပ်များကို ကမ္ဘာ့စာနယ်ဇင်းသမားများက ထူးခြားစွာဖော်ပြထားသောဖြစ်ရပ်ကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

သွားဘက်ဆိုင်ရာဆရာဝန်နှင့် မိကျောင်းသားပေါက်စကလေး၊ အောင်ထက်။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၁၊ မှတ် ၃ (မတ် ၁၉၉၉) စာ-၃၀၊ ပုံ။ အင်္ဂလန်နိုင်ငံ၊ ရှက်ဖီးမြို့ကသွားဘက်ဆိုင်ရာ 'လီဝပ်သင်တန်'သည် (၆လသား)အရွယ် မိကျောင်းပေါက်ပေါက်စကလေးတစ်ကောင်ကို သွားတိုက် ပြလျက်ကလေးသူငယ်တို့အား မိမိတို့၏သွားများအား မည်သို့မည်ပုံစနစ်တကျ သွားတိုက်ရမည်ကို လက်တွေ့သင်ပြခြင်း အထူးထိရောက်အောင်မြင်ကြောင်း ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

အစွမ်းထက်သော ဘယ်သန်များ၊ ဖိုးနီ(မဟာဝိဇ္ဇာ)။မ ဂင်္လ ာမောငမ် ယရ် ပု စ် ၊ုံ တွဲ ၁၃၊ မှတ် ၃ (မတ်၂၀၀၁)၊ စာ ၂၆-၂၇၊ ပုံ။ လူသားအများစု ညာသန်သော်လည်းအချို့လူနည်းစုမှာဘယ်သန်ကြ သည်။ ဘယ်သန်သောသူများသည် ညာသန်သူများထက်ပို၍ ဉာဏ်ရည်မြင့် ကြောင်းကမ္ဘာကျော် ပုဂ္ဂိုလ်များထဲမှ ဘယ်သန်သောသူများအကြောင်းကိုရေး သားဖော်ပြထားပါသည်။

အတိတ်ကံကောင်းမှုအထူးရှိသူ၊ ဝင်းဝင်းမြတ်။ မြမင်္ဂလာစာစောင်၊ တွဲ ၁၇၊ မှတ် ၁၁ (မေ ၂၀၀၂) စာ ၁၀-၁၁၊ ပုံ။ မက္ကဆီကိုနိုင်ငံမှ တောင်ယာအလုပ်ကို နေ့စားလုပ်ကိုင်ရရှာသူအလွန် ဆင်းရဲလှသော မုဆိုးမလေးမာရီယာသည် နေ့စားသူရင်းငှားဘ၀မှ တောင် အမေရိကတိုက်တွင် အချမ်းသားဆုံးသောသူဋ္ဌေးမကြီးတစ်ဦးအဖြစ် တစ်မုဟုတ် ချင်းရောက်ရှိသွားပုံကို ရေးသားဖော်ပြထားပါသည်။

အထီးကျန်လိပ်ကြီး၊ ဝင်းအံ့။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၆ (ဇွန် ၂၀၀၁) စာ ၂၇။ သိပ္ပံပညာရှင်များက ဝန်တာကဂုကျွန်းရှိချာ(စ) ဒါဝင်သုတေသနဌာန ၌ မွေးမြူစောင့်ရှောက်ထားသော ကိုယ်အလေးချိန်ပေါင် ၆၃၀ရှိ (အသက် ၇၀)ရှိသော အလွန်ကြီးမားသောလိပ်ကြီးမှာအထီးတစ်ကောင်တည်းဖြစ်ပြီး အမမရှိ၍ အထီးကျန်နေပုံကို ရေးသားဖော်ပြထားပါသည်။

အမျိုးသ္မးီ ပန်းချီဆရာမ ဝင်းသဉ္ဇာမျိုး (ယဉ်ကျေးမှုတက္ကသိုလ်)။ - - -၊ တွဲ ၁၂၊ မှတ် ၁ (ဇန် ၂၀၀၀) စာ ၉-၁၂၊ ပုံ။ ၁၉၉၉-စက်တင်ဘာလတွင် ယဉ်ကျေးမှုတက္ကသိုလ်၌ ကျင်းပသော ပန်းချီအနုပညာ စတုတ္တနှစ်စာမေးပွဲ၌ ပထမအဆင့်ဂုဏ်ထူးနှစ်ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည် အမျိုးသ္မီးပန်းချီဆရာ ဝင်းသဉ္ဇာမျိုး၏အကြောင်း ကို ဖော်ပြထားခြင်းဖြစ်ပါသည်။

