မဟာရာဇဝင်ကြီး

မဟာရာဇဝင်ကြီးကို ညောင်ရမ်းခေတ် ၊ သက္ကရာဇ် ၁၀၇၆-၁၀၉၅ အင်းဝဘုရင် တနင်္ဂနွေ မင်းတရားကြီး လက်ထက်တွင် ရေးသားစီရင်ခဲ့သည်။ ရေးသားသူမှာ ဦးကုလား ဖြစ်သည်။ မြန်မာစာပေ သမိုင်း တွင် အရေးပါသော ကျမ်းကြီးဖြစ်သည်။ “ဦးကုလား မဟာရာဇဝင်” ဟုလည်း ခေါ်သည်။ ညောင်ရမ်းခေတ်တွင် စကားပြေအရေးအသားများ ခေတ်စားနေသည်။ လူများသည် မြန်မာရာဇဝင် ကျမ်းများကို အရေးစိုက် သိမ်းဆည်းစုဆောင်း ထားကြသည်။ ရာဇဝင်သည် မင်းအဆက်ဆက်တို့၏ အကြောင်းများ ပြည့်စုံပေါ်လွင်အောင် ရေးသားထားသော ကျမ်းများ ဖြစ်သည်။ ရှေးရှေးက အုပ်စိုးခဲ့သော မင်းများအကြောင်းကို ကြည့်ရှုပြီးလျှင် အတုခိုးသင့်သည့် အကြောင်းများကို အတုခိုး၍၊ ဆင်ခြင်သင့်သည့် အကြောင်းအရာကို ဆင်ခြင်ရ၏။ ထို့ကြောင့် ရာဇဝင်ကျမ်းသည် ကြေးမုံပြင်နှင့် တူသည်။ ကြေးမုံပြင်တွင် မိမိ၏ ချို့ယွင်းနေသော အရာများကို ပြုပြင်နိုင် ကသဲ့သို့ ရာဇဝင်ကျမ်းတွင်လည်း ချို့ယွင်းနေသော အရာများကို ပြုပြင်နိုင်၍ အကျိုးများပေသည်။

၂၀၀၆ ခုနှစ်တွင် ပြန်လည်ထုတ်ဝေသော မဟာရာဇဝင် သုံးတွဲ
စာရေးသူဦးကုလား
မူလခေါင်းစဉ်မဟာ ရာဇဝင်တော်ကြီး
နိုင်ငံတောင်ငူ
ဘာသာစကားမြန်မာ
အတွဲမြန်မာရာဇဝင်ကျမ်း
အမျိုးအစားရာဇဝင်သမိုင်း
ထုတ်ဝေသည့်ရက်
၁၇၂၄[1]
မီဒီယာ အမျိုးအစားပုရပိုက်
စာမျက်နှာ၂၁ တွဲ (အပြည့်အစုံ)
၁၀ တွဲ (အလယ်အလတ်)
၁ တွဲ (အကျဉ်းချုံး)
နောက်ထွက်စာအုပ်မဟာရာဇဝင်သစ်

ယနေ့ထက်တိုင် ဦးကုလား မဟာရာဇဝင်ကို ပထမတွဲ၊ ဒုတိယတွဲများ အနေဖြင့် တွေ့ရှိရဆဲ ဖြစ်သည်။ [2]

ကျမ်းကိုး

  1. Wade 2012: 125
  2. ရှေးဟောင်း မြန်မာစာပေ သမိုင်း


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.