မိုးဇက်
တမန်တော် မိုးစက် (Mosess) သည် ဂျူးလူမျိုးတို့၏ ကယ်တင်ရှင်တမန်တော် သည် ဘီစီ ၁၃ရာစု ကပေါ်ထွန်းခဲ့သူဖြစ်သည်။[2][3] ဟီဘရူး(ဂျူးလူမျိုး)တို့အတွက်သာမက ဓမ္မသစ်ကျမ်းတွင်လည်း မိုးစက်သည် တမန်တော်အဖြစ်ဆက်လက်ပါဝင်ပြီး နောင်တွင် မိုဟာမက်က ဆက်လက်ပြီး အသိအမှတ်ပြုခဲ့သည်။သဘောမှာ နှစ်ပေါင်း နှစ်ထောင့်သုံးရာကျော်ကာလတိုင် အယူဘာသာ အမျိုးမျိုးမှ ပူဇော်သမှုကို ခံရသူလည်းဖြစ်သည်။ တိုရာခေါ် ဂျူးတို့၏ အထွတ်အမြတ်ကျမ်းတွင် ၅ ခန်းပါဝင်ရေးသားသူအဖြစ် အများက ယုံကြည်လက်ခံကြသည်။
Moses | |
---|---|
Moses with the Ten Commandments by Philippe de Champaigne. | |
မွေးဖွား | Goshen, Lower Egypt, New Kingdom of Egypt |
ကွယ်လွန် | Mount Nebo, Moab |
နိုင်ငံလူမျိုး | Israelite |
ကျော်ကြားမှုအရင်းခံ | Prophet |
အိမ်ထောင်ဖက်(များ) |
|
သားသမီး |
|
မိဘ(များ) |
|
ဆွေမျိုးသားချင်း |
|
မိုးစက်၏ ဘဝအကြောင်းကို တိကျစွာမသိရပေ။အချို့က မိုးစက်ဆိုသည့်အမည်မှာ ဟီးဘရူး(ဂျူး) နာမည်မဟုတ်၊ အီဂျစ်နာမည်သာဖြစ်သည်ဟု ဆိုကြသည်။အဓိပ္ပါယ်မှာကလေး၊လူကလေး ဖြစ်သည်။ထိုအသုံးအနှုံးကို အီဂျစ် ဖာရိုဘုရင်များ၏ ဘွဲ့များတွင်လည်း ထည့်သွင်းသုံးစွဲတတ်သည် ဟုဆိုကြသည်။အချို့ သမိုင်းပညာရှင်များကလည်း မိုးစက်ဘဝဇာတ်ကြောင်းမှာ အလွန်ပင် စိတ်ကူးယဉ်ဆန်သည့် ပုံပြင်များသဖွယ်ဖြစ်နေသည်၊အချို့ဇာတ်ကြောင်းအဖြစ်အပျက်များမှာ အခြားနေရာဒေသများတွင် အခြားသောပုံစံကွဲများဖြင့် တွေ့ရသည်ဟုဆိုကာ ယုံကြည်ခြင်းလျော့ရဲကြပါသည်။ထို့ပြင် ချုံပုပ်မှ မီးလောင်ခြင်း၊တောင်ဝှေးမှမြွေဖြစ်ခြင်းအစရှိသည့် သဘာ၀လွန်ဖြစ်ရပ်များကိုလည်း စောဒကတက်လိုကြသည်။ထိုမှသာမက အသက် ရှစ်နှစ်အရွယ်မိုးစက်အနေဖြင့် ဂျူးလူမျိုးများကို နှစ်ပေါင်းလေးဆယ်ကြာ လွတ်မြှောက်ရေးခရီးကို မည်သို့စတင်ဦးဆောင်သည်ကိုလည်း အတော်ပင်သံသယရှိကြသေးသည်။သို့ဖြင့် ဘာသာရေးနှင့် သမိုင်းဖြစ်ရပ်မှန် တို့ကြားအငြင်းပွားမှုများတွင် မိုးစက်ဘဝဇာတ်ကြောင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်နေစဲဖြစ်ရသည်။
သို့သော် မိုးစက်အားအမှန်ချီးမွမ်းရန် အချက်များရှိသည်ကို မမေ့အပ်ပေ။၎င်းတို့မှာ
- အမျိုးသားရေးခေါင်းဆောင်အနေဖြင့် ဟီးဘရူး(ဂျူး)လူမျိုးတို့ကို လွတ်မြှောက်ရန် ဦးဆောင်ခဲ့သည်။