အမြွှာညီအစ်ကို၊ မောင်နှမများ၊ ညီအစ်မများ တွေ့ဆုံပွဲ၊ စုထက်။မ ဂင်္လ ာမောငမ် ယရ် ပု စ် ၊ုံ တွဲ ၁၂၊ မှတ် ၄ (ဧ ၂၀၀၀) စာ ၃၀-၃၁၊ ပုံ။ ၁၉၉၈-ခုနှစ် အမေရိကန်နိုင်ငံ၊ အိုဟိုင်းရိုးမြို့တွင် အမြို့မြို့အနယ်နယ်မှ အမြွှာညီအစ်ကိုမောင်နှမစုံတွဲများ ဆုံတွေပွဲတော်သို့ အမြွှာစုံတွဲ (၂၅၆၇) စုံတက်ရောက်ခဲ့ကြသည်။ မကြာမီ (၃)လအကြာတွင် တိုင်ပေမြို့ (ထိုင်ဝမ်) ၌လည်း၎င်းတို့နိုင်ငံသား အမြွှာများဆုံတွေ့ကျင်းပရာ (၃၉၆၁) တွဲတက်ရောက် ခဲ့ကြသည်။ ထိုင်ဝမ်မှအမြွှာစုံတွဲဦးရေသည် အမေရိကန်နိုင်ငံထက်အမြွှာစုံတွဲ ဦးရေပိုများကြောင်း ရေးသားဖော်ပြထားပါသည်။

အမြွှာ၄ဦး၏အံ့ဖွယ်ဖြစ်ရပ်ဆန်း၊ အောင်ထက်။ - - -၊ တွဲ ၁၃၊ မှတ် ၉ (စက် ၂၀၀၁) စာ ၃၃-၃၄၊ ပုံ။ လွန်ခဲ့သော ၂၄နှစ်က အင်္ဂလန်နိုင်ငံမန်ချက်စတာမြို့ဆေးရုံတွင် ခင်မင် သိကျွမ်းရင်းနှီးခြင်းမရှိသော မိခင်နှစ်ဦးမှာ တပြိုင်တည်းအမြွှာယောကျာ်းလေး (၂)ယောက်၊ အမြွှာမိန်းကလေး (၂)ယောက်ဆီမွေးခဲ့ကြသည်။ ထိုအမြွှာများကြီး လာပြီး နောက်နှစ်(၂၀)အကြာတွင် မမျှော်လင့်ဘဲဆုံကြပြီး မိတ်ဆွေဖြစ်ပြီး နောက်လက်ထပ်ခဲ့ကြသည်။ သူတို့မွေးဖွားခဲ့သောကလေးများမှာ အမြွှာများ မဟုတ်သော်လည်း ကလေးနှစ်ဦးမှာ မွေးချိန်၊ မွေးနေရာ၊ ရုပ်ချင်းမှာတူနေ ကြောင်း အံ့ဖွယ်ဖော်ပြထားပါသည်။

အရမ်းကလိမထိုးသင့်၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၄၊ မှတ် ၃ (မတ် ၂၀၀၂) စာ ၃၅၊ ပုံ။ အမေရိကန်ပြည်၊ ကာလီဖိုးနီးယားပြည်နယ်၊ စကရာမန်တိုမြို့၌နေထိုင် သောဂျွန်ကောလစ် (၃၂-နှစ်)နှင့်သူ၏သား ၈နှစ်အရွယ်ကလေးတို့မှာ တစ်ဦးကို တစ်ဦးကျီစယ်ဆော့ကစားရာမှ သားဖြစ်သူမှာ မရပ်မနားရယ်မောရာမှ အသက်ရှုကျပ်ကာ သေဆုံးသွားကြောင်းနှင့်ပတ်သက်၍ ပုံနှင့်တကွရေးသား ဖော်ပြထားပါသည်။

အရှင်၀ဇီရာနန္ဒ (ရိုးရိုးဇေယျ)၏ဘ၀နိဂုံး။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၇၊ မှတ် ၁၂ (ဇွန် ၂၀၀၂) စာ-၁၈-၂၁၊ ပုံ။ ဦးပဉ္ဇင်းကြီး အရှင်၀ဇီရာနန္ဒ (ရိုးရိုးကြီးဇေယျ)က ဦးစီးကျင်းပခဲ့သည့် သေနေ့အကြို နှုတ်ဆက်မင်္ဂလာပွဲအကြောင်းနှင့်ဦးပဉ္ဇင်းကြီးသည် ညောင်တုန်း ချောင်၊ ညောင်တုန်းကျောင်းတိုက်၌ ရွှေရတုနှစ်ထပ်ကျောင်းဆောင်ကြီးဆောက် လုပ်ရန် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ပြီးကောင်းမှုများပြုလုပ်ရင်း သက်တော် (၈၆- နှစ်၊ ဝါတော်-၂၃)တွင် ပျံလွန်တော်မူကြောင်း ဖော်ပြထားပါသည်။

အသက်ကယ်သောကြက်တူရွေးကြီး၊ စုထက်၊ မ။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၂ (ဖေ ၂၀၀၁) စာ ၂၃-၂၄၊ ပုံ။ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ရလေးမြို့တွင်နေထိုင်သော ရှီလီတန်မိသားစုသည် အိမ်၌မွေးထားသောကြက်တူရွေးမှခြေမသန်စွမ်းသူ သ္မီးကလေးကို အသက်ဘေးမှကယ်တင်လိုက်သဖြင့် ကြက်တူရွေးကြီးအား ကျေးဇူးတင်မဆုံးဖြစ်နေပုံကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

