မာချူးပီချူး
မာချူးပီချူး (Machu Picchu; စပိန်အသံထွက်: [ˈmatʃu ˈpiktʃu]) သည် ကိုလံဘီယာခေတ် မတိုင်မီ ၁၅ ရာစုနှစ်က အင်ကာတို့၏ ဒေသဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၂၄၃၀ မီတာ (၇၉၇၀ ပေ) အမြင့်တွင် တည်ရှိသည်။ပီရူးနိုင်ငံ အူရူဘမ်ဘာ တောင်ကြား အပေါ်ရှိ တောင်တန်းတစ်ခုပေါ်တွင် တည်ရှိပြီး ကူစကိုမှ အနောက်မြောက်ဘက် ၈၀ ကီလိုမီတာ (မိုင် ၅၀ ) အကွာတွင်ဖြစ်ပြီး အူရူဘမ်ဘာ မြစ်ဖြတ်သန်းစီးဆင်းရာ ဒေသတွင် တည်ရှိခြင်း ဖြစ်သည်။
Machu Pikchu | |
ပီရူးနိုင်ငံအတွင်း တည်နေရာပြမြေပုံ | |
တည်နေရာ | ကူစကိုဒေသ၊ ပီရူးနိုင်ငံ |
---|---|
အမြင့် | ၂,၄၃၀ မီတာ (၇,၉၇၀ ပေ) |
သမိုင်းကြောင်း | |
စတင်တည်ဆောက်ခြင်း | c. ၁၄၅၀ |
စွန့်ခွာခြင်း | ၁၅၇၂ |
ယဉ်ကျေးမှုများ | အင်ကာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်း |
တရားဝင်အမည် | Historic Sanctuary of Machu Picchu |
အမျိုးအစား | အထွေထွေ |
ရွေးချယ်သည့်စံနှုန်း | i, iii, vii, ix |
ရွေးချယ်ခြင်း | ၁၉၈၃ (သတ္တမအကြိမ် အစည်းအဝေး) |
ရည်ညွှန်းနံပါတ် | 274 |
State Party | ပီရူး |
ဒေသ | လက်တင်အမေရိကနှင့် ကာရစ်ဘီယံ |
၁၄၅၀ ခုနှစ်ခန့်တွင် အင်ကာတို့ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စပိန်လူမျိုးတို့ အင်ကာအင်ပါယာကို သိမ်းပိုက်အောင်မြင်ပြီးနောက်ပိုင်းတွင် စွန့်ပစ်ခြင်းခံခဲ့ရသည်။ စပိန်ကိုလိုနီခေတ်နှင့် နောက်ပိုင်းတွင် တိမ်မြုပ်နေခဲ့ရာမှ ၁၉၁၁ ခုနှစ်တွင် အမေရိကန် သမိုင်းပညာရှင် ဟီရမ်ဘင်ဂမ်ကြောင့် မာချူးပီချူးကို နိုင်ငံတကာမှ သိရှိလာခဲ့သည်။ ထိုအချိန်မှစ၍ မာချူးပီချူးသည် တောင်အမေရိကတွင် ခရီးသွားဧည့်သည်များအား အကြီးမားဆုံး ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်လာခဲ့သည်။ အဆောက်အအုံအများစု၏ အကြမ်းဖျင်းပုံစံကို မူလပုံစံကဲ့သို့ ပြန်လည်တည်ဆောက်ခဲ့သည်။[2]
၁၉၇၆ ခုနှစ်တွင် မာချူးပီချူး၏ သုံးဆယ်ရာခိုင်နှုန်းခန့်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ခဲ့သည်။ ပြုပြင်ထိန်းသိမ်းခြင်းကို ယနေ့အချိန်ထိ ဆောင်ရွက်နေဆဲဖြစ်သည်။၁၉၈၁ ခုနှစ်တွင် မာချူးပီချူးကို ပီရူးသမိုင်းဝင်ဘေးမဲ့တောအဖြစ် ကြေငြာခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။[3] ၂၀၀၇ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းမှ အင်တာနက်မဲပေးမှုအရ မာချူးပီချူးကို ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးအဖြစ် ရွေးချယ်ခဲ့သည်။
ဓာတ်ပုံများ
ကိုးကား
- Davey, Peter (October 2001). "Outrage: Rebuilding Machu Picchu, Peru". The Architectural Review.
- UNESCO World Heritage Centre.
ပြင်ပလင့်ခ်များ
- Wikimedia Commons ရှိ Machu Picchu နှင့်ပတ်သက်သော မီဒီယာများ
- ယူနက်စကို - မာချူးပီချူး (ကမ္ဘာ့အမွေအနှစ်)
- Wright Paleohydrological Institute with reports on water management at Machu Picchu
- မာချူးပီချူးဓာတ်ပုံများ