မယ်နုအုတ်ကျောင်း

မန္တလေးမြို့ တောင်ဘက်၊ အင်းဝမြို့ရှိ မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးကို မယ်နုအုတ်ကျောင်းဟု ခေါ်သည်။ မြန်မာသက္ကရာဇ် ၁၁၈၉-ခုနှစ်တွင် ဘကြီးတော်မင်းတရားနှင့် နန်းမတော်မယ်နု တို့က ဆောက်လုပ်၍ ညောင်ကန်ဆရာတော် ဦးပိုး အား လှူဒါန်းခဲ့သည်။ ယင်း ဆရာတော် ဦးပိုးသည် ၁၁၉၁-ခုနှစ်၊ သက်တော် ၅၁-နှစ်၊ ဝါတော် ၃၂-နှစ်ဝါတွင် ပျံလွန်တော်မူသည်။ ထို့နောက် ဆရာတော် ဦးပိုး၏ တပည့် ဆရာတော်ဦးဗုဓ်အား တရားစစ်မေးပြီး ကျောင်းတိုက် အပ်နှံသည်။ [1]

မယ်နုအုတ်ကျောင်း

မြန်မာသက္ကရာဇ် ၁၂၀၀-ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ပြိုပျက်ခဲ့ပြီး ၁၂၃၄-တွင် နန်းမတော်မယ်နု၏ သမီးတော် ဆင်ဖြူမရှင်က ထပ်မံပြင်ဆင်ခဲ့သည်။ [2]

ကိုးကား

  1. ဘဒ္ဒန္တဇောတိပါလ(အဂ္ဂမဟာပဏ္ဍိတ)၏သာသနာတော်သမိုင်း ခေါ် သာသနာဝံသက္ကမ ဝိဘာဝနီကျမ်း
  2. နေထွတ်၏ မန္တလေးအဘိဓာန်


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.