မဟီတလ အတုလျေတေဇ

မဟီဒလ် အဒုလျဒေချ် (အင်္ဂလိပ်: Mahidol Adulyadej; သင်္သကရိုက်: Mahītala Atulyeteja) သည် သယာမ်တိုင်းပြည်၏ သိုင်ခလာပြည်နယ်ကို အပိုင်စားရသော မင်းသားဖြစ်သည်။သူသည် ရာမမင်းဆက်မှ အာနန္ဒာ မဟီဒလ်ဘုရင်နှင့် ဘူမိဗလ် အဒုလျဒေ့က်ျတို့၏ ခမည်းတော်ဖြစ်သည်။ထိုင်းနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးနှင့် ခေတ်သစ် ဆေးပညာလောက၏ ဖခင်ဟုလည်း သတ်မှတ်ကြသည်။လက်ရှိ ထိုင်း တော်ဝင်မိသားစုကို တည်ထောင်သူလည်း ဖြစ်သည်။.[1]

မဟီဒလ် အဒုလျဒေခ်ျ
Mahidol Adulyadej
มหิดลอดุลยเดช
သယာမ်တိုင်းပြည်၏ မင်းသား
သိုင်ခလာ မင်းသား
မွေးဖွား(1892-01-01)၁ ဇန်နဝါရီ၊ ၁၈၉၂
တော်ဝင်နန်းတော်ဘန်ကောက်မြို့သယာမ်နိုင်ငံ
ကွယ်လွန်၂၄ စက်တင်ဘာ၊ ၁၉၂၉(1929-09-24) (အသက် ၃၇)
သ ပထုမ်နန်းတော်၊ ဘန်ကောက်၊ သယာမ်နိုင်ငံ
ထာဝရ အိပ်စက်ရာ နေရာ၁၆ မတ်လ ၁၉၃၀
Royal Crematorium ဘန်ကောက်မြို့
အိမ်ထောင်ဖက်ဆန်ဝမ် တလပတ်
(m. 1920; his death 1929)
သားသမီးများဂလီယယ်နီ ဗာဒါနာ
အာနန္ဒာ မဟိုင်ဒေါ (ရာမ၈)
ဘူမိဗလအတုလျတေဇ (ရာမ၉)
စံအိမ်မဟီဒလ် မျိုးဆက် (ကျကရီမင်းဆက်)
ခမည်းတော်ချူလာလင်္ကရဏ (ရာမ၅)
မယ်တော်သဝင် ဝဟာန

မင်းသားမှာ စုဠာလင်္ကရဏဘုရင်၏ ၆၉ယောက်မြောက် သားသမီးဖြစ်သည်။မိဖုရား သာဝန် ဝဟာန၏ ၇ယောက်မြောက် သားသမီးဖြစ်သည်။သူ၏ မယ်တော်မှာ သေဆုံးသွားသော သာမန်မိဖုရားများ၏ သားတော်၄ပါးကိုလည်း မွေးစားခဲ့သည်။ ၎င်းတို့အထဲတွင် ရန်ဆစ် ပရာရောဆစ်မင်းသား (နောင်တွင်ချိန်နတ်မင်းသား)မှာ မဟီဒလ်မင်းသား ကလေးဘဝက အရင်းနှီးဆုံး မိတ်ဆွေဖြစ်ခဲ့သည်။ နောင်တွင် မင်းသား မဟိုင်ဒေါ၏ အလုပ်များ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အစောပိုင်းဘဝ

မင်းသားနှင့် မင်းသမီး ဗလာယာ အလောင်ကွန်း
အစ်ကိုတော် အိမ်ရှေ့မင်းသားနှင့် ဘွားတော်တို့နှင့်အတူ တွေ့ရသော မင်းသား မဟိုင်ဒေါ

စုဠာလင်္ကရဏဘုရင်၏ အခြား သားတော်များနည်းတူ သူ၏ ပညာရေးကို တော်ဝင်နန်းတော် အတွင်းရှိ တော်ဝင် ကျောင်းတော်တွင် စတင်ခဲ့သည်။သူ၏ အသက်၁၃နှစ်တွင် နိုင်ငံတောင်ပိုင်းရှိ ဆုန်ခလာဒေသကို စားရသော ဆုန်ခလာမင်းသားဘွဲ့တော်ကို ရရှိခဲ့သည်။

