မစ်နိုးယန် ယဉ်ကျေးမှု

မစ်နိုးယန် ယဉ်ကျေးမှု (အင်္ဂလိပ်: Minoan civilization)သည် ကြေးခေတ်ကာလက ခရီးတီးကျွန်းနှင့် အခြား အီးဂျီယန်ကျွန်များရှိ အီးဂျီယန် ယဉ်ကျေးမှုတစ်ခုဖြစ်ကာ ဘီစီ ၃၀၀၀ မှ ဘီစီ ၁၄၅၀ အထိ တိုးတက်လာခဲ့၍ ယင်းနောက် ဆုတ်ယုတ်လာကာ ဘီစီ ၁၁၀၀ ဝန်းကျင်တွင် အဆုံးသတ်ခဲ့သည်။ ဥရောပတွင် ပထမဆုံးခေတ်မီ လူမှုယဉ်ကျေးမှုတစ်ရပ်လည်းဖြစ်၍ ကြီးမားသော အဆောက်အအုံများ၊ လက်နက်ကိရိယာများ၊ စာရေးနည်းစနစ်များနှင့် ကျယ်ပြန့်သည့် ကုန်သွယ်ရေး ကွန်ယက်တစ်ခု စသည်တို့ ကြွင်းကျန်ရစ်ခဲ့သည်။[1] အင်္ဂလိပ်လူမျိုး ရှေးဟောင်းသုတေသနပညာရှင် ဆာ အာသာ အဲဗန်ဇ် ၏ ဆောင်ရွက်ပြုလုပ်မှုများမှတဆင့် (၂၀) ရာစု အစောပိုင်း၌ ဤယဉ်ကျေးမီုကို ပြန်လည်ဖော်ထုတ်ခဲ့သည်။ မစ်နိုးယန် (Minoan) အမည်သည် ဒဏ္ဍာရီလာ ဘုရင် မိုင်းနော့စ် (ရှေးဂရိ - မီးနောစ်) မှဆင်းသက်လာခဲ့၍ အဲဗန်ဇ် ကိုယ်တိုင်တည်ထွင်သုံးနှုန်းခဲ့သည့် စကားလုံးဖြစ်သည်။ အဲဗန်ဇ်သည် ဝင်္ကပါနှင့် မစ်နာတော[မှတ်စု 1] ရုပ်တုနှင့်အတူ ခနောစော့မြို့ရှိ တူးဖော်ရာနေရာကို ခွဲခြားဖော်ပြနိုင်ခဲ့သည်။ မစ်နိုးယန် လူမှုအဖွဲ့အစည်း ယဉ်ကျေးမှုကို ဥရောပ၏ အစောဆုံးယဉ်ကျေးမှုအဖြစ် ဖော်ပြလျှက်ရှိကြသည်။[2] သမိုင်းပညာရှင် ဝီလ် ဒူးရန့်က မစ်နိုးယန်လူမျိုး တို့သည် ဥရောပကွင်းဆက်၏ အစောဆုံး ချိတ်ဆက်ဖြစ်သည်ဟုလည်း ပြောဆိုသည်။[3]

မစ်နိုးယန် ယဉ်ကျေးမှု
ဒေသအီးဂျီယန်ပင်လယ်၊ အထူးသဖြင့် ခရီးတီးဒေသ
ခေတ်ကာလအီးဂျီယန် ယဉ်ကျေးမှု
ရက်စွဲဘီစီ ၃၀၀၀ – ဘီစီ ၁၁၀၀ ဝန်းကျင်ကာလများ
အဓိကနေရာမြို့တော်: ခနောစော့မြို့
အခြားအရေးပါသောမြို့များ: Phaistos ၊ Malia, Crete ၊ Zakros
ယခင်ဆစ်ခလဲဒစ် ယဉ်ကျေးမှု (ဆိုက်ခလဲဒစ်)
ဆက်ခံမိုက်ဆီးနီးယန် ဂရိ

မှတ်စု

  1. ဂရိဒဏ္ဍာရီလာ သတ္တဝါဖြစ်၍ ကျွဲ/နွားခေါင်း နှင့် လူကိုယ်ပါရှိသည်။ အမြီးမှာလည်း နွားမြီးဖြစ်၏။

ကိုးကား

  1. Ancient Crete – Classics – Oxford Bibliographies
  2. Sakoulas၊ Thomas။ History of Minoan Crete
  3. Durant၊ Will (1939)။ "The Life of Greece"The Story of CivilizationII။ New York: Simon & Schuster။ p. 21။ ISBN 9781451647587
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.