မဇ္ဈိမ သတင်းဌာန

မဇ္ဈိမ သတင်းဌာနသည် မြန်မာဘာသာဖြင့် ထုတ်ပြန်သော သတင်းဌာန တစ်ခု ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ပြည်ပ ရောက်နေသော မြန်မာ သတင်းစာဆရာ တစ်စုတို့က စတင်ခဲ့သည်။ နိုင်ငံတကာ သတင်း အင်စတီကျုမှ မဇ္ဈိမ သတင်းဌာန အား ၂၀၀၇ ခုနှစ်တွင် ဖရီး မီဒီယာ ပိုင်အိုးနီးယားဆုကို ချီးမြှင့်ခဲ့သည်။

အဖွဲ့အစည်း

မဇ္ဈိမ သတင်းဌာန၏ ရုံးချုပ်မှာ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ တွင် ရှိပြီး သတင်းဌာနခွဲတစ်ခုမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ရှိသည်။ မဇ္ဈိမ သတင်းဌာနတွင် ဝန်ထမ်းပေါင်း ၆၀ ကျော် ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမြန်မာနိုင်ငံတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ သတင်းပေးပို့ကြသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မဇ္ဈိမ သတင်းဌာန၏ အယ်ဒီတာချုပ် စိုးမြင့်မှ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းကို တိုးချဲ့ရန် မဇ္ဈိမ သတင်းဌာန၏ ရုံးခွဲတစ်ခုကို ရန်ကုန်တွင် ဖွင့်လှစ်မည်ဟု ကြေငြာခဲ့သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.