မဟာလိသုတ်

ဤသုတ်သည် ဒိဗ္ဗစက္ခုနှင့် ဒိဗ္ဗသောတဟူသော အဘိဉာဏ်တို့နှင့် သက်ဆိုင်သည်။ အိုးအိမ်စွန့်ခွာကာ တောထွက်ပြီးလျှင် သာသနာဘောင်သို့ ကူးဝင်ကြခြင်းသည်ကား အထက်ပါ အဘိဉာဏ်နှစ်ပါးကို ရရန်အတွက် မဟုတ်။ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို လိုက်နာကျင့်သုံးပြီးကာလ၌ မဂ်ဖိုလ်ပေါက်ကာ ရဟန္တာအဖြစ်သို့ရောက်ရန်အတွက်သာ ဖြစ်ကြောင်းကို ဘုရားမြတ်စွာက ဤသုတ်တွင်ရှင်းလင်းပြတော်မူခဲ့သည်။[1]

အကိုးအကား

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.