အသက် ၁၀၉နှစ်အဘိုးအို နှင့်အိုလံပစ်မီးရှူးတိုင်၊ အောင်ထက်။ - - -၊ တွဲ ၁၂၊ မှတ် ၁၁ (နို ၂၀၀၁) စာ-၂၇၊ ပုံ။ (၂၀၀၀)ပြည့်နှစ်ဩစတြေးလျနိုင်ငံ၌ ကျင်းပသောကမ္ဘာ့အိုလံပစ် အားကစားပွဲတော်၌၊ ဩစတြေးလျနိုင်ငံသား အသက် (၁၀၉)နှစ်ရှိ 'ဂျက်လော့ကတ်' သည် အိုလံပစ်မီးရှူးတိုင်သယ်ဆောင်မှုတွင် ပါဝင်သယ်ဆောင်နေပုံကို ရေးသား ပြီး အိုလံပစ်အားကစားသက်တမ်းထက် ဂျက်လော့ကတ်၏ အသက်မှာ (၅)နှစ်ပိုကြီးကြောင်းဖော်ပြထားပါသည်။

အသက် ၁၀၇နှစ်ရှိ ဂျပန်အမြွှာညီအစ်မ၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၂၊ မှတ် ၅ (မေ ၂၀၀၀) စာ ၃၆။ ဂျပန်နိုင်ငံမှ အဘွားကင်နာရီတာနှင့် အဘွားဂင်ကာနေအမြွှာညီအစ်မ သည် ၁၉၉၉-ဩဂုတ်လတွင် (၁၀၇)နှစ်ပြည့် မွေးနေ့ကိုကျင်းပခဲ့သည်။ အဘွားကင်နာရီတာသည် (အသက် ၁၀၇နှစ်၅လ)တွင် နှလုံးအားနည်းသော ရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း၊ သူတို့အမြွှာညီအစ်မ၏အကြောင်းပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

အသက်၁၇၀ရှိသောလိပ်မကြီး၊ - - -။ - - -၊ တွဲ ၁၃၊ မှတ် ၅ (မေ ၂၀၀၁) စာ ၂၅၊ ပုံ။ ကမ္ဘာကျော်အင်္ဂလိပ်လူမျိုးသိပ္ပံပညာရှင် ချားရောဘတ်ဒါဝင်သည် စူးစမ်းရှာဖွေရေးအတွက် ကမ္ဘာကိုပတ်စဉ်ဂါလာပါရိုကျွန်းစုမှ ရရှိသော ၅နှစ် အရွယ်လိပ်ကြီးအား ဩစတြေးလျနိုင်ငံ၊ ဘရစ်ဘေးမြို့ရှိ တိရစ္ဆာန်ဥယျာဉ်၌ မွေးထားရာယ္ခုအခါ အသက်၁၇၀ရှိပြီးဖြစ်ကြောင်း ပုံနှင့်တကွရေးသားဖော်ပြ ထားပါသည်။

အသက်ဝင်လှသောရုပ်ထုကြီး'၊ - - -။ - - -၊ တွဲ ၁၃၊ မှတ် ၁၀ (အောက် ၂၀၀၁) စာ ၃၀၊ ပုံ။ အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ရှိပြတိုက်တစ်ခုတွင် လူငယ်တစ်ယောက်ကာကီ ရောင်ဘောင်းဘီတိုဝတ်လျက်၊ အပေါ်အင်္ကျီမပါ ဆောင့်ကြောင့်ထိုင်နေသောပုံကို ဧရာမပန်းပုကြီးထု၍ ပြသထားရာ လူအများကပင် 'အသက်ဝင်လှသည်' ဟု မှတ်ချက်ချကြောင်း၊ ရုပ်တုအားဒေါ်လာ ၇၀၀ယ၀၀၀(ခုနှစ်သိန်း)ဖြင့် ရောင်းချမည် ဖြစ်ကြောင်း ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ဦးခေါင်းချင်းဆက် အမြွှညီအစ်မ၊ ဝင်းဝင်းမြတ်။ မင်္ဂလာမောင်မယ်ရုပ်စုံ ၊ တွဲ ၁၄၊ မှတ် ၁၁ (နို ၂၀၀၂) စာ-၁၇၊ပုံ။ အမေရိကန်နိုင်ငံမှလိုရီနှင့်ဒိုရီအမြွှာညီအစ်မသည် ခေါင်းချင်းဆက်လျက် မွေးဖွားလာရာ ယ္ခုအခါအသက် (၄၀)အရွယ်ထိ၊ ဇွဲ၊ လုံ့လ၊ ကြိုးစားမှုများဖြင့်ရှင်သန် နေထိုင်ပုံကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ဦးခေါင်းတစ်လုံး၊ ခြေတစ်ဖက်၊ လက်တစ်ဖက်သာရှိသော စာရေးဆရာ၊ သက်ဝေဦး။ - - -၊ တွဲ ၁၂၊ မှတ် ၂ (ဖေ ၂၀၀၀) စာ ၃၅-၃၆၊ ပုံ။ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့တွင် နေထိုင်သူ မူးယစ်ဆေးဝါးနှင့်အရက် စွဲနေသောအမျိုးသ္မီးမှ မွေးဖွားလာသော ဦးခေါင်းတစ်လုံး၊ ခြေတစ်ဖက်၊ လက်တစ်ဖက် သာရှိသော ကလေးငယ်တစ်ဦးသည် မလျော့သော ဇွဲ၊လုံ့လတို့ဖြင့် ကြီးပြင်းလာရာ ယခုအခါ နာမည်ကျော် စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့ပုံကို ရေးသားဖော်ပြထားပါသည်။ ယ္ခုအခါသူ၏အတ္ထုပ္ပတ္တိကိုလည်း ရေးသားရန် ရည်ရွယ်ပြုစု လျှက်ရှိကြောင်း ရေးသားထားပါသည်။