- ကမ္ဘာဦးကျမ်း၊ထွက်မြောက်ရာကျမ်း၊ဝတ်ပြုရာကျမ်း၊တောလည်ရာကျမ်း၊တရားဟောရာကျမ်း ဆိုသည့်ရှေးဦးကျမ်းငါးကျမ်းကို ရေးသားသူအဖြစ် သတ်မှတ်သည်။ထိုအထဲတွင် ဂျူးတို့လိုက်နာရန် မိုးစက်ကိုဒဥပဒေ(Code of Mosess) နှင့် ပညတ်တော်ဆယ်ချက် တို့ပါဝင်သည်။
- ထို့ပြင်နောက်ဆုံးအချက်အနေဖြင့် တစ်ဆူတည်းသောဘုရားဝါဒ (သို့) ထာ၀ရဘုရားဝါဒကို ဂျူးလူမျိုးများအပေါ်တွင် တည်အောင်စွမ်းဆောင်လမ်းပြခဲ့သည်။အချို့က ထိုဝါဒကို စတင်ဖေါ်ထုတ်သူအဖြစ် သတ်မှတ်ကြသော်လည်း သမ္မာကျမ်းစာတွင် အတိအလင်းဖေါ်ပြထားသည်မှာ အာဗြဟံသာလျှင် ထိုအယူဝါဒကို ဖေါ်ထုတ်တင်ပြသူဖြစ်သည်။
မိုးဇက်သည် ဟီဗြူ (ဟေဗြဲ) လူမျိုးဖြစ်၍ လောကီ လောကုတ္တရာနှင့် စပ်လျဉ်းသော တရားဓမ္မတို့ကို ပြတောင်သူ၊ ထိုပြင် ဟီဗြူလူမျိုးတို့၏ လွတ်မြောက်ရေးကို ခေါင်းဆောင် လျက် တိုင်းနိုင်ငံတစ်ခု တည်ထောင်နိုင်စေရန် စည်းလုံးပေးသူ ဖြစ်၏။ သမာကျမ်းတွင် မိုးဇက်ကို မောရှေ ဟုခေါ်သည်။ မည်သည့်အချိန်က မိုးဇက်မွေးဖွားပေါ်ပေါက်ခဲ့သည်ကို အတိ အကျမသိရသော်လည်း ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁,၂ဝဝ နှင့် ၁,၄ဝဝ ကြားခန့်ကဟု ယူဆရလေသည်။ မိုးဇက်သည် အီဂျစ် (အဲဂုတ္တု) ပြည်တွင်မွေးဖွားသည်။ ထိုစဉ်အခါက အီဂျစ်ပြည်ကိုအစိုးရသော ဖဲရိုး(ဖာရော) ဘုရင် သည် လွန်စွာရက်စက်ကြမ်းကြုတ်၏။ မိမိပြည်တွင် လာရောက် နေထိုင်ကြသော ဟီဗြူလူမျိုးတို့ကို ကျွန်များကဲ့သို့ထားရှိရုံမက ဟီဗြူလူမျိုးဦးရေ တိုးပွားလာမည်ကို စိုးရိမ်သဖြင့် ပြည်တွင်းရှိ ဟီဗြူလူမျိုးတို့တွင် မွေးဖွားသည့် သားယောကျာ်းဟူသမျှကို သတ်ပစ်ရမည်ဟု အမိန့်ထုတ်ပြန်ထား၏။ ထိုကြောင့် မိုးဇက် ကို မွေးဖွားသောအခါ သူ၏မိခင်သည် သားငယ်ကို သတ်မပစ် ရက်သဖြင့် လ အနည်းငယ်မျှ ဝှက်ထားပြီးနောက် လုံခြုံသော ခြင်းကလေးတစ်ခုတွင်ထည့်ကာ ကမ်းစပ်အနီး ကျူပင်များ အကြားတွင် ပစ်ထား၏။ သေကံမရောက် သက်မပျောက်ဟူသော စကားနှင့်အညီ ဖဲရိုးဘုရင်၏ သမီးတော်သည် ကမ်းစပ်သို့ရေချိုးဆင်းလာစဉ် မိုးဇက်သတို့သားငယ်ကို တွေ့ရှိ၍ ယူဆောင်သွားပြီးလျှင် မိမိ၏ သားအရင်းသဖွယ် မွေးမြူခဲ့၏။ မိုးဇက်သည် ဖဲရိုးဘုရင်၏ နန်းတော်ထဲတွင်ကြီးပြင်းလာ၏။ မိုးဇက်သည် နောင်သောအခါ တွင် မိမိတို့လူမျိုး လွတ်မြောက်ရေးကို ကြံဆောင်ရမည့်သူ ဖြစ်သောကြောင့် ယင်းအမှုကို ရွက်ဆောင်နိုင်အောင် ဘုရား သခင်က စောင့်ရှောက်လျက် ရှိကြောင်း အဆိုရှိသည်။ မိုးဇက်သည် ပင်ကိုယ်အားဖြင့် နူးညံ့သိမ်မွေ့သူဖြစ်၏။ ထိုစဉ်အခါက အီဂျစ်လူမျိုးတို့သည် ဟီဗြူလူမျိုးတို့ကို ကျွန် သားပေါက်သဖွယ် သဘောထားလျက် ညှဉ်းပန်းနှိပ်စက်၏။ မိုးဇက်သည် အရွယ်ရောက်ပြီးသည်နောက် တစ်နေ့သ၌ ဟီဗြူ လူမျိုးတစ်ဦးကို အီဂျစ်လူမျိုးတစ်ဦးက ရိုက်ပုတ်ညှဉ်းဆဲနေ သည်ကို မြင်လတ်သော် ထိုအီဂျစ်လူမျိုးကို သတ်ဖြတ်ပြီးလျှင် အာရေဗျပြည်သို့ ထွက်ပြေးတိမ်းရှောင် သွားရ၏။ အာရေဗျ သို့ ရောက်သောအခါ မိဒျန်တွင် သိုးများ ဆိတ်များကို စောင့် ထိန်းရင်း နေထိုင်လေသည်။ တစ်နေ့သောအခါတွင် မိုးဇက်သည် ချုံဖုတ်တစ်ခု မီးလောင်နေသည်ကို မြင်၏။ မီးလောင်သည်ဆိုသော်လည်း ချုံဖုတ်သည် မီးကျွမ်း၍ မသွားပေ။ ထိုကြောင့် မိုးဇက်သည် အနီးသို့သွားရောက်သောအခါ အလွန်ထူးဆန်းသော အသံတစ်ခု ပေါ်လာ၏။ ယင်းမှာ မိုးဇက်အား အီဂျစ်ပြည်သို့ ပြန်လည်သွား ရောက်ကာ မိမိ၏လူမျိုးကို ကျွန်တွင်းမှ လွတ်ကင်းအောင် ခေါင်းဆောင်ရန် အမိန့်ဖြစ်၏။ ထို့ကြောင့် မိုးဇက်သည် အီဂျစ်ပြည်သို့ ပြန်လည်သွားရောက်ကာ ဖဲရိုးဘုရင်ကို ဟီဗြူ လူမျိုးတို့အား အီဂျစ်ပြည်မှ ထွက်ခွာခွင့်ပြုရန် အကြိမ်ကြိမ် အဖန်ဖန် တောင်းပန်သော်လည်း မရဘဲရှိ၏။ ထိုကြောင့် အီဂျစ်လူမျိုးတို့ ဒဏ် ၁ဝ ပါးသင့်သည် ဆို၏။ နောက်ဆုံး၌ အီဂျစ်လူမျိုးတို့၏ သားဦးများ အသတ်ခံကြရသဖြင့် ဖဲရိုးဘုရင် သည် ဟီဗြူတို့အား အီဂျစ်ပြည်မှ ထွက်ခွာခွင့်ပြုလေသည်။ သို့ရာတွင် ဟီဗြူတို့ ထွက်ခွာလာကြသောအခါ ဖဲရိုးသည် မိမိ စစ်တပ်ဖြင့် ဟီဗြူတို့နောက်သို့ လိုက်ပြန်၏။ ပင်လယ်နီ ကမ်းခြေသို့ရောက်လျှင် ပင်လယ်နီ၏ရေပြင်သည် ဖြာထွက် သွားကာ ဟီဗြူများအတွက် လမ်းခင်းပေးလျက် အီဂျစ်တို့က ဟီဗြူတို့နောက် လိုက်သည်တွင် ရေသည် အီဂျစ်တို့အပေါ် လွှမ်းသဖြင့် အီဂျစ်လူမျိုးတို့ သေကြေကြရ၏။ မိုးဇက်သည် ဟီဗြူလူမျိုးတို့ကို ကေနန်(ခါနန်) သို့ ခေါ်ဆောင်သွားရန် ယေဟောဝါဘုရား၏ ညွှန်ကြားခံရသည့် အလျောက်ဟီဗြူတို့ကို စည်းရုံး၍ခေါ်ဆောင်သွား၏။ ပင်လယ်နီ ၏ ဟိုမှာဘက် သဲကန္တာရလွင်ပြင်ကြီးတွင် စုရုံးနေထိုင်ကြ၏။ တစ်နေ့သော် မိုးဇက်သည် ဆိုင်းနိုင်းတောင် (သိနတောင်)သို့ ရောက်သောအခါ လျှပ်စစ် လျှပ်နွယ်တို့သည် တောင်တစ်ခုလုံး