မရမ်းကုန်းမြို့နယ်

မရမ်းကုန်းမြို့နယ်သည် ရန်ကုန်မြို့၏ မြောက်ပိုင်းတွင် တည်ရှိသည်။ မရမ်းကုန်းမြို့နယ်၏ မြောက်ဘက်တွင် အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်၊ အရှေ့ဘက်တွင် မြောက်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ်၊ အနောက်ဘက်တွင် လှိုင်မြစ်နှင့် လှိုင်သာယာမြို့နယ်နှင့် တောင်ဘက်တွင် ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့ တည်ရှိသည်။

မရမ်းကုန်းမြို့နယ်
မရမ်းကုန်းမြို့နယ်
မရမ်းကုန်းမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: MM 16°49′0″N 96°6′0″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်
မြို့ရန်ကုန်မြို့
မြို့နယ်မရမ်းကုန်းမြို့နယ်
လူဦးရေ
  စုစုပေါင်း၁၃၇၀၀၀
စာပို့သင်္ကေတ၁၁၀၆၁၊ ၁၁၀၆၂၊ ၁၁၀၆၃

မရမ်းကုန်းမြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၃၀) ကျောင်း၊ အလယ်တန်းကျောင်း (၇) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

ထင်ရှားသော အဆောက်အဦးများ

မရမ်းကုန်းမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
အောင်ရွှေဘုံသာ ဓမ္မဗိမာန် ဘုန်းကြီးကျောင်းဘုန်းကြီးကျောင်း၉မိုင်လမ်းဆုံ၊ ပြည်လမ်း
သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ဘုရားကမ္ဘာအေးဘုရားလမ်း
ကျိုက္ကလဲ့ဘုရားဘုရားရန်ကုန်-ပြည်လမ်း
ကျိုက္ကလို့ဘုရားဘုရားရန်ကုန်-ပြည်လမ်း
ကျိုက်ဝိုင်းဘုရားဘုရားကျိုက်ဝိုင်းဘုရားလမ်း
စိန့်အက်ဒဝပ် ရောမကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းရန်ကုန်-ပြည်လမ်း
စိန့်ဂျော့ အန်ဂလီကန် ခရစ်ယာန်ဘုရားရှိခိုးကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းရန်ကုန်-ပြည်လမ်း
တပ်မတော် အရိုးအထူးကုဆေးရုံဆေးရုံရန်ကုန်-ပြည်လမ်း(ယခင်) စစ်မှုထမ်းအရာရှိများ သင်တန်းကျောင်း


ကိုးကား




    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.