ဦးခေါင်းထဲက ပက်ကျိ၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၂၊ မှတ် ၁၂ (ဒီ ၂၀၀၀) စာ ၂၅-၂၆၊ ပုံ။ အမေရိကန်နိုင်ငံ၊ အိုလံပီယာမြို့တွင်နေထိုင်သော ဆမ်မူရိဆိုသူသည် ဦးခေါင်းကိုက်ရောဂါဆိုးရွားလာ၍ ဆရာဝန်ကြီးများ၏ ခွဲစိတ်မှုကိုခံခဲ့ရာမှ ဦးခေါင်းတွင်းမှ (၂ လက်မ) အရှည်ရှိပက်ကျိတစ်ကောင်တွေ့ရှိရကြောင်း ရေးသားဖော်ပြထားပါသည်။

ဦးခေါင်းနှစ်လုံးနှငြွေ့်မ၊ သက်ဝေဦး။ - - -၊ တွဲ ၁၁၊ မှတ် ၆ (ဇွန် ၁၉၉၉) စာ ၂၃၊ ပုံ။ စပိန်နိုင်ငံ၊ ကတ်စတယ်ဆဲရားမြို့တွင်တွေ့ရှိရသော ဦးခေါင်းနှစ်လုံးရှိ သည့်ထူးခြားရှားပါးသော ြွေမကြီးကိုသိပ္ပံစမ်းသပ်မှုပြုရန်အတွက်တွေ့ရှိသူများက သက်ဆိုင်ရာသို့ လှူဒါန်းခဲ့ကြောင်းပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ဧရာမခွေးကြီး၊ စုထက်၊မ။ - - -၊ တွဲ ၁၃၊ မှတ် ၇ (ဇူ ၂၀၀၁) စာ ၂၅၊ ပုံ။ အကော့တလန်ရှိ ဖို့(ချ)မြို့တွင်နေထိုင်သော အင်္ဂလိပ်မိသားစုကမွေးမြူ ထားသောကိုယ်အလေးချိန် ၂၆၆ပေါင်းရှိသည်ခွေးကြီး ဒါစီသည်နှာသီးဖျားမှ အမြီးဖျားအထိ အလျား၇ပေ၊ ၃လက်မရှိပြီး အလွန်ထွားကျိုင်းမှုများကို ပုံနှင့် တကွရေးသားဖော်ပြထားပါသည်။

ဧရာမဆိုဖာ ကုလားထိုင်ကြီး၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၁၊ မှတ် ၆ (ဇွန် ၁၉၉၉) စာ ၂၃။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပသော အိမ်ထောင်ပရိဘောဂပြပွဲ တွင်ပြသထားသော အလွန်ကြီးမားသည့် (အမြင့် ၁၀.၈ပေ၊ အလျား ၂၀ပေ)၊ အလေးချိန် ၁၁၄၆ပေါင်)ရှိ လူပေါင်း၃0xdki်နိုင်သော ဆိုဖာကုလားထိုင်ကြီး အကြောင်းကိုပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

ဧရာမပိုးဖလံကောင်ကြီး၊ စုထက်၊ မ။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၁၊ မှတ် ၃ (မတ် ၁၉၉၉) စာ ၂၆၊ ပုံ။ အမေရိကန်နိုင်ငံသား၊ သတ္တဗေဒပညာရှင် ဂျိမ်း(စ)ဆက်ဒိုင်သည် အရှေ့တောင်အာရှဒေသတွင်သာ တွေ့ရတတ်သောအလွန်ကြီးမားသည့် ပိုးဖလံ ကောင်ကြီးတစ်ကောင်ကိုတွေ့ရှိထားပါသည်။ ထိုပိုးဖလံကောင်ကြီးကိုတိုင်းထွာ ကြည့်ရာ (၁၀.၆)လက်မရှိသည်ကို ဖော်ပြထားပါသည်။

