မဟာဘုတ်

မဟာဘုတ်သည် မြန်မာဗေဒင်ပညာ၏ အခြေခံဖြစ်သည်။ လူတစ်ဦး၏ မွေးဖွားသည့် မြန်မာသက္ကရာဇ်နှင့် မွေးဖွားသည့်နေ့ရက် (Day of the week) အပေါ်မူတည်၍ ကောင်းကျိုး ဆိုးပြစ်တို့အား ဝေဖန် အကြံပြုခြင်း ဖြစ်သည်။ ထို့အပြင် ရောက်ရှိနေသည့် မြန်မာသက္ကရာဇ် အပေါ်တွင် မူတည်၍လည်း Natal Mahabote အရ ယခုနှစ်တွင်း သက်ဆိုင်ရာ နေ့ရက်ဖွားတို့ အတွက် ဆောင်ရန် ရှောင်များကို ဝေဝေဆာဆာ အကြံပေးနိုင်သည်။

မဟာဘုတ်၏ အားသာချက်မှာ တွက်ချက်လိုသူ၏ မွေးဖွားချိန် သိရှိရန်မလိုအပ်ခြင်းပင် ဖြစ်သည်။

မဟာဘုတ်အဖွား

မည်သည့် ခုနစ်ရက် သားသမီးမဆို မဟာဘုတ် မွေးဖွားဇာတာ (၇) မျိုးထဲမှ ဇာတာတစ်ခုခုတွင် အကြုံးဝင်သည်။ ပုတိ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ ဟူ၍ မဟာဘုတ် အိမ် (၇)မျိုးရှိသည်။ ထို့ကြောင့်

ဖွားဇာတာ (၇) မျိုး x မဟာဘုတ် အိမ် (၇) မျိုး = ၄၉ မျိုးဟူ၍ ဉာဏ်ပညာ နုနယ်သူများ အနေဖြင့် မှတ်ယူနိုင်သည်။

အဓိပတိ
အထွန်းသိုက်ရာဇ
မရဏဘင်္ဂပုတိ

မဟာဘုတ် ပညာအား စတင်လေ့လာပါက ကသစ်မဟာဘုတ်၏ အခန်းကဏ္ဍကို အထူးဂရုပြု လေ့လာသင့်သည်။

'ကသစ် မဟာဘုတ် လင်္ကာ" လှ ၊ တော၊ မြို့၊ သား၊ အ၊ ကြွား ၊ ဆင့်

၎င်း လင်္ကာအရ ကသစ်မဟာဘုတ်သည် အောက်ပါအတိုင်း မဟာဘုတ်ဇာတာခွင်တွင် တည်ရှိသည်။

ဆင့်
မြို့သား
တောလှကြွား


ဂဏန်းသင်္ချာဖြင့် ပြဆိုပါက

ကသစ် မဟာဘုတ်

မဟာဘုတ် တွက်ချက်နည်း

မဟာဘုတ်ဇာတာ တည်ဆောက်ရန်အတွက် တွက်ချက်လိုသူ၏ မြန်မာမွေးနေ့သက္ကရာဇ်ကို (၇) ဂဏန်းဖြင့် စားရသည်။ အကြွင်းပေါ်မူတည်၍


"အောင် , လံ, ထူ, စစ်, သူ, ကြီး, ပွဲ "


လင်္ကာအတိုင်း ဘင်္ဂအိမ်မှ အစပြု၍ ၄ကြိမ်တိုးကိန်း (ဓာတ်ကြီး၄ပါး) ဖြင့် မဟာဘုတ်ဇာတာတွင် ထည့်သွင်းရသည်။ ပုတိ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ အစီအစဉ်အတိုင်း ဖြစ်သည်။ မဟာဘုတ်တွင် ရာဟုကို ထည့်သွင်း တွက်ချက်ခြင်း မရှိသော်လည်း


အထူးခြွင်းချက်အနေဖြင့် ရာဟုသည် ဗုဒ္ဓဟူးနေ့ နေ့လယ် ၁၂:ဝဝ နာရီကျော်ချိန် မွေးဖွားသူများအတွက် မဟာဘုတ်မှတစ်ဆင့် တွက်ချက်ယူသည့် အခြားသော ဟောပြောမှုများ၌ Birth Lord အတွက် ဆုံးဖြတ်ရာ၌ အသုံးပြုသည်။


'အောင်လံထူစစ်သူကြီးပွဲ' ဆိုသည်မှာ


အောင် = ၁ (တနင်္ဂနွေ)

လံ = ၄ (ဗုဒ္ဓဟူး)

ထူ = ၀ (စနေ)

စစ် = ၃ (အင်္ဂါ)

သူ = ၆ (သောကြာ)

ကြီး =၂ (တနင်္လာ)

ပွဲ = ၅ (ကြာသပတေး) ကိုဆိုလိုသည်။


ဥပမာ မြန်မာမွေးသက္ကရာဇ် ၁၃၄၂ ခုနှစ်မွေးသည့် တနင်္လသား ကျော်ဦးကို မဟာဘုတ်ဇာတာ တွက်မည်ဆိုပါက ၁၃၄၂ ကို (၇) ဖြင့် စားပါက (၅)ကြွင်းပါမည်။ (၅) ဆိုသည်မှာ ကြာသပတေး (ပွဲ)ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂအိမ်မှ စတင်ပြီး " ပွဲ - အောင် - လံ - ထူ - စစ် - သူ - ကြီး " ဟူ၍ တည်ဆောက်ရမည်။ ဘင်္ဂအိမ် တွင် " ပွဲ " , မရဏ အိမ်တွင်" အောင် ", အထွန်းအိမ် တွင် "လံ", သိုက်အိမ်တွင် "ထူ" ရာဇ အိမ်တွင် "စစ်" , ပုတိအိမ်တွင် "သူ", အဓိပတိအိမ်တွင် "ကြီး" ဖြစ်သောကြောင့် ၁၃၄၂ ခုနှစ်မွေး တနင်္လာသားသည် အဓိပတိဖွားဖြစ်သည်။


၁ ကြွင်း မဟာဘုတ် ဇာတာ


၂ကြွင်း မဟာဘုတ် ဇာတာ


၃ကြွင်း မဟာဘုတ် ဇာတာ


၄ကြွင်း မဟာဘုတ် ဇာတာ


၅ကြွင်း မဟာဘုတ်ဇာတာ


၆ကြွင်း မဟာဘုတ် ဇာတာ


၀ကြွင်း မဟာဘုတ် ဇာတာ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.