မန္တလေးမြို့တော်ဝန်

မန္တလေးမြို့တော်ဝန်သည် မန္တလေးမြို့တော်၏ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သော မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည်။ [1]

မြို့တော်ဝန်အိမ်တော်
မန္တလေးမြို့ ၏ မြို့တော်ဝန်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဦး​ကျော်ဆန်း

၇ ​ဖေ​ဖော်ဝါရီ ၂၀၂၁ မှစ၍
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ
အဖွဲ့ဝင်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
အစီရင်ခံရသူဝန်ကြီးချုပ်
စံအိမ်မြို့တော်ဝန်အိမ်တော်(လမ်း၇၀-၃၂လမ်းထောင့်)
အဆိုပြုသူမန္တလေးတိုင်းဒေသကြီး လွှတ်တော်
ခန့်အပ်သူသမ္မတ
သက်တမ်း၅နှစ်
စတင်ထမ်းဆောင်သူဦးထွန်းကြည်
ဖွဲ့စည်းခြင်းဒီဇင်ဘာလ ၁၉၉၂

သမိုင်းကြောင်း

၁၉၉၂ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးသန်းရွှေက လက်မှတ်ရေးထိုးထားသော မန္တလေးမြို့ စည်ပင်သာယာရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ဤဥပဒေအရ မန္တလေးမြို့ဖွံ့ဖြိုးသာယာရေးအတွက် မြို့တော်စည်ပင်သာယာရေးအဖွဲ့က မိမိရန်ပုံငွေဖြင့် မိမိရပ်တည်ကာ လုပ်ကိုင်နိုင်ခွင့်ရှိလာသည်။ စည်ပင်သာယာရေးဥပဒေ အခန်း(၂)၊ ဖွဲ့စည်းခြင်းအောက်ရှိ အမှတ်စဉ်၄တွင် ကော်မတီ၏ဥက္ကဋ္ဌသည် မြို့တော်ဝန်ဖြစ်သည်ဟု ပါရှိသည်။ထို့နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်က တာဝန်ယူ၍ မြို့တော်ဝန်အဖြစ်ဆောင်ရွက်ခဲ့သည်။

မြို့တော်ဝန်များစာရင်း (၂၀၁၁-လက်ရှိ)

No. Portrait အမည် တာဝန်ထမ်းဆောင်ခြင်း နိုင်ငံရေးပါတီ သမ္မတ ဝန်ကြီးချုပ်
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
ဦးဖုန်းဇော်ဟန် ၆ ဧပြီ ၂၀၁၁[2] ၂၇ ဖေဖော်ဝါရီ ၂၀၁၂ ၃၂၇ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန် ဦးရဲမြင့်
ယခင် နအဖအစိုးရလက်ထက် ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကပင် မြို့တော်ဝန်ဖြစ်ခဲ့သည်။
ဦးအောင်မောင်း ၂၇ ဖေဖော်ဝါရီ ၂၀၁၂[3] ၃၀ မတ် ၂၀၁၆ ၁၄၉၃ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန် ဦးရဲမြင့်
ယခင်က မန္တလေးတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သည်။
ဒေါက်တာရဲလွင် ၅ ဧပြီ ၂၀၁၆[4] ၅ ​ဖေ​ဖော်ဝါရီ ၂၀၂၁ ၁၇၆၇ ပြင်ပ ဦးထင်ကျော်
ဦးဝင်းမြင့်
ဒေါက်တာဇော်မြင့်မောင်
ယခင်က မျက်စိဆရာဝန်တစ်ဦးဖြစ်သည်။
ဦး​ကျော်ဆန်း ၇ ​ဖေ​ဖော်ဝါရီ ၂၀၂၁ လက်ရှိ ပြင်ပ ဦးမြင့်ဆွေ(ယာယီသမ္မတ)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ)
ဦးဘို​​မောင် (တိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ)
အာဏာသိမ်းအစိုးရမှ ခန့်အပ်ခဲ့​သော မြို့​တော်ဝန်ဖြစ်သည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.