ဧရာမမိကျောင်းကြီးကို အရှင်ဖမ်းနိုင်သူ၊ ဝင်းဝင်းမြတ်။ မင်္ဂလာမောင်မယ်ရုပ်စ၊ ုံတွဲ ၁၄၊ မှတ် ၈ (ဩ ၂၀၀၂) စာ ၂၆-၂၇၊ ပုံ။ မကြာမီက အမေရိကန်ပြည်၊ ဝင်ကိုဆင်ပြည်နယ်ရှိ မိရှိဂန်ရေကန်ကြီး နှင့်ဆက်နေသော ဂရင်းဘေးရေကန်ကြီးတွင် ပေ၆၀ကျော်ရှိသော အလွန်ကြီးမား လှသည့်မိကျောင်းကြီးအား မိကျောင်းဖမ်းကျွမ်းကျင်သူမဟုတ်ပဲ ဖိနပ်အရောင်း သမားတစ်ဦးဖြစ်ပေအဂျော့ခ်ျမာစတာလီ (၄၁-နှစ်)မှ အရှင်ဖမ်းဆီးခဲ့ပုံကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

အံ့ချီးဖွယ်ကိုယ်တစ်ပိုင်းမရှိသူကလေး၊ - - -။ - - -။ တွဲ ၁၄၊ မှတ် ၅ (မေ ၂၀၀၂) စာ ၃၃၊ ပုံ။ တောင်အာဖရိကနိုင်ငံ၊ ဝါကာဗီးမြို့မှ သ္မီးကလေးထရေဇာသည် မွေးကတည်းက ခြေအင်္ဂါချို့တဲ့နေရာ ပုံမှန်မဟုတ်သည့်မညီညာ (၂)ချောင်း ပါလာရာဆရာဝန်များက ကိုယ်ခန္ဓာကို အနှောက်အယှက်ပြုနေသဖြင့် ဖြတ် တောက်ပစ်လိုက်ကြရာ လက်နှစ်ဖက်ဖြင့်သာ ယ္ခုအသက်-၁၀နှစ်အရွယ်ထိ ဘ၀ကိုအနိုင်မခံ အရှုံးမပေးပဲ အသက်ရှင်ရပ်တည် နေပုံကိုပုံနှင့်တကွရေး သားဖော်ပြထားပါသည်။

အံ့ချီးဖွယ်စိုက်ပျိုးနိုင်သူ၊ သက်ဝေဦး။ - - -၊ တွဲ ၁၂၊ မှတ် ၁ (ဇန် ၂၀၀၀) စာ ၂၈၊ ပုံ။ အင်္ဂလန်နိုင်ငံ၊ စပေါလ်ဒင်းမြို့မှစိုက်ပျိုးရေးသမားဘားနဒ် စိုက်ပျိုးသော အပင်များမှ ဖြစ်ထွန်းအောင်မြင်နေသည့် အံ့ဖွယ်ကြီးထွားသော သီးနှံများ အကြောင်းရေးသားဖော်ပြထားပါသည်။

အံ့ချီးဖွယ်ဇွဲလုံ့လရှင်၊ အောင်ထက်။ - - -၊ တွဲ ၁၄၊ မှတ် ၁၂ (ဒီ ၂၀၀၂) စာ ၂၈-၂၉၊ ပုံ။ မကြာမီက ကမ္ဘာ့စာနယ်ဇင်းများက အံ့ဖွယ်ချီးကျူးတင်ပြခဲ့သော အသက် (၆၀)အရွယ်ရှိ ဩစတြေးယားနိုင်ငံဗီယာနာမြို့ရှိ ဘီသိုဗင်ပြတိုက်တွင် ညွှန်ကြားရေးမှူးအလုပ်ကိုလုပ်နေသူသည် သမ္မာကျမ်းစာအသစ်ကို အဟောင်းမှ လက်ရေးဖြင့်ကူးသားခဲ့ရာ ၇နှစ်ကြာခန့်ကြာကြောင်း အံ့ဖွယ်ဖော်ပြထားပါသည်။

အံချီးဖွယ် မသန်စွမ်းသူ၊ ဝင်းအံ့။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၉ (စက် ၂၀၀၂) စာ ၃၃-၃၄၊ ပုံ။ စကော့တလန်ပြည်၊ အီဒင်ဘာရာမြို့မှဂျေမီအင်ဒရူး (၃၂နှစ်)သည် တောင်တက်သမားတစ်ဦးဖြစ်ပြီး၊ ဒုက္ခိတဘ၀ရောက်သွားသော်လည်း မလျှော့ သောဇွဲ၊ လုံ့လ၊ အနိုင်မခံ၊အရှုံးမပေးသောစိတ်ဓာတ်၊ စေတနာသဒ္ဓါတရား ထက်သန်ပုံတို့ကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

အံ့ချီးဖွယ်သည်းခံခွင့်လွတ်နိုင်သောမေတ္တာရှင်၊ ဝင်းဝင်းမြတ်။မြ တ်မင်္ဂလာစာစောင၊် တွဲ ၁၆၊ မှတ် ၅ (နို ၂၀၀၀) စာ ၄၁-၄၃၊ ပုံ။ ဩစတြေးလျနိုင်ငံသူ အသက်၅၀အရွယ်ရှိ အေမီချက်စတာလန်ဆိုသူ သည် နှစ်ရှည်လများ ပေါင်းသင်းလာသော သူမ၏ခင်ပွန်း 'ေဝါလတာချက် စတာ၀် (၅၄-နှစ်)က သူမအား (၂၇ကြိမ်) တိုင်တိုင်ရက်စက်သောနည်းများဖြင့်သူမအား သေကြောင်းကြံစည်ခဲ့သည်ကို မေတ္တာထား၍ခွင့်လွတ်သည်းခံနိုင်ခဲ့ပုံကို ချီးကျူး ဖွယ်ရေးသားဖော်ပြထားပါသည်။

