မဟာသီရိသုဓမ္မ

မဟာသီရိသုဓမ္မဘွဲ့ သည် (၁၉၄၈) လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် လူပုဂ္ဂိုလ်များကို စစ်ဘက်၊ နယ်ဘက် နယ်ပယ်၌ အကျိုးဆောင်ခဲ့သည့်အတွက် ဂုဏ်ပြုရန်သတ်မှတ်တီထွင်ပေးအပ်ခဲ့သည့် ဘွဲ့တံဆိပ်တစ်မျိုးဖြစ်သည်။ နိုင်ငံတော်အတွက် ထူးကဲစွာဆောင်ရွက်သူများ၊ အကျိုးဆောင်သူများအားချီးမြှင့်အပ်နှင်းရန်အတွက်ဖြစ်သည်။[1](သာသနာ့နုဂ္ဂဟဘွဲ့များနှင့် မရောထွေးပါနှင့်) ယခင်ကာလများ၌ ဤဘွဲ့ကို သမ္မတ၊ တရားသူကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ စစ်ဗိုလ်ချုပ်၊ ဝန်ကြီးများကို ပေးအပ်ခဲ့သည်။ မဟာသီရိသုဓမ္မ၊ သတိုးသီရိသုဓမ္မ၊ အဂ္ဂမဟာသီရိသုဓမ္မ ဘွဲ့များအဖြစ် ပေးအပ်ခဲ့သည်။[2] အမျိုးသမီးများထဲက သုဓမ္မသင်္ဂဟကို ရှားရှားပါးပါးရသူမှာ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ဖြစ်ပြီး (၁၉၅၁) တွင်ရရှိခြင်းဖြစ်သည်။

မဟာသီရိသုဓမ္မဘွဲ့ရရှိခဲ့သော မြန်မာနိုင်ငံသားများ :

  1. ဦးထွန်းဖြူ (တိုင်းပြည်ပြုလွှတ်တော်ခေတ်၏ ပထမဆုံးသော မြန်မာနိုင်ငံတော် တရားဝန်ကြီးချုပ်၊ အာဇာနည်ခေါင်းဆောင်များကို ဂဠုန်ဦးစောနှင့် အပေါင်းအပါများက လုပ်ကြံသည့် နိုင်ငံတော်လုပ်ကြံမှုကြီးကို အစိုးရရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သူ)
  2. ဒေါ်ခင်ကြည်
  3. ဗိုလ်ချုပ်နေဝင်း (နောင်တွင် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ပါ ထပ်မံရရှိ)
  4. တပ်မင်းကြီး ဗိုလ်လက်ျာ
  5. ဗိုလ်မှူးချုပ် စောကြာဒိုး
  6. သမ္မတ ဦးဘဦး (အဂ္ဂမဟာသီရိသုဓမ္မ) [3]

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.