မာမာအေး

မာမာအေး သည် မြန်မာအမျိုးသမီး အဆိုတော် တစ်ဦး ဖြစ်သည်။

မာမာအေး
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းမအေးမြင့်
မွေးဖွား (1942-07-26) ဇူလိုင် ၂၆၊ ၁၉၄၂
မြောင်းမြမြို့ဧရာဝတီတိုင်း
ဂီတဟန်မြန်မာဂန္ထဝင်သံစဉ်
အလုပ်အကိုင်အဆိုတော်
တူရိယာတေးသံရှင်
တက်ကြွသည့်နှစ်များ၁၉၅၅–လက်ရှိ
ဝက်ဘ်ဆိုက်marmaraye.blogspot.com

မြန်မာ သက္ကရာဇ် ၁၃ဝ၄ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြောင်းမြမြို့ ရှမ်းကုန်းပိုင်း၌ ဖွားမြင်သည်။ ဖခင် နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့ ဖြစ်ပြီး အမည်ရင်း မအေးမြင့် ဖြစ်သည်။ အသက် ၃ နှစ်ကျော်မှ စ၍ "ခေတ်သစ် ရာဇဝင် ပြဇာတ်အဖွဲ့" တွင် သီချင်းဆို၊ ပြဇာတ် ကခဲ့သည်။ အသက် ၈ နှစ်တွင် စတင် အသံလွှင့်ခဲ့သည်။ သန်းသန်းမြင့် အမည်ဖြင့် "စန္ဒရား မြမြအေး အပျော်တမ်း တူရိယာ အဖွဲ့"၊ မြင့်မြင့်အေး အမည် ဖြင့် "ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာ အဖွဲ့"၊ "မြင့်သီရိ အပျော်ထမ်း တူရိယာ အဖွဲ့"၊ "ချိုတေးရှင် တူရိယာ အဖွဲ့"၊ မာမာအေး အမည်ဖြင့် "ရဲသီဟ အပျော်တမ်း တူရိယာ အဖွဲ့"၊ "စစ်ရဲ ဂီတ တူရိယာ အဖွဲ့"၊ "ကေသီပန် တူရိယာ အဖွဲ့"၊ "ဂီတ မာလာ သီချင်းကြီး တူရိယာ အဖွဲ့"၊ "စောင်း ဦးခင်မြင့် သီချင်းကြီး တူရိယာ အဖွဲ့"၊ "မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာ အဖွဲ့" တို့တွင် ပါဝင် ဖျော်ဖြေ ခဲ့သည်။
၁၉၅၅ ခုနှစ်တွင် "သက်တန့်ပေါ်မှာ ကစားမယ်" သီချင်းဖြင့် နိုင်ငံသိ အဆိုတော် ဖြစ်လာသည်။ ၁၉၅၆၊ ၅၇၊ ၅၈ ခုနှစ်များတွင် ကျောင်းပေါင်းစုံ ကဗျာရွတ် ပြိုင်ပွဲ၌ အလယ်တန်း ပထမဆု ၃ နှစ် ဆက်တိုက် ရရှိ၍ တံခွန်စိုက်ဆု အပ်နှင်းခြင်း ခံရသည်။ ထိုကာလများအတွင်း "လေးမာ" ကလောင်အမည်ဖြင့် ကဗျာစာညွန့်၊ သီချင်းများလည်း ရေးခဲ့သည်။ ၁၉၆၁ မှစတင်၍ မြန်မာ့အသံ၌ အစီအစဉ် လက်ထောက်ထုတ်လွှင့်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်သည်။ မြန်မာနိုင်ငံ၏ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်လည်း ဖြစ်သည်။ “မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စသည့် ရုပ်ရှင်ကား၏ သရုပ်ဆောင်လည်း ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် “တေးသံရှင်ဓာတ်ပြားထုတ်လုပ်ရေး” ကို တည်ထောင်ခဲ့သည်။ “သိုးကလေးမေမေ” လုံးချင်းဝတ္ထု ရေးသားခဲ့သည်။ ၁၉၇၆ တွင် “အေး အဆိုလေ့ကျင့်‌ရေးကျောင်း” တည်ထောင်ခဲ့သည်။ “မာမာအေး တေးဂီတလုပ်ငန်း”၊ စတူဒီယို - အေ အသံသွင်းခန်း စသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့သည်။ ၁၈၈၉ ခုနှစ်တွင် အမျိုးသားဂီတပညာရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး (၁)၊ ၁၉၉၅ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မဟာဂီတ သီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုရေး ကော်မတီအဖွဲ့ဝင်၊ စည်းဝါးသံကျ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များအတွင်း ပြုလုပ်သော ဆိုကရေးတီး ပြိုင်ပွဲများတွင် အဆိုအဖွဲ့ (မဟာဂီတ) အတွင်းရေးမှူး ဖြစ်သည်။

၁၉၉၈ ခုနှစ်မှ စ၍ အမေရိကန် ပြည်ထောင်စုတွင် ခေတ္တ နေထိုင်လျက် ဂီတ မှတ်တမ်းများ ရေးသား ပြုစုရင်း၊ ဆေးပညာ သင်တန်းများ တက်ရောက် သင်ကြားရင်း အမေရိကန် ပြည်နယ် များနှင့် အင်္ဂလန်၊ဩစတြေးလျ၊ ဂျပန် နိုင်ငံများရောက် မြန်မာ့ ဂီတ ချစ်သူများကို သွားရောက် ဖျော်ဖြေ လည်ပတ်ရင်း လန်ဒန်မြို့ အခြေစိုက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ တဆင့် သောတရှင် ပြည်သူများ အတွက် "ပြောပြစရာ တွေလည်း တပုံကြီး ရှိသေးတယ်" ခေါင်းစဉ်ဖြင့် ရေးသား ပေးပို့ အသံလွှင့်လျက် ရှိသည်။

မိုးမခ Radio and Multimedia ၏ အကြံပေး ဖြစ်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.