ကို ပတ်သန်း၍ ပြိုးပြိုးပြက်ပြက် လက်နေလျက် ကမ္ဘာကို တုန်လှုပ်စေလောက်အောင် မိုးသံလည်း ထစ်ချုန်းလေ၏။ မြေ ငလျင်လည်း အသံကြီးမြည်ဟည်း၍လှုပ်၏။ ဤသည်တို့ကြား မှ ဘုရားသခင်သည် ကိုယ်တော်ရောင်ထင်၍ ပြပြီးသကာလ မိုးဇက်အား တောင်ထိပ်သို့လာရန် မိန့်တော်မူလေ၏။ မိုးဇက် လည်း မိန့်တော်မူသည့်အတိုင်း သွားရောက်သည်တွင် ဘုရား သခင်က မိုးဇက်အား ကျောက်ပြားကြီးများကို ပေးတော်မူ၏။ ယင်းကျောက်ပြားများပေါ်၌အက္ခရာတင်ထားသော ပညတ်တော် ၁ဝ ပါး ပါရှိ၏။ ယင်းပညတ်တော် ၁ဝ ပါးတို့သည် ဟီဗြူလူမျိုးတို့၏ လောကီလောကုတ္တရာကျင့်ထုံးများ၏ အခြေခံ တရားများဖြစ်၏။ ထိုပြင်တဝလည်း ကိုယ်ကျင့်တရား ကောင်း မွန်ရေး အခြေခံသဘောတရားများဖြစ်ကာ ဟီဗြူလူမျိုးတို့အပေါ် သာ မဟုတ်ဘဲ၊ ကမ္ဘာပေါ်ရှိ တစ်ပါးသော မျိုးခြားတို့ကို လည်း မကောင်းမြစ်ထာ ကောင်းရာညွှန်လတ်သည့် လောက နီတိလမ်းညွှန်သဖွယ်လည်းဖြစ်၍ များစွာသော ကမ္ဘာသူ ကမ္ဘာ သားတို့ကို ပြုပြင်ပြောင်းလဲစေရာ၌ အရေးပါခဲ့ပေသည်။ မိုးဇက်သည် ဟီဗြူလူမျိုးတို့ကို နှစ်ပေါင်း ၄ဝပတ်လုံး လွင်ပြင်တစ်လျှောက်တွင် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ ပြောင်း၍ နေထိုင်စေသည်။ သို့သော် ဘုရားသခင်က ပေးမည် ဟု ကတိပြုထားသောဒေသတွင် သူ၏ငယ်သားတပည့်များ ကောင်းစွာအခြေတည် နေထိုင်သည်ကို မိုးဇက်တွေ့မသွားရှာပေ။ အသက် ၁၂ဝ အရွယ်တွင် နီဗိုခေါ် တောင်ထိပ်ပေါ်မှ ကတိရ ထားသည့် နယ်မြေဖြစ်သော ကေနန်တည်ရာကို ကြည့်ရင်းပင် သေဆုံးသွားလေသည်။ သူ၏ ခေါင်းဆောင်မှုကို လက်ခံ၍ သူ၏ ဩဝါဒများကို လိုက်နာခဲ့သောငယ်သားတို့သည် မိုးဇက် ကွယ်လွန်ပြီးသည့် နောက်ပိုင်းတွင်မှ တိုင်းနိုင်ငံတစ်ခုအဖြစ် ရောက်အောင် တည်ထောင်နိုင်ခဲ့၍ တရားဓမ္မအလင်းရောင်ကို ကမ္ဘာသို့ ထုတ်ဆောင် ပေးနိုင်ခဲ့ပေသည်။ မိုးဇက်သည် လက်ရုံးရည် နှလုံးရည်နှင့် နှစ်လီနှစ်ဝ ပြည့်စုံသဖြင့် သူ့အား စံပြုအပ်သောတမန်တော်အဖြစ် နောင် လာ နောက်သားတို့ ကိုးကွယ်ကြည်ညိုကြပေသည်။ မိုးဇက်နှင့် စပ်လျဉ်း၍ အံ့ဖွယ်သူရဲ အခြင်းအရာတို့သည် သမ္မာကျမ်းတွင် ဖော်ပြပါရှိလေသည်။[4]lol
ကိုးကား
- Numbers 12:1
- Deuteronomy 34:10
- Maimonides၊ 13 principles of faith၊ 7th principle.
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)