မို့မို့မြင့်အောင်
မို့မို့မြင့်အောင် (၁၉၆၀ ခု၊ မေလ ၂၅ မွေး) သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ငါးဆုရ မြန်မာအမျိုးသမီး သရုပ်ဆောင်တစ်ဦး ဖြစ်သည်။
မို့မို့မြင့်အောင် | |
---|---|
မွေးဖွား | မွှေးမွှေး မေ ၂၅၊ ၁၉၆၀ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
အလုပ်အကိုင် | သရုပ်ဆောင် |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၇၉ – လက်ရှိ |
အိမ်ထောင်ဖက်(များ) | လွှမ်းမိုး (၁၉၈၀-၈၃ ကွာရှင်း) မောင်မောင်ကျော် (၁၉၈၇–လက်ရှိ) |
မိဘ(များ) | ဦးမြင့်အောင် နှင့် ဒေါ်သန်းရင် |
ရရှိသည့်ဆုများ | ![]() |
ငယ်ဘဝ
သရုပ်ဆောင်နှင့် ဒါရိုက်တာ ဦးမြင့်အောင်၊ ဒေါ်သန်းရင်တို့မှ ၁၉၆၀ ပြည့်၊ မေလ ၂၅ ရက်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်၌ မွေးသည်။ မွေးချင်း ၅ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မြင့်မြင့်ခိုင် ဖြစ်သည်။ ငယ်မည်မှာ မွှေးမွှေး ဟူ၏။ [1]
အထက(၁) တာမွေ ၌ ပညာသင်သည်။ တက္ကသိုလ်ဝင်တန်းကို အကြိမ်ကြိမ်ဖြေဆိုသော်လည်း အနုပညာနယ်၌ အချိန်ကုန်လိုသောစိတ်ကြောင့် မအောင်မြင်ခဲ့ပေ။ [2]
အနုပညာ လှုပ်ရှားမှု
၁၉၇၉ ခုထွက် ကျော်ဟိန်းနှင့်တွဲရိုက်သည့် မွန်းတည့်ချိန်တွင် နေဝင်သည် ဇာတ်ကားနှင့် နာမည်ရလာသည်။ ၁၉၈၄ ခု၊ အကယ်ဒမီရပြီးနောက် ထိပ်တန်းစာရင်းဝင် ဖြစ်သွားသည်။ [3]
ဆုရ ဇာတ်ကားများ
ခေါင်းစဉ် | ရုံတင်နှစ် | ဆုအမျိုးအစား | မှတ်ချက် |
---|---|---|---|
နှလုံးသားမြို့တော် | ၁၉၈၄ | အမျိုးသမီးဇာတ်ပို့ဆု | |
ခပ်စိမ်းစိမ်း နေပါ့မယ် | ၁၉၈၉ | အမျိုးသမီးဇာတ်ဆောင်ဆု | |
သမီးနဲ့ အမေများ | ၁၉၉၁ | အမျိုးသမီးဇာတ်ဆောင်ဆု | |
မသုဓမ္မစာရီ | ၁၉၉၄ | အမျိုးသမီးဇာတ်ဆောင်ဆု | |
မြင့်မိုရ်ထက်က သရဖူ | ၂၀၀၈ | အမျိုးသမီးဇာတ်ဆောင်ဆု |
ကိုးကား
- Focus online
- သီတာဝင်း (၄ ဒီဇင်ဘာ ၂၀၀၉) "အနုပညာသည်တို့၏ အစောပိုင်းနှစ်များ"။ ဘိုင်ဝိကလီး အီလဲဗင်း။
- မောင်ယဉ်ကျော် ၏ မင်းသားမင်းသမီးအကြောင်းစုံများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.