အံ့ချီးဖွယ်အလှူဒါနပြုနေသော ဗေဒင်ဆရာမလေးဒေါ်ဆွေဆွေဝင်း (န.ွှ)။ - - -၊ တွဲ ၁၆၊ မှတ် ၃ (စက်၂၀၀၀) စာ ၁၇-၂၂။ - - -။ - - -၊ တွဲ ၁၆၊ မှတ် ၄ (အောက် ၂၀၀၀) စာ ၂၅-၂၈၊ ပုံ။ နာမည်ကျော်ဗေဒင်ဆရာမလေးဒေါ်ဆွေဆွေဝင်း (န.ွှ)၏ မွေးနေ့အလှူ မင်္ဂလာအဖြစ် မင်္ဂလာဗျူဟာအဖွဲ့၊ ပရိဟိတအဖွဲ့၊ ဘုရားကျောင်း၊ သံဃာတော်များ အတွက် ကုသိုလ်ပြုပုံကို ရေးသားဖော်ပြထားပါသည်။

အံ့ဖွယ် ကိုယ်ခန္ဓာပျော့ပျောင်းသူ၊ ဝင်းအံ့။ မင်္ဂလာမောင်မယ်ရုပ်စုံ ၊ တွဲ ၁၄၊ မှတ် ၈ (ဩ ၂၀၀၂) စာ ၂၅၊ ပုံ။ နာမည်ကျော်စပိန်အမျိုးသ္မီးကျွမ်းဘားပညာရှင် ကာရိုလီးနား၏ ကိုယ်ခန္ဓာအလွန်ပျော့ပျောင်းလှပုံကို ဓာတ်ပုံဆရာ၏ပညာအစွမ်းဖြင့် ဖော်ပြထား ပါသည်။

အံ့ဖွယ် ဂီတပညာရှင်၊ စုထက်၊ မ။ - - -၊ တွဲ ၁၃၊ မှတ် ၃ (မတ် ၂၀၀၁) စာ ၂၂၊ ပုံ။ ချက်ကိုစလိုဗေးကီးယားနိုင်ငံ၊ ဘာဒိုမြို့မှ ဒင်းနက်ကလူကီသည် ထူးခြားသောအံ့ချီးဖွယ် ဂီတအနုပညာစွမ်းအကြောင်းကို ရေးသားဖော်ပြ ထားပါသည်။

အံ့ဖွယ်ငွေမမက်သူ၊ ဝင်းဝင်းမြတ်။ မင်္ဂလာမောင်မယ်ရုပ်စုံ ၊ တွဲ ၁၁၊ မှတ် ၇ (ဇူ ၁၉၉၉) စာ ၂၅-၂၆၊ ပုံ။ အင်္ဂလန်နိုင်ငံသား ဒေးဗစ်ဒါလင် (၃၂-နှစ်)ဆိုသူသည့် ဒေါ်လာသန်း ပေါင်း(၁၀၀)ကျော်ပိုင်ဆိုင်သော သန်းြွကယ်သူဋ္ဌေးလူပျိုတစ်ဦးဖြစ်ပြီး ကမ္ဘာ အရပ်ရပ်မှ အမျိုးသ္မီးများက သဘောကျလက်ထပ်ချင်ကြသော်လည်း အသက် (၂၁)နှစ်ရှိပြီး ကလေးနှစ်ယောက်မိခင်တခုလပ်ဗြိတိသျှအမျိုးသ္မီးအဲလစ်စ်ကမှု ချစ်သူအဖြစ် (၃)လကြာတွဲခဲ့ပြီးမှ လက်ထပ်ရန်ငြင်းပယ်ခဲ့ကြောင်း ရေးသား ဖော်ပြထားပါသည်။

အံ့ဖွယ်စွမ်းနိုင်သူ၊ သက်ဝေဦး။ - - -၊ တွဲ ၁၂၊ မှတ် ၁၀ (အောက် ၂၀၀၀) စာ ၂၇၊ ပုံ။ အာဖရိကတိုက်၊ ဆီနီဂေါနိုင်ငံရှိ ကျေးရွာကလေးတစ်ရွာတွင် နေထိုင် လျက်ရှိသော 'ချက်ကာရှုကာတာ'ဆိုသူသည် မွေးရာပါလက်နှစ်ဖက်မပါသော် လည်းသူ၏လောကဓံကြံကြံခံ၍ အံ့ဖွယ်စွမ်းနိုင်ပုံအကြောင်းကို ပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

