မန်လည်မြို့ဟောင်း

"မန်လည်အစ၊ နရာဒေဝ"ဟု အဆိုရှိသည့်အတိုင်း မန်လည်မြို့ကို ဗန္ဓုသာရမင်း၏ အမတ်ကြီး နရာဒေဝက သက္ကရာဇ် ၁၈၆ ခုနှစ် (ခရစ် ၈၂၄ ခုနှစ်)တွင် စတည်သည်။ ပုဂံခေတ် ၁၃ ဖေဖော်ဝါရီ ၁၂၄၁ တွင် အမတ် ဒိဗ္ဗနရာကို မန်လည်စော်ဘွားအဖြစ် ခန့်ပြီးနောက် ခေတ်အဆက်ဆက် မန်လည်စော်ဘွားများ အုပ်ချုပ်လာသည်။ မန်လည်ဆိုသည်မှာ ရှမ်းဘာသာ ဖြစ်ကာ ကောင်းသောမြို့ဟု အဓိပ္ပာယ် ရသည်။

မန်လည်သည် ၁၈၀၂ တွင် ပေါမိုင်းရွှေကြာကို သီရိသမန္တဘွဲ့ဖြင့် မြို့သူကြီး ခန့်ကာ အုပ်ချုပ်စေရာမှ မြို့ ဖြစ်လာသည်။ ၁၈၆၆ ခု မြင်ကွန်း မြင်းခုန်တိုင် အရေး ပေါ်ပေါက်စဉ် မန်လည်၌ မြို့ဝန် မဟာမင်းလှရာဇာဘွဲ့ခံ ဦးတေ အုပ်ချုပ်နေသည်။ ဦးတေသည် မန်လည်မြို့သူကြီး ဦးရွှေထွန်းသား ဖြစ်သည်။

ထင်ရှားကျော်ကြားလှသော မန်လည် ဇာတိဖွားမှာ မန်လည်ဆရာတော် သာ ဖြစ်သည်။[1]

ကိုးကား

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၇၇။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.