၁၉၀၅ခုနှစ်တွင် လန်ဒန်မြို့သို့ သွားရောက်ပညာသင်ခဲ့သည်။လန်ဒန်ရှိ ဟော်ရိုကျောင်းတွင် တစ်နှစ်ခွဲမျှ ပညာသင်ခဲ့ပြီး သူ၏ ခမည်းတော် ဆန္ဒအတိုင်း ဂျာမနီရှိ တော်ဝင် စစ်ပညာကောလိပ်တွင် ပညာသင်ခဲ့သည်။ထို့နောက် ဘာလင်မြို့ရှိ Groß–Lichterfelde တက္ကသိုလ်တွင် စစ်ပညာ ဆက်လက်သင်ကြားခဲ့သည်။ခမည်းတော် နတ်ရွာစံပြီးနောက် အဖေတူ အမေကွဲ အစ်ကိုတော်ဘုရင် ဗာဂျီရာဗု (ရာမ၆)၏ ဆန္ဒအရ ဂျာမန်အင်ပါယာ ရေတပ် တက္ကသိုလ် တွင် ဆက်လက်သင်ကြားခဲ့သည်။၁၉၁၂တွင် ဂျာမန်အင်ပါယာရေတပ်နှင့် ထိုင်းတော်ဝင်ရေတပ်ကပါ ဗိုလ်အဖြစ် ကြေညာခံခဲ့ရသည်။

ပထမကမ္ဘာစစ်ကြောင့် ၁၉၁၄ခုနှစ်တွင် ထိုင်းနိုင်ငံသို့ဘပြန်လာခဲ့ပြီး ထိုင်းတော်ဝင် ရေတပ်တွင် သင်ကြားရေးတာဝန် ပေးအပ်ခံခဲ့ရသည်။သူသည် သူစိတ်ဝင်စားခဲ့သော ရေငုပ်သင်္ဘောနှင့် တော်ပီဒိုသင်္ဘော အပါအဝင် သေးငယ်သော ရေယာဉ်များကို ဆက်လက် စိတ်ဝင်စားခဲ့သည်။ထို့ကြောင့် ကြီးမားသော ရေယာဉ်များကို နှစ်သက်သည့် ဗြိတိသျှဘွဲ့ရ စီနီယာ အရာရှိများက လက်မခံဘဲ ပဋိပက္ခ ဖြစ်ခဲ့ကြသည်။မင်းသားမှာ တော်ဝင်ရေတပ်တွင် ၉လကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နှုတ်ထွက်ခဲ့သည်။

ဆေးပညာလောက

ဤတွင် သူ၏ အဖေတူ အမေကွဲ ဖြစ်သော ရန်ဆစ် ပရာရောဆစ်မင်းသား ပါဝင်လာသည်။ရန်ဆစ် ပရာရောဆစ်မင်းသားမှာ တော်ဝင် ဆေးပညာကောလိပ်၏ အကြီးအကဲဖြစ်နေခဲ့သည်။ထိုအချိန်က ဆေးပညာနှင့် ပြည်သူ့ကျန်းမာရေးဆေးပညာကို စိတ်ဝင်စားမှု သိပ်မရှိကြပေ။ထိုစဉ်က ဆေးကောလိပ်နှင့် ၎င်း၏ ဆေးရုံဖြစ်သော ဆီရိရာဆေးရုံမှာ သေးငယ် ပြည့်ကျပ်နေခြင်း၊ ရန်ပုံငွေပြတ်တောက်ခြင်း၊ ဝန်ထမ်းပြတ်တောက်ခြင်းတို့ဖြင့်ကြုံတွေ့ခဲ့ရသည်။