အံ့ဖွယ်နားပန်ရှည်သူ၊ အောင်ထက်။ - - -၊ တွဲ ၁၄၊ မှတ် ၅ (မေ ၂၀၀၂) စာ-၃၊ ပုံ။ ဗြိတိန်နိုင်ငံသားပီးယားသည် ကမ္ဘာပေါ်တွင်နားပန် (နားအောက်ပိုင်း အစွန်း) (ူသဘန) အရှည်ဆုံးအဖြစ် ဂရင်းနစ်မှတ်တမ်းတင်စာအုပ်တွင် ဖော်ပြ ထားပါသည်။

အံ့ဖွယ်ဖြစ်ရပ်၊ အောင်ထက်။ - - -၊ တွဲ ၁၄၊ မှတ် ၈ (ဩ ၂၀၀၂) စာ ၂၉-၃၀၊ ပုံ။ မကြာမီကလေယာဉ်မှူးဟမ်းမား (၆၃-နှစ်)သည် အမေရိကန်ပြည်၊ ကာလီဖိုးနီးယားပြည်နယ်၊ နီဗားဒါးမြို့မှအော်ရီဂွန်ပြည်နယ်၊ မောက်ဟုမြို့သို့ တစ်ယောက်စီးလေယာဉ်ငယ်ကို တစ်ကိုယ်တည်းပျံသန်းမောင်းနှင်လာစဉ် စက်ချို့ယွင်းသွားသဖြင့် လေယာဉ်အား မြေပြင်သို့ထိုးဆင်းခဲ့ရာ ဒဏ်ရာအနာတ ရမရ၊ အသက်မသေပဲကံကောင်းခဲ့ပုံကို အံဖွယ်ပုံနှင့်တကွဖော်ပြထားပါသည်။

အံဖွယ်မော်တော်ဆိုင်ကယ်စီးကျွမ်းကျင်သူများ၊ စုထက်၊ မ။ - - -၊ တွဲ ၁၃၊ မှတ် ၅ (မေ ၂၀၀၁) စာ ၂၁-၂၂၊ ပုံ။ အိန္ဒိယနိုင်ငံကြည်းတပ်မှ မော်တော်ဆိုင်ကယ်စီးကျွမ်းကျင်သော တပ်ရဲ (၁၀)ဦးတို့သည် မော်တော်ဆိုင်ကယ်တစ်စီးအား (၁၀)ဦးတွင် (၉)ဦး လက်လွွှတ် စီးပြပုံကို အံ့ဖွယ်ဖော်ပြထားပါသည်။

အံ့ဖွယ်လူသား၊ သက်ဝေဦး။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၄၊ မှတ် ၅ (မေ ၂၀၀၂) စာ ၃၁၊ ပုံ။ မလေးရှားနိုင်ငံမှ လျူသိုလင်ဆိုသူသည် သူ၏ခန္ဓာကိုယ် အရေးပြား တွင်သံသတ္ထုပစ္စည်းများ ကပ်ငြိအောင် ထူးထူးခြားခြားစွမ်းဆောင်နိုင်ပုံကို ပုံနှင့်တကွ ရေးသားဖော်ပြထားပါသည်။

အံ့ဖွယ်သွားပိုင်ရှင်၊ ဝင်းအံ့။ - - -၊ တွဲ ၁၄၊ မှတ် ၆ (ဇွန် ၂၀၀၂) စာ ၃၁၊ ပုံ။ သီရိလင်္ကာနိုင်ငံ၊ တိုလံဘိုမြို့မှလယ်သမား ဂမီနီဂါစန်သလုမာရသည် သူ၏သွားဖြင့် ကြိုးစတစ်ခုကိုကိုက်၍ တန်ချိန်၄၀ရှိသော ရထားတွဲသည် ၂၅ကိုက်အကွာအေ၀းအထိ အံ့ဖွယ်ထူးခြားစွာဆွဲပြပုံကို ပုံနှင့်တကွဖော်ပြ ထားပါသည်။

အံ့ဖွယ်အစွမ်းပြ၊ ဝင်းဝင်းမြတ်။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၁၊ မှတ် ၃ (မတ် ၁၉၉၉) စာ ၂၆၊ ပုံ။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဝက်(စ)မြို့တွင်နေထိုင်သူ ဖရင့်ဆီမွန်သည် လမ်းဘေးတွင်ရပ်၍ လျှပ်စစ်မီးဖိုကို သူ၏သွားပေါ်တွင် ဒေါက်ထောက်၍ အောက်သို့မကျအောင် ထိန်းလျက်အံ့ဖွယ်အစွမ်းပြနေပုံကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

အံဖွယ်အစွမ်းပြသောအဘွားအို၊ ဝင်းအံ့။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၂၊ မှတ် ၈ (ဩ၂၀၀၀) စာ-၄၅၊ ပုံ။ အသက် (၉၅)နှစ်အရွယ်ရှိသော ဩစတြေးလျသူ အဘွားအိုဟိလ်ဒါ ကူပါးသည် မိုးကောင်းကင်(၁၀၅ ပေ)အမြင့်မှ စွန့်စွန့်စားစားလေထီးခုန်ပြပုံ အကြောင်းကိုရေးသားဖော်ပြထားပါသည်။

