မဟာမြတ်မုနိဘုရား (ကျိုင်းတုံမြို့)

မဟာမြတ်မုနိဘုရား (Wat Phra Sao Luang ဟုလည်း သိကြ) သည် ရှမ်းပြည်နယ်ကျိုင်းတုံမြို့တွင် တည်ရှိသည့် ဘုရားတစ်ဆူ ဖြစ်သည်။ ဤဘုရားသည် မန္တလေးရှိ မဟာမြတ်မုနိဘုရား၏ ပုံစံကို ကူးဘူကာ တည်ဆောက်ထားသဖြင့် ထင်ရှားသည်။

မဟာမြတ်မုနိဘုရား
Wat Pha Jao Lung
အချက်အလက်များ
ကိုဩဒိနိတ်21.291416°N 99.602946°E / 21.291416; 99.602946
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံကျိုင်းတုံမြို့ရှမ်းပြည်နယ်
ဗိသုကာ
တည်ထောင်သူစဝ်ကွမ်ကျောက်အင်းတလိုင်း
ပြီးစီး၁၉၂၆ (၁၉၂၆)

ဤရုပ်ပွားတော်ကို ၁၉၂၀ ခုနှစ်တွင် Wat Zaing Ngarm ၏ ကျောင်းထိုင်နှင့် ကျိုင်းတုံနယ် စော်ဘွား စဝ်ကွမ်ကျောက်အင်းတလိုင်း တို့က တည်ထားကိုးကွယ်ခဲ့သည်။ မန္တလေးရှိ မဟာမြတ်မုနိပုံစံတူ ရုပ်ပွားတော်ဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် ဦးတစ်နှင့် သူ၏ အလုပ်သမားတို့သည် သွန်းလုပ်ခဲ့ကြသည်။ ရုပ်ပွားတော်ကို ၁၉၂၆ ခုနှစ်တွင် ကျိုင်းတုံမြို့နယ်အလယ်ရှိ ကျောင်းတော်အသစ်တစ်ခုတွင် ထားရှိခဲ့သည်။[1]

မန္တလေးရှိ ရုပ်ပွားတော်ကြီးနှင့် တူစေရန် မျက်နှာတော်ကို တစ်လလျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ မျက်နှာတော်ကို ပွတ်တိုက်ဆေးကြောခြင်းများ ဆောင်ရွက်ခဲ့ရသည်။[1]

ကိုးကား

  1. Klemens၊ Karlsson (2007)။ Tai Khun Buddhism and Ethnic-Religious Identity (in en)။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.