ဆုန်ခလာမင်းသား

ရန်ဆစ် ပရာရောဆစ်မင်းသားမှာ အနိမ့်တန်းမိဖုရားမိခင်မှ မွေးဖွားခဲ့၍ ကိုယ်တိုင် အနိမ့်တမ်း မင်းသားတစ်ပါးဖြစ်နေသည်။သူက တွေးသည်မှာ မင်းသားမဟီတလကဲ့သို့သော အမြင့်တန်း မင်းသားတစ်ပါးမှ ထိုင်းနိုင်ငံတွင် ဆေးပညာနှင့် ပြည်သူ့ကျန်းမာရေးကို ထောက်ပံ့ပေးပါက စိတ်ဝင်စားမှု ပိုများလာပြီး ရန်ပုံငွေပိုများလာနိုင်သည်ဟု တွေးသည်။သူသည် မင်းသားမဟီတလကို ဘန်ကောက်ယိုင်နှင့် နွိုင် တူးမြောင်းများအတွင်း လှေခရီးစဉ်ကို ဗျူဟာကျကျ ဖိတ်ခေါ်လိုက်သည်။ထိုလမ်းကြောင်းပေါ်တွင် သူ၏ရုံးဖြစ်သော ဆီရိရာဆေးရုံ တည်ရှိသည်။ထိုနေရာတွင် ရပ်၍ အနီးတဝိုက်ကို လှည့်လည်ကြည့်ရန် မင်းသားမဟီတလကို ဖိတ်ခေါ်လိုက်သည်။ဆေးရုံ၏ ဆင်းရဲလှသော အနေအထားကို တွေ့အပြီး မင်းသားမဟီတလ၏ပုံစံကြောင့် ရန်ဆစ် ပရာရောဆစ်မင်းသားက အကူအညီတောင်းခံခဲ့သည်။မင်းသားမဟီတလမှာ သိပ်၍ သဘောမတူခဲ့ပေ။အကြောင်းမှာ သူသည် ဆေးပညာလောကကို လုံးဝနားမလည်၍ စိုးရိမ်သောကြောင့်ဖြစ်သည်။သို့သော် နောက်ရက်အနည်းငယ်အကြာတွင် သူက သဘောတူခဲ့ပြီး သူကိုယ်တိုင် ဆေးလောက အကြောင်းများကို လေ့လာရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် မက်ဆာချူးဆက်ရှိ ကမ်းဘရေ့ချ်သို့ သွားပြီး ပြည်သူ့ကျန်းမာရေးပညာကို ဟားဗက်တက္ကသိုလ်၌ သင်ကြားခဲ့သည်။သူသည် ရန်ဆစ် ပရာရောဆစ်မင်းသားကို အမေရိကန်သို့ စေလွှတ်ရန် ပညာတော်သင်၄ယောက်ကို ရွေးချယ်စေသည်။ဆေးပညာသည် ပညာတော်သင်၂ယောက်ကို မင်းသားမဟီတလမှ ထောက်ပံ့မည်ဖြစ်ပြီး သူနာပြု၂ယောက်ကို မယ်တော် ဆာဗန် ဗဟာနာမိဖုရားကြီးမှ ထောက်ပံ့မည်ဖြစ်သည်။မင်းသားသည် ထို၄ဦးကို ဘူတာရုံတွင် သူကိုယ်တိုင် သွားရောက်နှုတ်ဆက်ခဲ့သည်။ထိုအထဲမှ တစ်ယောက်သည် ၁၈နှစ်အရွယ် မစ္စဆန်ဝမ် တလပတ် ဖြစ်သည်။သူသည် နောင်တွင် မဟီတလမင်းသား၏ ကြင်ယာတော်ဖြစ်လာခဲ့ပြီး နောင်တွင် ထိုင်းနိုင်ငံ၏ ဘုရင်များဖြစ်သည့် အနန္ဒ မဟီတလနှင့် ဘူမိဗလ အဒူလျာဒတ်တို့၏ မယ်တော်ဖြစ်လာခဲ့သည်။မင်းသားသည် သူ၏ကျောင်းသားများကို သေသေချာချာ ဂရုစိုက်သဖြင့် နောင်တွင် တလပတ်နှင့် ရင်းနှီးလာသည်။ထို့နောက် သုံးနှစ်အကြာတွင် စုဠာလင်္ကရဏဘုရင်၏ မိဖုရား၊ လက်ရှိဘုရင်၏ မယ်တော်ဖြစ်သော ဆဗာဘမိဖုရားကြီး၏ အသုဘတော်သို့ ပြန်ရာတွင် ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။ထိုအတောအတွင်းကပင် သူ၏ အစ်ကိုတော်ဘုရင် ဗာဂျီရာဗု မှ စပသမ်နန်းတော်တွင် ထိမ်းမြားပေးခဲ့သည်။ထို့နောက်တွင် ဟားဗတ်သို့ပြန်ခဲ့ကြသည်။၁၉၂၁ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အောင်လက်မှတ်တစ်ခုကို ရရှိခဲ့သည်။

