မန်ဒါရင်ဘဲ

မန်ဒါရင်ဘဲသည် အာရှတိုက်အရှေ့ပိုင်းတွင် တွေ့ရှိရပြီး ကြွကြွရွရွနှင့် အရောင်အသွေးအလွန်လှပသည်။ မြန်မာနိုင်ငံတွင် ရံဖန်ရံခါ တွေ့ရှိရသည်။ အမများမှာ သာမန်ဘဲမကဲ့သို့ အရောင်အသွေးလှပမှုမရှိသော်လည်း အဖို များမှာမူ ဘဲမျိုးများတွင် အရောင်အသွေးအလှပဆုံးအမျိုး ဖြစ်သည်။ နှစ်စဉ် မေလတွင် အမွေးအတောင်လဲလေ့ ရှိကာ အမွေးလဲသည့်အချိန်တွင် အဖိုများမှာ အမများ၏အရောင်အသွေးကဲ့သို့ ပြောင်းလဲသွားလေ့ရှိသည်။ [1]

ကိုးကား

  1. ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လမ်းညွှန် ၁၉၈၉ခုနှစ်ထုတ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.