အံဖွယ်အဘွားအို၊ ဝင်းဝင်းမြတ်။ - - -၊ တွဲ ၁၄၊ မှတ် ၆ (ဇွန် ၂၀၀၂) စာ ၃၃၊ ပုံ။ အမေရိကန်ပြည်နယ်၊ ဂျော်ဂျီယာပြည်နယ်၊ အော်ဂတ်စတာမြို့မှ အိုင်းရစ်ဟစ်လီဆိုသူ အလွန်ဇွဲသတ္တိကောင်းလှသော အဘွားအိုသည်သူ၏ အသက်၁၀၀ပြည့်နှစ်မွေးနေ့တွင် လေယာဉ်မောင်းပြရန် ကတိပေးခဲ့ပြီး ကတိ အတိုင်း ဇွဲရှိရှိနှင့်လေယာဉ်မောင်းသင်၍ မောင်းပြခဲ့ပုံကို ပုံနှင့်တကွဖော်ပြထား ပါသည်။

အံဖွယ်အလုပ်လုပ်နိုင်သူ၊ - - -၊ - - -၊ တွဲ ၁၃၊ မှတ် ၁ (ဇွန် ၂၀၀၁) စာ ၂၄။ စကောတလန်ကမ်းခြေအနီး ဂီဝါကျွန်းတွင်နေထိုင်သော ဆီးမက်မတ် စကိုရန်၊ ဆိုသူအမျိုးသားကြီးအား သက်ဆိုင်ရာက (၁၉၈၉)ခုနှစ်တွင် ကမ္ဘာ့အလုပ်လုပ်နိုင်သူအဖြစ် ဗြိတိသျှအင်ပါယာဆုတံဆိပ် ချီးမြှင့်ပုံကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

အံ့ဖွယ်အသက် ၁၂၅-နှစ်ရှိ အဘွားအို၊ သက်ဝေဦး။ မင်္ဂလာမောင်မယ်ရုပ်စုံ၊ တွဲ ၁၃၊ မှတ် ၂၊ (ဖေ ၂၀၀၀) စာ ၂၁-၂၂၊ ပုံ။ ဒိုမီနီကန်နိုင်ငံရှိ အဘွားအို အဲလီဇဘတ်အစ်စရေးသည် အသက် (၁၂၅)နှစ်ခန့်ရှိပြီး သူမ၏အသက်ရှည်ရန် နေထိုင်၊ စားသောက်ပုံများကို ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

အင်္ဂလန်သူဆူမိုနပန်းသမားကြီး၊ - - -။ - - -၊ တွဲ ၁၄၊ မှတ် ၈ (ဩ ၂၀၀၂) စာ ၂၈၊ ပုံ။ အင်္ဂလန်နိုင်ငံ၊ ဒါဘီမြို့မှ အသက် ၄၆နှစ်အရွယ်ရှိ ဂျက်ကီဘိတ်ဆိုသူ အမျိုးသ္မီးသည် ဆူမိုနပန်းသမားတစ်ဦးဖြစ်ပြီး၊ ကိုယ်အလေးချိန်မှာ ပေါင် ၂၈၀ ရှိ၍ သူမ၏အကြောင်း ပုံနှင့်တကွရေးသားဖော်ပြထားပါသည်။

အစ်မမေတ္တာ မောင့်မေတ္တာ၊ ဝင်းဝင်းမြတ်။ မြတ်မင်္ဂလာစာစောင်၊ တွဲ ၁၇၊ မှတ် ၁၀ (ဧ ၂၀၀၂) စာ ၃၀-၃၂၊ ပုံ။ လွန်ခဲ့သောနှစ်ပေါင်း (၄၄)နှစ်တာကာလအနီတာဆိုသော သူငယ်တန်း ကျောင်းသူကလေးတစ်ဦးသည် မီးဘေးမှမောင်သုံးဦးကို ကယ်တင်ခဲ့သည် နောင်နှစ်ပေါင်း (၄၄နှစ်) တာကာလကြာပြီးနောက် အနီတာသည် ကျောက်ကပ် အစားထိုးကုသရန် အသက်ဘေးအန္တရာယ်နှင့်ကြုံနေစဉ်တွင်ငယ်စဉ်ကလေး ဘ၀က အနီတာမီးဘေးမှကယ်တင်ခဲ့သောမောင်ဖြစ်သူပေါလ် ကသူ့၏အသက် ကိုကယ်တင်ခဲ့သော သူ၏အစ်မအနီတာအား ကျောက်ကပ်တစ်လုံးကို ရက်ရက် ရောရော ပေးလှူပုံကို မောင်နှင့်အစ်မတို့၏ ကိုယ်ကျိုးမကြည့် အသက်စွန့်၍ မေတ္တာတရားကြီးမားပုံကို ရေးသားဖော်ပြထားပါသည်။

ရည်ညွန်းကိုးကား

  • မမြတ်မျိုးဆွေ ဝိဇ္ဇာဘွဲ့ (စီးပွားရေး) (၂၀၀၆)။ မင်းယုဝေ စာစုစာရင်း၊ (၁၉၉၉−၂၀၀၂)။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.