သူ၏ သင်ကြားမှုအပြီးတွင် စကော့တလန်နိုင်ငံ အက်ဒင်ဗာရာမြို့သို့ ခေတ္တသွားရောက်ခဲ့သည်။ထိုသို့သွားရခြင်းမှာလည်း ထိုင်းအစိုးရ၏ ကိုယ်စားလှယ်အဖြစ် ရော့ဖယ်လာဖောင်ဒေးရှင်းနှင့် သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။နောက်ပိုင်းတွင် ရော့ဖယ်လာဖောင်ဒေးရှင်းမှာ ထိုင်းနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးပညာကဏ္ဍတွင် ငွေကြေးရော နည်းပညာပါ ထောက်ပံ့ခဲ့သည်။သူ၏ ပထမဆုံးကလေးဖြစ်သော ဂယ်လီယာနီ ဗာဒါနာမင်းသမီးကို ၁၉၂၃ခုနှစ်တွင် လန်ဒန်၌ ဖွားမြင်ခဲ့သည်။ထိုနှစ်တွင်ပင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်များဌာန၏ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။သူ၏ အုပ်ချုပ်ရေးတာဝန်များ အားချိန်တွင် တော်ဝင်ဆေးကောလိပ်၌ စာသင်ကြားလေ့ရှိသည်။

နောက်ပိုင်းဘဝ

ဟားဗတ်တက္ကသိုလ်သို့ ပြန်မသွားမီ ၁၉၂၅ခုနှစ်တွင် ဂျာမနီနိုင်ငံ ဟိုက်ဒါဘတ်မြို့သို့ ကျောက်ကပ်ကုသရန် သွားရောက်ခဲ့သည်။ဤအကြိမ်တွင် ဆေးပညာကို သင်ကြားရန်ဖြစ်သည်။ထိုနှစ်တွင်ပင် ပထမဆုံးသားတော်ဖြစ်သော အာနန္ဒာ မဟီတလ(နောင်တွင်ရာမ၈ဘုရင်)ကိုမွေးဖွားခဲ့သည်။M.D cum laudeဘွဲ့ရပြီး ၆လအကြာတွင် သူ၏ အငယ်ဆုံးသားဖြစ်သော ဘူမိဗလ (နောင်တွင် ရာမ၉ဘုရင်)ကို မက်ဆာချူးဆက်တွင် ဖွားမြင်ခဲ့သည်။၁၉၂၈ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သည်။

ပြန်ရောက်ရောက်ချင်း ပထမဆုံးသူလုပ်ခဲ့သော အရာများတွင် ဆေးပညာ၊ သူနာပြုနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပညာတော်သင်များ စေလွှတ်ခြင်းလည်း ပါဝင်ခဲ့သည်။ထို့နောက် ဆီရိရာဆေးရုံတွင် အလုပ်သင်လုပ်ကိုင်ရန် ပြင်ဆင်ခဲ့သည်။သို့သော် သူ၏ မင်းသားဂုဏ်ပုဒ်မှာ အဟန့်အတားဖြစ်နေသည်။ ထို့ကြောင့် အခြားဆေးရုံဖြစ်သော ချင်းမိုင်မြို့ရှိ မစ်ကောမစ်ဆေးရုံကို ရွေးချယ်ခဲ့သည်။ထိုဆေးရုံတွင် နေရောညပါ အလုပ်လုပ်ခဲ့သည်။သူ့ကို လူနာများက "Mho Chao Fa" ('ဆရာဝန်မင်းသား')ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။

