မယ်ဗမာ ပြိုင်ပွဲ

မယ်ဗမာ (အင်္ဂလိပ်: Miss Burma) ဆိုသည်မှာ ၁၉၄၇ ခုမှ ၁၉၆၂ ခုကြား မြန်မာနိုင်ငံ အလေးမနှင့် ကာယဗလအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံကိုယ်စားပြု ကာယအလှမယ် ရွေးချယ်ပွဲ ဖြစ်သည်။

ကျင်းပဖြစ်ပုံ

၁၉၄၇ ခု၊ စက်တင်ဘာလ ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလေးမနှင့် ကာယဗလအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံက ရောက်သည်။ ထိုအခါ မောင်ဗမာပြိုင်ပွဲများ စတင်ရာ မယ်ပြိုင်ပွဲကိုလည်း ထည့်သွင်းသည်။ ဤသို့ဖြင့် မယ်ဗမာပြိုင်ပွဲများ ပေါ်ပေါက်လာသည်။ [1]

မယ်ဗမာ ပြိုင်ပွဲကို ကြပ်မတ်သည့်အဖွဲ့မှာ မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ ဖြစ်သည်။

မယ်ဗမာ သီချင်း

၁၉၄၈ ခုတွင် မယ်ဗမာပြိုင်ပွဲကို ရည်ညွှန်းသော "မယ်ဗမာတွေ ဆိုတာကတော့ လှပါပေတယ် ချောပါပေတယ် ရွှေမန်းမယ် ပျိုနှမ ချစ်ချင်ဖွယ် ကြိုက်ချင်ဖွယ်" အစချီ မယ်ဗမာ သီချင်း ပေါ်လာသည်။

မယ်ဗမာအဖြစ် ရွေးချယ်ခံရသူများ

ခုနှစ် မယ်ဗမာ နှစ်သိမ့်ဆုရှင် မှတ်ချက်
၁၉၄၇ ဒေါ်လီချို (Dolly Cho) ထိပ်စုဖုရားထွေး

နှင်းနက်ချစ်ထွန်း

၁၉၄၈ ခင်သန်းကြွယ်
၁၉၄၉ ဖြူဖြူရှိန်
၁၉၅၀
၁၉၅၁
၁၉၅၂
၁၉၅၃
၁၉၅၄
၁၉၅၅
၁၉၅၆ နော်လွီဇာ ဘင်ဆင်
၁၉၅၇
၁၉၅၈ နော်လွီဇာ ဘင်ဆင်
၁၉၅၉
၁၉၆၀
၁၉၆၁ ခင်မြင့်မြင့်
၁၉၆၂

မယ်ဗမာ၏ ပြောင်းလဲသွားပုံ

မယ်ဗမာသည် :

  • အမျိုးသမီးများ၏ ကာယဗလ၊ ကျန်းမာခြင်းနှင့် ကိုယ်ခန္ဓာအလှ ပေါ်တွင် ယှဉ်ပြိုင်ရသည်။
  • ၁၉၆၂နောက်ပိုင်းနှင့် ယခုအခါတို့တွင် ကာယဗလမယ်၊ ကာယအလှမယ်ပွဲများ၊ ချန်ပီယံဝိတ်ပြိုင်ပွဲများအဖြစ်ပြောင်းလဲ သွားခဲ့ပါသည်။
  • ၁၉၉၀၀န်းကျင်တွင် အလေးမအဖွဲ့ချုပ်ကသီးသန့်၊ ကာယဗလအဖွဲ့ချုပ် ကသီးသန့် ခွဲ၍ဖွဲ့စည်း ခဲ့ပါသည်။
  • ကာယဗလအဖွဲ့ချုပ်တွင် ကာယဗလနှင့် လှယဉ်ကျေးမယ်ဆိုပြီး နှစ်မျိုးနှစ်စားရှိပါသည်။ယခုနောက်ပိုင်းတွင် ကာယကြံခိုင်မူ မယ်ဟူ၍ ပြောင်းလဲခဲ့ပါသည်။

ကိုးကား

  1. (၂၀၁၀ မတ် ၃) "မြန်မာ့ကာယဗလ၊ ကာယအလှနှင့် မောင်မြန်မာ၊ မယ်မြန်မာ နောက်ခံသမိုင်း"။ စီးပွားရေး သတင်းဂျာနယ်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.