မဟာဒုက္ခက္ခန္ဓသုတ်

ဒုက္ခအမျိုးမျိုးသည် ကာမဂုဏ်စည်းစိမ်တို့မှ ပေါက်ဖွားလာကြောင်း၊ ကာမဂုဏ်စည်းစိမ် တို့ကို ဖြတ်တောက်နိုင်ခြင်းသည် သုခအစစ်ကို စွမ်းဆောင်နိုင်သည် သာတည်းဟု မဟာဒုက္ခက္ခန္ဓသုတ်၌ ဖော်ပြထားသည်။ ရှေးခေတ် အိန္ဒိယပြည်၌ ကျူးလွန်ကြသော အမှုအခင်းများကို မည်သို့အပြစ်ဒဏ်ပေးကြောင်းကိုလည်း ဤသုတ်တော်၌ပင် ရှင်းလင်းထားသည်။ ဓားပြတိုက်ခြင်း၊ သူတပါးဥစ္စာပစ္စည်းတို့ကို ခိုးယူတိုက် ခိုက် သတ်ဖြတ်ခြင်း၊ မိန်းမမြှောင်ထားခြင်း စသည်တို့အတွက် အပြစ်ဒဏ်ခတ်ခြင်းအကြောင်းကို ဤသုတ်တွင် တွေ့ရသည်။[1]

ကိုးကား

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.