မစ်ရှဲ ယိုး

မစ်ရှဲ ယိုးသည် တရုတ်နွယ်ဖွား မလေးရှားနိုင်ငံသူ အမျိုးသမီးရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ရိုက်ကူးထားသော သည်အမျိုးသမီးဟု အမည်ရသည့် ရုပ်ရှင် ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် ပါဝင်သရုပ်ဆောင်သည်။

မစ်ရှဲ ယိုးသည် အက်ရှင်ဇာတ်ကားများတွင် စတန့်များကို ကိုယ်တိုင် သရုပ်ဆောင် ရိုက်ကူးခြင်းကြောင့် လူသိများပြီး ၁၉၉၀ ပြည့်နှစ်များတွင် ကျော်ကြားလာသည်။ ၁၉၉၇ ခုနှစ်တွင် ရုံတင်သည့် ဂျိမ်းစ်ဘွန်း ရုပ်ရှင် ‘လုံးဝမသေသော မနက်ဖန်’Tomorrow Never Dies ၊ ၂၀၀၀ ပြည့်နှစ်တွင် ရုံတင်သည့် တရုတ်သိုင်းကား ‘ခုက်ရန်ပြင်နေသောကျား၊ ပုန်းအောင်းသောနဂါး’ (Crouching Tiger, Hidden Dragon) စသည့် အောင်မြင်ကျော်ကားသော ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.