ဆီရိရာ ဆေးရုံမှ ရုပ်တု

မကြာမီတွင် သူ၏ ကျောက်ကပ်ပြဿနာများမှာ ပြန်ပေါ်လာခဲ့သည်။အလုပ်စလုပ်အပြီး ၃ပတ်အကြာတွင် သူသည် ဘန်ကောက်သို့ သူ၏ ဦးရီးတော် အသုဘသို့ တက်ရောက်ရန်ပြန်သွားခဲ့သည်။ဤသည်မှာ သူ့အနေဖြင့် ချင်းမိုင်မှ နောက်ဆုံးထွက်ခွာသွားခြင်းပင်ဖြစ်သည်။သူ့အနေဖြင့် အသည်းကပါ ထပ်မံဝေဒနာခံစားခဲ့ရသည်။သူ၏ ကျန်းမာရေးမှာ ဆက်တိုက် ဆိုးရွားလာခဲ့သည်။နောက်ဆုံးတွင် မင်းသား မဟီတလ အတုလျေတေဇမှာ ၁၉၂၉ခုနှစ် စက်တင်ဘာ ၂၄ရက်နေ့တွင် သူ၏ရည်ရွယ်ချက်များ မပြီးမြောက်မီ စပသမ်နန်းတော်တွင် နတ်ရွာစံခဲ့ရသည်။ သူသည် ကွယ်လွန်ပြီးချိန်မှ ဥပရာဇာနှင့်ညီမျှသော Prince Father (Somdej Phra Mahittalathibet Adulyadejvikrom Phra Borommarajachanok – สมเด็จพระมหิตลาธิเบศ อดุลยเดชวิกรม พระบรมราชชนก) ဘွဲ့တော် ချီးမြှင့်ခံခဲ့ရသည်။

ကျန်ရှိခဲ့သော အထိမ်းအမှတ်များ

မဟီဒလ်မင်းသားမှာ စုဠာလင်္ကရဏတက္ကသိုလ်တွင် ပညာသင်ခဲ့သည်။သူသည် သူပိုင်ဆိုင်သော ငွေကြေးများကို သိပ္ပံနှင့် ဆေးပညာလောကအတွက် ပညာတော်သင်ရန် ထောက်ပံ့ခဲ့သည်။သူသည် ရော့ဖယ်လာဖောင်ဒေးရှင်းနှင့် ညှိနှိုင်းကာ တက္ကသိုလ်၏ ညံ့ဖျင်းသော စာပေဆိုင်ရာအခြေခံများကို ကူညီခဲ့သည်။[2]

သူ၏ လုပ်ဆောင်ချက် အမွေအနှစ်များသည် ယွ့ထက်တိုင် ကျန်ရှိနေသေးသည်။သူ၏ငွေများဖြင့် ပညာတော်သင် စေလွှတ်ခဲ့သည့် ကျောင်းသားများမှာ ထိုင်းနိုင်ငံ ခေတ်သစ်ဆေးပညာလောက၏ အဓိက ပုဂ္ဂိုလ်များဖြစ်လာသည်။အချို့မှာ ဆရာကောင်းများဖြစ်လာပြီး အချို့မှာ ဆေးပညာ ကောလိပ်နှင့် တက္ကသိုလ် အသစ်များ တည်ထောင်ရန် ကူညီခဲ့သည်။နောက်ပိုင်းတွင် တော်ဝင်ဆေးပညာကောလိပ်မှာ Faculty of Medicine Siriraj Hospital, Chulalongkorn Universityဖြစ်လာခဲ့သည်။၁၉၄၃ခုနှစ် စတင်တည်ထောင်ခဲ့စဉ်က ဆေးတက္ကသိုလ်၏ အဓိကဖြစ်လာသည်။၁၉၆၉ခုနှစ်တွင် ဆေးတက္ကသိုလ်မှာ မဟီဒလ်တက္ကသိုလ်ဟု အမည်ပြောင်းခဲ့သည်။

ထို့အပြင် ၁၉၉၂ခုနှစ်တွင် မဟီဒလ်မင်းသား ပညာတော်သင်ဆုကို စတင်ခဲ့ကာ ဆေးပညာ၊ ပြည်သူ့ကျန်းမာရေးနှင့် လူမှုရေး ဝန်ဆောင်မှုများအတွက် နိုင်ငံတကာဆိုင်ရာ ပညာသင်ဆုဖြစ်သည်။သူ၏ နတ်ရွာစံရာနေ့ဖြစ်သော စက်တင်ဘာ ၂၄ရက်နေ့ကို ထိုင်းနိုင်ငံ၏ ပြန်တမ်းဝင် ရုံးပိတ်ရက်များတွင် မဟီတလနေ့ဟု သတ်မှတ်ကြသည်။

ကိုးကား

  1. Post Publishing PCL.။ Prince Mahidol & medical education in Thailand bangkokpost.com
  2. William H. Becker. "Assets: Rockefellerfoundation." Rockefellerfoundation. 2013. https://assets.rockefellerfoundation.org/app/uploads/20131001203515/Innovative-Partners.pdf Archived 20 December 2016 at the Wayback Machine. (29 November 2016 ที่เข้าถึง).
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.