မဟာပဒါနသုတ်

ဤနေရာ၌ အပဒါန ပုဒ်သည် ဘုရားမြတ်စွာ၏ အထုပ္ပတ္တိကို ဆိုလိုသည်။ (မဟာ+အပဒါန) ဟူသည် ခုနစ်ဆူသော ဘုရားမြတ်စွာတို့၏ အထုပ္ပတ္တိကို ဆိုလိုခြင်းဖြစ်ရပေမည်။ ခုနစ်ဆူသော ဘုရားမြတ်စွာတို့၏ အထုပ္ပတ္တိဆိုစေကာမူ အထူးအားဖြင့် ဝိပဿီဘုရားမြတ်စွာ၏ အထုပ္ပတ္တိကို အကျယ်တဝင့် ဖော်ပြထားသည်။[1]

အကိုးအကား

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.